text
stringlengths
100
127k
timestamp
stringlengths
0
20
url
stringlengths
0
6.11k
source
stringclasses
5 values
ပုဂံရဲ့အရှေ့ဘက်မှာရှိတဲ့ တောင်တန်းကို တုရင်တောင်တန်းလို့ခေါ်ဆိုပြီး တုရင်တောင်စွယ်တော်ရှင်ကိန်းဝပ်တဲ့တောင်ထိပ်ရဲ့ တခြားတစ်ဖက်ကို သက်စိုးတောင် လို့ခေါ်ကြပါတယ်။ အ​ကြောင်းကတော့သက်လူမျိုးများ ဒီတောင်ပေါ်မှာနေထိုင်ကြခဲ့လို့ပါပဲ။ ဒီသက်စိုးတောင်မှာ ခုနောက်ပိုင်း လူစိတ်ဝင်စားလာကြတဲ့ ကျောက်နတ်ရေကန်တစ်ခုရှိပါတယ်။ အဲ့ဒီကျောက်နတ်ရေကန်နာမည်ကြီးလာသလို ရေကန်ကျောက်နံရံက လေးထောင့်ပုံ သင်္ကေတကိုလည်း လူစိတ်ဝင်စားလာကြပါတယ်။ ဒီကျောက်နတ်ရေကန်ကိုသွားဖို့ တုရင်တောင်ဘုန်းကြီးကျောင်းကနေ တောလမ်းလေးအတိုင်း သက်စိုးတောင်ကို သွားရပါတယ်။ လမ်းမှာ တခြားစိတ်ဝင်စားစရာနေရာတွေလည်း ဝင်လို့ရပါသေးတယ်။ ဒီလမ်းအဆုံးမှာတော့ ကျောက်သားတွေနဲ့ဆည်ဖို့ထားတဲ့ ကျောက်ရေကန်ကြီးကိုရောက်ပြီလည်း ဖြစ်ပါတယ်။ ဒီရေကန်ကြီးဟာ ကျောက်နံရံသုံးခုဘေးပတ်လည်ရှိပြီး တခြားတစ်ဖက်ကိုတော့ကျောက်တုံးများစီကာဆင့်ကာ ဆည်ဖို့ထားပါတယ်။ လက်ရာများနဲ့ရှေးစကားများအရ ဒီရေကန်ကို ပုဂံခေတ်က ကျောက်ထုတ်လုပ်ဖို့ကျောက်တူးကြရာကနေ ကန်အဖြစ် ပြောင်းလဲခဲ့ကြတယ်လို့ ဆိုကြပါတယ်။ တခြားဖြစ်နိုင်ချေကတော့ သက်စိုးတောင်ပေါ်အတွက်သုံးတဲ့ကန်ဖြစ်သလို့ မြကန်ရဲ့ ရေစစ်ကန်လည်းဖြစ်နိုင်တာပါပဲ။ အရင်ကတော့ ဒီကန်ရဲ့ ရေဝင်ရေထွက်များကို တွေ့ရှိရသေးတယ် ဆိုပါတယ်။ ဒီကျောက်ရေကန်က အလျား ပေ ၈၀ အနံ ပေ ၈၀ နဲ့ အနက် ပေ ၃၀ ရှိပြီး ကန်ထဲဆင်းဖို့ လှေကား ၂ ခုရှိပါတယ်။ ဒီကျောက်ရေကန်ကိုတော့ ၂၀၀၈ ခုနှစ်မှာ တုရင်တောင်ကျောင်းဆရာတော် ဦးနန္ဒဝံသနှင့်အဖွဲ့က ကန်ထဲနစ်နေတဲ့ မြေကြီးသုံးလေးပေလောက်ကို တူးဖော်သန့်ရှင်းခဲ့ပါတယ်။ ဒီရေကန်က ခု သုံးလေးနှစ်လောက်မှ နာမည်ကြီးလာတာဖြစ်ပြီး ရောက်ရှိလာသူများက ရေကန်အကြောင်းကို အမျိုးမျိုးလေ့လာသုံးသပ်ကြပါတယ်။ ဒီအထဲမှာ ရေကန်နံရံက လေးထောင့်သင်္ကေတကွက်က လူစိတ်ဝင်စားမှုအများဆုံးလည်းဖြစ်ပါတယ်။ လူအများစိတ်ဝင်စားကြတဲ့ လေးထောင့်သင်္ကေတကတော့ ရှေးဟောင်းအဆောက်အအုံများမှာ ထားရှိလေ့ရှိတဲ့ ကံကောင်းခြင်းအဆောင် စကြာသင်္ကေတသာဖြစ်ပါတယ်။ တခြားသောအဓိပ္ပါယ်မျိုး ထူးဆန်းတဲ့လျို့ဝှက်မြေပုံမျိုး နားမလည်တဲ့စာမျိုးလိုမျိုး ထူးထူးကဲကဲ ပဟေဠိဆန်တာတွေမဟုတ်ပါဘူး။ ဒီလိုစကြာသင်္ကေတပုံမျိုးကို အရှေ့တိုင်းက ဘာသာရေးအဆောက်အအုံများမှာ ထားရှိလေ့ရှိကြပါတယ်။ စိတ်ဝင်စားရင်တော့ ဒီအကွက်လေးကို ဝင်္ကပါဆော့နည်းလိုဆော့ကြည့်နိုင်ပါတယ်။ အစကိုပဲပြန်ရောက်တာတွေ့ရပါလိမ့်မယ်။ ဒီ ကျောက်ရေကန်က စကြာသင်္ကေတပုံမျိုးနဲ့ဆင်တူတာကိုလည်း အေဒီ ၆ ရာစု နဲ့ ၈ ရာစုကြား ထွန်းကားခဲ့တဲ့ အိန္ဒိယနိုင်ငံအနောက်ဖက်က Badami လိုဏ်ဂူဘုရားကျောင်းများမှာတွေ့ရပါတယ်။ အဆိုပါလိုဏ်ဂူမှာလည်း အလားတူသင်္ကေတကို ကျောက်သားနံရံမှာထွင်းထုထားတာမို့ ဒီစကြာသင်္ကေတဟာ ကျောက်သားနံရံတွေမှာ ထွင်းထုလေ့ရှိတဲ့ ကံကောင်းစေတဲ့သင်္ကေတများသာဖြစ်​ကြောင်း ယူဆရပါတယ်။ နောက်ထပ်ထူးခြားတာတစ်ခုကတော့ အဲ့ဒီစကြာသင်္ကေတရဲ့ အလယ်နားကအပေါက်လေးပါပဲ။ တခြားပုံစံတူတွေမှာ အလယ်ဗဟိုနေရာကို အခြားသင်္ကေတတစ်ခုခုနဲ့ထားရှိသော်လည်း ဒီကျောက်ရေကန်မှာတော့ အလယ်တည့်တည့်မဟုတ်ဘဲ အောက်နည်းနည်းရောက်နေပါတယ်။ ဒါဘာကြောင့်လဲဆိုတော့ ကန်ရဲ့ရေမျက်နှာပြင်ကို မှတ်သားတဲ့ အမှတ်အသားလို့ ယူဆရလို့ပါပဲ။တချို့ကတော့ ဒါဟာသဘာဝရေစိမ့်တွင်းလို့လည်း ပြောကြပါတယ်။ ဘာလို့ဒီလိုယူဆလဲဆိုရင် ကျောက်ရေကန်ရဲ့ တခြားတစ်ဖက်မှာ ကျောက်ဆစ် နဂါးရုံဘုရားပုံတော် ထုဆစ်ပူဇော်ထားပါတယ်။ အဲ့ဒီနဂါးရုံဘုရားပုံတော်က နဂါးအမြီးအောက်ခြေဟာ စောနက စကြာပုံသင်္ကေတရှိအပေါက်နဲ့ အမြင့်အတူတူလောက်ရှိလို့ပါပဲ။ ဒါကြောင့် နဂါးရုံဘုရားပုံဟာ ရေပေါ်မှာပေါ်နေမှာဖြစ်ပြီး ကန်ထဲမှာရေကို နဂါးရုံဘုရားပေါ်ရုံသာ ထားရှိတယ်လို့ ထင်မြင်မိပါတယ်။ နောက်တစ်ချက်ကတော့ စကြာပုံသင်္ကေတရဲ့ဘေးမှာရှိတဲ့ ငှက်ရုပ်တွေဟာ အဆိုပါရေချိန်မှတ်ရဲ့ အပေါ်မှာသာရှိနေခြင်းကြောင့်ပါပဲ။ ဒါကြောင့် ဒီရေကန်ဟာ ကန်ရေပြည့် ရေလှောင်တာမဟုတ်ဘဲ ရေတစ်ဝက်သာထားရှိပြီး ရေကန်ဘေးပတ်လည်မှာ နဂါးရုံဘုရား၊ စကြာတံဆိပ်အမှတ်အသား နဲ့ ငှက်ရုပ်များဖြင့် အလှဆင်ထားတဲ့ စိတ်ကူး စိတ်သန်းကောင်းနဲ့ တူးဖော်ထားတဲ့ ရှေးခေတ်ကျောက်ရေကန်ဖြစ်ပါတယ်။ Aung Nyeinchan ပုဂံအကြောင်းသိကောင်းစရာများ၊ မြတ်စွယ်တော်လေးဆူနှင့် ပုဂံကျက်သရေဆောင်တုရင်တောင် – စည်းခုံမြေ မောင်စိန်ဝင်း Post Views: 109 ← ကမ္ဘာ့အချောဆုံး အမျိုးသား အယောက် ၁၀၀ စာရင်းမှာ ထောင်ထဲရောက်နေတဲ့ ပိုင်တံခွန် နံပါတ် ၁ ရရှိ အမေရိကန်တွင် အိုမီခရွန်ပိုးကို ထိန်းမရတော့၊ နေ့စဉ် လူတသန်းနီးပါး ကူးစက်လျက်ရှိနေ → Leave a Reply Cancel reply Your email address will not be published. Required fields are marked * Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Recent Posts ရန်ကုန် မြို့နယ် (၁၆) ခုကို အလှည့်ကျ မီးပေးမယ့် အချိန်ဇယား ထွက်လာပါပြီ ဂျပန်နိုင်ငံသားတွေကို ဘောလုံး ကန်တတ်အောင် သင်ပေးသွားတဲ့ ထူးထူးခြားခြား မြန်မာနိုင်ငံသား ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲက သနားစရာကောင်းတဲ့ သမင်လေးရဲ့ ရင်နင့်ဖွယ် မြင်ကွင်း ပေါ်တူဂီအသင်းမှာ ရော်နယ်ဒိုကို တကယ် မလိုအပ်တော့ဘူးလား အာဖရိက ကြယ်ပွင့် မော်ရိုကိုရဲ့ နေထွက်ချိန် (သို့) စပိန်ဘီလူးကြီးတို့ရဲ့ နေဝင် အိပ်တန်းတက်ချိန် Categories Health Horoscope International News Jokes Knowledge Local News News Reading Unbelieveable Uncategorized Recent Comments Copyright © 2022 Blacker. All rights reserved. Theme: ColorMag by ThemeGrill. Powered by WordPress. You cannot copy content of this page Javascript not detected. Javascript required for this site to function. Please enable it in your browser settings and refresh this page.
2022-12-07T10:49:39Z
https://blackotfb.com/rkkkkkkk55/
OSCAR-2301
ယခင်အပတ်၊ ရန်ကုန် ဗဟန်း အထက (၂) စာသင်ကျောင်း မူးယစ်ဆေးဝါးဆန့်ကျင်ရေး ဟောပြောပွဲတွင် လက်ရှိအရေးယူခံနေရသော မူးယစ်ဆေးသုံး အနုပညာရှင်များကို အမည်များနှင့်တကွ ထုတ်ဖော်ပြောဆို ဝေဖန်သွားသည်ဟု သိရသည်။ စစ်အစိုးရ အစီအမံဖြင့် ပြုလုပ်သည့် အစိုးရကျောင်းများ၏ ဟောပြောပွဲများတွင် ထိုသို့ ထုတ်ဖော်ပြောဆိုလိုက်သဖြင့် ပြင်ပဂျာနယ်လောကတွင် အတည်မပြုနိုင်သေးဘဲ စောင်းပါးရိပ်ခြေပြောဆိုနေမှုများ မှန်ကန်ကြောင်း အတည်ပြုသကဲ့သို့ဖြစ်ကြောင်း သတင်းပို့သူက မှတ်ချက်ပေးသည်။ အတည်မပြုနိုင်သော ကောလဟာလများအဆိုအရ မှုခင်းအစမှာ နိုင်ငံတကာမူးယစ်ပုလိပ်အဖွဲ့က မြန်မာနိုင်ငံသားတဦးကို ပြည်ပတွင် ဖမ်းဆီးမိရာက အခုလို အဖမ်းအဆီးများ အရေးယူမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း၊ မြန်မာစစ်အစိုးရအနေနှင့် လူအခွင့်အရေးကိစ္စ၊ မတရားလုပ်အားပေးကိစ္စများတွင် နာမည်ပျက်လျက်ရှိရာ၊ နာဂစ် အရေးအခင်းတွင်လည်း လူမှုရေးကယ်ဆယ်ရေး ပျက်ကွက်ခဲ့ပြီးနောက်ပိုင်း ယခုလို မူးယစ်ဆေးဝါးနယ်ပယ်အထိ နာမည်ပျက်လာသည်ကိုမူ တတ်နိုင်သလောက် တုန့်ပြန်အရေးယူနေပုံရသည်ဟု သတင်းပို့သူက ထင်မြင်ချက်ပေးသည်။ “ နောက်ဆိုရင် နိုင်ငံတကာအကြမ်းဖက်အဖွဲ့တွေက မြန်မာပြည်မှာ အခြေစိုက်ပြီး လေ့ကျင့်ကွင်းဆင်းနေတယ်ဆိုပြီး သတင်းတွေ ဖြစ်လာရင် ဘယ့်နှယ့် လုပ်မလဲ။ အခုတောင် အဲင်အယ်ဒီပါတီရဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကိုတောင် ၀င်ပြီး အကြမ်းဖက်ရမ်းကားနေသေးတာကိုတောင် စစ်အစိုးရက အရေးမယူနိုင်ဘူးလေ။ အလောင်းမြေမြုတ်တဲ့လူတွေတို့၊ မုန်တိုင်းကယ်ဆယ်ရေး အလှူရှင်တွေကိုတော့ ဖမ်းလိုက်ဆီးလိုက်နဲ့ မဟုတ်ဘူးလား …” ဟု သူက မှတ်ချက်ပေးသွားသည်။ (ပန်းချီ သရုပ်ဖော် – မမွှေး – ပြောလိုက်ပါ ပန်းချီကား၊ ပန်းချီဆရာများရဲ့ နာဂစ်ရန်ပုံငွေပွဲမှာ တင်ဆက်ခဲ့သည့် ပန်းချီကား။ ခွင့်ပြုချက် မတောင်းလိုက်နိုင်ပါ ) မြန်မာပြည်တွင် ၂၀၀၈ ခုနှစ် မေလက ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့သောကြောင့် လူအများအပြား သေကြေပျောက်ဆုံး၊ ဒုက္ခသည်ဘ၀ ရောက်ခဲ့ရသည်။ မုန်တိုင်းတိုက်အပြီး ၁ လကျော် အကြာတွင် နယ်စွန်နယ်ဖျား မိုးရိပ်လေရိပ်အောက်မှ ဒုက္ခသည်များအား ကူညီဖေးမပေးနိုင်မှု အခြေအနေများမှာ သတင်းဆိုးများဖြင့် ပြည့်နေသည်။ ထိုဖြစ်ရပ်ကြောင့် စိုးရိမ်ပူပန်နေကြောင်း အစချီပြီး ဧရာဝတီတိုင်းဇာတိ အဆိုတော် ဒေါ်မာမာအေးက ဘီဘီစီရေဒီယိုပရိသတ်များသို့ ပြောဆိုထားသည်။ ကိုလေးလွင်ရေးသားပြီး၊ မောင်မောင်လတ်၊ (ဒေါ်)မာမာအေးတို့ အသီးသီး သီဆိုခဲ့သော “လှိုင်းပုတ်သံကြောင့် ဗျိုင်းလန့်ပျံပြီ”၊ ဟင်္သာတထွန်းရင်၏ နာမည်ကျော် “အမေနဲ့ရွာကိုလွမ်းတယ်” စသည့် သီချင်း အပိုင်းအစများ ဖြင့်လည်း ပြန်လည် တမ်းတထားသည်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့်မြို့တွင် ရွှေတောင်ကုန်းဆရာတော်၏ တရားပွဲကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့သည်။ မြန်မာပြည်သားများ နိုင်ငံရပ်ခြားတွင် အခြေချနေကြသော်လည်း ဗုဒ္ဓဘာသာအား မမေ့လျော့ဘဲ စုဝေးရောက်ရှိလာသည့်အတွက် ၀မ်းသာကြောင်း ဆရာတော်က မိန့်တော်မူသည်။ သီလပေးနေစဉ် ကိုးကွယ်သည့်ဘာသာနှင့်ပတ်သက်ပြီး အလေးအနက်ထားကြရန် မိန့်ကြားသည်။ ထို့နောက် ၁ နာရီကျော်ခန့် တရားဟောကြားခဲ့သည်။ “အဓိကက သူတို့ ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက်မွေးနေ့မှာ ဒီစာအုပ်ကို၊ အဲဒီမွေးနေ့မှာပဲ၊ ၁၉ ရက်နေ့မှာပဲ ထုတ်ချင်တာပဲ၊ announce လုပ်ချင်တာပဲ ကျနော်တို့ ၀က်ဆိုက်မှာ။ ဒါပေမဲ့ ပြင်ဆင်ရတာ(နဲ့) ၁ ရက် ၂ ရက် နောက်ကျသွားတယ်ဗျာ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တယ်၊ မြန်မာပြည်နိုင်ငံရေးနဲ့ ပတ်သက်တယ်၊ နောက်ပြီးတော့ ဂျပန်လူထုကြားထဲမှာလည်း ကျော်ကြားပြီးသား၊ လူသိများပြီးသား စာအုပ်ပေါ့ဗျာ၊ ဒါကို အင်္ဂလိပ်ဗားရှင်းနဲ့ ရောင်းတယ် ဆိုတော့ အင်္ဂလိပ်စာဖတ်ပရိသတ်ရော၊ ဗမာတွေရော ဖတ်နိုင်အောင်ပေါ့။ သူတို့ဘက်က ကမ်းလှမ်းတာဆိုတော့ ၀မ်းပမ်းတသာနဲ့ ကျနော်တို့က လက်ခံလိုက်တယ်ပေါ့ဗျာ။” “ဒီအခု ကာတွန်းက မူလက ဂျပန်ဘာသာနဲ့ ထုတ်ဝေခဲ့တယ်၊ အခု အင်္ဂလိပ်ဘာသာနဲ့ ထုတ်မယ်လို့ သိရတယ်။ မြန်မာဘာသာနဲ့ ထုတ်ဝေဖို့ အစီအစဉ်မျိုးရော ရှိသေးသလား။” “လောလောဆယ်အထိတော့ မရှိသေးဘူး။ ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တချက်က မနေ့က ဒီကာတွန်းကို ကျနော်တို့ဝက်ဆိုက်မှာ လောင့်ခ်ျ (launch) လုပ်ပြီး၊ အခု အုပ် ၃၀ ကျော် ၄၀ နီးပါးလောက် ဒေါင်းလုတ်လုပ်တာ တွေ့ရတယ်။ ဒေါင်းလုတ်လုပ်တဲ့သူအားလုံးကို ပြန်ကြည့်တဲ့အခါ ဗမာတွေ ဖြစ်နေတာ တွေ့ရတယ်။” ကိုကျော်စွာမိုးပြောတာ ဖြစ်ပါတယ်။ အင်တာနက်ကနေ ၁ ခါ ဒေါင်းလုတ် ကူးယူရင် ၃ ဒေါ်လာကျမှာ ဖြစ်ပါတယ်။ ရောင်းရငွေတွေကိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ သုံးစွဲဖို့ ရှိတယ်လို့လည်း ဧရာဝတီ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဇူလိုင်လအတွက် ကြိုတင်ထုတ်ဝေသော ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ဖိုးဝ အင်တာနက်စာမျက်နှာတို့တွင်လည်း အဆိုပါသတင်းကို ဖော်ပြထားသည်။ သို့သော်လည်း သတင်းစာကြော်ငြာတွင် ပါရှိသည့်အချက်များကိုသာ ရေးသားထားကြခြင်းဖြစ်သည်။ ရန်ကုန်မြို့ထုတ် မဂ္ဂဇင်း၊ ဂျာနယ်များတွင် နာမည်ကျော် ငွေကြယ်ပွင့်တို့၏ အိမ်ထောင်ရေးအရှုပ်အရှင်းများကို ပွင့်ပွင့်လင်းလင်း ဖော်ပြလေ့ မရှိပေ။ (မှတ်ချက် – မောင်စွမ်းရည်က အဲဒီ ၁၉၈၈ သြဂုတ်လ မြင်ကွင်းကို ရေးခဲ့ပါတယ်။ အဲဒါကို ပြန်လည်ဖော်ပြပါတယ်။ ၈၈ နဲ့ စာရေးဆရာများအကြောင်းပါ။ အဲဒီလူတွေ ထဲက တချို့ တိုက်ပွဲမှာ ကျဆုံးတာ၊ ဆုံးပါးကွယ်လွန်ကြတာကလွဲလို့၊ အနှစ် ၂၀ ကြာတဲ့အထိ ထောင်သွင်း အကျဉ်းချခံနေရဆဲနဲ့ ပြင်ပလောကမှာ ရှိနေဆဲ အဲဒီလူတွေထဲက တော်တော်များများဟာ စာနယ်ဇင်းကလောင်ကို ကိုင်စွဲလျက်၊ မြန်မာပြည် ဒီမိုကရေစီရေးအတွက် ရပ်တည်ချက် မပြောင်းလဲပါ။ ဖတ်ကြည့်ပါ။)
OSCAR-2019
အတိုက်အခံ ပါတီကောင်း လိုသည် (Daily, Vol-4/No-249) နောက်လာမည့် သက်တမ်းအသစ်တွင် စိတ်ဓာတ်နှင့် လက်တွေ့ ဆောင်ရွက်ချက် နှစ်မျိုးစလုံး ခေါက်ရိုးကျိုးကာ အာဏာရှင်စရိုက် အကင်းမသေသေးသော ပါတီမျိုးထက် ပြည်သူလူထုက လေးစားကြည်ညိုရင်း စွဲရှိပြီး ပြည်သူလူထု အကျိုးကို အမှန်တကယ် ထမ်းဆောင်ပေးမည့် ထက်မြက် ထူးချွန်သော အတိုက်အခံပါတီတစ်ရပ် ပေါ်ပေါက်လာစေကြောင်း မိတ်ဆွေကောင်း အရေးကြီးသည် (Daily,Vol-4/No-248) ဆင်ခြေပေးခြင်း၏ အန္တရာယ် (Daily, Vol-4/No-247) "မမှားသော ရှေ့နေ၊ မသေသော ဆေးသမား"ဆိုသည့် စကားပုံမှာ လူတိုင်း မှားတတ်ကြသော သဘာဝကို ဆင်ခြင်စေလိုသည့်သဘောရှိပြီး ပရော်ဖက်ရှင်နယ်သမားများ ကိုယ်တိုင် အမှားမကင်းကြောင်း ပြောဆိုလိုရင်းလည်း ဖြစ်သည်။ ဆူဆူညံညံ လူသတ်သမား (Daily, Vol-4/No-246) မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုနောက်ပိုင်း ပွင့်လင်းလာသော မီဒီယာ လက်တံများကြောင့် ပို၍ လူသိများလာပြီး ပို၍ မြင့်တက်လာသော လူသတ်မှုများအနက် လူအများ နေ့စဉ်နီးပါး ဆူဆူညံညံ အသံပေး၍ လူသတ်နေသော တရားခံကိုမူ သတိထားမိသူ နည်းလှသည်။ ဟီရိဩတ္တပ္ပ နည်းလာကြသလား (Daily, Vol-4/No-245) ကျွန်တော်တို့ တစ်ဦးချင်းစီကနေ မိသားစု၊ အလုပ်ခွင်၊ အဖွဲ့အစည်း၊ အသိုင်းအဝိုင်း၊ လူမျိုးစု၊ ဒေသ၊ နိုင်ငံတော်၊ လူ့အဖွဲ့အစည်း တစ်ခုစီအလိုက် ဟီရိဩတ္တပ္ပတရားနဲ့ညီခြင်း မညီခြင်းက ကျွန်တော်တို့ ဒီကနေ့ ရောက်နေတဲ့ ယဉ်ကျေးမှု အဆင့်အတန်းနဲ့ တိုက်ရိုက် အချိုးကျတယ် ကျွမ်းကျင်လုပ်သား အရေးကြီးသည် (Weekly, Vol-12/No-52 ) နောင်တွင် အဆောက်အအုံ တစ်ခုလုံး၏ အစိတ်အပိုင်းများကို ကွန်ကရစ်ဖြင့် ကြိုတင်ပုံစံသွင်းကာ ဆောက်လုပ်သည့်နည်း အပါအဝင် ယခုထက်ပို၍ နည်းပညာ အဆင့်မြင့်ကာ ပို၍ လွယ်ကူလျင်မြန်သော နည်းလမ်းသစ်များကို အသုံးပြုလာတော့မည်ဖြစ်ရာ ထိုပြောင်းလဲလာမည့် နည်းစနစ်သစ်များ၊ ပညာရပ်များနှင့် အံဝင်ခွင်ကျဖြစ်မည့် ကျွမ်းကျင်လုပ်သားများ အဆင်သင့်ရှိ မနေပါက တရုတ်၊ ဗီယက်နမ်အပြင် ထိုင်းနှင့် ကမ္ဘောဒီးယားကဲသို့ နိုင်ငံများက အစားထိုး နေရာယူသွားနိုင်ကြောင်း သတိပေး ထောက်ပြလိုရင်း သင်ရိုးညွှန်းတမ်း အရေးကြီးသည်(Daily, Vol-4/No-244) မူလတန်းအဆင့် ကလေးငယ်များအတွက် ယနေ့ ထွက်ပေါ်လာသော သင်ရိုးညွှန်းတမ်း စာအုပ်များသည်လည်း အတိတ်က အမှားအယွင်း၊ အလွဲအချော်များကို သင်ခန်းစာယူကာ ဒေသတွင်းစံ၊ အာရှစံနှင့် နိုင်ငံတကာ စံနှုန်းများနှင့် သူ့နေရာနှင့်သူ ယှဉ်နိုင်သော မြန်မာစံများ ဖြစ်စေလိုကြောင်း စီမံခန့်ခွဲမှု အနုပညာ(Daily, Vol-4/No-243 အစမ်းသပ်ခံ စီမံကိန်း၊ စီမံချက်များ ဖြစ်စေလို (Daily, Vol-4/No-242) ယနေ့ အရပ်သား အစိုးရလက်ထက်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း၊ စီမံချက်များကိုလည်း အတိတ်က လွဲချော် မှားယွင်းခဲ့သော သင်ခန်းစာများ၊ အိမ်နီးနားချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာရှိ မြန်မာနိုင်ငံကဲ့သို့ ပြုပြင်ပြောင်းလဲရေး ကာလ ဖြတ်သန်းခဲ့ဖူးသည့် နိုင်ငံအသီးသီး၏ အတွေ့အကြုံ နမူနာများကို လေ့လာ၊ သုံးသပ်၊ ဆင်ခြင်ခြင်းအားဖြင့် အမှားနည်းသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအဖြစ် မှတ်တမ်းတင်နိုင်စေကြောင်း မ.ထ.သ၊ YBS နှင့် ရန်ကုန်ခရီးသည် နှစ်သန်း (Daily, Vol-4/No-241) ရန်ကုန်သည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် မ.ထ.သ ခေါ် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ၏ နေရာတွင် ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု YBS အဖြစ် ပြောင်းလဲလိုက်ခြင်းဖြင့် ၂၀၁၇ နှစ်သစ်ကို နိဒါန်းချီ ကြိုဆိုခဲ့သည့်အပေါ် အွန်လိုင်း လူမှုရေး ကွန်ရက်ပေါ်ရှိ မှတ်ချက်များအရ ရန်ကုန်ပြည်သူ အများစုက အားပေး ထောက်ခံခဲ့ကြသည်။ ဂုဏ်သိက္ခာ (Daily, Vol-4/No-239) ဂုဏ်သိက္ခာဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ မြန်မာ လူမှုပတ်ဝန်းကျင်မှာ မကြာခဏ သုံးနှုန်း ပြောဆိုနေကြပေမယ့် အဲဒီစကားလုံးရဲ့ အဓိပ္ပာယ်နဲ့ ညီအောင် ကျွန်တော်တို့ ကိုယ်ကို ဖြည့်ဆည်း မြှင့်တင်ထားဖို့ကျ မေ့နေကြသလိုပဲ။ ၂၀၁၆ ခုနှစ်၏ ထူးခြားထင်ရှားသူများ(Weekly,Vol-12/No-51) မိမိနေထိုင်ရာအသိုက်အမြုံ အဝန်းအဝိုင်းအတွက်ဖြစ်စေ လူသား၊ လူ့ဘောင်လောက တစ်ခုလုံးအတွက် တစ်စုံတစ်ရာ အကျိုး ဖြစ်ထွန်းစေသော ကုသိုလ်တရားများ ကြံစည်၊ အားထုတ်၊ ဆောင်ရွက်ခဲ့သူများကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်းက ဝိုင်းဝန်း အသိအမှတ်ပြုကြသောကြောင့် သူ့အတိုင်းအတာနှင့်သူ ထင်ရှားကျော်ကြားသူများအဖြစ် ရောက်ရှိသွားတတ်သည်။ ဈေးကွက် လက်ဝါးကြီးအုပ်မှုကို အကာအကွယ် ပေးပါ (Daily, Vol-4/No-238) လွတ်လပ်သော ဈေးကွက် စီးပွားရေး စနစ်ဆိုသည်မှာ အထိန်းအကွပ်မဲ့ ပရမ်းပတာ ဈေးကွက်လက်ဝါးကြီး အုပ်ခွင့်ပေးထားသော စနစ်မျိုး မဟုတ်ဘဲ အစိုးရက ဥပဒေဖြင့် ထိန်းသိမ်း ကြီးကြပ်ခြင်း၊ စီးပွားရေး ကျင့်ဝတ်များကို လေးစား လိုက်နာခြင်းတို့ဖြင့် ပန်းတိုင်းပွင့်စေသော စနစ်ဖြစ်ကြောင်း သိစေအပ်ပေသည်။
2019/01/23 06:05:32
http://thevoicemyanmar.com/editorial?page=41
mC4
ထိုင်းမှာ ညမထွက်ရ အမိန့်ကိုလည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ COVID-19 ရောဂါ ကာကွယ်ရေးအဖွဲ့အစည်းဟာ ထိုင်းနိုင်ငံအတွင်းမှာ ပြုလုပ်နေတဲ့ Lockdown ကို အချိန်ထပ်မံ တိုးမြင့်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ သိရပါတယ်။ ရောဂါထိန်းချုပ်ရေးအတွက် အကောင်းဆုံး လက်နက်ဖြစ်တဲ့ Lockdown ပြုလုပ်ခြင်းကို ထပ်ပြီးတိုးမြင့်မှာ ဖြစ်ပြီး ဈေးဝယ်စင်တာများနဲ့ အလှပြင်ဆိုင် စတဲ့ စီးပွားရေးလုပ်ငန်းများကိုတော့ ဖွင့်လှစ်ခွင့်ပြုထားမှာ ဖြစ်ပါတယ်။ ည ၁၀ နာရီမှ မနက် ၄ နာရီအထိ အပြင်မထွက်ရအမိန့်ကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး ခရီးသွားလာခွင့်များကိုလည်း ဆက်လက် တင်းကြပ်သွားဦးမှာ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာအနေနဲ့လည်း စီးပွားရေးထက် ပိုပြီး အရေးကြီးတဲ့ နိုင်ငံသားများရဲ့ ကျန်းမာရေးကို အသားပေး ဂရုစိုက်သွားမှာ ဖြစ်တယ်လို့ COVID-19 ရောဂါကာကွယ်ရေးအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က တနင်္လာနေ့က ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ ပြောဆိုခဲ့ပါတယ်။ အခုလို ခွင့်ပြုမှု အချို့ပေးမှာနဲ့ ပတ်သက်ပြီး Siriraj ဆေးရုံရဲ့ ဌာနမှူးဖြစ်တဲ့ Prasit Watanapa လို ကျန်းမာရေးပညာရှင်တွေကတော့ ရောဂါကူးစက်မှု တိုးလာနိုင်တယ်လို့ အစိုးရကို သတိပေးထားကြပါတယ်။ အားလုံး ပိတ်ဆို့ထားပြီးတဲ့နောက်မှာ ဧပြီလ ၂၇ ရက်နေ့က ရောဂါကူးစက်ခံရသူ ၉ ဦးသာ ရှိခဲ့ပြီး ရောဂါကူးစက်မှု စတင်ကတည်းက အနည်းဆုံး အရေအတွက်လည်း ဖြစ်တာကြောင့် ဖြေလျော့မှုအချို့အပေါ် ကျန်းမာရေးပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
2022/07/01 21:33:07
https://burma.irrawaddy.com/lifestyle/trend/2020/04/28/221551.html
mC4
2022/05/20 00:33:43
https://celelover.xyz/archives/7464
mC4
ဖက်ရှင်အလန်းစားလေးနဲ့ ပုရိသတို့ အသည်းကို ခြွေယူလိုက်တဲ့ သံသာမိုးသိမ့် – Zartiman ဖက်ရှင်အလန်းစားလေးနဲ့ ပုရိသတို့ အသည်းကို ခြွေယူလိုက်တဲ့ သံသာမိုးသိမ့် Zar Ti Man | October 10, 2020 | Celebrity | No Comments ယနေ့မှာတော့ သံသာမိုးသိမ့်က ပုရိသပရိသတ်တွေရဲ့ ရင်ခုန်သံတွေ ဆူညံသွားရလောက်အောင် အထာကျလွန်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာပါ။ သံသာမိုးသိမ့်က ဆွဲဆောင်မှု ရှိလွန်းတဲ့ အလန်းစားဖက်ရှင်လေးကို ဝတ်ဆင်ထားပြီး ပိုစ့်တွေကလည်း မိမိုက်လွန်း နေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံအလန်းလေးတွေအပြင် " ဒီလိုလေးခဏလှကြည့်တာကို ဆူမယ်တော့မကြံနဲ့နော် ကိုယ့်လူ " ဆိုတဲ့ စာ သားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်တွေ အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…။ ပရိသတ်ကြီးရေ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးတဲ့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး သံသာမိုးသိမ့် ကတော့ ကျစ်လျစ်သွယ်လျတဲ့ ကိုယ်ခန္ဓာ အချိုးအစားကို ပိုင်ဆိုင်ထားပြီး မျက်နှာလေးကလည်း ပြစ်ချက်မရှိလှပတဲ့ သူလေးပဲ ဖြစ်ပါ တယ်။ သူမက " ကျွန်မက မဟေသီ " ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ မိန်းမချောဆိုတဲ့ ဗီလိန်ကာရိုက်တာလေးနဲ့ လူသိများခဲ့တဲ့ သူလေး ပဲဖြစ်ပါတယ်။ သံသာမိုးသိမ့်က တိကျပိုင်နိုင်လွန်းတဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ခံရပြီး အနုပညာလှုပ်ရှားမှုတွေ ကိုလည်း ဆက်တိုက်လုပ်ကိုင်နေရတဲ့သူပဲဖြစ်ပါတယ်.။ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ သံသာမိုးသိမ့်က ယခုလက်ရှိ မှာလည်း ကြော်ငြာလေးတွေနဲ့ photo shooting တွေကို လက်ခံရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ရိုးသားပွင့်လင်းပြီး ဖော်ဖော်ရွေရွေ ပြော ဆိုဆက်ဆံတတ်တဲ့ သူမက လူချစ်လူခင်ပေါများတာကိုလည်း တွေ့ရပါတယ်။ ယနမှေ့ာတော့ သံသာမိုးသိမျ့က ပုရိသပရိသတျတှရေဲ့ ရငျခုနျသံတှေ ဆူညံသှားရလောကျအောငျ အထာကလြှနျးတဲ့ ပုံရိပျလေးတှကေို တငျပေးလာတာပါ။ သံသာမိုးသိမျ့က ဆှဲဆောငျမှု ရှိလှနျးတဲ့ အလနျးစားဖကျရှငျလေးကို ဝတျဆငျထားပွီး ပိုဈ့တှကေလညျး မိမိုကျလှနျး နတောပဲ ဖွဈပါတယျ။ သူမရဲ့ ပုံအလနျးလေးတှအေပွငျ " ဒီလိုလေးခဏလှကွညျ့တာကို ဆူမယျတော့မကွံနဲ့နျော ကိုယျ့လူ " ဆိုတဲ့ စာ သားလေးကိုလညျး ရေးသားထားပါသေးတယျ။ ကဲ..ခဈြပရိသတျတှေ အတှကျ ပွနျလညျဖျောပွပေးလိုကျပါတယျနျော…။ ပရိသတျကွီးရေ အနုပညာလောကထဲကို ဝငျရောကျလာတာမကွာသေးတဲ့ တကျသဈစ သရုပျဆောငျ မငျးသမီးခြောလေး သံသာမိုးသိမျ့ ကတော့ ကဈြလဈြသှယျလတြဲ့ ကိုယျခန်ဓာ အခြိုးအစားကို ပိုငျဆိုငျထားပွီး မကျြနှာလေးကလညျး ပွဈခကျြမရှိလှပတဲ့ သူလေးပဲ ဖွဈပါ တယျ။ သူမက " ကြှနျမက မဟသေီ " ဆိုတဲ့ ဇာတျလမျးတှဲလေးထဲမှာ မိနျးမခြောဆိုတဲ့ ဗီလိနျကာရိုကျတာလေးနဲ့ လူသိမြားခဲ့တဲ့ သူလေး ပဲဖွဈပါတယျ။ သံသာမိုးသိမျ့က တိကပြိုငျနိုငျလှနျးတဲ့သရုပျဆောငျမှုတှကွေောငျ့ ပရိသတျတှရေဲ့ အသိအမှတျပွုခွငျးကို ခံရပွီး အနုပညာလှုပျရှားမှုတှေ ကိုလညျး ဆကျတိုကျလုပျကိုငျနရေတဲ့သူပဲဖွဈပါတယျ.။ အနုပညာအလုပျတှကေို ကွိုးစားလုပျကိုငျနတေဲ့ သံသာမိုးသိမျ့က ယခုလကျရှိ မှာလညျး ကွျောငွာလေးတှနေဲ့ photo shooting တှကေို လကျခံရိုကျကူးနတောပဲ ဖွဈပါတယျ။ ရိုးသားပှငျ့လငျးပွီး ဖျောဖျောရှရှေေ ပွော ဆိုဆကျဆံတတျတဲ့ သူမက လူခဈြလူခငျပေါမြားတာကိုလညျး တှရေ့ပါတယျ။
2021/10/21 05:12:42
http://zartiman.com/2020/10/10/%E1%80%96%E1%80%80%E1%80%B9%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%A1%E1%80%9C%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%E1%80%B1%E1%80%9C%E1%80%B8%E1%80%94%E1%80%B2%E1%82%94-%E1%80%95/
mC4
သံလွင်: အိန္ဒိယ အသက်အငယ်ဆုံး မုဒိမ်းသမား ထောင်ကလွတ်သွားပြီ အိန္ဒိယနိုင်ငံမှာ ၂၀၁၂ ခုနှစ်က အမျိုးသမီးတဦးကို အသက်သေတဲ့ထိ မုဒိမ်းကျင့်ခဲ့တဲ့အမှုမှာ ပါဝင်ခဲ့တဲ့ အသက် အငယ်ဆုံးလူကို တနင်္ဂနွေနေ့မှာ ထောင်ကနေ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် လူရာပေါင်းများစွာ ကန့်ကွက် ဆန္ဒ ပြကြပါတယ်။အဲဒီဖြစ်ရပ်အပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန်ခဲ့ပြီး မုဒိမ်းပြစ်မှုဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ ဥပဒေတွေကို ပြင်ဆင် ပြောင်းလဲရတဲ့ထိ ဖြစ်ခဲ့တာပါ။ ဆန္ဒပြသူတွေထဲမှာ မုဒိမ်းကျင့်ခံရလို့ သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ မိဘတွေလည်း ပါဝင်ပါတယ်။ လူခြောက်ယောက်က အဲဒီ အမျိုးသမီးကို ဘတ်စ်ကားတစင်းပေါ်မှာ ရိုက်နှက်ပြီးတော့ မုဒိမ်းကျင့်ကြတာပါ။ အဲဒီ အချိန်က အသက် ၁၇ နှစ်ပဲရှိသေးပြီး လူခြောက်ယောက်ထဲမှာ အငယ်ဆုံး ဖြစ်တဲ့ အခုပြန်လွတ်သွားသူဟာ အားလုံးထဲမှာ အရက်စက်ဆုံးလုပ်ခဲ့သူဖြစ် တယ်လို့ ရဲကပြောပါတယ်။ အမျိုးသမီးကို သူက သံတုတ်နဲ့ရိုက်ပြီး တော့မှ မုဒိမ်းကျင့်တာပါ။ သူ ဘယ်သူဘယ်ဝါဆိုတာကို ကာကွယ်ဖို့ အမှုကို တံခါးပိတ် စစ်ဆေးခဲ့ပြီး တဲ့နောက် အမြင့်ဆုံးချမှတ်နိုင်တဲ့ ထောင်ဒဏ် သုံးနှစ်ပဲ ချမှတ်ခံခဲ့ရပါတယ်။ ကျန်တဲ့ထဲက လေးယောက်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။ ငါးယောက်မြောက် လူကတော့ ထောင်ထဲမှာတင် ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။ သူ့ကိုပြန်လွှတ်ပေးမယ့်ကိစ္စအပေါ် ဥပဒေကြောင်းအရ ကန့်ကွက်တာကို နယူးဒေလီမြို့ တရားရုံးချုပ်က ပယ်ချခဲ့တာပါ။ ဒီအမှုကို တရားလွှတ်တော် ချုပ်က တနင်္လာနေ့မှာ ကြားနာဖို့ရှိပါတယ်။
2020/06/03 09:24:24
http://thanlwinriver.blogspot.com/2015/12/blog-post_344.html
mC4
ဒဂုံဆိပျကမျးမွို့နယျတှငျ ကဏ်ဍစုံအသုံးပွုနိုငျမညျ့သိုလှောငျရုံတဈခု ဖှငျ့လှဈမညျ | Akonthi DHL သညျ မွနျမာနိုငျငံတှငျ ပထမဆုံးအသုံးပွုနိုငျသောသိုလှောငျရုံတဈခုကိုယူရို ၁ သနျးနှငျ့ညီမြှသညျ့ မွနျမာကပျြငှေ(၁.၅၈) ဘီလြံရငျးနှီးမွုပျနှံပွီး ၂၀၂၁ ခုနှဈတှငျ အခြိနျပွညျ့ဝနျထမျး ၂၀၀ ဦးကြျောအား အလုပျအကိုငျအခှငျ့အလမျးပေးနိုငျမညျဖွဈကွောငျးသိရသညျ။ " မွနျမာနိုငျငံတှငျ ရငျးနှီးမွုပျနှံခွငျးမြားကဒသေတှငျးရှိ ကြှနျတျောတို့၏ ဝနျဆောငျမှုကိုအသုံးပွုနတေဲ့ customer မြားရဲ့ပို့ဆောငျရေးလုပျငနျးမြားတှငျ အစအဆုံးအဆငျပွခြေောမှစေ့ဖေို့ ကြှနျတျောတို့ ကမျးလှမျးနတောကို ပွသရာလညျးရောကျသလိုဒသေတှငျးအခှငျ့အလမျးမြားမွှငျ့တငျတဲ့နရောမှာ ကူညီရာလညျးကပြါတယျ" ဟု Thailand Cluster (ထိုငျး၊မွနျမာ၊ဗီယကျနမျ၊ ကမ်ဘောဒီယား)၏ CEO Kevin Burrell က ပွောသညျ။ ဒဂုံဆိပျကမျးမွို့နယျရှိဒဂုံဆိပျကမျးစကျမှုဇုံတှငျ စတုရနျးပေ ၆၀၀၀၀ ရှိအကယျြရှိသညျ့သိုလှောငျရုံတဈခုကို တညျဆောကျသှားမညျဖွဈကာ ၂၀၂၁ ခုနှဈတှငျ အသုံးပွုနိုငျမညျဖွဈကွောငျးသိရသညျ။ စတုရနျးပေး ၆၀၀၀၀ ကယျြဝနျးသညျ့ အဆိုပါသိုလှောငျရုံတှငျပစ်စညျးအတငျအခပြွုလုပျရာနရော ၈ ခုဖွငျ့ သယျယူပို့ဆောငျရေးလုပျငနျးမြားတှငျ အသုံးပွုနိုငျမညျဖွဈကွောငျးသိရသညျ။ DHL သညျ အမွနျခြောပို့ဌာနခှဲအနဖွေငျ့ ၁၉၈၂ ခုနှဈတှငျစတငျဝငျရောကျလာခဲ့ကာ နှဈပေါငျး ၃၀ ကြျော လုပျကိုငျခဲ့ပွီး Logistics solution တှငျ ကုမ်ပဏီလုပျငနျးစုမြားဖွဈသော supply chainနှငျ့ forwarding ဌာနခှဲမြားအထိတိုးမွှငျ့လာခွငျးဖွဈကွောငျးသိရသညျ။ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကဏ္ဍစုံအသုံးပြုနိုင်မည့်သိုလှောင်ရုံတစ်ခုကို လာမည့် ၂၀၁၂ ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ DHL သည် မြန်မာနိုင်ငံတွင် ပထမဆုံးအသုံးပြုနိုင်သောသိုလှောင်ရုံတစ်ခုကိုယူရို ၁ သန်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေ(၁.၅၈) ဘီလျံရင်းနှီးမြုပ်နှံပြီး ၂၀၂၁ ခုနှစ်တွင် အချိန်ပြည့်ဝန်ထမ်း ၂၀၀ ဦးကျော်အား အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။ " မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံခြင်းများကဒေသတွင်းရှိ ကျွန်တော်တို့၏ ဝန်ဆောင်မှုကိုအသုံးပြုနေတဲ့ customer များရဲ့ပို့ဆောင်ရေးလုပ်ငန်းများတွင် အစအဆုံးအဆင်ပြေချောမွေ့စေဖို့ ကျွန်တော်တို့ ကမ်းလှမ်းနေတာကို ပြသရာလည်းရောက်သလိုဒေသတွင်းအခွင့်အလမ်းများမြှင့်တင်တဲ့နေရာမှာ ကူညီရာလည်းကျပါတယ်" ဟု Thailand Cluster (ထိုင်း၊မြန်မာ၊ဗီယက်နမ်၊ ကမ္ဘောဒီယား)၏ CEO Kevin Burrell က ပြောသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိဒဂုံဆိပ်ကမ်းစက်မှုဇုံတွင် စတုရန်းပေ ၆၀၀၀၀ ရှိအကျယ်ရှိသည့်သိုလှောင်ရုံတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ စတုရန်းပေး ၆၀၀၀၀ ကျယ်ဝန်းသည့် အဆိုပါသိုလှောင်ရုံတွင်ပစ္စည်းအတင်အချပြုလုပ်ရာနေရာ ၈ ခုဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ DHL သည် အမြန်ချောပို့ဌာနခွဲအနေဖြင့် ၁၉၈၂ ခုနှစ်တွင်စတင်ဝင်ရောက်လာခဲ့ကာ နှစ်ပေါင်း ၃၀ ကျော် လုပ်ကိုင်ခဲ့ပြီး Logistics solution တွင် ကုမ္ပဏီလုပ်ငန်းစုများဖြစ်သော supply chainနှင့် forwarding ဌာနခွဲများအထိတိုးမြှင့်လာခြင်းဖြစ်ကြောင်းသိရသည်။
2020/02/28 18:12:00
https://akonthi.com/ShweMoeNyo-22408
mC4
ရွေးကောက်ပွဲအလွန် အာဏာနှင့်တစ်သားတည်း ရှိနေဦးမည့် တပ်မတော် မြန်မာနိုင်ငံတွင် အာဏာရ အဖွဲ့အစည်းများဖြစ်သော သမ္မတဦးသိန်းစိန် အစိုးရ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် တပ်မတော်တို့ကြား စည်းလုံးမှုမှာ တဖြည်းဖြည်း လျော့ပါးလာနေသည်။ အကျိုးစီးပွားချင်း ပြိုင်ဆိုင်မှုများကြောင့် USDP မှာ စစ်တပ်နှင့် ဖယ်ခွာလာပြီး ၎င်းတို့ ကိုယ်ကိုယ် သီးခြားနိုင်ငံရေး အင်အားစုတစ်ခုအဖြစ် ပုံဖော်လာသည် ကို တွေ့ရသည်။ စစ်တပ်က အမျိုးသားနိုင်ငံရေးအသွင် ပြန်လည် ပုံဖော် လာပြီး ပြည်ခိုင်ဖြိုးပါတီကမှု ယခင်စစ်အစိုးရ၏ ကိုယ်ပွား မဟုတ်သကဲ့သို့ ပုံဆောင်လာကြသည်။ ယခုနှစ်အတွင်း အစိုးရနှင့် လွှတ်တော်တို့၏ အာဏာကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရန် USDP မှ လွှတ်တော်အမတ်များက ကြိုးစားသည့်အခါ တင်းမာမှု များဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အရုဏ်ဦး အချိန် အဖြစ် တစ်ချိန်က ရှုမြင်ခဲ့ကြသည့် အထွေထွေရွေးကောက် ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်း ပရန် ကြေညာခဲ့ကြသည်။ စစ်ဗိုလ်ချုပ်များ ဖွဲ့စည်းခဲ့သည့် ပြည်ခိုင်ဖြိုးပါတီသည် အသစ်ထွက်ပေါ် လာမည့် လွှတ်တော်တွင် နေရာအများစုနိုင်လိမ့်မည် မဟုတ်ချေဟု အများက သုံးသပ်ထားကြသည်။ သို့ သော် (စစ်တပ်က ရေးဆွဲသည့်) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တာဝန်ထမ်းဆောင်ဆဲ တပ်မတော် အရာရှိများ က လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်း ဆက်လက် ရရှိနေဦးမည် ဖြစ်ရာ ၎င်းတို့ကနိုင်ငံရေးတွင် တပ်မတော် ပါဝင်နေမှုကို ဆက်လက်ထိန်းသိမ်း ထားနိုင်ရန် လုံလောက်ပါလိမ့်မည်။ လွန်ခဲ့သည့် ၂ ပတ်ခန့်တွင် လွှတ်တော်တွင်းရှိ အရပ်သား ပါတီများက အခြေခံ ဥပဒေ၏ အဆိုပါ အခန်းကဏ္ဍများအား ပြောင်းလဲရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။ ပြည် ခိုင်ဖြိုးပါတီက အဆိုပြု ထားသည့် ပြောင်းလဲပြင်ဆင်မှု အားလုံးကို ပယ်ချရန် စစ်သား၂၅ ရာခိုင်နှုန်း ရှိသည့် ကန့်ကွက်ရေး လူနည်းစုအင်အားကို အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် မည်သည့်ရလဒ် ထွက်ပေါ်လာသည်ဖြစ်စေ စစ်တပ် အနေဖြင့် အခြေခံဥပဒေက ကာကွယ်ပေးထားသည့် အာဏာများဆက် လက်ရှိနေမည်ဖြစ်သည်။ ဤပွဲကမြန်မာ စစ်ဗိုလ်ချုပ်များအတွက်တော့ ၎င်းတို့အနိုင်ရ ကစားပွဲတစ်ခုဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင်လည်း စစ်တပ်သည် အနိုင်ရသူ အဖြစ် နောက်တစ်ကြိမ် ပေါ်ထွက်လာဦးမည် ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဲအားလုံး၏ ၂၅ ရာခိုင်နှုန်းက အခြေခံဥပဒေ ပြင်ဆင်ရေး ကို ကန့်ကွက် တားဆီးနိုင်စွမ်းရှိလေရာ (လွှတ် တော်တွင်း စစ်ယူနီဖောင်း ဝတ်ဆင်ထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အမိန့်အရ တညီတညွှတ် တည်း မဲပေးတတ်သည့်) အဆိုပါ တပ်မတော် ကိုယ်စားလှယ်များက နိုင်ငံရေးတွင် ဆက်လက် လွှမ်းမိုးနေဦးမည်။ ထို့အပြင် အရေးပေါ် အခြေအနေ ကြေညာပြီး အလိုရှိ သည့်အချိန်တွင် အာဏာသိမ်းနိုင်ရန် အခြေခံဥပဒေက စစ်တပ်အား ခွင့်ပြုထားခြင်းလည်း ရှိသည်။ သမ္မတကို ပြည်သူက တိုက်ရိုက် ရွေးချယ်တင်မြှောက်ခြင်း မဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ခြင်းဖြစ်သဖြင့် လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားသည့် စစ်တပ်က ကြီးမားသည့် သက်ရောက်မှုရှိသည်။ ထို့အပြင် သမ္မတလောင်း ၃ ဦးအတွက် စစ်တပ်က တစ်ဦး အဆိုပြုခွင့် ရှိသည်။ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ် စပ်ရေးရာဝန်ကြီးဌာနများ အတွက် ဝန်ကြီးများကို စစ်တပ်ကသာအဆိုပြုခွင့် ရှိပြီး အားလုံးမှာ တာဝန် ထမ်းဆောင်ဆဲ စစ်ဘက်အရာရှိများ ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဗီတိုအာဏာသုံးတားဆီးနိုင်ခြင်း၊ လွှတ်တော် အတွင်း ထိန်းချုပ်ကိုင်တွယ်နိုင် ခြင်းတို့ကြောင့် စစ်တပ်သည် ၎င်းတို့၏ အကျိုးစီးပွားကို အစိုးရသစ်က ထိ ပါးမလာအောင် ကာကွယ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ၂၀၁၅ ရွေးကောက် ပွဲသည် နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှုကို အဆုံးသတ်ဖွယ်မရှိပေ။ သို့သော် စစ်တပ်အနေဖြင့်လည်း လွှတ်တော်တွင်းတွင် မဟာမိတ်များ အလုံအလောက်မရှိလျှင် တပ်မတော်က အလိုရှိသည့် ဥပဒေပြဋ္ဌာန်းရေး မအောင်မြင်နိုင်ချေ။ ထိုအခါ ၎င်းတပ်မတော်သား အမတ်များ သည် ပြည်သူ က ရွေးချယ်တင်မြောက်ထားသည့် ကိုယ်စားလှယ်များ၏ အဆိုအချို့ကို ကန့်ကွက်နိုင်ရေး အရန်အင်အားအနေ ဖြင့်သာ ရှိနေလေသည်။ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ရွေးကောက်ပွဲများတွင် ဝင် ရောက် ယှဉ်ပြိုင်ရန် သူမ၏အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်မည်လော သို့မဟုတ် ၂၀၁၀ တုန်းကကဲ့သို့ ရွေးကောက်ပွဲ သပိတ်မှောက်မည်လော ဆိုသည်ကို စနေနေ့ မတိုင်မီတွင် သူမက ဆုံးဖြတ်ချက်ချရန် ရှိနေသည်။ အခြေခံသဘောအားဖြင့် ခက်ခဲ သည့် ဆုံးဖြတ်ချက်မဟုတ်။ သူမ၏ ပါတီ သည် နိုင်ငံတစ်ဝန်းနိုင်ရန် ရှိနေ သည်။ အမှန်တွင်လည်း အနိုင်ရဖွယ် ရှိသည်။ သို့သော် သူမသည် သမ္မတမဖြစ် နိုင်သေးချေ။ ၂၀၁၀ တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း ယခင် စစ်အစိုးရလက်ထက်မှ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံကာ နောက်ပိုင်း ၂၀၁၁ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီ ဝင်ရောက် ယှဉ်ပြိုင်ရန် ဦးသိန်းစိန်နှင့် ညှိနှိုင်းမှုအချို့ ပြုလုပ်ကာ ရယူခဲ့ပြီး သူမကိုယ်တိုင်လည်း လွှတ်တော်တွင် နေရာတစ်ခုယူခဲ့သည်။ ဤသည်မှာ အလောင်းအစား တစ်ရပ်သာဖြစ်ကြောင်း၊ သို့သော် အစဉ်အလာအရ ကတိကဝတ် အတည်မထားသည့် ဗိုလိချုပ်ဟောင်းများ၏ လှည့်ဖျားမှုကို ခံလိုက်ရသည်ကို သူမယုံမှားသံသယမရှိ နားလည်ခဲ့သည်။ သို့သော် ထိုသည်မှာ သူမ၏ အမှားမဟုတ်။ သူမတွင် အခြား လက်တွေ့ကျကျ ရွေးချယ်စရာလည်း ထိုအချိန်ကလည်း မရှိချေ။ ၂၀၁၀ ရွေးကောက်ပွဲကို မဝင်သည့် သူမ၏ ပါတီကို ကော်မရှင်က ပယ်ဖျက်ရန် စိုင်းပြင်းနေချိန်ဖြစ်သည်။ ထို့ကြောင့် ယခုအခါ အရပ်သား လုပ်ပိုင်ခွင့် ကန့်သတ်ထားသော် လည်း နိုဝင်ဘာ ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ရန်၊ လွှတ်တော်တွင်း သူမအတွက် နေရာတစ်ခုရယူရန်နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အများယုံကြည်မှု ရှိစေခဲ့သည်။ စစ်တပ်က ရေးဆွဲသည့် စနစ်အတွင်း အပြောင်းအလဲအတွက် လုပ်ဆောင်ရန်မှတစ်ပါး ၂၀၁၁ ခုနှစ် က သူမရွေးချယ်ခဲ့သည့် လမ်းအတိုင်း လျှောက်လှမ်းခဲ့ရာ သူမတွင် အခြားလက်တွေ့ကျကျ ရွေးချယ်စရာလည်း ယခုအချိန်တွင်မရှိချေ။ အကျင့်သီလ ကြီးကျယ်မြင့်မြတ်မှုကို ကိုယ်စားပြုသည့် ခေါင်းဆောင် တစ်ဦး လည်းဟုတ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါတွင် လက်တွေ့ ကျသည့် နိုင်ငံရေးသမားတစ်ဦး ဖြစ်နေပြီးမရိုးသားသူများ၊ သူရဲဘောကြောင် သူများဖြင့် ပတ်သက်လာရတော့မည်ဖြစ်သည်။ သို့သော် သူမသည် ကစားပွဲ အတွင်း အားကောင်းသန်မာသည့် တိုက်စစ်မှူး အဖြစ် ရှိနေဆဲဖြစ်သည်။ နိဂုံးချုပ်အားဖြင့် ၂၀၁၅ ရွေးကောက်ပွဲသည် နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှုကို အဆုံးသတ်ဖွယ်မရှိဘဲ ပထမဆုံး အရပ်ဘက် စစ်ဘက် ပေါင်းစပ် အစိုးရကိုသာ ပေါ်ပေါက်လာစေမည်ဖြစ်သည်။ လွှမ်းမိုးချုပ်ကိုင်နိုင်ဆဲ ဖြစ်သည့် စစ်တပ်မဟုတ်သည့် ပြည်သူ့ ကိုယ်စားလှယ်များ အာဏာတစ်စိတ် တစ်ပိုင်း ရရှိလာနိုင်ခြင်းက အရေးပါ သည့် တိုးတက်မှုဖြစ်လာမည်ဖြစ်သည်။
2019/07/23 18:53:32
http://www.thithtoolwin.com/2015/07/blog-post_901.html?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+thithtoolwin%2FyIWV+%28%E1%80%9E%E1%80%85%E1%80%B9%E1%80%91%E1%80%B0%E1%80%B8%E1%80%9C%E1%80%BC%E1%80%84%E1%80%B9%29
mC4
ပေါငျ ၇၂သနျးအထိ တိုးမွှငျ့ကမျးလှမျးထားတဲ့အတှကျ ယူရိုအပွီးမှာ ဆနျခြိုကို ယူနိုကျတကျ စာခြုပျနိုငျမယျ – Premier League Special ပေါငျ ၇၂သနျးအထိ တိုးမွှငျ့ကမျးလှမျးထားတဲ့အတှကျ ယူရိုအပွီးမှာ ဆနျခြိုကို ယူနိုကျတကျ စာခြုပျနိုငျမယျ June 24, 2021 Author 01 Article 0 ယူနိုကျတကျအသငျးဟာ ဒေါ့မှနျတောငျပံကစားသမား ဆနျခြိုကို ချေါယူနိုငျဖို့အတှကျ အနီးစပျဆုံးအဆငျ့ကို ရောကျရှိသှားပွီလို့ သိရပါတယျ။ ဆနျခြိုအတှကျ ယူနိုကျတကျက ပေါငျ ၇၂ သနျးနဲ့ ကမျးလှမျးထားခဲ့တယျလို့ သိရပွီး ဒေါ့မှနျက အရငျကမျးလှမျးထားတဲ့ ပေါငျ ၆၇ သနျး ပမာဏကို ငွငျးဆနျခဲ့ပမေယျ့ နောကျထပျ တိုးမွှငျ့ပေးခမြှေုကိုတော့ လကျခံတော့မယျလို့ သိရပါတယျ။ အင်ျဂလနျကစားသမားဟာ ယူနိုကျတကျနဲ့ ပုဂ်ဂိုလျရေးသဘောတူညီမှု ရရှိထားပွီးဖွဈတယျလို့ အစောပိုငျးကတညျးက သတငျးတှမှော ဖျောပွထားတာဖွဈပွီး ပွောငျးရှကွေ့ေးကိစ်စက ကလပျနှဈသငျးကွားဆှေးနှေးမှုတှကေ ကွာမွငျ့နခေဲ့တာဖွဈပါတယျ။ ယူနိုကျတကျက ဆနျခြိုကို နှရောသီပထမဆုံးချေါယူမှုအနနေဲ့ ပွုလုပျခငျြနပွေီး အရချေါနိုငျဖို့လညျး ကွိုးစားနတေယျလို့ Goalက ဖျောပွထားခဲ့ပါတယျ။ ပွောငျးရှကွေ့ေးဟာ ပေါငျ ၇၇ သနျးခနျ့နဲ့ သဘောတူညီမယျလို့လညျး ခနျ့မှနျးထားပွီး ပွောငျးရှကွေ့ေးကို အရဈကပြေးသှငျးဖှယျရှိတယျလို့လညျး သိရပါတယျ။ ဒေါ့မှနျကလညျး ဆနျခြိုနရောအတှကျ နျာသာလနျ ပီအကျဗှီအသငျးက ကွယျပှငျ့ မာလနျကို ခြိတျဆကျနပွေီး သဘောတူညီမှုရရှိသှားပွီလို့ သိရပါတယျ။ ဒါကွောငျ့ ဆနျခြိုကိုရောငျးခသြှားဖို့က ပိုမိုသခြောသှားပွီလို့ သတငျးဌာနတှကေ ဖျောပွခဲ့ကွတာဖွဈပွီး လကျရှိကငျြးပနတေဲ့ ယူရိုပွိုငျပှဲပွီးတာနဲ့ တရားဝငျကွညောခကျြ ထှကျပျေါလာမယျလို့လညျး ရေးသားခဲ့ကွတာဖွဈပါတယျ။ ဆနျခြိုကတော့ ယူရိုပွိုငျပှဲမှာ အင်ျဂလနျအသငျးအတှကျ အုပျစုပှစွဉျတှေ ပွီးဆုံးသှားတဲ့အခြိနျအထိ စုစုပေါငျး ၆ မိနဈသာကစားပေးထားရတဲ့သူဖွဈပွီး သူ့အပွောငျးအရှနေဲ့ပတျသကျပွီး နှုတျဆိတျနပေါတယျ။ ဒါပမေယျ့ ယူနိုကျတကျရဲ့ အသညျးအသနျ ကွိုးစားနတောအပွငျ နာမညျကြျော အားကစားသတငျးထောကျ ရိုမာနိုရဲ့ ဖျောပွခကျြတှကွေောငျ့ ဆနျခြိုဟာ ယူနိုကျတကျနဲ့ ပုဂ်ဂိုလျရေးသဘောတူညီမှုရရှိထားတာ သခြောနပွေီး ယူရိုပွိုငျပှဲ ပွီးတာနဲ့ အပွောငျးအရှအေ့တှကျ လကျမှတျရေးထိုးဖို့ ဖွဈလာမယျလို့ ယုံကွညျရပါတယျ။ ပေါင် ၇၂ သန်းအထိ တိုးမြှင့်ကမ်းလှမ်းထားတဲ့အတွက် ယူရိုအပြီးမှာ ဆန်ချိုကို ယူနိုက်တက် စာချုပ်နိုင်မယ် ယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် အနီးစပ်ဆုံးအဆင့်ကို ရောက်ရှိသွားပြီလို့ သိရပါတယ်။ ဆန်ချိုအတွက် ယူနိုက်တက်က ပေါင် ၇၂ သန်းနဲ့ ကမ်းလှမ်းထားခဲ့တယ်လို့ သိရပြီး ဒေါ့မွန်က အရင်ကမ်းလှမ်းထားတဲ့ ပေါင် ၆၇ သန်း ပမာဏကို ငြင်းဆန်ခဲ့ပေမယ့် နောက်ထပ် တိုးမြှင့်ပေးချေမှုကိုတော့ လက်ခံတော့မယ်လို့ သိရပါတယ်။ အင်္ဂလန်ကစားသမားဟာ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ အစောပိုင်းကတည်းက သတင်းတွေမှာ ဖော်ပြထားတာဖြစ်ပြီး ပြောင်းရွှေ့ကြေးကိစ္စက ကလပ်နှစ်သင်းကြားဆွေးနွေးမှုတွေက ကြာမြင့်နေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်က ဆန်ချိုကို နွေရာသီပထမဆုံးခေါ်ယူမှုအနေနဲ့ ပြုလုပ်ချင်နေပြီး အရခေါ်နိုင်ဖို့လည်း ကြိုးစားနေတယ်လို့ Goalက ဖော်ပြထားခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးဟာ ပေါင် ၇၇ သန်းခန့်နဲ့ သဘောတူညီမယ်လို့လည်း ခန့်မှန်းထားပြီး ပြောင်းရွှေ့ကြေးကို အရစ်ကျပေးသွင်းဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ ဒေါ့မွန်ကလည်း ဆန်ချိုနေရာအတွက် န်ာသာလန် ပီအက်ဗွီအသင်းက ကြယ်ပွင့် မာလန်ကို ချိတ်ဆက်နေပြီး သဘောတူညီမှုရရှိသွားပြီလို့ သိရပါတယ်။ ဒါကြောင့် ဆန်ချိုကိုရောင်းချသွားဖို့က ပိုမိုသေချာသွားပြီလို့ သတင်းဌာနတွေက ဖော်ပြခဲ့ကြတာဖြစ်ပြီး လက်ရှိကျင်းပနေတဲ့ ယူရိုပြိုင်ပွဲပြီးတာနဲ့ တရားဝင်ကြေညာချက် ထွက်ပေါ်လာမယ်လို့လည်း ရေးသားခဲ့ကြတာဖြစ်ပါတယ်။ ဆန်ချိုကတော့ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် အုပ်စုပွစြဉ်တွေ ပြီးဆုံးသွားတဲ့အချိန်အထိ စုစုပေါင်း ၆ မိနစ်သာကစားပေးထားရတဲ့သူဖြစ်ပြီး သူ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အသည်းအသန် ကြိုးစားနေတာအပြင် နာမည်ကျော် အားကစားသတင်းထောက် ရိုမာနိုရဲ့ ဖော်ပြချက်တွေကြောင့် ဆန်ချိုဟာ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားတာ သေချာနေပြီး ယူရိုပြိုင်ပွဲ ပြီးတာနဲ့ အပြောင်းအရွှေ့အတွက် လက်မှတ်ရေးထိုးဖို့ ဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်။ အင်ျဂလနျ-ဂြာမနီ အားပွိုငျပှဲနဲ့ လကျရှိခနျြပီယံ ပျေါတူဂီအတှကျ စိနျချေါမှုထပျဖွဈမယျ့ ဘယျဂြီယံ ဒါဘီအသငျးက စညျးမဉျြးခြိုးဖောကျလို့ လိဂျဝမျးကို တနျးဆငျးရရငျ ဒါဘီနညျးပွအဖွဈက နှုတျထှကျမယျ ဆိုတဲ့ ရှနျးနီ
2021/09/16 18:08:01
https://premierleaguespecial.com/%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA-%E1%81%87%E1%81%82%E1%80%9E%E1%80%94%E1%80%BA%E1%80%B8%E1%80%A1%E1%80%91%E1%80%AD-%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BC%E1%80%BE%E1%80%84/
mC4
အမေရိကန် ရုပ်ရှင်ကြည့်ပရိတ်သတ် နိုင်ငံတကာရုပ်ရှင်တွေကို ကြည့်တဲ့အခါ မတူညီတဲ့ ရှု့ထောင့်တွေကနေ ကြည့်တတ်ကြပါတယ်။ မကြာသေးခင်က Texas ပြည်နယ် Austin မြို့မှာ ကျင်းပခဲ့တဲ့ ရုပ်ရှင်ပွဲတော်မှာ နိုင်ငံတကာ ရုပ်ရှင်တွေ တော်တော်များများ ပြသခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် Greg Flakus က သူ့ကြည့်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားနှစ်ခုကို ဖန်တီးသူ ဒါရိုက်တာ နှစ်ယောက်ကို တွေ့ဆုံပြီး သတင်းပေးပို့ထားပါတယ်။ မမေစန္ဒီက ပြေပြပါလိမ့်မယ်။
2021-11-27T18:38:30Z
https://burmese.voanews.com/a/1632676.html
OSCAR-2201
Extraordinary Attorney Woo ဇာတ်လမ်းတွဲဟာ မထင်မှတ်ထားလောက်အောင် ရေပန်းစားခဲ့တဲ့အတွက် မျက်ရည်ကျတဲ့အထိဖြစ်ခဲ့ရတယ်ဆိုတဲ့မင်းသားKang Ki Young By NoiPosted on August 2, 2022 Extraordinary Attorney Woo ဇာတ်လမ်းတွဲကတော့ အော်တစ်ဇင်ရောဂါရှိတဲ့အမျိုးသမီးရှေ့နေလေးအကြောင်း ရိုက်ကူးထားတာဖြစ်ပြီး အပိုင်းတစ်ပိုင်းချင်းစီဟာ ပရိသတ်တွေကိုရသအမျိုးမျိုးနဲ့ဆွဲခေါ်သွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြည်တွင်းမှာတင်မက ပြည်ပနိုင်ငံများစွာမှာရေပန်းစားတဲ့အထိလည်း မထင်မှတ်ထားလောက်အောင် အောင်မြင်ခဲ့တာပါ။ ဒီဇာတ်ကားထဲမှာပါဝင်ထားတဲ့မင်းသား Kang Ki Young ကတော့ ရေဒီယိုအစီအစဉ်တစ်ခုဖြစ်တဲ့ Two […] Facebook Page CeleGabar Youtube Channel Information About Us Contact Us Privacy Policy Privacy Privacy Policy About CeleGabar Cele Gabar was established in November 2018 and we are dedicated to be one of the most dynamic players among Myanmar media fulfilling our role as the name’s meaning which is “The world of celebrities’’. We are not only contributing celebrities’ information, but also delivering the right information which are beneficial for the society.
2022-12-03T20:01:06Z
https://celegabar.com/tag/kang-ki-young
OSCAR-2301
မြိတ်မြို့တွင် စည်းကမ်းမဲ့ အမှိုက်ပစ်သူကို ငွေ ၂ သိန်း ဒဏ်ရိုက်ကာ သတင်းပေးသူအား ၁ သိန်း ခွဲဝေပေးသည့် စနစ် စတင်ကျင့်သုံး – WunYan မြိတ်၊ ဇူလိုင် ၁၁ မြိတ်မြို့ တွင် မနေ့က စပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူကို ဒဏ်ငွေ(၂)သိန်းဒဏ်ရိုက်ကာ သတင်းပေးသူအား ၁ သိန်းကျပ် ခွဲဝေပေးသည့် စနစ်အား ကျင့်သုံးလိုက်ပြီဟု ယင်းမြို့မှ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမြတ်ကိုကိုက Popular News ပြောသည်။ "မနေ့ကစတယ်။ နောက်လယ်ရပ်ကွက်က ချောင်းထဲ အမှိုက်လာပစ်သူကို ဒဏ်ငွေ ၂ သိန်းဆောင်ခိုင်းလိုက်တယ်။ ၁သိန်းကို သတင်း ပေးတဲ့ သူကို ဆုအဖြစ်ချီးမြှင့်လိုက်တယ်"ဟု ၎င်းက ပြောသည်။ အသစ်ပြဌာန်းလိုက်သော တနင်္သာရီတိုင်းဒေသကြီးစည်ပင်ဥပဒေတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို ငွေကျပ် ၃သောင်းမှ ၃သိန်းအထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်ဟု ဦးမြတ်ကိုကိုက ဆိုသည်။ ယခင်ကဆိုလျှင် အမှိုက်ကို စည်ပင်က စနစ်တကျသိမ်းပေးသည့် အလေ့အထ အားနည်းခဲ့ကြောင်း၊ထို့ကြောင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုအပေါ် အမှိုက်ပစ်ရန် နေရာ မရှိ၍ ပစ်ရသည်ဟု အကြောင်းပြချက် ပေးနိုင်ကြောင်း၊ယခုတွင်မူ ကားအစီး၂၀ကျော်ဖြင့် အမှိုက်ကို ဆက်တိုက်သိမ်းပေးနေသည့်အတွက် ထိုအကြောင်းပြချက် ပေး၍ မရတော့ကြောင်း သူက ဆက်ပြောသည်။ ဒဏ်ရိုက်အရေးယူသွားမည့်အကြောင်းကို လည်း တစ်လခွဲကြိုတင်အကြောင်းကြားထားပြီးဖြစ်သည်ဟု စည်ပင်သာယာရေးကော်မတီမှ သိရသည်။ "စည်းကမ်းမဲ့တာကို အရေးယူရမှာပဲ။သတင်းပေးကြဖို့လည်း တိုက်တွန်းတယ်။ဒဏ်ငွေကို ကျွန်တော်တို့က ဘဏ်ထဲ တစ်ခါတည်းထည့် ခိုင်းတယ်။ စည်ပင်ခွန်ထဲ ၀င်သွားတယ်"ဟု ၎င်းက ဆိုသည်။ မြတ်မြို့တွင် ကျင့်သုံးသည့် ယင်းစနစ်နှင့် ပတ်သတ်ပြီး မြို့ခံ အတော်များများက သဘောတူကြသည်ဟု သူက ပြောသည်။ မြိတ်မြို့မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချိုက "မြိတ်မှာ စည်းကမ်းမဲ့ အမှိုက်ပစ်တာက အတော်လေးကို ဆိုးနေတယ်"ဟု ပြောသည်။ Photo : Myatkoko Facebook မွိတျမွို့တှငျ စညျးကမျးမဲ့ အမှိုကျပဈသူကို ငှေ ၂ သိနျး ဒဏျရိုကျကာ သတငျးပေးသူအား ၁ သိနျး ခှဲဝပေေးသညျ့ စနဈ စတငျကငျြ့သုံး မွိတျ၊ ဇူလိုငျ ၁၁ မွိတျမွို့ တှငျ မနကေ့ စပွီး စညျးကမျးမဲ့ အမှိုကျစှနျ့ပဈသူကို ဒဏျငှေ(၂)သိနျးဒဏျရိုကျကာ သတငျးပေးသူအား ၁ သိနျးကပျြ ခှဲဝပေေးသညျ့ စနဈအား ကငျြ့သုံးလိုကျပွီဟု ယငျးမွို့မှ စညျပငျသာယာရေးကျောမတီဥက်ကဌ ဦးမွတျကိုကိုက Popular News ပွောသညျ။ "မနကေ့စတယျ။ နောကျလယျရပျကှကျက ခြောငျးထဲ အမှိုကျလာပဈသူကို ဒဏျငှေ ၂ သိနျးဆောငျခိုငျးလိုကျတယျ။ ၁သိနျးကို သတငျး ပေးတဲ့ သူကို ဆုအဖွဈခြီးမွှငျ့လိုကျတယျ"ဟု ၎င်းငျးက ပွောသညျ။ အသဈပွဌာနျးလိုကျသော တနင်ျသာရီတိုငျးဒသေကွီးစညျပငျဥပဒတှေငျ စညျးကမျးမဲ့ အမှိုကျစှနျ့ပဈမှုကို ငှကေပျြ ၃သောငျးမှ ၃သိနျးအထိ ခမြှတျနိုငျကွောငျး ပွဌာနျးထားသညျဟု ဦးမွတျကိုကိုက ဆိုသညျ။ ယခငျကဆိုလြှငျ အမှိုကျကို စညျပငျက စနဈတကသြိမျးပေးသညျ့ အလအေ့ထ အားနညျးခဲ့ကွောငျး၊ထို့ကွောငျ့ စညျးကမျးမဲ့ အမှိုကျစှနျ့ပဈမှုအပျေါ အမှိုကျပဈရနျ နရော မရှိ၍ ပဈရသညျဟု အကွောငျးပွခကျြ ပေးနိုငျကွောငျး၊ယခုတှငျမူ ကားအစီး၂၀ကြျောဖွငျ့ အမှိုကျကို ဆကျတိုကျသိမျးပေးနသေညျ့အတှကျ ထိုအကွောငျးပွခကျြ ပေး၍ မရတော့ကွောငျး သူက ဆကျပွောသညျ။ ဒဏျရိုကျအရေးယူသှားမညျ့အကွောငျးကို လညျး တဈလခှဲကွိုတငျအကွောငျးကွားထားပွီးဖွဈသညျဟု စညျပငျသာယာရေးကျောမတီမှ သိရသညျ။ "စညျးကမျးမဲ့တာကို အရေးယူရမှာပဲ။သတငျးပေးကွဖို့လညျး တိုကျတှနျးတယျ။ဒဏျငှကေို ကြှနျတျောတို့က ဘဏျထဲ တဈခါတညျးထညျ့ ခိုငျးတယျ။ စညျပငျခှနျထဲ ဝငျသှားတယျ"ဟု ၎င်းငျးက ဆိုသညျ။ မွတျမွို့တှငျ ကငျြ့သုံးသညျ့ ယငျးစနဈနှငျ့ ပတျသတျပွီး မွို့ခံ အတျောမြားမြားက သဘောတူကွသညျဟု သူက ပွောသညျ။ မွိတျမွို့မှ တိုငျးလှတျတျောကိုယျစားလှယျ ဒျေါရီရီခြိုက "မွိတျမှာ စညျးကမျးမဲ့ အမှိုကျပဈတာက အတျောလေးကို ဆိုးနတေယျ"ဟု ပွောသညျ။
2019/02/24 05:03:49
http://wunyan.com/?p=14402
mC4
ဖြေ ။ ။ စောစောက ထုတ်ပြန်ကြေငြာချက် ထဲမှာ ပါပါတယ်။ သူတို့က NCA ကို ဘယ်လိုချိုးဖောက်လဲ ဆိုတော့ လွတ်လပ်စွာ သွားလာခွင့်တို့ လူထုတို့ တခြား နိုင်ငံရေးပါတီတို့နဲ့ တွေ့ဆုံခွင့်တို့ ဒီကိစ္စတွေက အားလုံး ကျနော်တို့ကို ပိတ်ပင်တယ် ဆိုတာ ဒါက NCA ကို ချိုးဖောက်ရာ ကျတာပေါ့။ မေး။ ။ JICM, PPST မဖြစ်တော့ဘူးလို့ပြောသွားတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂ ရက်လောက်က JICM ဖြစ်မြောက်ရေးကို အစိုးရနဲ့ EAOs ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲတွေ လုပ်တာ တွေ့ရတယ်။ ဆိုတော့ NCA နှစ်ပတ်လည် အခမ်းအနားကို ရက်လည်း နောက်ဆုတ်ပြီးတော့ ကျင်းပရတယ်။ အဲဒီအပြီး ဆက်လုပ်မယ့် အစည်းအဝေးတွေလည်း ရှိတယ်ဆိုတော့ ဒီဟာ ဘယ်လိုပဲ လုပ်နေနေ၊ တခြား အဖွဲ့အစည်းတွေကရော JICM လုပ်ဖို့အတွက် RCSS ဘက်ကို ဘယ်လို ညှိနှိုင်းဆောင်ရွက်တာတွေများ ရှိလဲ။ RCSS ကိုယ်တိုင်က JICM ကို မပါနိုင်တော့တာလား။ ဖြေ။ ။ လောလောဆယ်တော့ ဒီ JICM အစည်းဝေးကတော့ မဖြစ်ဘူးပေါ့။ ဘာဖြစ်လို့လဲဆို ဥက္ကဋ္ဌ က ယာယီ ခေါင်းဆောင်အနေနဲ့ ခု PPST မှာ တာဝန် ယူထားတယ်။ PPST ခေါင်းဆောင် မပါဝင်လို့ရှိရင် ဒီ JICM ကလည်း အထ မမြောက်နိုင်ဘူး။
2021-02-27T15:04:00Z
https://www.ksttiles.com/my/pro_tag/%E1%80%A1%E1%80%86%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%A5%E1%80%AE%E1%80%96%E1%80%94%E1%80%BA%E1%80%95%E1%80%AD%E1%80%90%E1%80%BA%E1%80%95%E1%80%84%E1%80%BA%E1%80%90%E1%80%AC%E1%80%B8%E1%80%86%E1%80%AE%E1%80%B8%E1%80%99%E1%80%BE%E1%80%AF/
OSCAR-2109
ခင်ဦးမြို့နယ်၌ ဆိုင်ကယ်တိမ်းမှောက်၍ လူငယ်တစ်ဦးသေဆုံး ခင်ဦး (ဇန်န၀ါရီ-၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် မြေနီလျှိုလမ်းဆုံအနီး၌ ဇန်န၀ါရီ ၁ ရက်နေ့ နံနက် ၁ နာရီခန့်က ဆိုင်ကယ်တိမ်းမှောက်ရာမှ လူငယ်တစ်ဦးသေဆုံး၍၊ တစ်ဦးပြင်းထန်ဒဏ်ရာရရှိထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် မြေနီလျှိုလမ်းဆုံအနီးရှိ ခင်ဦး-သင်ပေါင်းကားလမ်း မိုင်တိုင်အမှတ် - (၄/၄) နှင့် (၅/၄) ကြားတွင် (နံပါတ်မပါ) အစိမ်းပုတ်ရောင် JIALING ဆိုင်ကယ်တစ်စီး တိမ်းမှောက်ရာမှ လူ၂ ဦး ဒဏ်ရာများဖြင့် လဲနေကြောင်း သတင်းအရ မြို့မရဲစခန်းမှ ရဲအုပ်အောင်ဇော်ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်၍ စစ်ဆေးသည်။ မြေနီလျှိုလမ်းဆုံမှ ခင်ဦးမြို့ဘက်သို့ မောင်းနှင်လာသူ ခင်ဦးမြို့နယ် ဂွေးကုန်းကျေးရွာနေ (ဘ)ဦးစန်းမောင်၏သား ၂၆ နှစ်မှာ ယာနှုတ်ခမ်း၊ ယာမျက်ခုံးပေါက်ပြဲပြင်းထန်ဒဏ်ရာများ(စိုးရိမ်ရ)နှင့် နောက်မှစီးနင်းလိုက်ပါလာသော (နေရပ်လိပ်စာတူ) ပြေငြိမ်းထွန်း ၃၀ နှစ် (ဘ)ဦးမြင့်ဆွေမှာ နဖူး၊ ၀ဲမျက်ခုံး၊ ယာလက်ဖြန်၊ လက်ဖမိုးနှင့် ၀ဲဘက်ခြေထောက်တွင် ပြင်းထန်ဒဏ်ရာများ (စိုးရိမ်ရ)ဖြင့် တွေ့ရှိ၍ ရဲဆေးစာဖြင့် ခင်ဦးပြည်သူ့ဆေးရုံမှ ရွှေဘိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။ ကုသနေစဉ် ကျော်ရဲအောင် ၂၆ နှစ် သည် ရရှိထားသော ဒဏ်ရာများဖြင့် နံနက် ၃ နာရီခန့်က သေဆုံး သွားခဲ့ကြောင်း သိရသည်။ ၎င်းဖြစ်စဉ်နှင့် ပါတ်သက်၍ မြို့မရဲစခန်းမှ သေမှု/သေခင်း- ၃၀၄(က) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
2018/12/14 09:30:07
http://www.thithtoolwin.com/2018/01/blog-post_42.html
mC4
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်းကို ရခိုင်ပြည်နယ်က ပြန်ဝင်လာတဲ့ ယာဉ်မောင်းတွေကို ရေနံချောင်းတက္ကသိုလ် Facility Quarantine စခန်းမှာ ၇ ရက် Quarantine ဝင်ရောက်ရမှာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးချက် Negative အဖြေထွက်မှသာ ရပ်ရွာအတွင်း နေထိုင်ခွင့် ပြုမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမန်းကိုဟောက ပြောပါတယ်။ "တိုင်းကလည်း ညွှန်ကြားထားပါတယ်။ ရခိုင်က ပြန်လာတဲ့ သူတွေကို သေချာ စစ်ဆေး ဆောင်ရွက်ပါ။ ဒါပေမဲ့ ကားတွေကို ဆေးဖြန်းတာတို့ ဒီက Facility Quarantine ထားတာတို့ ကတော့ ကျနော်တို့ မြို့နယ် ကိုးဗစ် ၁၉ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးကော်မတီက ရခိုင်ဖြစ်ပြီ ဆိုတာနဲ့ ကိုယ့်မြို့နယ်ကိုလည်း ကာကွယ်ထားမှဖြစ်မယ် အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ စီစဉ်ထား လိုက်တာ" လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမန်းကိုဟောက ပြောပါတယ်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရခိုင်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသူတွေကို Home Quarantine ၇ ရက် နေထိုင်ဖို့ ညွှန်ကြားထားပေမဲ့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးကော်မတီနဲ့ အဖွဲ့စုံတို့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ရပ်ကွက်၊ ကျေးရွာတွေအတွင်း ဝင်ရောက်မခံဘဲ ရေနံချောင်းတက္ကသိုလ် Facility Quarantine စခန်းမှာ သီးခြားအ‌ဆောင်နဲ့ ထားလိုက်တာလို့ ဆိုပါတယ်။ ဩဂုတ် ၂၂ ရက်က ကုန်တင်ယာဉ်တစ်စီးနဲ့ ၂၄ ရက်နေ့က ကုန်တင်ယာဉ် သုံးစီး၊ စုစုပေါင်း ယာဉ်လေးစီးကို ရေနံချောင်း၊ မကွေးကားလမ်း မြို့အဝင် ဖန်းခါးစမ်းသစ်တောစခန်း နေရာမှာ သွား စောင့်စစ်ပြီးတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက် ၉ ဦးကို Quarantine စခန်းကို ပို့ဆောင်ထားပါတယ်။ ဩဂုတ် ၂၅ ရက်မှာ swab ယူပြီး ပေးပို့စစ်ဆေးသွားမှာ ဖြစ်သလို ရခိုင်ပြည်နယ်က လာတဲ့ယာဉ်တွေကို မြို့အတွင်း ဝင်ခွင့်ပေးမပေးဘဲထားရှိပါတယ်။ ယာဉ်နဲ့ ကုန်စည်ပစ္စည်းတွေကိုလည်း ဆေးဖြန်းပြီးမှသာ ယာဉ်မောင်းတွေ ပြောင်းလဲ မောင်းနှင်မှုနဲ့ မြို့တွင်း ကုန်ချကာ လိုရာခရီးကို ဆက်လက်ထွက်ခွင့် ပြုမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သတင်း - ကိုလင်း(ချောက်)၊ ဓာတ်ပုံ - မိတ်ဆွေကောင်း လူမှုကူညီရေးအသင်း
2021-11-27T03:21:08Z
http://burmese.dvb.no/archives/tag/%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%99%E1%80%BE%E1%80%95%E1%80%BC%E1%80%94%E1%80%BA%E1%80%9C%E1%80%AC
OSCAR-2201
ကြေးမုံ၊ အနုပညာနှင့် လက်မှုပညာ စက်ရုံ ပေးသွင်းသူ-SHUNDA - အနုပညာ၊ လက်မှုပညာ၊ ဝါသနာနှင့် အိမ်တွင်းသိုလှောင်မှုအတွက် OEM နှင့် စက်ရုံ | SHUNDA အနုပညာ၊ လက်မှုပညာ၊ ဝါသနာနှင့် အိမ်တွင်းသိုလှောင်မှုများအတွက် ပတ္တာအဖုံးနှင့် ရှေ့ချိတ်ပါရှိသော သစ်သားသေတ္တာကြီး အများအပြားအသုံးပြုမှု- အင်္ကျီ၊ လက်ဝတ်ရတနာများနှင့် အဆင်တန်ဆာများကို သိမ်းဆည်းထားရန် ၎င်းတို့အတွက် ချစ်စရာလက်ဆောင်အဖြစ် မေမေ၊ ရည်းစား သို့မဟုတ် ဇနီးတို့အား လက်ဆောင်အဖြစ် ပေးပါ။ ထူးခြားသောလက်ဆောင်အိုင်ဒီယာ ဤအမှတ်တရသေတ္တာကို သင်ချစ်ရသူအတွက် ကိုယ်ပိုင်လက်လုပ်လက်ဆောင်အဖြစ် အသုံးပြုပါ။ ဓါတ်ပုံများ၊ မမေ့နိုင်သော အမှတ်တရများ၊ သင်အတူတကွဖြတ်သန်းခဲ့သော အလွန်ဆုံးသော "ရတနာ" အခိုက်အတန့်များကို ထည့်သွင်းပါ။ သင်အလိုအပ်ဆုံးသူများအတွက် အမှတ်ရစရာအတွေ့အကြုံသစ်ကို ဖန်တီးပါ။ အထူ 0.8mm၊ 10mm၊ 12mm စသဖြင့် ငွေပေးချေမှု သက်တမ်း TT၊ paypal၊ veem၊ Escrow၊ wester union၊ ငွေသား စသဖြင့် သင့်မိသားစုနှင့် သူငယ်ချင်းများကို အံ့အားသင့်စေသည်- Shunda Home Decoration စက်ရုံသည် ကမ္ဘာလုံးဆိုင်ရာ သုံးစွဲသူများအတွက် ထုတ်လုပ်မှု၊ ဒီဇိုင်း၊ အရောင်းနှင့် ရောင်းချပြီးနောက် ဝန်ဆောင်မှုကို ပေးဆောင်သည့် ပရော်ဖက်ရှင်နယ် သစ်သားလက်မှုပညာ ပေးသွင်းသူဖြစ်သည်။ ကျွန်ုပ်တို့၏ကုမ္ပဏီသည် သစ်သားစင်၊ လစင်၊ ကြယ်စင်၊ သစ်သားသေတ္တာ၊ လက်ဆောင်သေတ္တာ၊ သစ်သားလက်ဆောင် စသည်တို့ကဲ့သို့သော သစ်သားလက်မှုပညာဆိုင်ရာ ထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်ခြင်းနှင့် ဒီဇိုင်းဆွဲခြင်းအပေါ် အာရုံစိုက်ပါသည်။ ယခင်- 5pcs လအဆင့် စင် သစ်သား လစက်ဝန်း နံရံကပ်စင် ဧည့်ခန်း အိပ်ခန်း မုတ်ပါတီ လကြတ် နံရံအလှဆင်စင် နောက်တစ်ခု: Hermes ၏ တူညီသော Saint Louis ဖန်သားပြင် ကြိုးမဲ့ မီးအိမ် အိပ်ယာဘေးရှိ ပတ်ဝန်းကျင်အလင်းရောင် ဓာတ်လှေကား စမတ်အားသွင်းစက် ညမီး စားပွဲတင်မီးအိမ်
2021/11/27 23:08:39
http://my.shundacrafts.com/large-unfinished-wood-box-with-hinged-lid-and-front-clasp-for-arts-crafts-hobbies-and-home-storage-product/
mC4
ပြင်ဦးလွင်မြို့ / မြတ်ပြည့်ဖြိုး / ဧရာဝတီ By မြတ်ပြည့်ဖြိုး 17 August 2017 ပြင်ဦးလွင်မြို့နယ်ရှိ အိမ်ခြေ ၆၀၀၀ ကျော်ရှိသော ထပ်တိုးရပ်ကွက် ၁၁ ခုအား လူနေထိုင်နိုင်သည့် မြို့မြေအဖြစ် ပြောင်းလဲသတ်မှတ်မည့် ကိစ္စကိုဆိုင်းငံ့ထားပြီး ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဒေါက်တာစိုးသန်းက ဧရာဝတီကို ပြောသည်။ "အဲဒီထပ်တိုးရပ်ကွက်တွေမှာ တကယ်လူနေထိုင်နေတဲ့နေရာတွေလည်းပါသလို လူမရှိတဲ့နေရာတွေ လည်း ပါတယ်။ ငါး ဧကလောက် ကျယ်တဲ့နေရာမှာ တဲလေးတလုံးရှိတာနဲ့ မြို့မြေအဖြစ် သတ်မှတ် ပေးလို့ ရပါ့မလား။ အဓိကကတော့ သတ်မှတ်ဧရိယာထက် များနေတဲ့အတွက် စိစစ်ရမှာကြောင့်ပါ၊" ဟု ၎င်းက ပြောသည်။ ယခင်က ပြင်ဦးလွင်တွင် ရပ်ကွက် ၁၀ ခုရှိသော်လည်း ၂၀၀၆ ခုနှစ်က ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြေညာစာ အရ ပြင်ဦးလွင်မြို့နယ်ကျေးရွာအုပ်စုဝင် ရပ်ကွက်ကြီး ၁၁(ရေငယ်ကျေးရွာ ရှေ့နှင့်နောက်)၊ ရပ်ကွက်ကြီး ၁၂ (ရေချမ်းအိုးကျေးရွာ တောင်နှင့် မြောက်)၊ ရပ်ကွက်ကြီး ၁၃ (ဆင်ခေါင်းလေး)၊ ရပ်ကွက်ကြီး ၁၄ (ညောင်နီ) စသည်တို့ကို ထပ်တိုးရပ်ကွက် ၁၁ ခု အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ပြီး မြေဧရိယာ ၁ သောင်းခွဲခန့်ရှိသည်။ သို့ရာတွင် အမှန်တကယ်လူနေထိုင်သည့်ဧရိယာထက် အဆများစွာပိုနေသည့်အတွက် ပြန်လည်စိစစ်ရန် လိုအပ်ခြင်း၊ ၂၀၀၆ ခုနှစ်က နိုင်ငံတော်အဆင့်အကြီးအကဲတဦး၏ နှုတ်မိန့်လမ်းညွှန်ချက်ကြောင့် ပြည်ထဲရေးက ထုတ်ပြန်ခဲ့သည့် အမိန့်စာနှင့် ပတ်သက်၍ ပြန်လည်ပြင်ဆင်ရန် လိုအပ်ခြင်းတို့ကြောင့် ယခုကိစ္စအား ယာယီဆိုင်းငံ့ကာ ပြည်ထောင်စုအဆင့်ထိ တင်ပြသွားမည်ဟု သိရသည်။ "အဲဒီမြေဧကတသောင်းခွဲထဲမှာ စိုက်ပျိုးမြေတွေ၊ သစ်တောမြေတွေပါပါတယ်။ ပြီးတော့ ဒီဧရိယာကြီးကို မြို့မြေဖြစ်ဖို့ မြေတိုင်းတာတွေ လုပ်ဖို့အတွက်ဆိုရင်လည်း သိန်းပေါင်းဘီလီယံနဲ့ချီပြီးကုန်ကျမှာပါ။ ဒါကြောင့် ဘာလုပ်သင့်သလဲဆိုတာ အထက်ကို တင်ပြပြီးမှ ညွှန်ကြားချက်အတိုင်း လုပ်သွားပါမယ်" ဟု ဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောသည်။ ထပ်တိုးရပ်ကွက် ၁၁ ခုတွင် စိုက်ပျိုးမြေနှင့် သစ်တောမြေဧရိယာတို့များစွာပါရှိရာ အကယ်၍ မြို့မြေ (မြေမျိုးကြီး) အဖြစ်သတ်မှတ်မည်ဆိုပါက ဥပဒေနှင့်အညီ စိုက်ပျိုးမြေကို အခြားနည်းသုံးစွဲခွင့် ရရှိရန် ဆောင်ရွက်ခြင်း၊ သစ်တောမြေဆိုပါက သစ်တောမြေကို ပယ်ဖျက်ရန်အတွက် ပြည်ထောင်စု သဘာ၀ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန အထိ တင်ပြရမည်ဖြစ်သည်။ ရွှေမန္တလေးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးနေလင်းအောင်က "မြို့မြေအဖြစ် သတ်မှတ်လိုက်ရင်တော့ ဂရန်လည်းထုတ်လို့ရတဲ့အတွက် အိမ်ခြံမြေဈေးကွက်မှာ ပိုဈေးကောင်းသွားမယ်၊ အရောင်းအဝယ်လုပ်တဲ့အခါ မာမာထန်ထန်လုပ်လို့ရမယ်။ နိုင်ငံတော်လည်း အခွန်ရမယ်ပေါ့။ အမှန်တကယ် လူနေထိုင်တဲ့ဧရိယာကို မြို့မြေသတ်မှတ်ပေးတာ အကြောင်းမဟုတ်ပေမယ့် တဦး တယောက်ကောင်းစားဖို့အတွက် လယ်မြေ၊ ယာမြေတွေကို မြို့မြေအဖြစ် သတ်မှတ်ပေးဖို့ကိစ္စကတော့ တိုင်းအစိုးရအနေနဲ့ ပြန်စိစစ်တာမှန်ပါတယ်။ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးလုပ်သင့်ပါတယ်။" ဟု ဧရာဝတီကို ပြောသည်။ လက်ရှိအိမ်ခြံမြေပေါက်ဈေးအရ ပြင်ဦးလွင်မြို့အဝင် အနီးစခန်းကျေးရွာမှ လမ်းမတန်းပေါ် မြေဧကကွက် တကွက်လျှင် သိန်း ထောင်ဂဏန်းခန့် တန်ကြေးရှိပြီး နေရာအနေအထားနှင့် အကျယ်အဝန်းအလိုက် ပြင်ဦးလွင်ရှိမြေဈေးသည် သိန်းရာဂဏန်းအနည်းဆုံးပေါက်ဈေးရှိသည်ဟု အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
2022/01/20 09:44:36
https://burma.irrawaddy.com/news/2017/08/17/140796.html
mC4
ရှစ်လေးလုံး အရေးတော်ပုံတွင် ကျဆုံးပြည်သူများအတွက် အထိမ်းအမှတ်နေရာတစ်ခုထားရှိရန် မ၀င်းမော်ဦးမိသားစုတိုက်တွန်း | 7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ Home » Section » Politics » ရှစ်လေးလုံး အရေးတော်ပုံတွင် ကျဆုံးပြည်သူများအတွက် အထိမ်းအမှတ်နေရာတစ်ခုထားရှိရန် မ၀င်းမော်ဦးမိသားစုတိုက်တွန်း ရှစ်လေးလုံး အရေးတော်ပုံတွင် ကျဆုံးပြည်သူများအတွက် အထိမ်းအမှတ်နေရာတစ်ခုထားရှိရန် မ၀င်းမော်ဦးမိသားစုတိုက်တွန်း Tue, 2017-08-08 06:30 No.1528 Tuesday, August 8, 2017 ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံတွင် ကျဆုံးခဲ့သော ပြည်သူများအတွက် အထိမ်းအ မှတ်နေရာတစ်ခု ထားရှိပေးရန် NLD အစိုးရအားတောင်းဆို ကြောင်း အရေးတော်ပုံကာလအ တွင်း ကျဆုံးခဲ့သော ကျောင်းသူမ၀င်း မော်ဦး၏ ဖခင်ဦးဝင်းကြူက ပြောသည်။ ''လက်ရှိအရပ်သားအစိုးရ ကို တောင်းဆိုချင်တာက ၈၈ အ ရေးအခင်းမှာ ကျဆုံးသွားတဲ့လူ တွေအတွက် တစ်နှစ်တစ်ခါ ကျ ဆုံးမိသားစုတွေအနေနဲ့ လွမ်းသူ့ ပန်းခွေတွေ၊ ပန်းခြင်းတွေထားနိုင် မယ့် ကျောက်တိုင်လေးပဲဖြစ်ဖြစ် လုပ်ပေးစေချင်တာပါ''ဟု ဦးဝင်း ကြူက ပြောသည်။ ရှစ်လေးလုံးအရေးတော်ပုံ သည် ၁၉၈၈ သြဂုတ် ၈ ရက်တွင် လူထုလှုပ်ရှားမှုများ နိုင်ငံတစ်ဝန်း ၌ တစ်ပြိုင်နက်တည်း စတင်ခဲ့ပြီး မ၀င်းမော်ဦးသည် အရေးတော်ပုံ ကာလ စက်တင်ဘာ ၁၉ ရက်၌ ဆန္ဒပြပွဲအတွင်း သေနတ်ကျည် ထိမှန်၍ ကျဆုံးခဲ့သည်။ ''သူ့အတွက်ကတော့ နှစ်စဉ် နှစ်တိုင်း အိမ်မှာပဲ မိသားစုတွေ နဲ့ ဆွေမျိုးတွေနဲ့ သူကျဆုံးတဲ့နေ့ ရောက်တိုင်း အလှူအတန်းလုပ် ပါတယ်'' ဟု ဦးဝင်းကြူက မ၀င်း မော်ဦးအတွက် လှူဒါန်းမှုကို ပြော သည်။ ရှစ်လေးလုံး အရေးတော်ပုံ(၂၉)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို သြဂုတ် ၈ ရက်တွင်သင်္ဃန်းကျွန်းရှိ ဓမ္မပီယကျောင်း တိုက်၌ ကျင်းပမည်ဖြစ်ပြီး ၎င်းလည်း တက်ရောက်မည်ဟုဆို သည်။ ရှစ်လေးလုံးအရေးတော်ပုံ (၂၉)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ရှစ်လေးလုံးနှင့် ပတ်သက်သည့် အမှတ်တရများ ကို ပြတိုက်ငယ်အဖြစ်ပြသမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းမှ ဦးကိုကိုကြီးကပြောသည်။ အဆိုပါနေ့တွင်သံဃာတော်များအား ဆွမ်းကပ်လှူ၍ ကျဆုံးသူများအား အမျှဝေမည့်အ ကြောင်း ၎င်းကပြောသည်။ အရေးတော်ပုံ ဆင်နွှဲနေစဉ်အတွင်း ၁၉၈၈ စက်တင်ဘာ ၁၈ ရက်တွင်စစ်တပ်က အာဏာသိမ်းခဲ့သည်။
2018/07/23 11:48:18
http://7daydaily.com/story/103971
mC4
ဖြေ – အဲနေရာမှာ ကျနော်တို့အမြင်ကိုပြောရရင် တပ်မတော်နဲ့ NLD အစိုးရဟာ ထိပ်တိုက်ဖြစ်လာတယ်လို့မြင်တယ်။ ထိပ်တိုက်ရင်ဆိုင်မူရဲ့နောက်ကွယ်မှာ အဓိကပြည်သူလူထုဟာ အခက်ခဲတွေနဲ့ကြုံလာမယ့် အပိုင်းတွေဖြစ်တယ်။ အချင်းချင်းအားပြိုင်မူမှာ ပြည်သူတွေခက်ခဲများစွာဖြစ်လာနိုင်တယ်။ မေး – တပ်မတော်ရဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာဆိုရင် ဖွဲ့စည်းပုံအခြေခံကို ကိုးကားပြီးတော့ ထုတ်ပြန်ထားတာတွေ့ရတယ်။ ပြီးတော့ ဇန်နဝါရီလ ၂၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာလည်း တပ်မတော်အနေနဲ့ အာဏာမသိမ်းနိုင်ဘူးဆိုပြီး ယူဆလို့မရနိုင်ကြောင်း ဖြေဆိုထားတာတွေ့ရတယ်။ အဲတော့ ရှေ့ဆက်ဘယ်လိုတွေဖြစ်လာနိုင်လဲ။ ဖြေ – တစ်ခုရှိနိုင်တာကတော့ အာဏာသိမ်းမလား ဒါမှမဟုတ်ဥပဒေအကြောင်းအရ ထိန်းသိမ်းလာနိုင်လားဆိုတဲ့အပိုင်းကို စဉ်းစားစရာအချက်တွေဖြစ်လာနိုင်တယ်။ တစ်ကယ်လို့ ခုလိုတိုင်ပင်ညှိနိူင်းဆောင်ရွက်မူမျိုး မရှိဘူးဆိုရင်လည်း (၅)နှစ်ဘာမှလုပ်လို့မရဘူး။ အဲဒီဟာလည်းအစိုးရဘက်ကနေစဉ်းစားရမယ့်အချက်ဖြစ်တယ်။ အာဏာထိန်းပြီးမှ သွားမယ်ဆိုရင်လည်း (၂)နှစ်တိတိသွားရမယ့် ကိစ္စဖြစ်တယ်။ ဒါပြီးမှ ဘာမှရလဒ်ရှိမှာမဟုတ်ဘူး။ အဲတော့ ဒီတိုင်းရှေ့ဆက်သွားရင် အာဏာသိမ်းမူတွေကတော့ ဖြစ်လာနိုင်ခြေရှိပါတယ်။ အာဏာသိမ်းမူတွေဖြစ်လာမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း ပျက်ပြယ်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ၁၉၄၇ ခုနှစ်ကရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၆၂ ခုနှစ်အာဏာသိမ်းတဲ့အခါ ပျက်ပြယ်သွားတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းတွေကို ပြန်ကြည့်မယ်ဆိုရင် အာဏာသိမ်းလိုက်ပြီဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေလည်း ပျက်ပြယ်သွားနိုင်တယ်။
2021-03-06T09:47:16Z
https://burmese.voanews.com/a/a-27-2009-09-06-voa5-93548394/1238268.html
OSCAR-2109
အကျိုးမရှိတဲ့ ရန်ဖြစ်ခြင်… | Myanmar Gazette News Media Forum Network Home » Think Different » အကျိုးမရှိတဲ့ ရန်ဖြစ်ခြင်… အကျိုးမရှိတဲ့ ရန်ဖြစ်ခြင်… Posted by Ko out of... on Feb 29, 2012 in Think Different | 1 comment တခါကလူငယ်နှစ်ဦး ထီလောင်းကစားထိုးပြီး ထီထွက်ခါနှီး ပထမလူငယ်တစ်ဦးက သူ့သူငယ်ချင်းကို မေးရာ… မင်းထီပေါက်ခဲ့ရင် မင်းဘာလုပ်မယ်လို့ စိတ်ကူးသလဲ… ထိုအခါ ဒုတိယလူငယ်က ခြံကြီးကြီးတစ်ခြံဝယ်မယ်ပေါ့။ ဒါနဲ့ မင်းကျတော့ရော- ငါကတော့ နွားဝယ်မယ်လို့ပြောလိုက်သတဲ့… ထိုအခါခြံဝယ်မည့် လူငယ်က မင်းနွားဝယ်ရင် ငါ့ခြံက စိုက်ခင်းတွေ ၀င်ပြီးစားကုန်မှာပေါ့ လို့ပြောပြီးရန်ဖြစ်ကြသတဲ့.. ကျွန်တော်တို့ လူငယ်လေးတွေကို ပြောချင်တာ အရှိတရားပေါ်အခြေမခံတဲ့ အတွေးစိတ်ကူးဆိုတာ အကျိုးမရှိဘူး… ဘာကိုတွေးရမှာလဲဆိုတော့ . . ဥပမာ အရင်းအနှီးတခုခု(ပညာ၊လုပ်အား၊ ငွေအားစသည့်)အရှိတရား အပေါ်အခြေခံတယ် ဆိုပါတော့ . ကိုယ်ကသရက်ပင်စိုက်မယ်ဆိုရင် အရင်စိတ်ကူးရတာပေါ့ ကိုယ်ဘယ်နှစ်ပင်စိုက်မယ်. အရင်းဘယ်လောက် ကုန်မယ်၊ ဘယ်လောက်ကြာရင်သီးမယ်၊ ဘယ်လောက်ဈေးနှုန်းနဲ့ရောင်းရင် အမြတ်ဘယ်လောက်ရမယ်စသည့် အတွေးတွေဆိုတာ ရှိရတယ်… ဒါကအရှိတရားပေါ် အခြေခံတဲ့ အတွေး ဒီလောက် အရှိတရားပေါ်လက်တွေ့ကျတဲ့ အတွေးတွေတောင်မှဘဲ အမြတ်ရဖိုတောင်မသေချာဘူး။ နောက်ဆုံး လူငယ်လေးတွေကို မှာချင်တာက ကိုယ့်နိုင်ငံကို တိုးတက်စေချင်ရင် စိတဇအတွေး၊ လက်တွေ့မကျတဲ့အတွေးအခေါ်တွေကို ခေါင်းထဲကမြန်မြန် ထုတ်ပစ်လိုက်ကြစမ်းပါလို့…
2020/05/26 16:41:00
http://myanmargazette.net/104752
mC4
သြစတြေလျးမှာ တောမီးလောင်မှုကြောင့် နေအိမ်အလုံး ၃၀ ပျက်စီး အပူချိန်များ ၄၀ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပြီးနောက် တောမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်မှာ တောမီးလောင်မှုအတွင်း နေအိမ်အလုံး ၃၀ အထိ ပျက်စီးဆုံးရှုံးခဲ့ သို့မဟုတ် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။ (Photo: Scott Davis/AAP) New South Wales နဲ့ အိမ်နီးချင်းပြည်နယ် Queensland တို့ရှိ နေရာအချို့မှာ ယမန်နေ့ (အောက်တိုဘာ ၈ ရက်) က အပူချိန်များ ၄၀ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပြီး တောမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အာဏာပိုင်တွေရဲ့ ပြောကြားမှုအရ တမင်ရည်ရွယ်ရှို့ခဲ့တဲ့ မီးလောင်မှုတစ်ခုအတွင်း အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာ ပြင်းထန်စွာရခဲ့တယ်လို့ ဆိုပါတယ်။ နွေဦးရာသီအစဖြစ်တဲ့ စက်တင်ဘာလကတည်းက သြစတြေးလျအရှေ့ပိုင်းရှိ မိုးခေါင်ခြောက်သွေ့တဲ့ နေရာဒေသတွေမှာ တောမီးလောင်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ နေရာအချို့မှာ ယခုနှစ်တောမီးလောင်မှုဟာ တောမီးရာသီအစ အဆိုးဆုံး မီးလောင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ လတ်တလော တောမီးလောင်မှုတွေဟာ မြေဧက ၂၄၇,၀၀၀ ကျော်မှာ သက်ရောက်မှုရှိခဲ့ပြီး အချို့နေရာတွေမှာ တောမီးဟာ ရက်သတ္တပတ် ငါးပတ်ကျော်ကြာ လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ ယမန်နေ့က တောမီးလောင်မှုကြောင့် အစွန်အဖျားဒေသရှိ Rappville မြို့ငယ်နဲ့ ပတ်ဝန်းကျင်နေရာများရှိ နေအိမ် ဒါဇင်နဲ့ချီ ပျက်စီးခဲ့ပါတယ်။ မီးလောင်မှုဟာ တမင်ရည်ရွယ်ရှို့ခဲ့ဖွယ်ရှိကြောင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။ သြစတြေးလျမှာ ဆောင်းရာသီအပူချိန်များ စံချိန်တင်မြင့်တက်ခဲ့ကာ မိုးရွာသွန်းမှုနည်းပါးခဲ့ပြီးနောက် တောမီးလောင်မှုတွေ ဖြစ်ပွားလာခဲ့ပါတယ်။ ယခုနှစ် သြစတြေးလျရဲ့ နွေရာသီဟာ အပူဆုံးအဖြစ်လည်း စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ သြစတြေးလျ အရှေ့တောင်ပိုင်း နေရာအများအပြားမှာ မိုးခေါင်ခြောက်သွေ့မှု ကာလရှည်ကြာ ဖြစ်ပေါ်နေခဲ့ပြီး ရာဦဥတုပြောင်းလဲမှုကြောင့် အခြေအနေကို ပိုမိုဆိုးဝါးစေခဲ့ကြောင်း မိုးလေဝသဆိုင်ရာ သိပ္ပံပညာရှင်တွေက သုံးသပ်ပြောကြားပါတယ်။
2021/07/27 05:09:51
https://www.duwun.com.mm/news/international-news/setlmwa-etamielameka-enaimalu-pksi-id20397
mC4
၂၀၁၅ မှာ လူတွေ တကယ်ယုံခဲ့ကြတဲ့ အင်တာနက် သတင်းအတုများ – News – Duwun ၂၀၁၅ မှာ လူတွေ တကယ်ယုံခဲ့ကြတဲ့ အင်တာနက် သတင်းအတုများ တစ်ချို့က မသေချာပဲ သတင်းဖြန့်ခဲ့ကြသလို တစ်ချို့ကြတော့လည်း ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းမှားတွေ ထုတ်လွှင့်ခဲ့တာပါ။ KK 2015-12-29 11:32:50.0, 2015-12-29 11:32:50.0 ၂၀၁၅ ခုနှစ်ကတော့ လူမှုကွန်ယက်တွေအပေါ်မှာ ပိုပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုနိုင်ပါတယ်။ လူမှုကွန်ယက် အသုံးပြုသူ ပိုပြီးများလာတာနဲ့အတူ လူမှုကွန်ယက်ပေါ်ကတဆင့် ကောလဟလ သတင်း လွှင့်တဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။ နိုင်ငံတကာ သတင်းမီဒီယယာအချို့တောင် လူမှုကွန်ယက်တွေကြောင့် သတင်းမှားတင်ခဲ့မိတာမျိုး ရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း လူယုံများပြီး နာမည်ကျော်ခဲ့တဲ့ လူမှုကွန်ယက် သတင်းအမှားတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။ ၁။ နီပေါငလျင်ဒဏ်ခံ မောင်နှမ ဗီယမ်နမ်မှာ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံကို နီပေါငလျင်ဒဏ်ခံစားရတဲ့ ကလေးငယ်နှစ်ဦးဆိုပြီး လူမှုကွန်ယက်မှာ သတင်းစလွှင့်ခဲ့တာပါ။ ၂။ ဟိုတယ်ထဲက ရေကူးကန် နီပေါငလျင် လှုပ်ပြီးချိ်န်မှာပဲ ဟိုတယ်တစ်ခုရဲ့ ရေကန်ထဲက ဒီလိုအငွေ့တွေ ပျံလာတယ်ဆိုပြီး သတင်းမှား လွှင့်ခဲ့တာပါ။ အမှန်တော့ ဒီရေကန်က ဒီလိုဖြစ်ခဲ့တာ ၂၀၁၀ တုန်းက မက္ကဆီကိုမှာ ဖြစ်ပါတယ်။ ၃။ အိုက်အက်စ်အကြမ်းဖက်သမား ဥရောပကိုရောက် အိုက်အက်စ်အကြမ်းဖက်သမားတစ်ဦး ဒုက္ခသည်ယောင်ဆောင်ကာ ဥရောပရောက်လာပြီဆိုပြီး လုပ်ခဲ့ကြပါသေးတယ်။ တကယ်တော့ ဓာတ်ပုံထဲက စစ်သားဟာ ဆီးရီးယားတပ်မတော်က ဖြစ်ပြီး နောက်ဆုံးပို့စ်စတင်တဲ့သူ တောင်းပန်ခဲ့ရပါတယ်။ ၄။ Eagles of Death Metal ရှိုးပွဲ ပါရီမြို့ အကြမ်းဖက်မှု မဖြစ်ခင်မိနစ်ပိုင်းလေမှာ လုပ်ခဲ့တဲ့ Eagles of Death Metal ရှိုးပွဲဆိုပြီး ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်မှာ ပျံ့လာပါသေးတယ်။ တကယ်တော့ ပါရီရှိုးပွဲမတိုင်ခင် ဒက်ဘလင်မှာ လုပ်ခဲ့တဲ့ ရှိုးပွဲ ဖြစ်ပါတယ်။ ၅။ စိတ်ကြီးတဲ့လင်မယား လင်မယားနှစ်ဦးက ရန်ဖြစ်ပြီး ကွာရှင်းဖို့ လုပ်ကြတော့ ပိုင်သမျှ ပစ္စည်းတွေကို တစ်ဝက်စီပိုင်းပြီး ယူခဲ့ကြပါတယ်။ အိုင်ဖုန်းတွေ၊ တီဗီတွေ၊ ကားတွေကို တစ်ဝက်စီပိုင်းပြီး ယူခဲ့ကြတယ်လို့ ဖေ့စ်ဘွတ်မှာ နောက်ပြောင်ကာ တင်ခဲ့တာပါ။ ဒါကို သတင်းအဖြစ်ရေးသားမိခဲ့ကြတဲ့ မီဒီယာအချို့လည်း ရှိခဲ့ပါတယ်။ တကယ်တော့ photoshop နဲ့ ဓာတ်ပုံတွေကို ပြင်ခဲ့တာပါ။
2018/12/10 03:36:05
http://www.duwun.com.mm/news/-id4504788.html
mC4
2021-03-05T20:03:58Z
https://burmese.voanews.com/a/hawaii-emergency-alert/4147045.html
OSCAR-2109
နိုင်ငံတကာ, 28 ဇန်နဝါရီ 2016 အမေရိကန် တိုက်တွင်း Zika ဗိုင်းရပ်စ် ပျံ့နှံ့မှု WHO သတိပေး သန္ဓေသားကို ထိခိုက်စေပြီး ဉာဏ်ရည်မမှီ ကိုယ်ခန္ဓာချို့ယွင်းချက်တွေနဲ့ မွေးဖွားလာစေတဲ့ Ziki ဗိုင်းရပ်စ် ရောဂါပိုးဟာ အမေရိကတိုက်မှာ ပျံ့နှံနေပြီး လူပေါင်း ၄ သန်းလောက်အထိ ကူးစက်ခံရနိုင်ခြေရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးလိုက်ပါတယ်။ ဆွီဒင်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အတွင်း စံချိန်တင်ရောက်ရှိလာတဲ့ နိုင်ငံရေး ခိုလှုံခွင့်ရဖို့ ကြိုးစားနေသူတွေထဲက လူဦးရေ ၈၀,၀၀၀လောက်ကို ဌာနေရင်းတွေ ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား နျူကလီးယား အစီအစဉ် အဆုံးသတ်ရေး ကန်နဲ့ တရုတ်သဘောတူ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအဖြစ် အရွေးခံဖို့ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ပြိုင်ဘက်တွေထဲက နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton နဲ့ Vermont အထက်လွှတ်တော်အမတ် Bernie Sanders တို့ဟာ....
2019/12/09 12:52:29
https://burmese.voanews.com/z/2524/2016/1/28
mC4
အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွမှာ ကိုယ်တိုင်မခံစားရသေးလို့ သွေးအေးနေတဲ့ လူတွေနဲ့ပါတ်သက်ပြီး ဒဲ့ပြောလိုက်တဲ့ နန်စန္ဒာလှထွန်း – Cele Snap ပရိတ်သတ်ကြီးရေ…ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူးထားပြီး ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်မင်းသမီး ချောနန်းစန္ဒာလှထွန်းက တော့ တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း ပြည်သူတွေနဲ့အတူ ပါဝင်နေသူပဲ ဖြစ်ပါတယ်..။နန်းစန္ဒာလှထွန်းကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက အရေးတော်ပုံအောင်မြင်ဖို့အတွက် လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ တစ်ထောင့်တစ်နေရာ ကနေ ပါဝင်အာ းဖြည့်နေသူလည်း ဖြစ်ပါ တယ်..။ ကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ဖေးမကူညီတတ်တဲ့ နန်းစန္ဒာလှထွန်းကတော့ လတ် တလောအခြေအနေတွေမှာ သွေးအေးသွားကြသူတွေနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်..။တချို့ မိသားစုတွေအတွက် ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုတွေများစွာရှိပေမယ့် ကိုယ်တိုင်မခံစားရလို့ သွေးအေးသွားကြတဲ့ လူတချို့နဲ့ ပတ်သက်ပြီး ထိထိ မိမိ ဖွင့်ဟ ပြောပြလာ တာ ဖြစ်ပါ တယ်..။ "မင်းက တော်သေးတယ်" တော်သေးတာပေါ့ မျက်လုံးကို ကျည်ထိသွားတဲ့ကလေး‌လေးဟာ မင်း သမီးလေးမဟုတ်လို့ တော်သေးတာပေါ့ တေ ာ်သေးတာပေါ့ သေဆုံးသွား တဲ့ အယောက်(၇၀၀)ကျော်ထဲ အဖမ်းခံနေရတဲ့ လူထောင် ကျော်ထဲ မင်းမိသ ားစု မပါတာ တော်သေးတာပေါ့ လုပ်ငန်းတွေရပ်ဆိုင်းသွားလို့ အလုပ်မရှိတဲ့ကြားထဲ ခုန်တက်သွားတဲ့ကုန်ဈေးနှုန်းနဲ့ ညှိပြီး ထိန်းစားနေရတဲ့ ညနေစာ ထမင်းဝိုင်းထဲ မင်းမိသားစု မပါတာ တော်သေးတာပေါ့ ယုံကြည်မှုတွေရပ်တန့်လို့ စုထားတဲ့ချွေးနည်းစာအတွက် ကိုယ့်ငွေကို ငွေနဲ့ ပြန်ဝယ်ရတဲ့ထဲ မင်းမပါတာ တော်သေးတာပေါ့လက်နက်ကြီးကျမှစိုးလို့ ရွာလုံးကျွတ် ထွက်ပြေးရတဲ့ထဲ မင်းတို့ မပါတာ တော်သေးတာပေါ့ ဒီရက်အတွင်းမှာ ထိခို က်သွားတဲ့ဘဝတွေထဲ မင်းမပါဘဲ ရယ်ကျဲကျဲနေနိုင်သေးတာ တော်သေး တာပေါ့ မင်းနေရာ နေရိပ်သေးတာ ဝမ်းသာပါတယ် ဒါပေမယ့်အပြင်မှာရော ရင်မှာရော နေပူရှိန်ပြင်းတယ် သူငယ်ချင်း မင်းအိမ် က မဟုတ်လို့ မင်း မကြားသေးတာပါ ငိုသံတွေက လမ်းမမှာ…" ဆိုပြီး ပြောပြထားတာပါ..။ နန်းစန် ဒာလှထွန်းရဲ့ အဲ့ဒီပို့စ်အေ ာက်မှာတော့ ပရိသတ်တွေကလည်း သူမရဲ့ခိုင်မာပြတ်သားတဲ့ စိတ်ထားတွေကို ချီးကျူးကာ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါ တယ်..။
2022/05/23 10:37:48
https://mainnewslink.com/%E1%80%A1%E1%80%81%E1%80%AF%E1%80%9C%E1%80%80%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%95%E1%81%9A%E1%80%B1%E1%80%94%E1%80%90%E1%80%B2%E1%80%B7-%E1%80%A1/
mC4
ကမ္ဘောဇဘဏ်က လစဉ်ပေးဆပ်ရမည့် အတိုးနှင့်အရင်း (၆)လအထိ ဆိုင်းငံ့ပေးခြင်းအပါအဝင် အခြားချေးငွေဆိုင်ရာ ခံစားခွင့်များပါဝင်သည့် COVID-19 Credit Assistance Program for SMEs အစီအစဉ်ကို စတင် | BETV Business News ကမ္ဘောဇဘဏ်က လစဉ်ပေးဆပ်ရမည့် အတိုးနှင့်အရင်း (၆)လအထိ ဆိုင်းငံ့ပေးခြင်းအပါအဝင် အခြားချေးငွေဆိုင်ရာ ခံစားခွင့်များပါဝင်သည့် COVID-19 Credit Assistance Program for SMEs အစီအစဉ်ကို စတင် betv_user 12 June 2020 နေ့စဉ်သတင်း Viewed: 588 times ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် ချေးငွေလစဉ်ပေးဆပ်ရမယ့် အတိုးနဲ့အရင်းကို (၆)လအထိ ဆိုင်းငံ့ပေးခြင်းအပါအဝင် လက်ရှိ စာရင်းပိုချေးငွေ (Overdraft Loan)နဲ့ ကာလသတ်မှတ်ချေးငွေ (Term Loan) တွေကို (၆)လအထိ သက်တမ်းထပ်တိုးခြင်းနဲ့ ဆိုင်းငံ့ပေးထားတဲ့ (၆)လစာအတွက် အတိုး၊အရင်းပေါင်းကို အချိုးကျပြန်လည်ပေးဆပ်စေတဲ့ အစီအစဉ်ဖြစ်တဲ့ COVID-19 Credit Assistance Program for SMEs ကို စတင်သွားမယ်လို့ ကမ္ဘောဇဘဏ်က ထုတ်ပြန်ကြေငြာထားပါတယ်။ အဆိုပါ ငွေကြေးထောက်ပံ့မှုပုံစံတွေကို ကမ္ဘောဇဘဏ်ရဲ့ SME Banking ဌာနမှာ ပုံမှန် ကာလသတ်မှတ်ချေးငွေ၊ စာရင်းပိုချေးငွေ သို့မဟုတ် JICA SME နှစ်ဆင့်ချေးငွေ ရယူထားသူတွေ လျှောက်ထားနိုင်ပြီး ပေးဆပ်ရမယ့် ချေးငွေကို အချိန်ကာလတစ်ခုအထိ ဆိုင်းငံ့ထားလို့ SME လုပ်ငန်းတွေအတွက် အဆင်ပြေပြေနဲ့ ငွေကြေးလည်ပတ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ "မြန်မာနိုင်ငံတော်အစိုးရရဲ့ စီးပွားရေး ရည်မှန်းချက်ပန်းတိုင်များနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်များနဲ့အညီ ကမ္ဘောဇဘဏ်ကနေ COVID-19 Credit Assistance Program for SMEs အစီအစဉ်ကို မိတ်ဆက်ပေးခဲ့ပြီး SME customer တွေ ငွေကြေးလည်ပတ်မှု ပြန်လည် ကောင်းမွန်လာအောင် ကူညီပံ့ပိုးပေးသွားပါမယ်။ လက်ရှိ လုပ်ငန်းထဲက လည်ပတ်ငွေတွေကို ချေးငွေပြန်ဆပ်ရမယ့်အစား လုပ်ငန်းလည်ပတ်ဖို့ သုံးနိုင်တဲ့အတွက် SMEs တွေအနေနဲ့ အခုလို အကျပ်အတည်းဖြစ်နေတဲ့ ကာလမှာ ရှင်သန်ရပ်တည်နိုင်ဖို့နဲ့ ပြန်လည် ကုစားနိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ရလာမှာပါ"လို့ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းအောင်က ပြောပါတယ်။ လျှောက်ထားသူတွေအနေနဲ့ KBZ SME ချေးငွေဝန်ဆောင်မှုတွေကို အနည်းဆုံး (၂) နှစ်ရယူထားပြီးသူ၊ ကမ္ဘောဇဘဏ်ကို အဓိက အသုံးပြုနေပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မပျက်မကွက် ငွေပြန်လည်ပေးသွင်းခဲ့သူတွေ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ ဝန်ဆောင်မှုတွေကို ယခုမှ ရယူသုံးစွဲမယ့်သူဆိုရင် လျှောက်ထားသူရဲ့ စီးပွားရေး လုပ်ငန်းနယ်ပယ်နဲ့ လုပ်ငန်းပုံစံကို စစ်ဆေးအကဲဖြတ်သွားမှာဖြစ်ပြီး COVID-19 ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးရေး လုပ်ငန်းစဉ်တွေကို အထောက်အပံ့ဖြစ်စေတဲ့ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ SME လုပ်ငန်းတွေကို အထူး ဦးစားပေး ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။ ဒါပေမယ့် လျောက်ထားသူ အားလုံးက လိုအပ်တဲ့ ကုမ္ပဏီဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ အရေးပေါ် စီးပွားရေးကုစားမှု အစီအစဉ်တစ်ခုကိုလည်း တင်ပြဖို့ လိုတယ်လို့ အသိပေးထားပါတယ်။ COVID-19 Credit Assistance Program for SMEs အစီအစဉ်နဲ့ ပတ်သက်ပြီး SME လုပ်ငန်းရှင်တွေအနေနဲ့ နီးစပ်ရာဘဏ်ခွဲများနဲ့ ကမ္ဘောဇဘဏ်ရဲ့ SME Banking ဌာနက သက်ဆိုင်ရာ Relationship Manager တွေကို တိုက်ရိုက်ဆက်သွယ်ခြင်း၊ SME Banking စီးပွားရေးဘဏ်လုပ်ငန်းဌာန ဖုန်းနံပါတ် - ၀၁ ၃၇၃၇၈၅၊ ၀၁ ၃၇၂၉၇၉၊ ၀၁ ၃၇၂၉၇၇၊ ၀၁ ၃၇၇၇၁၆ (သို့မဟုတ်) [email protected] အီးမေးလ်လိပ်စာက တစ်ဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
2020/07/09 05:29:20
https://betvbusiness.com/mm/kmbheaajbhnnk-lcnypechprmnny-attiunngarng-6lathi-chiungngnpekhngapawng-akhaakhengechiungraa
mC4
မြန်မာအမျိုးသားဘောလုံးအသင်း လက်ရွေးစင်ကစားသမား သန်းပိုင် တက်ရောက်ခဲ့တဲ့ Ananda ကံထူးရှင် ရွေးချယ်ပွဲ / ထွန်းထွန်း / ဧရာဝတီ 4G အင်တာနက်ဝန်ဆောင်မှုအား ပိုမိုအဆင်ပြေစွာ သုံးစွဲနိုင်ရေး အတွက် အင်တာနက် ကွန်ရက်များ ချဲ့ထွင်လျှက်ရှိတဲ့ Ananda ကုမ္ပဏီမှ ယခုနှစ်ကုန်အတွင်း ရန်ကုန်တမြို့လုံးအား 4G ကွန်ရက် လွှမ်းခြုံနိုင်ရန် မျှော်မှန်းထားကြောင်း Ananda ကုမ္ပဏီမှ ဆိုပါတယ်။ လတ်တလောမှာ ကွန်ရက် ချဲ့ထွင်မှုလုပ်ငန်းများ အနေနဲ့ ပုံမှန် Micro site များအပြင် Small cells များကိုလည်း ထပ်မံ တည်ဆောက်သွားဖို့ ပြင်ဆင်နေကြောင်း Ananda ကုမ္ပဏီမှ မငြိမ်းချမ်းသူက ပြောပါတယ်။ မကြာခင် ကာလအတွင်းမှာ လည်း Ananda အနေနဲ့ ပုံမှန် ဒေတာ Plan များအပြင် လုပ်ငန်းသုံး Business Plan များကိုလည်း စတင်ရောင်းချနိုင်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ မန္တလေးမြို့တွင်း အင်တာနက်ဝန်ဆောင်မှုအနေနဲ့ ယခုနှစ် အောက်တိုဘာလမှာ စတင်ရန် စီစဉ်ထားတယ်လို့လည်း Ananda ကုမ္ပဏီမှ ဆိုပါတယ်။ လက်ရှိ ရန်ကုန်မြို့မှာ ဆိုဒ်ပေါင်း ၄၅၀ ကျော်ဖြင့် ဝန်ဆောင်မှုပေးနေသည့် Ananda ကုမ္ပဏီအနေဖြင့် ယခုနှစ်တွင် ဆိုဒ်ပေါင်း ၆၀၀ အထိ ချဲ့ထွင်သွားမည်ဖြစ်ပြီး ၃ နှစ်အတွင်း ဆိုဒ်ပေါင်း ၂၂၅၀ အထိ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ Ananda အနေဖြင့် World Cup Campaign ကံစမ်းမဲ အစီအစဉ်များ ပြုလုပ်ပေးလျှက်ရှိရာ ဇူလိုင် ၁၅ ရက်နေ့ ညနေပိုင်းက အစီအစဉ် နောက်ဆုံးပတ်အဖြစ် ကံထူးရှင်ရွေးချယ်ပွဲကိုလည်း ကမ္ဘာအေးဘုရားလမ်းပေါ်က Ananda ရုံးချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ ကံထူးရှင်ရွေးချယ်ပွဲကို မြန်မာအမျိုးသားဘောလုံးအသင်း လက်ရွေးစင်ကစားသမား သန်းပိုင် တက်ရောက်ခဲ့ပြီး ဆုများ ချီးမြှင့်ပေးခဲ့ပါတယ်။ Ananda ကုမ္ပဏီဟာ IGE လုပ်ငန်းစုပိုင် လုပ်ငန်းခွဲတခုဖြစ်ပြီး အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းအတွက် ၂၀၁၆ ခုနှစ်မှာ လုပ်ငန်းလိုင်စင် ရရှိခဲ့ပါတယ်။
2022/05/25 18:36:00
https://burma.irrawaddy.com/business/it/2018/07/16/163945.html
mC4
အယ်လစ်ဇဗက်ခေတ်သည် အင်္ဂလိပ်စာပေ ထွန်းကား သောခေတ်လည်းဖြစ်သည်။ အက်ဒမန်ဆပင်ဆာ၊ ဖရန်စစ် ဗေ ကင်၊ ခရစ္စတိုဖာ မာလို၊ ဝီလျံ ရှိတ်စပီးယား၊ ဗင်ဂျွန်ဆင် အစရှိသော စာရေးဆရာအကျော်အမော်တို့ ပေါ်ထွက်ခဲ့သဖြင့် အင်္ဂလိပ်စာပေသမိုင်းတွင် အထူးထင်ရှားသောခေတ်ဖြစ်ပေသည်။ အယ်လစ်ဇဗက်ဘုရင်မသည် ထီးနန်းတွင် ၄၅ နှစ်မျှ စိုးစံခဲ့သည်။ ထိုခေတ်သည် အင်္ဂလန်နိုင်ငံ သမိုင်းတွင် အထူး ထင်ရှားသော ခေတ်တစ်ခေတ်ဖြစ်သည်။ စင်စစ်အားဖြင့် အယ် လစ်ဇဗက်ခေတ်တွင် အင်္ဂလန်နိုင်ငံသည် အလယ်ခေတ်နိုင်ငံ အဖြစ်မှ ခေတ်သစ်နိုင်ငံအဖြစ်သို့ ကူးပြောင်းခဲ့လေသည်။ အထူး သဖြင့် စာပေအရာ၌ ထိုခေတ်ကို အယ်လစ်ဇဗက်ခေတ်ဟူ၍ ရည်ညွှန်းခေါ်ဆိုလေ့ရှိကြသည်။ အယ်လစ်ဇဗက်ဘုရင်မသည် ၁၆ဝ၃ ခုနှစ်မှစ၍ မကျန်းမမာဖြစ်ခဲ့ရာ ထိုနှစ် မတ်လ ၂၄ ရက်နေ့၌ ကွယ်လွန်လေသည်။ ကွယ်လွန်ကာနီးအချိန် စကော့ တလန်ပြည့်ရှင် မေရီ၏သား ဂျိမ်းအား အင်္ဂလိပ်ထီးနန်းကို လွှဲအပ်ခဲ့လေသည်။ ထိုအချိန်မှစ၍ အင်္ဂလန်နှင့် စကော့တလန် တို့သည် တစ်ပြည်ထောင်အဖြစ် ပူးပေါင်းမိခဲ့ကြလေသည်။
2022/07/06 04:41:40
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9A%E1%80%BA%E1%80%9C%E1%80%AE%E1%80%87%E1%80%98%E1%80%80%E1%80%BA_%E1%80%95%E1%80%91%E1%80%99_(%E1%80%A1%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%94%E1%80%BA%E1%80%98%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%99)
mC4
Luowen Ring Lock Scaffolding သည်လက်ကိုင်သစ်အမျိုးအစားဖြစ်ပြီးအဓိကအားဖြင့် Ring plate၊ စံ၊ ledger, brace နှင့်ဆက်စပ်ပစ္စည်းများဖြင့်ပြုလုပ်ထားပြီး၎င်းသည်၎င်း၏အားသာချက်များနှင့်ကျယ်ပြန့်စွာအသုံးပြုခြင်းကြောင့်ကမ္ဘာ့စျေးကွက်တွင်အလွန်ကြိုဆိုသည်။
2021-03-04T17:06:01Z
https://shn.wikipedia.org/wiki/%E1%81%BC%E1%80%99%E1%80%BA%E1%82%89%E1%81%B6%E1%80%99%E1%80%BA%E1%80%B8%E1%81%8A_%E1%81%B8%E1%82%84%E1%82%88%E1%80%9D%E1%80%B5%E1%80%84%E1%80%BA%E1%80%B8
OSCAR-2109
မော်စကိုမြို့၏ ထင်ရှားကျော်ကြားသည့် Landmarks နေရာဖြစ်သည် ။ Kremlin မှာ မော်စကိုမြို့လယ်မှ တြိဂံပုံသဏ္ဍာန် တံတိုင်းများကာရံထားသည့် နေရာဖြစ်ကာ အနီးတွင် မော်စကိုမြစ်ရှိသည် ။ ရင်ပြင်နီဆိုသည်မှာ Kremlin အရှေ့ဖက်နံရံ အနီးရှိ လူသွား ကွင်းပြင်ကျယ် ဖြစ် သည် ။
2021-02-26T09:38:13Z
http://www.i-sim.ru/Poly-Nail-Gel-Nail-Tools-Double-useed-UV-Nail/
OSCAR-2109
ဒီနေ့မနက်စာရေးဆရာ နီကိုရဲ ဆုံးသွားကြောင်း e-mail ထဲကသတင်းရတော့ စိတ်မကောင်းဖြစ်မိတယ်။ မျှဝေချင်တဲ့စိတ်ကြောင့် အနီးအနားမှာ ရှိတဲ့ ကိုယ့် customers တွေကိုပြောမိတယ်၊ သိတော့ သိတယ် သိပ်မသိဘူးတဲ့။ ဘာမှခံစားချက်မရှိဘူး။ ကိုယ့်ဝန်ထမ်းကလေး တွေကိုပြောမိတော့လည်း ဒီအတိုင်းဘဲ။ ဩ ပိုပိုပြီးတော့ စိတ်မကောင်း ဖြစ်မိရပါလား။ ဘယ်လို လူတွေနဲ့များ တွေ့နေရပါ့လည်းနော်။ ဒီနေ့တော့ဗျာ ကျနော်တို့ ရွှေမန်းတလေးက မဟာဆန်သော၊ အပြောအဆို ယဉ်ကျေးသိမ့်မွေ့သော၊ customers များအားယဉ်ကျေးဖော်ရွေစွာ ဆက်ဆံတတ်သော ဆိုင်ရှင်မမ၊ အရောင်းဈေးသည်မမ တို့အကြောင်းဖောက်သည်ချ ပါရစေဗျာ။ ထမင်းစားမကောင်းလို့ ထမင်းဆိုင်သွားပြီး ဟင်းဝယ်မိပါတယ်။ ဟိုဟင်းလေးကောင်းနိုးနိုး၊ ဒီဟင်းလေး ကောင်းနိုးနိုးနဲ့ ဟိုရွေးဒီရွေးဆိုတော့ ဆိုင်ရှင်မမ ကလည်းသနားသွားတယ် ထင်ပါတယ်။ အကြံကောင်း လေးပေးရှာပါတယ်။ ဟင်းရည်လေးလည်းကောင်းတယ်တဲ့။ ဝက်နံရိုးနဲ့ ကြံမဆိုင်ဟင်းရည်တဲ့။ ကျနော်လည်း အကြိုက်ဘဲပေါ့၊ အဲဒါဆိုထည့်ဗျာပေါ့။ ဟဲ..ဟဲ အဲဒီတော့ မမက ဟင်းရည်ကလည်း ရောင်းတာဘဲနော် တဲ့၊ ကျနော်လည်း နဲနဲတော့ ကြောင်သွားတယ်။ ကျနော့် ကိုယ် ကျနော် အလကားများ လာတောင်းနေမိ လားလို့ ပြန်စဉ်းစားရသေးတယ်။ ဟဲ..ဟဲ နောက်မှ ငါလည်း လာဝယ်တာပါဘဲလို့ စိတ်ထဲက… စိတ်ထဲက ပြောမိတာ..။ ဟိုနေ့ကတော့ဗျာ နေလည်းမကောင်းနေတာနဲ့ ဆံပင်မညှပ်ဖြစ်တာလည်း ကြာသွားတော့ ဆံပင်လည်း ညှပ်ချင်တော့၊ ဆိုင်သွားပြီး ဆံပင်ညှပ်မယ် ခေါင်းလျှော်မယ်ပေါ့။ အဲဒါဗျာ ခေါင်းလျှော်နေတာ နဲနဲလေးကြာလာတော့ ကျနော်လည်း မခံချင်တော့ဘူး၊ နေမကောင်းတာ ထပ်ဖြစ်မှာ စိုးလို့ပါ၊ အဲဒါနဲ့ အမရေ ခေါင်းလေးမြန်မြန် လျှော်ပေးပါ။ ကျနော်က အခုမှ နေကောင်းခါစ မလို့ပါလို့ ပြောလိုက်မိတယ်ဗျာ။ အဲဒီတော့ မမက ခဏလေးလျှော်လည်း ဒီဈေးဘဲပေးရမှာနော် တဲ့။ ကျနော်လည်း ရပါတယ် အမရယ် ပိုပေးဆိုလည်းပေးပါမယ်၊ ခေါင်းလျှော်တာလေးသာ ရပ်ပေးပါတော့လို့ ဟဲ..ဟဲ။ တခါကလည်း စတိုးဆိုင်ကြီး တဆိုင်ဝင်သွားပြီးတော့ ဟိုကြည့်ဒီကြည့်လျှောက်ကြည့်ရင်း အင်္ကျီ တထည့် သေချာကြည့်ချင်တာနဲ့ ညီမလေးရေ ဟိုအင်္ကျီလေး ကြည့်ချင်လို့ လို့ပြောတော့ `အဲဒါ ……….ိ/.နော်တဲ့ ။ ဩ…..အင်္ကျီလေးဝယ်ပြီး ဒင်းတို့ရှေ့ ခြေထောက်ဘဲ သုတ်ပြရမလား၊ ဓါးနဲ့ ဘဲနှတ်နှတ်စင်း ပြစ်ရ ကောင်းမလားလို့…အင်း….စိတ်ထဲက စဉ်းစားတာပါ၊ လက်တွေ့ကတော့ ဟုတ်ပါတယ်လေ။ ငါနဲ့လည်း ဒီအင်္ကျီနဲ့ မတန်ပါဘူးလို့။ အေး အေး မပြပါနဲ့တော့ကွယ် လို့ပြောပြီး ကုပ်ချောင်းကုပ်ချောင်းနဲ့ ပြန်လှည့် ထွက်ခဲ့ရပါကြောင်း၊ နောက်တခါကတော့ ကျနော်ကလည်း ကျနော်ပါဘဲ၊ အစားအသောက်နဲ့ပတ်သက်ရင် တော်တော် ဂျီးများပါတယ်။ ညီမလုပ်တဲ့သူက မန္တလေးမြို့ရဲ့ မဟာ့ မဟာ mini market ကြီးတခုက မဟာငါးပိရေကျို ကိုဝယ်လာပေးပါတယ်ဗျာ၊ ကျနော်ကလည်း အဲဒါကိုတော်တော်ကြိုက်သွားပါတယ်။ ထမင်းစားရင် အဲဒီငါးပိရေကျိုနဲ့မှ စားချင်ပါတယ်။ ဗူးလေးနဲ့ ကြိုပြီးသားဗျာ။ အတို့အမြူတ်ကလည်း အစုံပါပါတယ်။ ဒညင်းသီးဆားရည်စိမ်၊ ဖန်ခါးသီး၊ သရက်ကင်းတို့ ရှောက်ရွက်တို့ အစုံပါဘဲ။ ငရုပ်သီးမှုံကလည်း လှော်နံလေးကိုသင်းလို့။ တနေ့တော့ ညီမ မပါဘဲနဲ့ ကျနော် အဲဒီ mini market ရှေ့ရောက်သွားတယ်။ ငါးပိရေကြိုကို သတိရသွားတယ်။ အဲဒါနဲ့ ကြုံတုံးဝင်ဝယ်သွားအုန်းမယ်လေဆိုပြီး ဝင်ဝယ်ပါတယ်။ ငါးပိရေကျို ၂ ဗူး၊ ကျန်တာတွေကလည်း စားစရာတွေကြီးပါဘဲ။ အဲဒါနဲ့ ပိုက်ဆံရှင်းပြီးယူသွားမယ်လုပ်တော့၊ မမတွေက ထည့်စရာမပေးဘူးဗျ။ ကျနော်ကလည်း လက်ကကိုင်ရမှာ နဲနဲများနေတော့ သူတို့နောက်မှာရှိတဲ့ mini-market နံမည်နဲ့ အိပ်ကလေးတွေကို လှမ်းကြည့်ပြီးတော့ တောင်းလိုက်မိတယ်ဗျာ။ သူများတွေလည်း ထည့်သွားတာတွေ့တာကိုးဗျ။ အဲဒါ တသောင်းဘိုးအထက်ဝယ်မှ အဲဒီအိတ်နဲ့ ထည့်ပေးပါတယ်တဲ့၊ ကျနော်လည်း နဲနဲ ရှက်သွားပြီး အိတ်ဘိုးပိုက်ဆံပေးမယ်ကွာလို့ ပြောလိုက်တော့လည်း မရောင်းပါဘူးရှင်တဲ့။ ဒါနဲ့ ကျနော်လည်း တသောင်းဘိုးပြည့်အောင်ဘဲ အထဲပြန်ဝင်ပြီး ဝယ်ရမလား၊ အစကထဲက တသောင်းဘိုး ပြည့်အောင် မဝယ်မိတဲ့ ကိုယ့်ကိုယ့်ကိုဘဲ အသုံးမကြအုံးဟဲ့ ဆိုပြီး ရိုက်ပြစ်ရ ကောင်းမလား စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဆိုင်ပြင်ပြန်ရောက်လာကြောင်းပါခင်ဗျား။ အဲ..အဲ post လေးက မပြီးသေးဘူးနော်၊ ကျနော့် ရဲ့ အဲဒီအဖြစ်အပျက်လေးတွေ ရေးထားတာကို ညီမလုပ်တဲ့ သူကဖတ်ပြီးတော့ အဲတာ ဘယ်သူ့ အပြစ်မှမဟုတ်ဘူး ခင်ဗျားအပြစ်တဲ့.. အမလေးဗျာ၊ ဘာလို့ ကျနော့်အပြစ်လည်းလို့၊ ကျနော် ဘယ်နေရာမှာ ဘာအမှားတွေများ ကျူးလွန်မိလို့ ပါလည်းပေါ့။ ဒါပေ့မဲ့ ကျနော် ကလည်း သေချာ ပြန်စဉ်းစားလိုက်တော့ ဒါကျနော့် အပြစ်မဟုတ်ဘူး၊ ကမ္ဘာကြီးပူနွေး လာတဲ့အပြစ်၊ ကမ္ဘာကြီးအပြစ်လို့၊ ပူလွန်းလို့ မနက်မနက်ရေချိုးပြီးရင် အနွမ်းဆုံးအင်ကျီလေး၊လုံချီလေး တွေရွေးရွေးဝတ်ပြီး အပူဒဏ်ကိုရင်ဆိုင်ခဲ့ရလို့၊ အင်း အယ်ဒီတာမင်း ရေ ပြောရရင်တော့ ပုံမှန် လည်း ထူးမခြားနား ဘဲ ကျနော် ကအဝတ်အစား ကို ဝါသနာ သိပ်မပါသလို အရောင် အဆင်းမဲ့ လေ ဝတ်ရတာ အဆင်ပြေလေ မလို့ပါ မန္တလေး ကသိပ်ပူတယ်လေ (ကျနော်မိတ်ဆွေ ကင်မရမင်းလေးပေါ့ 2010သင်္ကြန်မှာ လုပ်ငန်းရှင်တစ်ယောက်က သူတို့ သင်္ကြန်မဏ္ဍပ်မှာ ကြဲတာ ကဲတာကို မှတ်တမ်းတင်ဘို့ သုံးရက်အပြီး ကျပ်တစ်သိန်းခွဲနဲ့ငှားပါသတဲ့ သူတို့အတွက် ကင်မရာတစ်လုံးသီးသန့်မှတ်တမ်းတင်ဘို့ထားပေးရမယ်လို့ ဆိုပါသတဲ့။
OSCAR-2019
အမေရိကန်က WHO နဲ့ ဆက်ဆံရေးအားလုံး ဖြတ်တောက်မယ်လို့ သမ္မတထရန့် ကြေညာ WHO ဟာ တရုတ်နိုင်ငံရဲ့ ရုပ်သေးရုပ်ဖြစ်လာကြောင်း ထရန့်က ပြောဆိုထားခဲ့ပါတယ်။ အမေရိကန်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) နဲ့ ဆက်ဆံရေးအားလုံး ဖြတ်တောက်သွားတော့မယ်လို့ သမ္မတဒေါ်နယ်ထရန့်က သောကြာနေ့ (မေ ၂၉ ရက်) မှာ ကြေညာလိုက်ပါတယ်။ ကျွန်တော်တို့ တောင်းဆိုထားခဲ့ပြီး ကြီးမားစွာ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ သူတို့ လုပ်ဆောင်ခဲ့ခြင်း မရှိလို့ပါ (ဂျနီဗာမြို့ရှိ WHO ရုံးချုပ်အဆောက်အအုံ) (Photo: AP) COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး WHO ရဲ့ ဆောင်ရွက်မှုတွေအေပေါ် သမ္မတထရန့်က ကျေနပ်မှုမရှိခဲ့ဘဲ ထိုအဖွဲ့အစည်းဟာ တရုတ်နိုင်ငံရဲ့ ရုပ်သေးရုပ်ဖြစ်လာကြောင်း ပြောဆိုထားခဲ့ပါတယ်။ WHO ကို ရက် ၃၀ အတွင်း သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ရန်နဲ့ ထိုသို့မဟုတ်ပါက အမေရိကန်က WHO အတွက် ရန်ပုံငွေထည့်ဝင်မှု ရပ်ဆိုင်းမယ်လို့လည်း ထရန့်က သတိပေးထားခဲ့ပါတယ်။ ယခုအခါ အဆိုပါ သတ်မှတ်ရက်မပြည့်မီ တစ်ပတ်အလိုမှာ WHO နဲ့ ဆက်ဆံရေးဖြတ်တောက်မယ်လို့ အမေရိကန်သမ္မတ ထရန့်က ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ WHO အတွက် ရန်ပုံငွေတွေကို အခြား ကမ္ဘာတစ်ဝှမ်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလိုအပ်မှုတွေမှာ၊ ထိုက်သင့်တဲ့နေရာတွေမှာ ပြောင်းလဲအသုံးပြုသွားမှာပါ (အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: Mandel Ngan/AFP via Getty Images) "ကျွန်တော်တို့ တောင်းဆိုထားခဲ့ပြီး ကြီးမားစွာ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ သူတို့ လုပ်ဆောင်ခဲ့ခြင်း မရှိလို့ပါ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဒီနေ့ ဖြတ်တောက်သွားပါမယ်၊ ဒီအဖွဲ့အစည်းအတွက် ရန်ပုံငွေတွေကို အခြား ကမ္ဘာတစ်ဝှမ်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလိုအပ်မှုတွေမှာ၊ ထိုက်သင့်တဲ့နေရာတွေမှာ ပြောင်းလဲအသုံးပြုသွားမှာပါ" လို့ သမ္မတအိမ်ဖြူတော် နှင်းဆီဥယျာဥ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရန့်က ပြောခဲ့ပါတယ်။ "တရုတ်က WHO ကို တစ်နှစ် အမေရိကန်ဒေါ်လာ သန်း ၄၀ ပဲ ပေးနေပြီး အပြည့်အဝ ထိန်းချုပ်ထားပါတယ်၊ အမေရိကန်က WHO အတွက် တစ်နှစ်ကို ခန့်မှန်းခြေအားဖြင့် ဒေါ်လာ သန်း ၄၅၀ ပေးနေခဲ့တာပါ၊ ကျွန်တော်တို့မှာ WHO လုပ်ရမယ် ပြုပြင်ပြောင်းလဲမှု အသေးစိတ်တွေရှိတယ်၊ သူတို့နဲ့ တိုက်ရိုက် စေ့စပ်ညှိနှိုင်းခဲ့တယ်၊ ဒါပေမဲ့ သူတို့က လုပ်ဆောင်ဖို့ ငြင်းဆန်ခဲ့တယ်" လို့ သမ္မတထရန့်က ဆိုပါတယ်။ တရုတ်က WHO ကို တစ်နှစ် အမေရိကန်ဒေါ်လာ သန်း ၄၀ ပဲ ပေးနေပြီး အပြည့်အဝ ထိန်းချုပ်ထားပါတယ် (WHO အကြီးအကဲနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်) (Photo: Naohiko Hatta - Pool/Getty Images) အမေရိကန်သမ္မတက WHO အကြီးအကဲ Tedros Adhanom Ghebreyesus ထံသို့ ပြုပြင်ပြောင်းလဲမှုတွေကို ရက် ၃၀ အတွင်း လုပ်ဆောင်ရန် တောင်းဆိုထားတဲ့ ပေးစာတစ်စောင် မေ ၁၈ ရက်နေ့က ပေးပို့ထားခဲ့တာ ဖြစ်ပါတယ်။ WHO က COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်နေစဥ် အမေရိကန်က ရန်ပုံငွေထည့်ဝင်နေမှုများ ဖြတ်တောက်လိုက်ခြင်းက ကမ္ဘာတစ်ဝှမ်း ဂယက်ရိုက်မှုတွေ ရှိလာနိုင်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ အမေရိကန်သမ္မတထရန်ရဲ့ ဆက်ဆံရေးဖြတ်တောက်မယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ WHO က မှတ်ချက်တစ်စုံတရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။ ထရန့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောခွင့်ရအမျိုးသားတစ်ဦးကတော့မေးမြန်းရာမှာတော့ "နိုင်ငံအားလုံးက WHO ကို ဝိုင်းဝန်ကူညီကြဖို့ ကျွန်တော်တို့ အပြောင်းမလဲမရှိ တိုက်တွန်းပါတယ်" လို့ ၎င်းက ပြောခဲ့ပါတယ်။
2021/05/08 04:38:06
https://www.duwun.com.mm/news/international-news/ameiknk-who-ne-keaalu-tteakmyliu-mmtn-kea-id34075
mC4
ဆိုင်သွားစရာမလိုဘဲ ခြေထောက်တွေကို ဖြူဖွေးနူးညံ့သွားစေမယ့် နည်းလမ်း (၇) ခု - Shwe Pann Thee Shwe Pann Thee Beauty ဆိုင်သွားစရာမလိုဘဲ ခြေထောက်တွေကို ဖြူဖွေးနူးညံ့သွားစေမယ့် နည်းလမ်း (၇) ခု အသားညိုမည်းသူများအတွက် 100ရာခိုင်နှုန်း ထိရောက်မှုရှိတဲ့အသားဖြူနည်းအသားညိုမည်းသူများအတွက် 100ရာခိုင်နှုန်း ထိရောက်မှုရှိတဲ့အသားဖြူနည်း အသားညိုမည်းသူများအတွက် 100ရာခိုင်နှုန်း ထိရောက်မှုရှိတဲ့အသားဖြူနည်း အသားဖြူဆေးတွေသောက်တာက တကယ်ရောဖြူရဲ့လား၊ ဘေးရောကင်းရဲ့လား၊ လိုးရှင်းတွေကရော အမှန်တကယ် ဖြူလာရဲ့လား? နေရောင်ခြည်ဒဏ်ကိုခံရခြင်း ၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းခြင်း၊ ကျန်းမာရေးအခြေအနေ၊ အသားခြောက်ခြင်း ၊ စိတ်ဖိစီးမှု၊ လူနေမှုပုံစံမှားယွင်းခြင်း၊ ဓါတုပစ္စည်းတွေပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို အချိန်ကြာမြင့်စွာ ... အသားအရေကို ပိုမိုဖြူ ဖွေးစေရုံသာမက နဂိုထက် ချောမွတ်တောင်ပြောင်လာစေမယ့် သဘာဝအိမ်လုပ် SCRUBအသားအရေကို ပိုမိုဖြူ ဖွေးစေရုံသာမက နဂိုထက် ချောမွတ်တောင်ပြောင်လာစေမယ့် သဘာဝအိမ်လုပ် SCRUB ကိုယ့်အသားအရေလေး မလှလို့ စိတ်မညစ်နေပါနဲ့တော့။ ကိုယ်စားနေကျအစားအစာတွေကို အသုံးပြုပြီးတော့ ညစ်မှိုင်းနေတဲ့ အသားအရေပြန်လည်တောက်ပလာစေဖို့အတွက် လုပ်ဆောင်နိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါမှာ Anti−inflammatory နဲ့ Anti-bacterial အစွမ်းသတ္တိတွေပါဝင်ပြီး ချေးချွတ်တဲ့နေရာမှာ အသုံးပြုဖို့အတွက် သင့်တော်ပါတယ်။ ကျယ်နေတဲ့ချွေးပေါက်တွေကိုလည်း ကျဉ်းစေနိုင်တာကြောင့် ခန္ဓာကိုယ်သာမက မျက်နှာအတွက်လည်း ...
2022/05/22 02:06:19
https://www.shwepanthee.info/?p=5733
mC4
အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်၊ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ မြန်မာ့အသံကနေ ဥသြဆွဲအချက်ပေးမယ်လို့ ဇူလိုင် ၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အခမ်းအနားကျင်းပရေးစည်းဝေးပွဲမှာ ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။ အာဇာနည်နေ့မှာ စစ်အစိုးရလက်ထက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက် နှစ်ပေါင်း ၂၀ ကျော်ကြာ ဥသြမဆွဲခဲ့ဘဲ ဥသြဆွဲဖို့ လွှတ်တော်တွင်း တောင်းဆိုခဲ့တာကိုလည်း ပယ်ချထားခဲ့ရာကနေ အခု လူထုတင်မြှောက်တဲ့ အန်အယ်လ်ဒီ အစိုးရလက်ထက်ကျမှ မြန်မာ့အသံက ဥသြဆွဲအချက်ပေးမှာ ဖြစ်ပါတယ်။ တခါ အခုနှစ် အာဇာနည်နေ့ကျင်းပမယ့် အာဇာနည်ဂူဗိမာန်နဲ့ ဗိုလ်ချုပ်ပြတိုက်တို့ကို အစိုးရက အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့ ရန်ကုန်မြို့ အတွင်းဝန်များရုံးကိုလည်း ပြင်ဆင်နေပါတယ်။ အလားတူ ရန်ကုန်၊ ကန်တော်ကြီးစောင်းက ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း တိုင်းအစိုးရက ပြင်ဆင်မွမ်းမံနေပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရှားပါးဓာတ်ပုံတွေကို အများပြည်သူထံမှ အလှုခံနေပြီး အဲ့ဒီရှားပါးဓာတ်ပုံတွေကို ရန်ကုန်၊ တာဝါလိန်းလမ်းရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်မှာ ပြသမှာဖြစ်ပါတယ်။ ဓာတ်ပုံ - Naw Pann Thinzar Myo
2021-11-27T07:49:18Z
http://burmese.dvb.no/archives/158394?print
OSCAR-2201
ဒေါသမထှကျအောငျ စိတျခံစားခကျြတှကေို ဘယျလို ထိနျးခြုပျမလဲ - Barnyar Barnyar ဒေါသမထှကျအောငျ စိတျခံစားခကျြတှကေို ဘယျလို ထိနျးခြုပျမလဲ လူတှဟော တဈခါတဈလမှော ဘာမှမဟုတျတဲ့ အရာလေးတှနေဲ့ ဒေါသထှကျပွီး စိတျပကျြတတျပါတယျ။ ဒီခံစားခကျြတှဟော မလှဲမရှောငျသာတဲ့ အခွအေနနေဲ့ အခကျအခဲတှကွေားမှာ ဖွဈလာတတျပါတယျ။ ဒေါသထှကျခွငျးဟာ အမွဲတမျးတော့ မသငျ့လြျောပါဘူး။ သငျလုပျနိုငျတာ အကောငျးဆုံးက ပွဿနာကို ဖွရှေငျးဖို့ အာရုံစိုကျမနဘေဲ သငျ့ခံစားခကျြတှကေို ထိနျးခြုပျဖို့ပါပဲ။ စိတျအပနျးဖွတေဲ့ နညျးလမျးတှကေို လကေ့ငျြ့ပါ။ အသကျပွငျးပွငျးရှူပွီး အပနျးဖွတေဲ့ နညျးလမျးတှကေ သငျ့ဒေါသကို ထိနျးခြုပျဖို့ ကူညီပေးနိုငျပါတယျ။ ၁။ သငျရဲ့ အဆုတျထဲကနေ လကေို ပွငျးပွငျးရှူပါ။ သငျ့ရဲ့ အူထဲကနေ ထှကျသကျတှေ ထှကျလာတယျလို့ မွငျယောငျကွညျ့ပါ။ ရငျဘတျကနေ အသကျရှုလိုကျတာက သငျ့ကို သကျသာရာရစမှော မဟုတျပါဘူး။ ၂။ စိတျကိုထိနျး၊ စိတျကိုထိနျးဆိုတဲ့ စိတျသကျသာရာရစတေဲ့ စကားလုံးတှကေို ကိုယျ့ကိုယျကိုပွောနပေါ။ အသကျကိုလညျး ပွငျးပွငျးရှူဖို့ သတိရပါ။ ၃။ သငျ့ကို စိတျပွလေကျပြောကျ ဖွဈစမေယျ့ အရာတဈခုကို မွငျယောငျကွညျ့ပါ။ သငျ့အတိတျက တဈခုခုကို ပွနျတှေးပါ ဒါမှမဟုတျ တဈခုခုကို ပုံဖျောနပေါ။ ၄။ ယောဂလိုမြိုး လှယျကူ၊ နှေးကှေးတဲ့ လကေ့ငျြ့ခနျးတှဟော သငျ့ကွှကျသားတှကေို ပွလြေော့စနေိုငျပါတယျ။ ပိုပွီး သကျတောငျ့သကျသာရှိသလို ခံစားရပါလိမျ့မယျ။ မကွာခဏ ဒေါသထှကျနတေယျ ဆိုရငျ ဒီနညျးလမျးတှကေို နစေ့ဉျလကေ့ငျြ့ပါ။ သငျ့ကိုယျသငျ ဒေါသထှကျနတောကို သတိထားမိတယျဆိုရငျ ဒီနညျးလမျးတှကေို အသုံးပွုပါ။ ယုတ်တိရှိရှိတှေးပွီး အခွအေနကေို ပွနျလညျတညျဆောကျပါ။ ဒေါသထှကျနတေဲ့သူတှဟော ကမ်ဘာပျေါမှာရှိတဲ့ အရာအားလုံးကို ကြိနျဆဲကွပွီး ရောငျစုံအသုံးအနှုနျးတှနေဲ့ ခိုငျးနှိုငျးလေ့ ရှိပါတယျ။ ဒီအခြိနျမှာ တှေးချေါပုံဟာ ကွီးမားလာပွီး အလှနျအမငျး ရှုပျထှေးလာပါတယျ။ ဒီအတှေးတှကေို ဆငျခွငျတုံတရားနဲ့ အစားထိုးကွညျ့ပါ။ ဥပမာအား "ဒါက ကွောကျစရာကောငျးတယျ၊ အရာအားလုံး ပကျြစီးသှားပွီ" လို့ ကိုယျ့ကိုယျကို ပွောမယျ့အစား "ငါစိတျဆိုးနတော သိသာတယျ ဒါပမေယျ့ ဒါက ကမ်ဘာကွီးရဲ့ အဆုံးမဟုတျဘူး၊ ဒေါသက အခွအေနကေို မပွငျနိုငျဘူး၊ ငါ့ကိုကူညီမှာ မဟုတျဘူး။"လို့တှေးပါ။ သငျကိုယျတိုငျ ဒါမှမဟုတျ အခွားသူအကွောငျး ပွောတဲ့အခါ "ဘယျတော့မှ" နှငျ့ "အမွဲ" လိုမြိုး စကားလုံးမြားကို သတိထားပါ။ သငျက ပွဿနာကို ဖွရှေငျးဖို့ အခွားနညျးလမျးကို မရှာဘဲ သငျ့ဒေါသကို "ဒါမငျးကွောငျ့ ဖွဈရတာ၊ မငျးက အမွဲမနေ့တော" ဆိုပွီး အသုံးအနှုနျးတှနေဲ့ တခွားသူပျေါ ဒေါသပုံခသြလို ဖွဈနပေါတယျ။ ဒီအသုံးအနှုနျးတှဟော သငျ့ကို ဖွရှေငျးခကျြရှာရဖို့ ကူညီပေးမယျ့သူတှနေဲ့လညျး ဝေးသှားစပေါတယျ။ ဒေါသက ဘာမှ မပွုပွငျပေးနိုငျသလို စိတျသကျသာရာရစမှော မဟုတျပါဘူး။ ဆနျ့ကငျြဘကျအနနေဲ့ သငျပဲ ခံစားရပါလိမျ့မယျ။ ဒေါသဟာ ဆငျခွငျတုံတရား မရှိတဲ့အဖွဈကို လငျြမွနျစှာ ကူးပွောငျးသှားနိုငျပါတယျ။ ဒါကွောငျ့ ဒေါသထှကျလာပွီဆိုရငျ စိတျကို အေးအေးထားသငျ့ပါတယျ။ ကမ်ဘာကွီးက သငျ့ကို ဆနျ့ကငျြတာ မဟုတျဘူး။ သငျကသာ သီးခွားအခြိနျတဈခုမှာ အခကျအခဲတှေ ကွုံနရေတယျဆိုတာ သတိရပါ။ သငျတဈယောကျတညျးမဟုတျဘူး ဆိုတာကို တှေးပါ။ ဒေါသတှေ လှမျးသှားတယျလို့ ခံစားမိတိုငျး ဒီလိုလုပျပါ၊ အဲဒါက သငျ့ကို နညျးနညျး စိတျငွိမျအောငျ ကူညီပေးပါလိမျ့မယျ။ လူတှေ ဒေါသထှကျလာတဲ့အခါ တရားမြှတမှု၊ ကြေးဇူးသိတတျမှု၊ ဒါမှမဟုတျ သဘောတူညီခကျြတှကေို တောငျးဆိုလာတတျ ကွပါတယျ။ မြှျောလငျ့ခကျြတှကေို ဆန်ဒတှအေဖွဈ ပွောငျးသှားတတျကွပါတယျ။ သငျလိုခငျြတာကို မရတဲ့အခါ စိတျပကျြဖို့ ဒါမှမဟုတျ စိတျထိခိုကျပမေယျ့ ဒေါသမထှကျတာက ပုံမှနျပါပဲ။ တဈခါတဈရံမှာ လူတှဟော ဒေါသကို နာကငျြခံစားရခွငျးကနေ ရှောငျရှားဖို့ နညျးလမျးတဈခုအဖွဈ အသုံးပွုပမေယျ့လညျး နာကငျြမှု ပြောကျပကျြမသှားပါဘူး။ လှုပျရှားလိုကျပါ။ ဒေါသဟာ သငျ့ကို စှမျးအငျတှေ အလငျြအမွနျနဲ့ ရရှိစပေါတယျ။ ဒီဒေါသတှကေို အသုံးခဖြို့ အကောငျးဆုံး နညျးလမျးတဈခုကတော့ ကိုယျလကျလှုပျရှား ပဈလိုကျခွငျးပဲ ဖွဈပါတယျ။ လမျးလြှောကျတာ၊ ပွေးတာပဲဖွဈဖွဈ Gym ဆော့တာပဲဖွဈဖွဈ၊ လကေ့ငျြ့ခနျးလုပျတာက သငျ့စိတျဖိစီးမှုတှကေို ပွလြေော့စပေါလိမျ့မယျ။ လကေ့ငျြ့ခနျး ပုံမှနျလုပျတာကလညျး သငျ့ကိုဒေါသတှေ ပွလြေော့စနေိုငျပါတယျ။ အရေိုးဗဈလှုပျရှားမှုဟာ ကြှနျတျောတို့တှရေဲ့ ဆန်ဒနှငျ့ မကိုကျညီတဲ့ အခွအေနတှေကေို ခံနိုငျရညျရှိဖိူ့ လှယျကူစပေါတယျ။ စိတျဖိစီးမှုကိုလညျး လြော့နညျးစပေါတယျ။ ဒါ့အပွငျ လကေ့ငျြ့ခနျးလုပျခွငျးက သငျ့စိတျကို ကွညျလငျစပေါတယျ။ အကွာကွီးပွေးတာ ဒါမှမဟုတျ ပွငျးပွငျးထနျထနျ လကေ့ငျြ့ခနျး လုပျပွီးတဲ့နောကျမှာ သငျ့ကို အနှောကျအယှကျ ဖွဈစတေဲ့အရာနဲ့ ပတျသကျပွီး ပိုရှငျးရှငျးလငျးလငျး မွငျလာနိုငျပါတယျ။ ဒေါသမထွက်အောင် စိတ်ခံစားချက်တွေကို ဘယ်လို ထိန်းချုပ်မလဲ လူတွေဟာ တစ်ခါတစ်လေမှာ ဘာမှမဟုတ်တဲ့ အရာလေးတွေနဲ့ ဒေါသထွက်ပြီး စိတ်ပျက်တတ်ပါတယ်။ ဒီခံစားချက်တွေဟာ မလွှဲမရှောင်သာတဲ့ အခြေအနေနဲ့ အခက်အခဲတွေကြားမှာ ဖြစ်လာတတ်ပါတယ်။ ဒေါသထွက်ခြင်းဟာ အမြဲတမ်းတော့ မသင့်လျော်ပါဘူး။ သင်လုပ်နိုင်တာ အကောင်းဆုံးက ပြဿနာကို ဖြေရှင်းဖို့ အာရုံစိုက်မနေဘဲ သင့်ခံစားချက်တွေကို ထိန်းချုပ်ဖို့ပါပဲ။ စိတ်အပန်းဖြေတဲ့ နည်းလမ်းတွေကို လေ့ကျင့်ပါ။ အသက်ပြင်းပြင်းရှူပြီး အပန်းဖြေတဲ့ နည်းလမ်းတွေက သင့်ဒေါသကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်ပါတယ်။ ၁။ သင်ရဲ့ အဆုတ်ထဲကနေ လေကို ပြင်းပြင်းရှူပါ။ သင့်ရဲ့ အူထဲကနေ ထွက်သက်တွေ ထွက်လာတယ်လို့ မြင်ယောင်ကြည့်ပါ။ ရင်ဘတ်ကနေ အသက်ရှုလိုက်တာက သင့်ကို သက်သာရာရစေမှာ မဟုတ်ပါဘူး။ ၂။ စိတ်ကိုထိန်း၊ စိတ်ကိုထိန်းဆိုတဲ့ စိတ်သက်သာရာရစေတဲ့ စကားလုံးတွေကို ကိုယ့်ကိုယ်ကိုပြောနေပါ။ အသက်ကိုလည်း ပြင်းပြင်းရှူဖို့ သတိရပါ။ ၃။ သင့်ကို စိတ်ပြေလက်ပျောက် ဖြစ်စေမယ့် အရာတစ်ခုကို မြင်ယောင်ကြည့်ပါ။ သင့်အတိတ်က တစ်ခုခုကို ပြန်တွေးပါ ဒါမှမဟုတ် တစ်ခုခုကို ပုံဖော်နေပါ။ ၄။ ယောဂလိုမျိုး လွယ်ကူ၊ နှေးကွေးတဲ့ လေ့ကျင့်ခန်းတွေဟာ သင့်ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ပိုပြီး သက်တောင့်သက်သာရှိသလို ခံစားရပါလိမ့်မယ်။ မကြာခဏ ဒေါသထွက်နေတယ် ဆိုရင် ဒီနည်းလမ်းတွေကို နေ့စဉ်လေ့ကျင့်ပါ။ သင့်ကိုယ်သင် ဒေါသထွက်နေတာကို သတိထားမိတယ်ဆိုရင် ဒီနည်းလမ်းတွေကို အသုံးပြုပါ။ ယုတ္တိရှိရှိတွေးပြီး အခြေအနေကို ပြန်လည်တည်ဆောက်ပါ။ ဒေါသထွက်နေတဲ့သူတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးကို ကျိန်ဆဲကြပြီး ရောင်စုံအသုံးအနှုန်းတွေနဲ့ ခိုင်းနှိုင်းလေ့ ရှိပါတယ်။ ဒီအချိန်မှာ တွေးခေါ်ပုံဟာ ကြီးမားလာပြီး အလွန်အမင်း ရှုပ်ထွေးလာပါတယ်။ ဒီအတွေးတွေကို ဆင်ခြင်တုံတရားနဲ့ အစားထိုးကြည့်ပါ။ ဥပမာအား "ဒါက ကြောက်စရာကောင်းတယ်၊ အရာအားလုံး ပျက်စီးသွားပြီ" လို့ ကိုယ့်ကိုယ်ကို ပြောမယ့်အစား "ငါစိတ်ဆိုးနေတာ သိသာတယ် ဒါပေမယ့် ဒါက ကမ္ဘာကြီးရဲ့ အဆုံးမဟုတ်ဘူး၊ ဒေါသက အခြေအနေကို မပြင်နိုင်ဘူး၊ ငါ့ကိုကူညီမှာ မဟုတ်ဘူး။"လို့တွေးပါ။ သင်ကိုယ်တိုင် ဒါမှမဟုတ် အခြားသူအကြောင်း ပြောတဲ့အခါ "ဘယ်တော့မှ" နှင့် "အမြဲ" လိုမျိုး စကားလုံးများကို သတိထားပါ။ သင်က ပြဿနာကို ဖြေရှင်းဖို့ အခြားနည်းလမ်းကို မရှာဘဲ သင့်ဒေါသကို "ဒါမင်းကြောင့် ဖြစ်ရတာ၊ မင်းက အမြဲမေ့နေတာ" ဆိုပြီး အသုံးအနှုန်းတွေနဲ့ တခြားသူပေါ် ဒေါသပုံချသလို ဖြစ်နေပါတယ်။ ဒီအသုံးအနှုန်းတွေဟာ သင့်ကို ဖြေရှင်းချက်ရှာရဖို့ ကူညီပေးမယ့်သူတွေနဲ့လည်း ဝေးသွားစေပါတယ်။ ဒေါသက ဘာမှ မပြုပြင်ပေးနိုင်သလို စိတ်သက်သာရာရစေမှာ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သင်ပဲ ခံစားရပါလိမ့်မယ်။ ဒေါသဟာ ဆင်ခြင်တုံတရား မရှိတဲ့အဖြစ်ကို လျင်မြန်စွာ ကူးပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့် ဒေါသထွက်လာပြီဆိုရင် စိတ်ကို အေးအေးထားသင့်ပါတယ်။ ကမ္ဘာကြီးက သင့်ကို ဆန့်ကျင်တာ မဟုတ်ဘူး။ သင်ကသာ သီးခြားအချိန်တစ်ခုမှာ အခက်အခဲတွေ ကြုံနေရတယ်ဆိုတာ သတိရပါ။ သင်တစ်ယောက်တည်းမဟုတ်ဘူး ဆိုတာကို တွေးပါ။ ဒေါသတွေ လွှမ်းသွားတယ်လို့ ခံစားမိတိုင်း ဒီလိုလုပ်ပါ၊ အဲဒါက သင့်ကို နည်းနည်း စိတ်ငြိမ်အောင် ကူညီပေးပါလိမ့်မယ်။ လူတွေ ဒေါသထွက်လာတဲ့အခါ တရားမျှတမှု၊ ကျေးဇူးသိတတ်မှု၊ ဒါမှမဟုတ် သဘောတူညီချက်တွေကို တောင်းဆိုလာတတ် ကြပါတယ်။ မျှော်လင့်ချက်တွေကို ဆန္ဒတွေအဖြစ် ပြောင်းသွားတတ်ကြပါတယ်။ သင်လိုချင်တာကို မရတဲ့အခါ စိတ်ပျက်ဖို့ ဒါမှမဟုတ် စိတ်ထိခိုက်ပေမယ့် ဒေါသမထွက်တာက ပုံမှန်ပါပဲ။ တစ်ခါတစ်ရံမှာ လူတွေဟာ ဒေါသကို နာကျင်ခံစားရခြင်းကနေ ရှောင်ရှားဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုပေမယ့်လည်း နာကျင်မှု ပျောက်ပျက်မသွားပါဘူး။ လှုပ်ရှားလိုက်ပါ။ ဒေါသဟာ သင့်ကို စွမ်းအင်တွေ အလျင်အမြန်နဲ့ ရရှိစေပါတယ်။ ဒီဒေါသတွေကို အသုံးချဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ ကိုယ်လက်လှုပ်ရှား ပစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တာ၊ ပြေးတာပဲဖြစ်ဖြစ် Gym ဆော့တာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်တာက သင့်စိတ်ဖိစီးမှုတွေကို ပြေလျော့စေပါလိမ့်မယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာကလည်း သင့်ကိုဒေါသတွေ ပြေလျော့စေနိုင်ပါတယ်။ အေရိုးဗစ်လှုပ်ရှားမှုဟာ ကျွန်တော်တို့တွေရဲ့ ဆန္ဒနှင့် မကိုက်ညီတဲ့ အခြေအနေတွေကို ခံနိုင်ရည်ရှိဖိူ့ လွယ်ကူစေပါတယ်။ စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းက သင့်စိတ်ကို ကြည်လင်စေပါတယ်။ အကြာကြီးပြေးတာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ပြီးတဲ့နောက်မှာ သင့်ကို အနှောက်အယှက် ဖြစ်စေတဲ့အရာနဲ့ ပတ်သက်ပြီး ပိုရှင်းရှင်းလင်းလင်း မြင်လာနိုင်ပါတယ်။
2022/07/05 18:37:05
https://barnyarbarnyar.com/archives/3568
mC4
ကရင် – စာမျက်နှာ 2 – Ministry of Union Government Office ကြာအင်းဆိပ်ကြီးမြို့နယ်တွင် CBFQ ထားရှိမှု (၁၂.၄.၂၀၂၀)ရက်နေ့ ဘုရားသုံးဆူမြို့ နယ်စပ်ဂိတ်မှ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းသို့ပြန်လည်ဝင်ရောက်လာသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှနေရပ်ပြန် မြန်မာနိုင်ငံသား(၉၂)ဦးအား အ.ထ.က(ကြာအင်းဆိပ်ကြီး) နှင့် မူလွန်(၅)မြို့မ (Community Based Facility Quarantine Center)တို့တွင် Quarantine ထားရှိထားပါသည်။ လိပ်သိုမြို့ နေရပ်ပြန်များထားရှိသည့် CBFQC အားကြည့်ရှုစစ်ဆေးခြင်း ကရင်ပြည်နယ်၊ သံ​တောင်ကြီးမြို့နယ်၊ ဌာနဆိုင်ရာများမှ လိပ်သိုမြို့ နေရပ်ပြန်များထားရှိသည့် CBFQC အားကြည့်ရှုစစ်ဆေးခဲ့ပါသည်။ သံ​တောင်ကြီးမြို့နယ်ရှိ အ​ခြေခံလူတန်းစားများအတွက် စား​သောက်ကုန် ၅မျိုး ​ထောက်ပံ့မှု ၁၂-၄-၂၀၂၀ရက်​နေ့တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ၊လိပ်သိုမြို့၌ ပြည်သူ့လွှတ်​တော် ၊အမျိုးသားလွှတ်တော်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လက်လုပ်လက်စားများအား အခြေခံစားကုန်များထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဖာပွန်မြို့နယ်ရှိ အ​ခြေခံလူတန်းစားများအတွက် စား​သောက်ကုန်၅မျိုး ​ထောက်ပံ့မှု ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ဖာပွန်မြို့တွင်ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအား တတိယနေ့အဖြစ် အိမ်ထောင်စု(၃၀၅)စုအားအခြေခံစားကုန်(၅)မျိုး ထောက်ပံ့ခြင်းကိုနံနက်(၀၈၀၀)ချိန်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးအောင်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းသန်းနိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးညွန့်ဦး၊မြို့မိမြို့ဖများနှင့် ခရိုင် မြို့နယ်(covid-19)ကော်မတီဝင်များ၊ရပ်ကျေးအုပ်ချုပ်ရေးမှူးများဖြင့်အဖွဲ့(၃)ဖွဲ့ခွဲ၍လည်းကောင်း၊ ကမမောင်းမြို့အတွင်းအိမ်ထောင်စု(၈၁၄)စုအားခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦး၊မြို့အုပ်ချုပ်ရေးမှူးဦးအောင်မျိုးသန့်၊မြို့မိမြို့ဖများ၊(Covid-19)ကော်မတီများဖြင့်အိမ်ထောင်စု(၈၁၄)စုအတွက်အဖွဲ့( ၄)ဖွဲ့ခွဲကာ( ၀၈၀၀)ချိန်မှစတင်၍တစ်အိမ်တက်ဆင်းထောက်ပံ့ပေးခဲ့ရာ( ၁၂၀၀)ချိန်တွင်ပြီးစီးခဲ့ပြီးဖာပွန်ခရိုင်အတွင်းတတိယနေ့အဖြစ်အိမ်ထောင်စုစုစုပေါင်း(၁၁၁၉)စုအားထောက်ပံ့ပေးအပ်ခဲ့ပါသည်။ (၁၃-၄-၂၀၂၀)ရက်နေ့တွင်ဖာပွန်ခရိုင်အတွင်း အိမ်ထောင်စု(၇၈၈)စုအား နောက်ဆုံးနေ့အဖြစ် ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ပါသည်။ ​ကော့ကရိတ်မြို့နယ် စား​သောက်ကုန် ၅မျိုး ​ဖြန့်​ဝေမှု ————————————————— (၁၂-၄-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန်(၅)မျိုးအား ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါ်နန်းသူဇာဝင်းမှ ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနု၊ ဌာနဆိုင်ရာအဖွဲ့များ၊ မြို့နယ် COVID-19ကာကွယ်၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေးကော်မတီဝင်များနှင့် ရပ်မိရပ်ဖတို့မှ ယနေ့တွင် ကော့ကရိတ်မြို့၊ အမှတ် (၂)ရပ်ကွက်ရှိအိမ်ထောင်စု (၃၀၇)စုအနက်မှ ကျန်ရှိသောအိမ်ထောင်စု (၁၅၇)စုတို့အတွက် အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ပါသည်။ လှိုင်းဘွဲ့မြို့နယ် စား​သောက်ကုန် ၅မျိုး ဖြန့်​ဝေမှု ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်သတင်း ………………………………………………. ၁၂.၄.၂၀၂၀ရက်နေ့၊ (၀၈၀၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့၊ (ခ)ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စု (၁၆၄)စုအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ မြို့နယ်အဆင့် Covid-19ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ မြိုနယ်အုပ်ချပ်ရေးမှူး ဦးမင်းသိန်းနှင့် ကော်မတီဝင် ဌာနဆိုင်ရာများမှ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့ပါသည်။ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်သတင်း ………………………………………………. ၁၁.၄.၂၀၂၀ရက်နေ့၊ (၀၉၀၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့၊ (က)ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စု (၂၀၀)စုအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ မြို့နယ်အဆင့် Covid-19ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ မြိုနယ်အုပ်ချပ်ရေးမှူး ဦးမင်းသိန်းနှင့် ကော်မတီဝင် ဌာနဆိုင်ရာများမှ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့ပါသည်။
2022/06/29 12:45:51
https://www.mougo.gov.mm/covid_state_and_region/ka-yin/page/2/
mC4
အသားအရေ ငယ်ရွယ်နုပျိုစေတဲ့ အစားအစာ (၆) ခု – Trend.com.mm အောက်ပါ အစားအစာများက သင်ခန့်မှန်းထားသလို ၁၀ နှစ်လောက် ပိုမို နုပျိုစေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီထိပ်သီး အစားအစာများ ပုံမှန်စားသုံးမယ်ဆိုရင် အသားရေကို အံ့မခန်းဖွယ် နုပျိုစေတဲ့ အကျိုးရလဒ် ရစေပြီး ရုပ်ရည်နဲ့ စိတ်ကို ပိုမိုနုပျိုစေပါလိမ့်မယ်။ ဒီအကျိုးရလဒ်အပြင် အိုမင်းရင့်ရော်မှု နှေးကွေးစေရုံမက အရေပြားဆဲလ်အပြင် ခန္ဓာကိုယ်ရှိ အရေးကြီး အစိတ်အပိုင်းများလည်း နုပျိုလန်းဆန်းစေပါတယ်။ အဓိက အရေးကြီးဆုံးကတော့ အောက်ပါဖော်ပြထားတဲ့ အရာများ ပုံမှန်စားသုံးပေးခြင်းနဲ့ သုံးစွဲခြင်းပဲ ဖြစ်ပါတယ်။ သံလွင်ဆီက အစွမ်းထက် အင်တီအောက်ဆီဒင်းတစ်မျိုးဖြစ်ပြီး မချက်ပြုတ် မပြင်ဆင်ဘဲ စားသုံးနိုင်သလို အကျိုးရလဒ် မြန်မြန်မြင်တွေ့စေဖို့ အရေပြားမှာ လိမ်းပေးနိုင်ပါတယ်။ ၂။ ချောကလက်အမည်း အသားရေ နုပျိုမှု ထိန်းသိမ်းဖို့အတွက် ကွာလတီဖြစ်တဲ့ ချောကလက်ကို ပုံမှန်စားပေးပါ။ ချောကလက်မှာ အရေပြားကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ပေးတဲ့ flavanols ပေါကြွယ်ဝပြီး အသက်ရွယ်နဲ့ ဆက်စပ်ဖြစ်ပေါ်နေတဲ့ မှတ်ဥာဏ်ကျဆင်းမှုကိုတောင် တွန်းလှန်ပေးပါတယ်။ ၃။ ကမာ ကမာကောင်မှာ ပြည့်စုံကောင်းမွန်တဲ့ အသားရေကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းပေးမယ့် အာဟာရမြောက်များစွာ ပါရှိပါတယ်။ ကမာကောင်မှာ တွေ့ရတဲ့ ဇင့်နဲ့ ဗီတာမင်-အေ က အထူးသဖြင့် အသားရေကို ချောမွေ့ကျောရှင်းစေပါတယ်။ ကီဝီသီးက ဗီတာမင်-စီ ပါဝင်တဲ့ နောက်အစွမ်းထက် အင်တီအောက်ဆီဒင်းတစ်ခု ဖြစ်ပြီး အသားရေ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။ ၅။ ရွှေဖရုံသီး ရွှေဖရုံသီးမှာ အသားရေ ကျန်းမာလှပစေတာမှန်သမျှ နည်းနည်းစီ ပါဝင်ပါတယ်။ Beta-carotene၊ ဗီတာမင်-အေ၊ အီး၊ နဲ့ စီ တို့က အိုမင်းရင့်ရော်မှု နှေးကွေးစေပြီး အသားရေတွန့်ရှုံ့မှုကို တားဆီးပေးပါတယ်။ ၆။ ဝိုင်နီ စပျစ်သီးခွံမှာ တွေ့ရတဲ့ resveratrol မှာ အသားရေအပါအဝင် အိုမင်းရင့်ရော်မှု ခုခံကာကွယ်ပေးတဲ့ ကောင်းကျိုးများစွာ ရှိပါတယ်။
2021/05/06 04:37:11
https://trend.com.mm/22061/%E1%80%A1%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%B1%E1%80%9B-%E1%80%84%E1%80%9A%E1%80%B9%E1%80%9B%E1%80%BC%E1%80%9A%E1%80%B9%E1%82%8F%E1%80%AF%E1%80%95%E1%80%BA%E1%80%B3%E1%80%AD%E1%80%B1%E1%80%85/
mC4
အိမ်ခြေ (၂၀၀) ကျော် မီးရှို့ခံခဲ့ရတဲ့ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာက မမိုးမိုးနွယ်တစ်ယောက် ကိုယ့်ရပ်ရွာကို မပြန်ရတာ တစ်နှစ်ကျော်အထိ ရှိလာပါပြီ။ ၂၀၁၉ ခုနှစ်က လက္ကာကျေးရွာကို တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်စစ်ဆေးပြီး နောက်တစ်နေ့မှာ မမိုးမိုးနွယ်ဟာ သူ့မိခင်နဲ့အတူ ရွာက ထွက်ပြေးခဲ့ကြပြီး ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှာ ခိုလှုံခဲ့ကြပါတယ်။ သူမဟာ ကျောင်းပညာရေးမှာ ထူးချွန်သူတစ်ယောက်ပါ။ ပဉ္စမတန်းကနေစပြီး အဋ္ဌမတန်းအထိ ပထမဆုတွေကိုချည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သူမရဲ့ပညာရေးအတွက် သူမနဲ့ သူမမိသားစုတွေက စိုးရိမ်နေရပါပြီ။ ရခိုင်တွင် ဆန္ဒပြကျောင်းသားသုံးဦးအား ဘေး/စီမံဥပဒေဖြင့် အမှုဖွင့် ချုပ်ရမန်ယူထားသည့်အပေါ် ရှေ့နေအဖွဲ့ အစည်းများက ကန့်ကွက်ရှုတ်ချ
2021-03-03T23:46:10Z
https://burmese.asia/%E1%81%82%E1%81%81%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B7-%E1%80%B1%E1%80%99%E1%80%BC%E1%80%B8%E1%80%B1%E1%80%94%E1%82%94%E1%80%A1%E1%80%9C%E1%80%BD%E1%80%B4/
OSCAR-2109
၁၉၈၂ ဥပဒေကို ပြင်ဆင်ဖို့ ကိုဖီအာ နန်ကော်မရှင် အကြံပြုချက်ကို စစ်တွေမြို့မှာ ကန့်ကွက်ဆန္ဒပြ ၁၉၈၂ ဥပဒေကို ပြင်ဆင်ဖို့ ကိုဖီအာနန်ကော်မရှင် အကြံပြုချက်ကိုကန့်ကွက်ကြောင်းကို စက်တင်ဘာလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆန္ဒပြစဉ်။ Photo: Min Thein Aung/ RFA မစ္စတာကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာပါတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ အကြံပြုချက်ကို ကန့်ကွက်ကြောင်း စစ်တွေမြို့မှာ လူ ၂၀၀ ကျော်လောက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ရခိုင်ဒေသမှာ အကြမ်းဖက်သမားတွေရဲ့အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် လက်ရှိ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကသာ အဓိကကျတာကြောင့် ဒီဥပဒေ ကို ပြင်ဆင်ဖို့ မလိုလားဘူးလို့ ဆန္ဒပြပွဲဦးဆောင်တဲ့ ဒေါ်ကျော့စိန် က ပြောပါတယ်။ ဆန္ဒပြသူတွေဟာ အကြမ်းဖက်လူမျိုးကို အလိုမရှိ၊ မြန်မာနိုင်ငံဥပဒေကိုလေးစားဖို့နဲ့ အစိုးရက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါအတိုင်း အမြန်ဆုံး စီစစ်ဆောင်ရွက်ပေးရေး စတဲ့အချက်တွေနဲ့ ကြွေးကြော်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ ဌာနေတိုင်းရင်းသားတွေ နေရပ် အသီးသီးကို ပြန်ကြတဲ့အချိန်မှာ သူတို့ရဲ့လုံခြုံရေးကို အစိုးရက ထိထိရောက်ရောက်ဆောင်ရွက် ပေးဖို့လည်း ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။ ဆန္ဒပြပွဲကို စစ်တွေမြို့အခြေစိုက် အလင်းတံခါးတက်ကြွလှုပ်ရှားသူများအဖွဲ့က ဦးဆောင် ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်တွေမြို့နယ် ကျေးရွာအချို့က ဒေသခံတွေလည်း ပါဝင်ခဲ့ကြပါတယ်။
2018/10/20 08:03:42
http://www.thithtoolwin.com/2017/09/blog-post_725.html
mC4
စောင်းလျားသီးကို ဓားနဲ့ ပါးပါးလှီး ကြည့်တဲ့အခါ ကြယ်ပုံနဲ့တူလို့ Star Fruit လို့လည်း ခေါ်ပါတယ်။ အာရှ မျိုးရင်း အပင် တစ်မျိုးဖြစ်တဲ့ စောင်းလျားသီးမှာ အာဟာရများစွာ ပါဝင်နေပါတယ်။ အထူးသဖြင့် အမျှင်ဓာတ်နဲ့ ဗီတာမင်စီ ပါဝင်မှုများပါတယ်။
2022-12-03T10:23:33Z
https://starchannel.tv/myanmar-videos/Star-Fruit-Health-Tips
OSCAR-2301
လက်ရှိသင်ခန်းစာများမှာ ပုံမှန်ရိုးရိုး ဆလိုက်တွေပဲ ထည့်သွင်းတာ ဖြစ်ပါတယ်။ ဆလိုက်တွေထဲမှာ လှုပ်နေတဲ့ အရုပ်တွေ စာသားတွေ (animation) နဲ့ ဆလိုက်အကူးအပြောင်း အလှအပတွေ (transition) တွေလည်း ထည့်သွင်းလို့ ရပါတယ်။ ရုပ်သံစာတန်းထိုးသလိုမျိုး စာသားတွေ ဘေးက အပေါ်က အောက်ကနေ ၀င်လာတာ၊ မှိန်သွား၊ ထင်းသွားတာ။ အရုပ်တွေက ပေါ်လာ ပျောက်သွားတာတွေကို Presentations မှာ ထည့်သွင်းလို့ ရပါတယ်။ ဒါတွေကို transition လုပ်တယ်၊ animation လုပ်တယ်လို့ ခေါ်ပါတယ်။ Google Slides မှာ Animations pane ကို ခေါ်သုံးလို့ ရပါတယ်။ ဒါတွေအတွက် command sets တွေ ပါဝင်ပါတယ်။ To add a transition: Transition ကို ခေါ်သုံးပုံ မိမိအလိုရှိရာ ဆလိုက်ကို ကလစ်လုပ်ပါ။ ပြီးတော့ Toolbar ပေါ်က Transition ကို နှိပ်ပါ။ Animations pane ပေါ်လာပါတယ်။ အဲသည်က ပုံစံမျိုးစုံကို ရွေးချယ်လို့ ရပါပြီ။ အခန်းအကူးအပြောင်း အဖြစ် slide from right ဆိုပါစို့။ အဲသည်ဆလိုက်က ညာဘက်ကနေ ၀င်လာမယ်လို့ ပြောတာပါ။ အဲသည်မှာ အချိန်ဘယ်လောက်နဲ့ ၀င်လာမလဲ တို့။ ပြီးတော့ ဆလိုက်တွေ အားလုံး သည် transition တခုတည်းပဲ သုံးမလားတို့ ရွေးချယ်လို့ ရပါတယ်။ To add an animation: Annimation ထည့်သွင်းပုံ အင်နီမေးရှင်းဆိုတာကတော့ ဆလိုက်ထဲက object တွေကို လှုပ်ရှားမှု ထည့်တာ ဖြစ်ပါတယ်။ စာသားတို့ အရုပ်တို့ ပုံတို့ကို အဖက် effect ထည့်တဲ့ သဘောပေါ့။ မိမိအလိုရှိရာ ပုံကို ရိုက်ကလစ် (ညာဖက်မောက်စ်ခလုပ်နှိပ်) ပြီး ရွေးချယ်ပါ။ Animate ဆိုတာကို ကလစ်လုပ်ပါ။ Animations pane ပေါ်လာပါတယ်။ လက်ရှိ animation setting က ဥပမာ - fade in on click ဆိုတာကို တွေ့ရမယ်။ မောက်စ်ကလစ်ရင် မှိန်သွားမယ်ပေါ့။ အဲသည်မှာ fade in ကို ဆွဲချပါ။ အခြား ရွေးချယ်စရာ animation (လှုပ်ရှားမှု) မျိုးစုံကို တွေ့ရပါတယ်။ Animations pane က ဖွင့်ထားပြီးသားဆိုရင် တခြား animation တွေ ထပ်ထည့်လို့လည်း ရပါတယ်။ object တခုကို ရွေးပါ။ animation တခုခု ထည့်ပါ။ ထည့်ပြီးသား object ပေါ်မှာ နောက် animation ကိုလည်း ထည့်သွင်းလို့ ရပါတယ်။ Animation options (အခြား ရွေးချယ်စရာများ) အကယ်၍ စာသားတခုခု သို့မဟုတ် ရုပ်ပုံတခုခုကို animation လုပ်ခိုင်းထားတယ် ဆိုပါစို့။ ဆလိုက်ရှိုး ပြသနေစဉ်အတွင်းမှာ သူက ပုံမှန်အားဖြင့် မောက်စ်သွားနှိပ်လိုက်မှ အဲသည် လှုပ်ရှားမှုကို လုပ်မှာ ဖြစ်ပါတယ်။ သင်က အက်ဖက်တွေ အများကြီး ထည့်ထားရင် မောက်စ်ကို ဆလိုက်တခုတည်းမှာ အကြိမ်ကြိမ် လိုက်နှိပ်ပြီးတော့ animation ကို ခေါ်ပြရမှာ ဖြစ်ပါတယ်။ သည်တော့ start option မှာ mouse click ဆိုတာထက် after the previous effect ဆိုတာကို ဆွဲချပြီး ရွေးချယ်တာ ပိုကောင်းပါတယ်။ animation တွေက တခုပြီး နောက်တခု သူ့ဖာသာသူ ပြသွားမယ် ဆိုတဲ့ သဘောပေါ့။ By paragraph check box ဆိုတာက ဘာသဘောလည်း ဆိုတော့ သင် animation လုပ်ချင်တာက စာသားတွေ စာပိုဒ်တွေ ဆိုရင် စာပိုဒ်တခုလုံးကို ရွေးချယ်ပြီး animation လုပ်ခိုင်းတာ ဖြစ်ပါတယ်။ စာသား တခုချင်းစီကို animation လုပ်ချင်ရင်တော့ ဒါကို ရွေးချယ်စရာ မလိုပါ။ အဲသည်မှာ animation အချိန်ကိုလည်း animation speed slider ကို ရှေ့နောက် ဆွဲပြီး ချိန်ဆပေးလို့ ရပါတယ်။ Challenge! (အိမ်စာ) https://docs.google.com/presentation/d/1i23A3izxuaTjRVw7tzqhgOnslVF3ZIVuiNBQyCjSTu8/edit?usp=sharing အပေါ်က ဆလိုက်ဖိုင်ကို ကလစ်လုပ်ပြီး ဖွင့်ပါ။ File > Make a copy လုပ်ပြီး သင့်ဖိုင်အဖြစ် ကော်ပီယူလိုက်ပါ။ ပထမဆလိုက်ကို ကလစ်လုပ်ပါ။ flip transition ဆိုတာကို ရွေးပါ။ speed ကို medium ထားပါ။ ပြီးတော့ ဆလိုက်အားလုံးရဲ့ transition အဖြစ် Apply to all slides လုပ်ပါ။ slide 6 ကို ရွေးပါ။ Animation က Fade in (on click) ကို Delete လုပ်ပါ။ Nice Work ဆိုတဲ့ text box ကို ပြန်ရွေးပါ။ ပြီးတော့ spin animation လို့ သတ်မှတ်ပါ။ သူ့ကို မောက်စ်ကလစ် ဆိုတာထက် after previous ဆက်တင်းပြောင်းပါ။ medium speed ဆိုပြီး ထားပါ။ Next week, Space: The Final Exam ဆိုတဲ့ text box ကို ရွေးပါ။ Fly in from left ဆိုတဲ့ animation ကို ရွေးပါ။ ပြီးတော့ သူ့ကို after previous ဆက်တင်ပြောင်းပါ။ play button ကို နှိပ်ပါ။ အဲသည်ဆလိုက်က အောက်ပါအတိုင်း ပြသပါလိမ့်မယ်။ (ဆက်လက်ဖော်ပြပါမည်) Technology TheGeek Get link Facebook Twitter Pinterest Email Other Apps Comments Post a Comment Random posts Popular Posts စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး မိတဆိုး မိုးမင်းသိမ်း(မြန်မာပြန်) Chinese Cinderella - Adeline Yen Mah တန်ဖိုး - ၃၅၀၀ ကျပ်။ စာမျက်နှာ - ၂၆၃ ကမ္ဘာတစ်​လွှား နာမည်​ကြီး HBO ရုပ်​သံစီးရီးတစ်​ခု ဖြစ်​တဲ့ GOT ထဲမှာ တီရီယွန်​ ဆိုတဲ့ ဂျပု​လေးက ​ပြောဖူးတယ်​။ ကိုယ့်ကို ​မွေးဖွားခဲ့ရလို့ မိခင်​သေဆုံးသွားခဲ့ရင်​ မိမိဖခင်​နဲ့တကွ ကိုယ့်ထက်​ကြီးတဲ့ ​မောင်​နှမ​တွေက အဲဒီက​လေးဟာ ဂြိုဟ်​​ကောင်​ပဲလို့ သတ်​မှတ်​ကြတယ်​တဲ့ ။ ဘာ​ကြောင့်အဲလိုအယူအစွဲ​တွေ ကြီးကြတာလဲ ၊ ​မွေးလာတဲ့က​လေးက​ရော တကယ်​ပဲ အပြစ်​ရှိသလား ။ စဉ်းစားစရာ​ကောင်းတဲ့ မိသားစုတွင်းပြဿနာတစ်​ခုပါပဲ ။ တျန်​ကျင်​းမြို့က လူလတ်​တန်းစားမိသားစုတစ်​ခုက ငါး​ယောက်​​မြောက်​သမီးအဖြစ်​ ​မွေးဖွားလာတဲ့ အက်​ဒီလင်းယန်​ရဲ့အဖြစ်​ကလည်း အဲလို ထပ်​တူထပ်​မျှပဲ ။ ဒီစာအုပ်​ မိတဆိုး ဟာ တရုတ်​ စာ​ရေးဆရာမ အက်​ဒီလင်းယန်​မားရဲ့ ကိုယ်​တိုင်​​ရေးဝတ္ထုဟန်​ အတ္ထုပ္ပတ္တိ စာအုပ်​တစ်​အုပ်​ ဖြစ်​ပါတယ်​။ လျစ်​လျူရှုခံရပြီး မိဘရဲ့ ချစ်​ခင်​မြတ်​နိုးခြင်းမခံကြရတဲ့ ကမ္ဘာအနှံ့က က​လေးငယ်​များအတွက်​ သီးသန့်အမှာစကားပါးချင်​လို့ ဒီစာအုပ်​ကို ​ရေးသားရခြင်းဖြစ်​တယ်​လို့ စာ​ရေးဆရာမက ဆိုထားပါတယ်​ ။ မောင်ရစ် - ကဗျာဆရာ၏ နောက်ဆုံးခရီး လိုက်ပို့ခြင်း မောင်ရစ် - ကဗျာဆရာ၏ နောက်ဆုံးခရီး လိုက်ပို့ခြင်း (မိုးမခ) ဧပြီ ၁၁၊ ၂၀၁၉ မတ်လ ၂၂ ရက်နေ့မှာ တောင်ဒဂုံနဲ့ ဆိပ်ကမ်းမြို့နယ်ရဲ့ ကျည်စုသုဿန်ကို ရောက်ပါတယ်။ ကဗျာဆရာမောင်သင်းမိုး(၆၇နှစ်)ရဲ့ နောက်ဆုံးအသုဘခရီးကို လိုက်လံပို့ဆောင်တာပါ။ မတ်လ ၂၁ ရက်နေ့မှာ ရန်ကုန်ကို ပြန်ရောက်တယ်။ ရက်တိုတိုလေး နေရမှာဖြစ်ပေမယ့် ထုံးစံအတိုင်း သွားချင်တွေ့ချင်လုပ်ချင်တာတွေက ပြည့်လို့ပါ။ ထူးခြားဆန်းကျယ်တာတွေ မဟုတ်ပါဘူး။ ရှိနေသေးသူတွေနဲ့ ရှိနေသေးတဲ့နေရာတွေ လုပ်လက်စတွေဆီကို သွားတာ တွေ့တာ လုပ်တာတွေမို့ သာမန်ရိုးကျပါပဲ။ မနက်ခင်းအိမ်ကိစ္စတွေပြီးတာနဲ့ ချီတက်တာက နာနတ်တောလမ်းက ရွှေကျေးလက် လဘက်ရည်ဆိုင်။ တိုက်တိုက်ဆိုင်ဆိုင်ဆုံတာက ကဗျာဆရာ ကိုအောင်ဝေးရဲ့သား လပြည့်ဝေး။ သူလက်ဆောင်ပေးတဲ့ ကိုအောင်ဝေးရေးတဲ့ ညိုမီဂုမ္ဘန်ညများ (ဆရာဒဂုန်တာရာ နှစ် ၁၀၀ပြည့်) စာအုပ်လေး။ အမေရိကန်က မြန်မာကဗျာဆရာ၊ အမေရိကန်ကမိုးမခအွန်လိုင်းမှာ ရေးခဲ့ ရှယ်ခဲ့တာ စာတွေအချို့လည်း ပါဝင်တဲ့စာအုပ်ကို မြန်မာပြည်မှာ ထုတ်တာ အမှတ်တရလက်ဆောင်ဆိုတော့ မှတ်မှတ်ရရပေါ့။ အဲသည်ကနေ ရန်ကုန်မြို့ထဲက ဆိပ်ကမ်းသာလမ်းကို ဆက်ပါတယ်။ ဆိပ်ကမ်းသာလမ်းမှာ မိုးမခစာအုပ်သိုက်ရှိပါတယ်။ မိ လောကဓာတ်ခန်းသာဂိ - ရာဇဝင်ထဲမှာ ဇော်ဂျီကို ထားရစ်ခဲ့ ပန်းချီ (ဦး) ဝင်းဖေ၊ ဧရာ၀တီဝက်ဆိုက် လောကဓာတ်ခန်းသာဂိ - ရာဇဝင်ထဲမှာ ဇော်ဂျီကို ထားရစ်ခဲ့ (မိုးမခ) ဧပြီ ၁၇၊ ၂၀၁၉ မောင်ရစ် ဒီတခေါက် နိုင်ငံခြားက ပြန်လာတော့ (မြန်မာပြည်ကနေ ပြန်လာတာကို အမေရိကား၏ အမြင်) - ကျုပ်တို့ ယူနီကုဒ်ဖောင့် ပြောင်းကြစို့ - ဆိုပြီး ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်ပါတယ်။ သူ လက်စွဲတော် လက်ဝဲရံ လက်ယာရံ ဖြစ်တဲ့ သာဂိနဲ့ မိုက်ခဲစိန်ကို ဆင့်ခေါ်ပြီးတာ့ ဒီကိစ္စကို ဆောင်ရွက်ဖို့ အမိန့်ပေးပါတယ်။ နိုင်ငံခြားမှာ မြန်မာစာကို ယူနီကုဒ်ပဲ သုံးကြတော့တယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ပြည်ထောင်စုဖောင့် သုံးဖို့ အမိန့်တော်ရှိတယ်။ ဒီယူနီကုဒ်သုံးမှပဲ ဒီမိုကရေစီတို့ ခြေဥတို့ ပြင်နိုင်မှာ ဖြစ်တယ်။ ဇော်ဂျီချည်းကိုပဲ ဖက်တွယ်နေရင် ဟိုကောင်တွေ ဂျင်းထည့်တာတွေချည်း ဖတ်နေရတော့ မြန်မာစာကို ယူနီကုဒ် ပီပီသသ မဖတ်နိုင်တာတခုနဲ့တင် ကျနော်တို့တတွေ တခေတ်နောက်ကျနေတယ်။ ဟိုကောင်တွေကို မျက်ခြေဖြတ်နိုင်ဖို့ ယူနီကုဒ် သုံးမှ ဖြစ်မယ်ဆိုပြီး မိုးလားကဲလားတွေ ပြောပါတယ်။ ဒါနဲ့ ခင်ဗျားကတကော သုံးတတ်ပြီလား ဆိုတော့ Rabbit converter သုံးပြီး ဖတ်တယ်၊ ဖောင့်ပြောင်းတယ်လို့ သူက ပြောပါတယ်။ သူ့ကြည့်ရတာကလည်း ဝေဝေဝါးဝါးပဲ၊ ထိ
2022-11-27T04:51:37Z
https://blog.moemaka.com/2017/11/google-application-in-cloud-37.html
OSCAR-2301
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့က အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက ဝန်ထမ်း ၇ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။ အစိုးရဘဏ်နဲ့ ထွေအုပ်ရုံးဟာ အနီရောင်ဖဲကြိုးလှုပ်ရှားမှုမှာ ပါဝင်လာကြပေမယ့် CDM မှာ မပါဝင်သေးတာကြောင့် ပြည်သူတွေက ရုံးတွေရှေ့မှာ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြခဲ့ကြပါတယ်။ CDM မှာ ပူးပေါင်းပါဝင်ပြီး ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်စနစ်ကို ဆန္ဒပြကြဖို့ ဝန်ထမ်းတွေကို ပြည်သူတွေက တောင်းဆိုနေကြပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ထွေအုပ်စာရေးကို ​မြို့နယ်အုပ်ချုပ်​ရေးမှူက တာဝန်မှယာယီရပ်နားခဲ့ပြီး​နောက် ထွေအုပ်ဝန်ထမ်း ၁၅ ဦး CDM မှာ ထပ်မံပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။ ညောင်လေးပင်မြို့နယ်၊ ကုန်းအင်း​ကျေးရွာအုပ်စုမှ ရပ်ကျေးစာရေး ကိုအောင်ကိုလတ်ဟာ ဖေဖော်ဝါရီ ၈ ရက်ကနေ ၁၁ ရက်အထိ ရုံးလုပ်ငန်းတာဝန်တွေ မထမ်းဆောင်ဘဲ ပြည်သူတွေနဲ့အတူ ပူးပေါင်းကာ CDM လှုပ်ရှားမှု စတင်လုပ်ဆောင်ခဲ့တာပါ။ ကိုအောင်ကိုလတ်ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စု‌‌နေ့ရုံးပိတ်ရက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှ​ကြည်က တာဝန်မှယာယီရပ်နားကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ထွေအုပ်ဝန်ထမ်း ၁၅ ဦး ထပ်မံပူးပေါင်း ပါဝင်ခဲ့ကြတာပါ။ CDM မှာ ပါဝင်လာတာဟာ အလုပ်ကနေ နုက်ထွက်တာမဟုတ်ဘဲ အလုပ်မသွားဘဲ အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာလို့ ထွေအုပ်ဝန်ထမ်းတွေက ပြောပါတယ်၊ ကိုအောင်ကိုလတ်က “ကျနော် အလုပ်ကနေ ထွက်တာမဟုတ်ဘူး၊ ပြည်သူနဲ့အတူ CDM လုပ်ခဲ့တာပါ။ ကျန်တဲ့ ထွေအုပ်ဝန်ထမ်းတွေလည် ကျနော်နဲ့အတူ တိုက်ပွဲဝင်ကာ CDM လုပ်ကြဖို့ တိုက်တွန်းတယ်” လို့ ပြောပါတယ်။ ညောင်လေးပင်မြို့နယ် ပညာရေးဌာနက ဝန်ထမ်းတွေ၊ ဆရာဆရာမတွေအပါအဝင်၊ ကျန်းမာရေး၊ လူမှုဖူလုံရေး၊ သစ်တော၊ ဆည်မြောင်းနဲ့ သစ်တောဝန်ထမ်းအချို့ CDM လုပ်ရှားမှုမှာ ပါဝင်လာနေကြတာ​ပါ။ ညောင်လေးပင်မြို့နယ်မှာ စစ်အာဏာသိမ်းပြီ​နောက် လူထုလူတန်းစားပေါင်းစုံက စစ်အာဏာသိမ်းတာကို ဆန့်ကျင်​ကြောင်း အင်အားသိန်းချီ ​နေ့စဥ်ဆန္ဒထုတ်​ဖော်နေကြပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်ခဲ့တဲ့ တောင်တွင်းကြီးမြို့က ထွေအုပ်ဝန်ထမ်းနှစ်ဦး တာဝန်မှာ ယာယီရပ်ဆိုင်း ခံခဲ့ရပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေဟာ ဖဲကြိုးနီ၊ CDM လှုပ်ရှားမှုတွေမှာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ ဖော်ပြတာ၊ အကြောင်းအမျိုးမျိုးပြ လုပ်ငန်းခွင့်မလာဘဲ ပျက်ကွက်တာ၊ နိုင်ငံရေးလှုပ်ရှားမှုမှာ ဆက်နွှယ်ပါဝင် ပတ်သက်နေတာကြောင့် အခုလို တာဝန်က ယာယီရပ်ဆိုင်းလိုက်တာလို့ အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ မနေ့က အမိန့်စာမှာ ဖော်ပြထားပါတယ်။
2021-02-25T10:03:29Z
https://mudita-mmyg.blogspot.com/2012/07/blog-post_12.html
OSCAR-2109
ထောင်တာဝန်ခံ အရာရှိတစ်ဦးနဲ့ ၀န်ထမ်း ၈ ဦး ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ ရက်ကျခံဖို့ အမိန့်ချ | MCN (MYANMAR CHANNEL NEWS) Home သတင်း ပြည်တွင်းသတင်း ထောင်တာဝန်ခံ အရာရှိတစ်ဦးနဲ့ ၀န်ထမ်း ၈ ဦး ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ ရက်ကျခံဖို့ အမိန့်ချ ထောင်တာဝန်ခံ အရာရှိတစ်ဦးနဲ့ ၀န်ထမ်း ၈ ဦး ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ ရက်ကျခံဖို့ အမိန့်ချ ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဘားအံအကျဉ်းထောင်ဖောက်မှု မှာ တာဝန်ရှိသူတွေကို တရား ရုံးတင် စစ်ဆေးပြီးနောက် ထောင်တာဝန်ခံအရာရှိတစ်ဦး နဲ့ အကျဉ်းထောင်ဝန်ထမ်း ရှစ်ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခုနစ်ရက်စီ ကျခံစေဖို့ အမိန့်ချခဲ့ပါတယ်။ ဖြစ်စဉ်မှာ ထောင်တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူးတစ်ဦးနဲ့ ညွှန်ကြားရေးမှူးရှစ်ဦးကို အကျဉ်း ထောင်အက်ဥပဒေပုဒ်မ ၅၄ (၁) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး သြဂုတ် ၂၆ရက်နေ့က ဘားအံမြို့နယ် တရားရုံးက အမိန့်ချခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ စက်တင်ဘာ ၁၆ ရက် က ဘားအံအကျဉ်းထောင်က အကျဉ်းသား ၄၂ ဦး ထွက်ပြေးလွတ် မြောက်ခဲ့တာ ဖြစ်ပါတယ်။ ထောငျတာဝနျခံ အရာရှိတဈဦးနဲ့ ဝနျထမျး ၈ ဦး ကို အလုပျကွမျးနဲ့ ထောငျဒဏျ ၇ ရကျကခြံဖို့ အမိနျ့ခြ ၂၀၁၈ ခုနှဈက ဖွဈပှားခဲ့တဲ့ ဘားအံအကဉျြးထောငျဖောကျမှု မှာ တာဝနျရှိသူတှကေို တရား ရုံးတငျ စဈဆေးပွီးနောကျ ထောငျတာဝနျခံအရာရှိတဈဦး နဲ့ အကဉျြးထောငျဝနျထမျး ရှဈဦးကို အလုပျကွမျးနဲ့ ထောငျဒဏျ ခုနဈရကျစီ ကခြံစဖေို့ အမိနျ့ခခြဲ့ပါတယျ။ ဖွဈစဉျမှာ ထောငျတာဝနျခံအရာရှိ လကျထောကျ ညှနျကွားရေးမှူးတဈဦးနဲ့ ညှနျကွားရေးမှူးရှဈဦးကို အကဉျြး ထောငျအကျဥပဒပေုဒျမ ၅၄ (၁) နဲ့ တရားစှဲဆိုခဲ့တာဖွဈပွီး သွဂုတျ ၂၆ရကျနကေ့ ဘားအံမွို့နယျ တရားရုံးက အမိနျ့ခခြဲ့တာဖွဈပါတယျ။
2019/09/18 23:50:24
https://www.mcntv.biz/%E1%80%B1%E1%80%91%E1%80%AC%E1%80%84%E1%80%B9%E1%80%90%E1%80%AC%E1%81%80%E1%80%94%E1%80%B9%E1%80%81%E1%80%B6-%E1%80%A1%E1%80%9B%E1%80%AC%E1%80%9B%E1%80%BD%E1%80%AD%E1%80%90%E1%80%85%E1%80%B9%E1%80%A6/
mC4
ရင်ခွင်လမ်း လေးထဲမှာ : သွေးစုပ် ဖုတ်ကောင် (Vampires) တွေ တစ်ကယ်ပဲ ရှိသလား သွေးစုပ် ဖုတ်ကောင် (Vampires) တွေ တစ်ကယ်ပဲ ရှိသလား အသက် (၁၆) နှစ်အရွယ် တရုတ်နိုင်ငံက ကောင်လေးတစ်ယောက်မှာ သွေးစုပ်ဖုတ်ကောင် တွေရဲ့ အစွယ်ပုံစံလေး ပေါက်လာခဲ့ပါတယ်…၊ ချက်ချင်းဆိုသလိုပဲ အမေဖြစ်သူက ဆရာဝန်ဆီ ကို ခေါ် သွားပြခဲ့ပါတယ်..။ ဒီကလေးရဲ့ပုံစံဟာ အခုဆို မွေးစက ပုံစံနဲ့အတော့ကို ကွာနေပါပြီ..။ မွေးမွေးချင်းမှာပဲ.၊ အမေ ဖြစ်သူက ကလေးရဲ့ ကိုယ်ပေါ်က အမွှေးအမျှင်တွေကို သတိထားမိခဲ့ပါတယ်..။ ဒါကို သတိမထားခဲ့ပဲ အချိန်တန် ရင် ပျောက်သွားမှာပဲလို့ တွေးထားခဲ့ပါတယ်..။ လအနည်းငယ် ကြာတဲ့အခါမှာတော့..၊ သူမ...အတွက် တုန် လှုပ်ခြောက်ခြားစရာ နောက်တစ်ခု ထွက်ပေါ်လာပြန်ပါတယ်..။ အဲ့ဒါကတော့ ကလေးရဲ့ သွားတွေ ဖြစ်ပြီး… သွားလို့ခေါ်ရမလား အစွယ်လို့ ခေါ်ရမလားတောင် မသိတော့ပါဘူး.. ဆရာဝန်ကတော့ ကလေးဟာ ငယ်သေးတဲ့ အတွက် အခုချိန်မှာ ခွဲစိတ်မှုပြုလုပ်ဖို့ မဖြစ်နိုင်ကြောင်းနဲ့ အသက် ၁၈ နှစ်ကျော်မှသာ ခွဲစိတ်မှုကို စဉ်းစားနိုင်မှာဖြစ်ပြီး ခန့်မှန်းအနေနဲ့တော့ ပေါင် ၇၀၀၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်းထား ပါတယ်..(ပထမပုံ) Meet Simon နဲ့ George Cullen ဆိုတဲ့ United Kingdom က ကလေးနှစ်ယောက်ကိုတော့ သရဲညီ အစ်ကိုလို့ လူသိများကြပါတယ်..။ သူတို့နှစ်ယောက်က တစ်ကယ့် သွေးစုပ်ဖုတ်ကောင် လား လူလား ဆိုတာကိုတော့ သူတို့ပတ်ဝန်းကျင်ကြားမှာ အခုထိ အငြင်းပွားစရာ တစ်ခုအနေ နဲ့ရှိနေဆဲပါ.. ဒီကောင်လေးနှစ်ယောက်ဟာ နေရောင်နဲ့ထိလို့မရပါဘူး..၊ သူတို့ထဲက အစ်ကိုဖြစ်သူကတော့ ခုနက တရုတ်ကောင်လေးရဲ့ သွားဖြစ်သလို အစွယ်ပုံစံဖြစ်နေပြီး နောက်တစ်ယောက်ကတော့ ပုံမှန်ပါပဲ..။ သူတို့ ဟာ Hypohidortic Ectodermal Dysplasia လို့ခေါ်တဲ့ ရောဂါ ခံစားနေ ရတယ်လို့ ယေဘုယျ ကောက် ချက်ချထားကြပါတယ်.. သူတို့ဟာ ချွေးလည်း မထွက်တာကြောင့်.၊ အားကစားလည်း မလုပ်ရပါဘူး.၊ ဒါကြောင့် သူတို့ရဲ့ ဘ၀ကို အိမ်ထဲမှာသာ ဂိမ်းတွေဆော့၊ ဗွီဒီယိုတွေကြည့်ရင်း ကုန်ဆုံးနေရပါတယ်..။ သူတို့ဟာ တစ်ကယ်ပဲ သွေးစုတ်ဖုတ်ကောင်တွေလား ဆိုတာကိုတော့……………(နောက်ဆုံးသုံးပုံ)
2020/02/18 10:17:34
http://yinkhwinlam.blogspot.com/2014/03/vampires.html
mC4
တရုတ်ဟင်းလျာစတိုင် ခရမ်းသီးချက်မယ် ~ အလွမ်းခရီးသည် တရုတ်ဟင်းလျာစတိုင် ခရမ်းသီးချက်မယ် Monday, June 24, 2013 ချက်ပြုတ်နည်း No comments အကြောင်းအမျိုးမျိုးကြောင့် စာလဲ မရေးဖြစ် ၊ ဟင်းချက်နည်းတွေလဲ မတင်ဖြစ်ပဲ ပစ်ထားမိခဲ့တဲ့ရက်တွေ အတော်လေး ကြာမြင့်ခဲ့ပါတယ်။ အချိန်လေးရလို့ စာပြန်ရေးမယ်လို့ တွေးဖြစ်လိုက်တော့ စာတွေမရေးခင် အားအင်ပြည့်အောင် အစားစားဖို့ လိုအပ်နေသေးတယ်လေ။ ဒါကြောင့် ချက်စားဖြစ်ခဲ့သည့် ဟင်းလျာများထဲမှ ဟင်းချက်နည်းလေး တစ်ခုကို ရွေးးထုတ်ဖြစ်ခဲ့ပါသည်။ ခရမ်းသီးနှင့် ကြိတ်ထားသည့် ဝက်သားကို တရုတ်ဟင်းလျာစတိုင် ချက်ထားတာလေးပါ။ ဝက်သားမစားသူများအတွက် ကြက်သားနှင့် ချက်နိုင်ပါတယ်ရှင်။ ခရမ်းသီး အကြီးအသေးပေါ် မူတည်၍ (၄) လုံးမှ (၆) လုံးထိ အသုံးပြုနိုင်ပါသည်။ မိမိ စိတ်ကြိုက်အနေအထား ၊ အရွယ်အစား လှီးဖြတ်ထားလိုက်ပါ။ အသားနယ်ရန်အတွက် ၁။ ကြိတ်ထားသော ဝက်သား (သို့) ကြက်သား (၂၅) ကျပ်သား ၂။ဆား ကော်ဖီဇွန်းတစ်ဝက် ၃။ပြောင်းဖူးမုန့် (သို့) အကြော်မုန့် ကော်ဖီဇွန်း (၁) ဇွန်း ၄။ကြက်သွန်မြိတ် (၃) ပင် (ပါးပါးလှီးထားပါ) ၅။ ဂျင်း လက်တစ်ဆစ်ခန့် ( ထောင်းထားပါ) အထက်ပါ (၅) မျိုးကို သမအောင်နယ်၍ အသင့်ထားလိုက်ပါ။ ဟင်း အနှစ်အတွက် ၁။ ခနော အမုန့် စားပွဲတင်ဇွန်း တစ်ဇွန်း (သို့) တစ်တုံး ၂။ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း (၄) ဇွန်း ၃။Chilli Paste (ခေါ်)ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း (၁) ဇွန်း မရှိက ငရုတ်သီးမုန့်ကို မိမိ စားနိုင်ယုံမျှ အစပ်အရသာ မှန်း၍ အသုံးပြုနိုင်သည်။ ၄။ Black bean sauce (ခေါ်) အမဲရောင် ပဲနှင့်ပြုလုပ်ထားသော ပဲပုတ် စားပွဲတင်ဇွန်း (၂) ဇွန်း ရိုးရိုးပဲပုတ်ကို အသုံးပြုကလဲ ရ၏။ ၅။ပြောင်းဖူးမုန့် (သို့) အကြော်မုန့် ကော်ဖီဇွန်း (၂) ဇွန်း ၆။ ဆလကာရည် ကော်ဖီဇွန်း (၂) ဇွန်း ၇။ သကြား ကော်ဖီဇွန်း (၂) ဇွန်း ၈။ နှမ်းဆီမွှေး ကော်ဖီဇွန်း (၂) ဇွန်း အမှတ်စဉ် (၁) မှ (၈)ကို ပန်းကန်လုံးတစ်ခုထဲတွင် အတူ ရောမွေထားပေးပါ။ ၁။ မီးဖိုပေါ် တင်ထားသော ဒယ်အိုးထဲတွင် ဆီစားပွဲတင်ဇွန်း (၂) ဇွန်းမျှ ထည့်၍ ပူအောင် တည်လိုက်ပါ။ ဆီပူလာလျှင် ခရမ်းသီးများ ထည့်၍ ကြော်လိုက်ပါ။ ခရမ်းသီးသည် ခြောက်သွေ့နေသောကြောင့် ရေအနည်းငယ်မျှ ထည့်၍ ကြော်နိုင်ပါသည်။ ၂။ ခရမ်းသီးများ ပျော့၍ ကျက်လာလျှင် ပန်းကန်တစ်ခုထဲသို့ ပြောင်းထည့်၍ ဖယ်ထုတ်လိုက်ပါ။ ၃။ ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းမျှဖြစ် နယ်၍ နှပ်ထားသော ဝက်သားများကို ကြော်လိုက်ပါ။ ၄။ ထို ဝက်သားများထည့်သို့ အတူရောမွှေထားသော ဟင်းအနှစ်ကို လောင်းထည့်လိုက်ပါ။ ဟင်းကို ရေကျန် ဆီကျန် လေး စာသုံးလိုလျှင် ရေအနည်းငယ် ထပ်၍ ထည့်နိုင်ပါသည်။ ၅။ ဟင်းအနှစ်များ ဆူပွက်လာလျှင် ကြော်ထားသော ခရမ်းသီးများ ထည့်၍ သမအောင် ညင်ညင်သာသာလေး မွှေပေးလိုက်ပါ။ ထို့နောက်တွင်တော့ ဟင်းအိုးကို မီးဖိုမှ ဖယ်ယူနိုင်ကာ အသင့်စားသုံးနိုင်သည့် တရုတ်စတိုင် ခရမ်းသီးဟင်းလျာလေး တစ်ခွက်ကို သုံးဆောင်နိုင်ပါပြီရှင်။
2019/06/25 16:16:54
http://alwankhayeethe.blogspot.com/2013/06/blog-post_24.html
mC4
မန္တလေးမြို့ နိုင်ငံတကာအဆင့်မီ စက်သုံးဆီဆိပ်ကမ်းမှ ဂါလန် နှစ်သန်းဆံ့ ဓာတ်ဆီလှောင်ကန်တစ် ကန်ကို Pilot Projet အဖြစ် စတင်အသုံးပြုမည် | Automobile Home News Local News မန္တလေးမြို့ နိုင်ငံတကာအဆင့်မီ စက်သုံးဆီဆိပ်ကမ်းမှ ဂါလန် နှစ်သန်းဆံ့ ဓာတ်ဆီလှောင်ကန်တစ် ကန်ကို Pilot Projet အဖြစ် စတင်အသုံးပြုမည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ အိုးတုတ္တန်းလမ်း၊ ဒုဝြတီမြစ်နှင့်ဧရာဝတီမြစ်ဆုံသည့်နေရာတွင် ဆောက်လုပ်လျက်ရှိသည့် နိုင်ငံတကာအဆင့်မီ စက်သုံးဆီဆိပ်ကမ်းမှ ဂါလန်နှစ်သန်းဆံ့ ဓာတ်ဆီလှောင်ကန် တစ်ကန်အား Pilot Projet အဖြစ် စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဆီကန်အသုံးပြုခွင့်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ Pilot Projet အနေဖြင့် ခွင့်ပြုထားပြီး EIA ၊ SIA ဆန်းစစ်ချက်များကိုလည်း ဆက်လက်လုပ်ဆောင်ကာ နည်းစနစ်နှင့် စည်းကမ်းပိုင်းများကို အကောင်းဆုံး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါနိုင်ငံတကာအဆင့်မီ စက်သုံးဆီ ဆိပ်ကမ်းတည်ဆောက်မှုအား ကုမ္ပဏီပေါင်းငါးဆယ်ဖြင့် ဖွဲ့စည်းထားပြီး အများပိုင်စီမံကိန်းတစ်ခုဖြစ်ကာ မန္တလေးမြို့၏အကြီးဆုံးစက်သုံးဆီ ဆိပ်ကမ်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ၌ တည်ဆောက်မှုအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ဆန်းစစ်မှုစစ်တမ်း EIA ၊ SIA လုပ်ဆောင်ပြီးမှသာ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားကြောင်း Myanmar Energy Sector Developement Public ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ထို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုအခြေအနေများကို လေ့လာဆန်းစစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ်မှုစစ်တမ်း EIA ၊ SIA အစီရင်ခံစာအား ယခုနှစ် ပထမလပတ်တွင် တင်ပြနိုင်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ နိုင်ငံတကာအဆင့်မီ စက်သုံးဆီဆိပ်ကမ်း စီမံကိန်း၌ ဓာတ် ဆီသိုလှောင်ကန် လေးလုံး၊ ဒီဇယ် သိုလှောင်ကန် ၂၈ လုံး အပါအဝင်ဆီသိုလှောင်ကန် ၃၂ လုံးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ဘုန်းမောင်
2021/06/16 23:27:44
https://automobile.com.mm/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7-%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90/
mC4
ကြေးနီစီမံကိန်းကပေးသည့် လျော်ကြေး အစီရင်ခံစာနှင့် ကွဲလွဲနေဟု ဒေသခံများ ပြော – DVB ကြေးနီစီမံကိန်းကပေးသည့် လျော်ကြေး အစီရင်ခံစာနှင့် ကွဲလွဲနေဟု ဒေသခံများ ပြော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကပေးတဲ့ လျော်ကြေးက အစီရင်ခံစာနဲ့ ကွဲလွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာတွေက တောင်သူတွေရဲ့ မြေယာတွေ ဧကထောင်နဲ့ချီ သိမ်းယူခံခဲ့ကြရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ လုံးဝပြေလည်မှုမရရှိသေးဘဲ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ တောင်သူတချို့ လျော်ကြေးငွေထုတ်ယူတာတွေ ရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လျော်ကြေးရယူချင်သူတွေနှင့် ကာလပေါက်ဈေးမရမချင်း လျော်ကြေး မယူမယ့်သူတွေကြား သဘောထားကွဲလွဲမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ လက်ရှိပေးနေတဲ့ လျော်ကြေးက ကာလပေါက်ဈေးနဲ့ များစွာကွာဟနေပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာပါအချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် လျော်ကြေးမယူမယ့်သူတွေက ဇန်နဝါရီ ၂၅ ရက်နေ့မနက်ပိုင်းမှာ ဆည်တည်းကျေးရွာအနီး ယာကွင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ မြေသိမ်းခံတောင်သူ ဒေါ်ညိုလေးက "လတ်တလောထွက်လာတဲ့စာအရ ကျမတို့က မကျေနပ်လို့ အခုလို သတင်းစာရှင်းလင်းပွဲလေး ပြုလုပ်တာပါ။ ကျမတို့ဒေသခံတွေက ပြည်သူ့အစိုးရက ၅ နှစ်တာကာလသာ ပြီးသွားတယ် ခေါ်ယူညှိနှိုင်းတာ မပြုလုပ်ခဲ့ပါဘူး။ အဲဒီအတွက်လည်း ကျမတို့မှာ ခံစားရပါတယ်။ ဒေသရဲ့ ဆိုးကျိုးကောင်းကျိုးတွေကို မျှဝေပြီးတော့ အစိုးရ၊ လွှတ်တော်ထိ သွားရောက်တောင်းဆိုခဲ့တယ်။ ဒေသကို လာရောက်ပြီး ရှင်းပြခြင်း၊ ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်းမရှိဘူး။ အခုလတ်တလောထွက်တဲ့ စာဆိုတာကလည်း ဒေသခံတချို့တော့ ပါရင်ပါလိမ့်မယ်။ ဒေသရဲ့ ကိုယ်စားလှယ်မဟုတ်ပါဘူး။ အစီရင်ခံစာကို သွေဖည်ပြီးတော့ ထွက်လာတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လုံးဝလက်မခံပါဘူး။ အစီရင်ခံစာအတိုင်းပဲ ကာလဒေသပေါက်ဈေးနဲ့လျော်ညီစွာ ပေးမယ်ဆိုရင်တော့ မြေယာလျော်ကြေး မယူသေးတဲ့ လူတွေအားလုံးက တညီတညွတ်တည်း ထုတ်ယူမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းက အစိုးရ၊ လွှတ်တော်၊ ကုမ္ပဏီနှင့် ဒေသခံတချို့ပါဝင်တဲ့ Joint Implementation Team – JIT အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ဒေသခံတွေက အချက် ၉ ချက်တောင်းဆိုရာမှာ ၅ ချက်ကို သဘောတူညီချက်ရရှိခဲ့တဲ့အတွက် တောင်သူတချို့က မြေယာလျော်ကြေးကို သတ်မှတ်ချက်အတိုင်း ထုတ်ယူခဲ့ကြပါတယ်။ လက်ရှိမှာ မြေယာလျော်ကြေးမယူသေးတဲ့ တောင်သူတွေလည်း ကျန်နေသေးပြီး ဆည်တည်း၊ ဝက်မှေး စတဲ့ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ကျေးရွာတွေ အိမ်ခြေ ၁၀၀ ကျော် ပြောင်းရွှေ့ရေးကလည်း ကျန်ရှိနေပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ပြေလည်မှုတွေတော့ မရရှိသေးပါဘူး။ အစီရင်ခံစာအရ မြေဧရိယာ ၇ ထောင်ကျော်မှာ လယ်ယာမြေက ၅,၀၀၀ ကျော် ပါဝင်ခဲ့တာဖြစ်ပါတယ်။
2021/04/15 08:44:19
http://burmese.dvb.no/archives/436757
mC4
ဒေသခံတို့က “မြစ်ဆုံ ရေကာတာ စီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရေး၊ ဧရာဝတီမြစ် ထာဝစဉ် စီးဆင်းနိုင်ရေး၊ မြစ်ဆုံရေကာတာ စီမံကိန်း အလိုမရှိ” စသဖြင့် ကြွေးကြော်ခဲ့ကြသည်။ ဒေသခံတစ်ဦးဖြစ်သူ ဦးဘရန်မိုင်က ဆန္ဒပြသည့် အစီအစဉ်အတွက် အာဏာပိုင်တို့ထံ ငြိမ်းစုစီ ဥပဒေ အတိုင်း ခွင့်ပြုချက်ရယူခဲ့ကြောင်း၊ ဆန္ဒပြရာတွင် ပါဝင်သူတို့မှာ ဝိုင်းမော် ဒေသခံများဖြစ်ကြောင်း၊ ဝိုင်းမော်မြို့ ယဉ်ကျေးမှု ဗိမာန်တော်က စတင် ထွက်ခွာခဲ့ပြီး မြို့ တစ်ပတ် စီတန်း လှည့်လည်ခဲ့ကြောင်း ပြောပြသည်။ အွန်လိုင်းအခြေပြု အဖွဲ့တစ်ခုဖြစ်သည့် Freedom Fighters အဖွဲ့ကလည်း မြစ်ဆုံဆည် ဆန့်ကျင်ရေး စတစ်ကာများ ကပ်သည့် လှုပ်ရှားမှု ပြုလုပ်နေသည်။ ယနေ့ နံနက်ပိုင်းတွင် ထိုအဖွဲ့မှ လူငယ်တစ်ဦး ဖြစ်သူ ကိုသဲနှစ်အောင်က မန္တလေးမြို့ ၇၃ လမ်း၊ ၆၉ လမ်း၊ သိပ္ပံလမ်းတို့ရှိ ကား၊ ဆိုင်ကယ်၊ ဓာတ်တိုင်တချို့တွင် စတစ်ကာများ ကပ်နေသည်ကို တွေ့ရသည်။ “မြစ်ဆုံဆည်ကို တစ်နိုင်ငံလုံးက အလိုမရှိဘူး ဆိုတာကို သိစေချင်လို့ လုပ်တာပါ၊ အဓိကက မြစ်ဆုံစီမံကိန်းရဲ့ ဆိုးကျိုးတွေကို လူတွေကို သိစေချင်တာပါ” ဟု ၎င်းက ပြောသည်။ “၈ ရက်နေ့ ညနေပိုင်းက စတစ်ကာတွေကို ပန်းခြံအတွင်းနဲ့ မြစ်ကြီးနား တက္ကသိုလ်ရှေ့မှာ ကပ်ခဲ့တယ်၊ ၉ရက်နေ့မှာ မြစ်ကြီးနားမြို့နဲ့ ၂၈ မိုင်ဝေးတဲ့ မြစ်ဆုံမှာ ဆိုင်တွေ ကားတွေ ၊ ဆိုင်ကယ်တွေမှာ ကပ်ပြီး မြစ်ဆုံကို လာသူတွေကို စတစ်ကာတွေ ဝေခဲ့တယ်” ဟု ၎င်းက ပြောသည်။ ရန်ကုန်၊ ပဲခူး၊ ကံမ၊ မင်းလှ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော် တို့ကိုလည်း စတေကာများ ပေးပို့ထားကြောင်း သူက ဆက်ပြောသည်။ ဧရာဝတီမြစ်ကြီး စတင်ရာ မေခနှင့်မလိခ မြစ်ဆုံအနီးတွင် အကောင်အထည် ဖော်ခဲ့သော အငြင်းပွားဖွယ် စီမံကိန်းသည် တပ်မတော် အစိုးရ လက်ထက်က ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တရုတ်က ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် ဤစီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား အများစုကို တရုတ်က ရမည်ဖြစ်ပြီး စီမံကိန်းကြောင့် မြစ်ကြောင်းတလျှောက် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမည့် အခြေအနေနှင့် ရင်ဆိုင်ရမည့် မြန်မာက အနည်းစု ရမည် ဖြစ်သည်။ ယခင်အစိုးရလက်ထက်တွင် သမ္မတဟောင်း ဦးသိန်းစိန်က ၎င်း၏ သမ္မတသက်တမ်းကာလအတွင်း ဤစီမံကိန်းကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်အစိုးရလက်ထက် မြစ်ဆုံစီမံကိန်းကို ပြည်သူအများ ကန့်ကွက်နေကြချိန်တွင် ၎င်းကိုယ်တိုင် စီမံကိန်းကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ထောက်ခံကာ ဧရာဝတီမြစ်ကို ကယ်တင်ပေးကြပါရန် နိုင်ငံတကာသို့ပါ မေတ္တာရပ်ခံခဲ့သူဖြစ်သည်။ ထို့ပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်က ၎င်းတို့ပါတီအာဏာရပါက မြစ်ဆုံစာချုပ်ပါ အချက်များကို ပြည်သူအား ဦးဆုံးချပြမည်ဟု ကတိပေးခဲ့သူဖြစ်သည်။ သို့သော်လည်း NLD သည် အာဏာရခဲ့သည်မှာ သုံးနှစ်တင်းတင်း ပြည့်ချိန်အထိ စာချုပ်ပါ အချက်အလက်များကို ချပြခြင်း မရှိသေးသကဲ့သို့ စီမံကိန်းနှင့်ပတ်သက်ပြီး သဘောထားတစ်ခု၊ မူဝါဒတစ်ရပ်ကို အတိအလင်း ကြေညာခြင်းလည်း မရှိသေးပေ။ ရွှေတြိဂံ ဒေသ မဲခေါင်မြစ် အတွင်း ခုတ်မောင်းနေသည့် စက်လှေ တစီးကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က ပစ်ခတ်ခဲ့မှုကြောင့် မြန်မာ နိုင်ငံသား ၃ ဦး သေဆုံးသွားကြောင်း ထိုင်းသတင်းများအရ သိရသည်။ ယင်းဖြစ်ရပ်သည် ရွှေတြိဂံဒေသ မိုင်းမွမ်း လှေဆိပ်၏ အပေါ်ဘက် လာအိုနိုင်ငံ ရေပိုင်နက် အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လတ်တလော ၄ နိုင်ငံမှ အာဏာပိုင်များက မြစ်ကြောင်း တလျှောက် လုံခြုံရေး တိုးမြှင့်ရန် စီစဉ်နေကြောင်း မယ်ဆိုင်နယူး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ တိုခုတဲဆိုသည်မှာ ဂျပန်နိုင်ငံအစိုးရမှ ၂၀၁၉ခုနှစ် ဧပြီလမှစတင်၍ ခေါ်ယူသော တိုခုတဲ ဂိနိုး (ကျွမ်းကျင်လုပ်သား) ဖြစ်ပါသည်။ ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားအဖြစ်သွားရောက်ရန် စာမေးပွဲ ၂ခု ( ဂျပန်ဘာသာ A2 အဆင့် နှင့် လုပ်ငန်းကျွမ်းကျင်စာမေးပွဲ) ဖြေဆိုရပါမည်။JLPT N4 အောင်မြင်ထားသူများသည် ဂျပန်ဘာသာ A2 စာမေးပွဲကို ထပ်မံဖြေဆိုရန်မလိုအပ်ဘဲ၊ လုပ်ငန်းကျွမ်းကျင်စာမေးပွဲသာဖြေဆိုရပါမည်။စာမေးပွဲသည် CBT စနစ်ဖြင့်စစ်ဆေးသော စာမေးပွဲဖြစ်ပါသည်။ ခါခဲဟာရှိသင်တန်းကျောင်းမှ ဖွင့်လှစ်သင်ကြားသော အွန်လိုင်းတိုခုတဲသင်ရိုးများကို ဂျပန်ဘာသာအဆင့် N4 အောင်မြင်ထားသူများ တက်ရောက်နိုင်ပါသည်။ မိမိသွားရောက်လိုသည့် အလုပ်အကိုင်အမျိုးအစားကို လိုက်၍ သင်တန်းတက်ရောက်ပြီး ဝင်ရောက်ဖြေဆိုနိုင်ပါသည်။ စာမေးပွဲဖြေဆိုရန်လျှောက်ထားမှုအားလုံးသည် မြန်မာဘာသာ လမ်းညွှန်ရှိသဖြင့် မိမိကိုယ်တိုင်လျှောက်ထားနိုင်သော်လည်း၊ သင်တန်းကျောင်းမှလျှောက်ထားရန်ဆန္ဒရှိသူများအတွက် သင်တန်းကျောင်းမှ တာဝန်ယူလျှောက်ထားပေးပါသည်။ ဂျပန်နိုင်ငံအစားအသောက်ဝန်ဆောင်မှုအသင်းမှ ထုတ်လုပ်ထားသော သင်ရိုးစာအုပ်များဖြင့်သင်ကြားပေးမည် ဖြစ်ပါသည်။ ဂျပန်နိုင်ငံစားသောက်ကုန်လုပ်ငန်းစင်တာမှ ထုတ်လုပ်ထားသော သင်ရိုးစာအုပ်များဖြင့်သင်ကြားပေးမည် ဖြစ်ပါသည်။ ဖမ်းဆီးအရေးယူခဲ့ရသည့် စည်းကမ်းမဲ့ယာဉ် နှစ်သောင်းကျော်တွင် YBS ခရီးသည်တင်ယာဉ် တစ်သောင်းကျော် ပါဝင် | Automobile Home News Local News ဖမ်းဆီးအရေးယူခဲ့ရသည့် စည်းကမ်းမဲ့ယာဉ် နှစ်သောင်းကျော်တွင် YBS ခရီးသည်တင်ယာဉ် တစ်သောင်းကျော် ပါဝင် တစ်နှစ်အတွင်း ဖမ်းဆီးအရေးယူခဲ့သည့် စည်းကမ်းမဲ့ယာဉ် နှစ်သောင်းကျော်ရှိပြီး YBS ခရီးသည် တင်ယာဉ် တစ်သောင်းကျော်ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှုးရုံးမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသည့် စည်းကမ်းမဲ့ယာဉ်များကို စီမံချက်တစ်ခုဖြင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများပူးပေါင်း၍ ဖမ်းဆီးအရေးယူခဲ့ရာ တစ်နှစ်အတွင်း ၂၆,၃ဝ၉ စီး ဖမ်းဆီးခဲ့ပြီး YBS ခရီးသည်တင်ယာဉ် ၁၇,၉၁၇ စီးပါဝင်ကြောင်း သိရသည်။ ” YBS စနစ် စတင်ပြေးဆွဲတဲ့ အချိန်ကစပြီး သက်ဆိုင်ရာအဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပူးပေါင်းအဖွဲ့ကနေ စည်းကမ်းပျက်ယာဉ်တွေကို အထူးကြပ်မတ် အရေးယူခဲ့ရာမှာ ဒီအချိန်အထိ အမှု တစ်သောင်းကျော် ရှိခဲ့ပါတယ်၊ အခု နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ စည်းကမ်းဖောက်ဖျက်တဲ့ ကားနည်းလာတာ တွေ့ရပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီး ဦးဝင်းလွင်က ပြောသည်။
2021-03-08T21:30:08Z
https://www.lubo601.cc/2015/02/blog-post_40.html
OSCAR-2109
တက်တူးပညာရှင်၏ Facebook စာမျက်နှာ မှားယွင်းဖျက်မိသည့်အတွက် တောင်းပန် ကမ္ဘာကျော် ဆိုရှယ်မီဒီယာကြီး ဖြစ်သည့် Facebook သည် သုံးစွဲသူတစ်ဦး တင်ထားသည့် ရင်သားပေါ်တွင် တက်တူးထိုးထားသော ပုံအား၊ ကင်ဆာဝေဒနာရှင်များကို ကယ်တင်စေလိုသည့် စေတနာဖြင့် လုပ်ဆောင်ထားသည်ဟု မထင်ဘဲ၊ ညစ်ညမ်းသောပုံများကို တင်ထားသည်ဟု ယူဆပြီး Facebook ပေါ်မှ ဖယ်ရှားလိုက်ခြင်းအပေါ် တောင်းပန်ခဲ့ကြောင်း Fox News သတင်းတွင် ဖော်ပြထားသည်။ စည်းကမ်းပျက် ဘတ်စ်ကား မိုဘိုင်းလ်ဖုန်းနဲ့ ဘယ်လိုတိုင်ကြားမလဲ ၂၀၁၇ ဇန်နဝါရီလ ၁၆ ရက်ကစပြီး ရန်ကုန်မြို့တွင်း ဘတ်စ်ကားလိုင်းတွေကို လမ်းကြောင်းတွေ ပြောင်းလဲပြေးဆွဲခဲ့ပါတယ်။ ယခင်က စည်းကမ်းပျက် ယာဉ်မောင်းတွေနဲ့ ရမ်းကားတဲ့ ယာဉ်နောက်လိုက်တွေကြောင့် ဖြစ်ပွားခဲ့တဲ့ အမှုအခင်းတွေလည်း အများကြီး ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေက စည်းကမ်းပျက်မှု၊ ရမ်းကားမှုတွေ ဖြစ်လာခဲ့ရင်တော့ မိုဘိုင်းလ်ဖုန်းကနေ တစ်ဆင့် အလွယ်တကူ တိုင်ကြားနိုင်ပြီ ဖြစ်ပါတယ်။ စစ်သည်များကို တိုက်ပွဲဆီ အမြန်ပို့နိုင်မည့် လေပေါ်ဝဲယာဉ်များ တီထွင် အမေရိကန် တပ်မတော်သည် ဒရုန်းယာဉ်စနစ်တွင် အခြေခံထားသည့် Hoverbike ဟု ခေါ်သော လေပေါ်ဝဲ အမြန်ယာဉ် များကို အသုံးပြုပြီး တိုက်ပွဲများကို စစ်သားများအား အမြန်ဆုံး ရောက်ရှိစေရန် ပို့ဆောင်ပေးနိုင်ရေးအတွက် စီစဉ်နေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ တောင်ကိုရီးယားနိုင်ငံတွင် မြန်နှုန်းမြင့် ရထားပြေးဆွဲမည် တောင်ကိုရီးယားနိုင်ငံ အစိုးရသည် Ultra-fast ရထားများကို အများပြည်သူအတွက် ပြေးဆွဲရန် စီစဉ်နေကြောင်း Korea Times သတင်းတွင် ဖော်ပြထားသည်။ ထရန်စဖော်မာဖုန်း မိုက်ခရိုဆော့ဖ် ထုတ်မည် ဖုန်းအဖြစ်လည်းကောင်း၊ တက်ဘလက်အဖြစ်လည်းကောင်း အသွင်နှစ်မျိုးပြောင်းသုံးနိုင်မည့် အသွင်ပြောင်းဖုန်း (Transformer) ကို ကမ္ဘာကျော် ဆော့ဖ်ဝဲကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ်က လူတိုင်း အိတ်ထဲ ထည့်သွားနိုင်စေရန် ရည်ရွယ် ထုတ်လုပ်သွားမည် ရန်ကုန် ဘတ်စ်ကားနဲ့ ဘယ်လို စီးသွားမလဲ ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် ရန်ကုန်မြို့တွင်း ဘတ်စ်ကားလမ်းကြောင်းတွေကို အလွယ်တကူ သိရှိသွားလာနိုင်မယ့် မိုဘိုင်းလ် App တွေ ထွက်လာပါတယ်။ ဒီ App တွေထဲက အသုံးပြုသူတွေ အဆင်ပြေပြေနဲ့ အလွယ်တကူ အသုံးပြုနိုင်မယ့် မိုဘိုင်းလ် App တွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ အသက် ၇ နှစ်သား စွန့်ပစ်ပစ္စည်း ကုမ္ပဏီထောင်ပြီး ကောလိပ်တက်ရန် ငွေစုဆောင်း အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှ အသက် ၇ နှစ်သားလေးသည် ယခုအချိန်ကတည်းက ကောလိပ်တက်ရန် ငွေစုဆောင်းသည့် အနေနှင့် စွန့်ပစ်ပစ္စည်းများ စုဆောင်းရောင်းချသည့် ကုမ္ပဏီတစ်ခုကို ထူထောင်ကာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း Inhabitat သတင်းတွင် ဖော်ပြထားသည်။ ကျောပိုးဂျက်လေယာဉ်ပျံ အရပ်သားများအတွက် အသင့်ဖြစ်ဟုဆို ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကားထဲကအတိုင်း ကျောပိုးဂျက်အိတ်ဖြင့် ကောင်းကင်တွင် ပျံသန်းနိုင်ရန် အသင့်ဖြစ်နေကြောင်း လက်တွေ့သရုပ်ပြခဲ့ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။ ပဲရစ်နှင့် ဆန်ဖရန်စစ္စကိုတို့တွင် ရေပေါ်တက္ကစီများ ပြေးဆွဲရန် စီစဉ် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ ဆိန်းမြစ်အတွင်းနှင့် ဆန်ဖရန်စစ္စကိုတို့တွင် ပြေးဆွဲမည့် ရေပေါ်လျှပ်ပြေး တက္ကစီများကို ပြင်သစ်နိုင်ငံမှ ပညာရှင်များက တီထွင်ခဲ့ကြောင်း Bloomberg သတင်းတွင် ဖော်ပြထားသည်။ လာမည့်သုံးနှစ်မှ ငါးနှစ်အတွင်း အီသီယိုးပီးယားနိုင်ငံက ကမ္ဘာပတ်ဂြိုဟ်တု စေလွှတ်မည် နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခ ရောက်ခဲ့ရပြီး ငတ်မွတ်မှုဒဏ် အများဆုံး ခံခဲ့ရသည့် အီသီယိုးပီးယားနိုင်ငံက လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ ဂြိုဟ်တုတစ်လုံး စေလွှတ်မည် ဖြစ်ကြောင်း ပြောကြားချက်ကို AP သတင်းတွင် ဖော်ပြထားသည်။ ကြီးမားသည့် ဂြိုဟ်ပဲ့ကြီး တစ်ခု ကမ္ဘာမြေနှင့် မိုင်တစ်သိန်းကျော် အကွာမှ ဖြတ်သန်း ၁၀ ထပ် အဆောက်အအုံကြီး တစ်လုံး ပမာဏခန့် ရှိသည့် ဂြိုဟ်ပဲ့ကြီး တစ်လုံးသည် လနှင့်ကမ္ဘာ အကွာအဝေး ထက်ဝက်ခန့် ပမာဏရှိသည့် မိုင်ပေါင်း ၁၂၀,၀၀၀ အကွာအဝေးမှ ကမ္ဘာကြီးကို ခန့်မှန်းချိန်ထက် ၂၄ နာရီစောကာ ဖြတ်သန်းသွားကြောင်း Business Insider သတင်းတွင် ဖော်ပြထားသည်။ နှစ်လိုဖွယ်ကောင်းသည့် စက်ရုပ်အမျိုးသမီး တရုတ်တီထွင် "ကျားကျား"ဟု အမည်ပေးထားသော အလွန် နှစ်လိုဖွယ်ကောင်းသည့် စက်ရုပ်မလေးကို မကြာသောကာလတွင် တရုတ်နိုင်ငံ နယ်ပယ် အသီးသီး၌ လူတို့ကိုယ်စား အစားထိုး အသုံးပြုနိုင်ရန်အတွက် တိုးမြှင့်တီထွင်ကာ ပွဲထုတ်လိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ Myanmar Culture မိုဘိုင်းလ် App ရေးသားသည့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ကျောင်းသားများနှင့် တွေ့ဆုံခြင်း "နည်းပညာ တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့လို လူငယ်တွေက နည်းပညာရဲ့ ဆိုးမွေကောင်းမွေတွေကို ခံနေရတယ်ဗျ" ဂျပန်နိုင်ငံတွင် လူသားအလုပ်သမားများကို ထုတ်ပစ်ပြီး စက်ရုပ်လုသားများ အစားထိုး အနာဂတ်တွင် လူသားများနေရာ၌ စက်ရုပ်များ အစားထိုး ထည့်သွင်းရန် ကြံဆောင်ကြိုးပမ်းသည့် အနေနှင့် ဂျပန်နိုင်ငံ အာမခံလုပ်ငန်းတစ်ခု၌ လူသား ၃၀ ကို အလုပ်ဖြုတ်ပြီး ဉာဏ်ရည်တု (AI) စက်ရုပ်များကို အစားထိုးလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ မောင်းသူမဲ့ MASH လေကြောင်းသူနာပြုယာဉ်များကို ၂၀၂၀ ပြည့်နှစ် မတိုင်မီ အသုံးပြုမည် နှစ်ပေါင်း ၁၅ နှစ်အကြာ လေ့လာသုတေသနများ ပြုလုပ်ခဲ့ကာ၊ အကြိမ် ၂၀၀ ကျော် ပျံသန်းခဲ့ပြီးနောက် တစ်စင်းလျှင် ဒေါ်လာ ၁၄ သန်းကျော် တန်မည့် မောင်းသူမဲ့ MASH သူနာပြု လေယာဉ်များကို၂၀၂၀ ပြည့်နှစ် မတိုင်မီ ဈေးကွက်အရောက်ပို့မည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
2021/04/22 17:06:44
http://thevoicemyanmar.com/it?page=26
mC4
ရင်နင့်ဖွယ် တောမီးလောင်မှုကြောင့်သေကြေပျက်စီးသွားတဲ့တောရိုင်း တိရိစ္ဆာန်အချို့ ပြီးခဲ့တဲ့ နို၀င်ဘာလပိုင်းက ကယ်လီဖိုးနီးယား မြောက်ပိုင်းဒေသမှာ တောမီးလောင်မှုကြောင့် တောရိုင်းတိရိစ္ဆာန်အချို့၊ အိမ်မွေးတိရိစ္ဆာန်အချို့နဲ့ လူအချို့ သေကြေပျက်စီခဲ့ရပါတယ်။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တိရိစ္ဆာန်အချို့ကတော့ မီးလောင်ဒဏ်ကြောင့် ဒဏ်ရာကြီးကြီးမားမားတွေ ရရှိခဲ့ပါတယ်။ ထို ဒဏ်ရာရရှိထားတဲ့ တိရိစ္ဆာန်အချို့နဲ့ လူတွေအတွက် ကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ပြီး အရေးပေါ်ကုသရေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တောရိုင်းတိရိစ္ဆာန်အချို့ဟာ မီးလောင်မှုကြောင့် မျက်စိ၊ ခြေထောက် နဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ရေကန်ထဲဝင်နေလို့ အသက်ဘေးက လွတ်ခဲ့တဲ့မြင်းလေး မျက်လုံးနဲ့ အခြားဒဏ်ရာအချို့ရရှိခဲ့တဲ့ကြောင်လေး မီးလောင်မှုကြောင့် ခြေနှစ်ချောင်း ဒဏ်ရာရရှိသွားတဲ့ခွေးလေး ဆေးကုသမှုခံယူ ဒီအဖြစ်အပျက်ကြီးဟာ ကယ်လီဖိုးနီးယားနိုင်ငံအတွက် အကြီးမားဆုံး မီးလောင်မှုကြီးဖြစ်ပြီး အိမ်ခြေပေါင်း ရ၁၀၀ လောက်ဆုံးရှုံးခဲ့ရပါတယ်။ နောက်ဆုံးစာရင်းကောက်ယူမှုအရ သေဆုံးသူ ၄၈ယောက်အထိရှိပြီး ဒဏ်ရာရရှိသူ ထောင်ကျော်ရှိပါတယ်။ အိမ်မွေးတိရိစ္ဆာန်တွေ၊ တောရိုင်းတိရိစ္ဆာန်တွေများစွာပါ ပျက်စီးဆုံးရှုံးခဲ့ရတာကြောင့် ဒီအဖြစ်အပျက်ကြီးဟာ ကယ်လီဖိုးနီးယားအတွက် အသေအပျောက်အများဆုံး အဖြစ်အပျက်ကြီးတစ်ခုပဲဖြစ်ပါတယ်။
2020/05/26 03:11:41
https://lifestylemyanmar.com/%E1%80%9B%E1%80%84%E1%80%BA%E1%80%94%E1%80%84%E1%80%B7%E1%80%BA%E1%80%96%E1%80%BD%E1%80%9A%E1%80%BA-%E1%80%90%E1%80%B1%E1%80%AC%E1%80%99%E1%80%AE%E1%80%B8%E1%80%9C%E1%80%B1%E1%80%AC%E1%80%84%E1%80%BA/
mC4
နေလင်းအောင်: သမ္မာကျမ်းစာနှင့် မီးသွေးခြင်းတောင်း ဒီပုံပြင်ကိုတော့ အရှေ့ပိုင်း ကင်တက်ကီ တောင်တန်းဒေသရှိ လယ်ယာမြေတစ်ခုမှာ မြေးယောက်ျားလေးနှင့်အတူ နေထိုင်နေတဲ့ အဘိုးအိုတစ်ဦးက ပြောပြခဲ့ပါတယ်။ အဘိုးအိုဟာ နံနက်တိုင်း စောစောထပြီး မီးဖိုချောင် စားပွဲမှာထိုင်ကာ သူရဲ့ ဟောင်းနွမ်းစုတ်ပြဲနေတဲ့ သမ္မာကျမ်းစာအုပ်ကို ဖတ်လေ့ရှိပါတယ်။ အဘိုးလို ဖြစ်ချင်နေတဲ့ သူ့မြေးဟာ အဘိုးလုပ်သမျှ တတ်နိုင်သလောက် လိုက်လံတုပဖို့ ကြိုးစားကြည့်ပါတယ်။ တစ်နေ့မှာတော့ မြေးက ပြောလာပါတယ်။ "အဘိုးရေ…ကျွန်တော်လည်း အဘိုးလိုပဲ သမ္မာကျမ်းစာကို ဖတ်ဖို့ ကြိုးစားကြည့်ပါတယ်။ ဒါပေမယ့် ကျွန်တော် နားမလည်ဘူးဗျာ။ ကျွန်တော် နားလည်ထားတာကတော့ စာအုပ်ကို ပိတ်လိုက်ပြီးတဲ့နောက် ချက်ချင်းမေ့သွားတယ် ဆိုတာပါပဲ။ သမ္မာကျမ်းစာကိုဖတ်ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲဗျ" အဘိုးအိုဟာ မီးဖိုထဲ မီးသွေးတွေ ထည့်နေရင်းမှ လှည့်ကြည့်ကာ အေးဆေးစွာ ပြောလိုက်ပါတယ်။ "ဒီ မီးသွေးခြင်းတောင်းကို ယူရင်း မြစ်ဆီသွားလိုက်ပါ။ ပြီးရင် ရေတစ်ခြင်း ထည့်ယူလာခဲ့ပါ။" လူကလေးက ပြောတဲ့အတိုင်း လုပ်ဆောင်ပါတယ်။ ဒါပေမယ့် သူ အိမ်ပြန်မရောက်မီ ရေတွေအားလုံး စိမ့်ထွက်ကျကုန်တယ်။ အဘိုးက ရယ်ပြီးပြောလိုက်ပါတယ်။ "နောက်တစ်ကြိမ်ဆို ငါ့မြေး ပိုပြီး မြန်မြန် ပြေးလာရလိမ့်မယ်။" အဲဒီနောက် အဘိုးဟာ မြေးကို မြစ်ဆီသွားပြီး နောက်တစ်ကြိမ် ရေထည့်လာဖို့ စေခိုင်းလိုက်ပြန်တယ်။ ဒီအကြိမ်မှာတော့ လူငယ်လေးဟာ ပိုပြီးမြန်အောင် ပြေးပါတယ်။ ဒါပေမယ့် မီးသွေးခြင်းတောင်းကတော့ အိမ်မရောက်မီမှာပင် ရေတွေ ကုန်သွားပြန်တယ်။ သူဟာ ဟောဟဲလိုက်ရင်း ခြင်းတောင်းတစ်လုံးနဲ့ ရေခပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ အဘိုးကို ပြောလိုက်ပါတယ်။ ပြီးတော့ ရေဆွဲပုံးတစ်လုံးရှာဖို့ ထွက်သွားပါတယ်။ အဘိုးက ပြောပါတယ်။ "အဘိုး ရေဆွဲပုံးနဲ့ရေကို မလိုချင်ဘူး။ ဝါးခြင်းတောင်းနဲ့ရေကိုသာ လိုချင်တာပါ။ ငါ့မြေး လုပ်ပေးနိုင်ပါတယ်။ ငါ့မြေးဟာ ကောင်းမွန်လုံလောက်စွာ ကြိုးစားအားထုတ်မှု မရှိခဲ့လို့ပါ။" အဲဒီနောက် အဘိုးဟာ သူ့မြေး နောက်တစ်ကြိမ် ကြိုးစားတာကို စောင့်ကြည့်ဖို့ တံခါးအပြင် ထွက်လိုက်ပါတယ်။ မြေးက ဒီတစ်ကြိမ်မှာလည်း မဖြစ်နိုင်ဘူးဆိုတာ သိနားလည်ပါတယ်။ ဒါပေမယ့် သူ ဘယ်လောက်ပဲ ခပ်မြန်မြန်ပြေးပါစေ၊ အဝေးကြီးမရောက်မီ ရေတွေအားလုံး စိမ့်ထွက်ကျကုန်လိမ့်မယ်ဆိုတာ အဘိုးဖြစ်သူကို ပြသချင်ခဲ့တယ်။ မြေးဟာ ရေထည့်ကာ ခပ်မြန်မြန် ပြေးလာပါတယ်။ ဒါပေမယ့် အဘိုးဆီ သူ ပြန်ရောက်တဲ့အချိန်မှာ ခြင်းတောင်းထဲ ရေမကျန်တော့ပါဘူး။ သူဟာ မောပန်းစွာနဲ့ ပြောလိုက်ပါတယ်။ "ဒါဟာ အချည်းနှီးပဲဆိုတာ အဘိုး တွေ့တယ်မို့လား။" အဘိုးအိုက ပြန်ပြောလိုက်ပါတယ်။ "ခြင်းတောင်းကို ကြည့်လိုက်စမ်းပါ" မြေးက ခြင်းတောင်းကို ကြည့်လိုက်ပါတယ်။ ခြင်းတောင်းဟာ ယခင်နဲ့ မတူတော့တာကို ပထမဆုံးအကြိမ် သူ သတိပြုမိလိုက်ပါတယ်။ ညစ်ပတ်နေတဲ့ မီးသွေးခြင်းတောင်း မဟုတ်တော့ဘဲ သန့်ရှင်းနေတဲ့ ခြင်းတောင်းဖြစ်သွားပါပြီ။ "မြေးရေ…သမ္မာကျမ်းစာကို ဖတ်တဲ့အခါ အဲဒီလို ဖြစ်လာပါလိမ့်မယ်။ သမ္မာကျမ်းစာထဲပါတဲ့ စာသားအားလုံးကိုတော့ ငါ့မြေး နားလည်ချင်မှ နားလည်မှာပါ။ အားလုံး မှတ်မိချင်မှလည်း မှတ်မိမှာပါ။ ဒါပေမယ့် ငါ့မြေး ဖတ်လိုက်တဲ့အခါ သမ္မာကျမ်းစာက ငါ့မြေးရဲ့ အတွင်းစိတ်ကို စတင်ပြောင်းလဲ ပေးပါလိမ့်မယ်။" မီးသွေးခြင်းတောင်းက ပေးသော သင်ခန်းစာ နေ့စဉ်နေ့တိုင်း ဘုရားသခင်ရဲ့စကား တစ်စိတ်တစ်ပိုင်းလောက်ဖတ်ဖို့ အချိန်ပေးကြည့်ပါ။ သင်ဟာ ဖတ်ထားသမျှ အများကြီး သတိရှိရှိနဲ့ မလိုက်နာနိုင်သေးလျှင်ပင် ကောင်းမွန်တဲ့ အကျိုးဆက်တွေ သင့်အပေါ် သက်ရောက်လာပါလိမ့်မယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ကတော့ ဗုဒ္ဓစကား နေ့တိုင်းကြားနာ၊ ဖတ်ရူ့ကြည့်ရပါမယ်။ ကျွန်တော်တို့လည်း ဗုဒ္ဓစကားကို အားလုံးနားလည်ချင်မှ နားလည်မှာပါ။ နားလည်ထားသလောက် လက်တွေ့ကျကျ စတင်ကျင့်ကြံ လိုက်နာမည်ဆိုလျှင် ညစ်နွမ်းခက်ထန်နေတဲ့ စိတ်သဘောထားတွေ တဖြည်းဖြည်း ပျော့ပျောင်း ပြောင်းလဲလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ စိတ်ကသာ အရာရာ ဦးဆောင်ပါတယ်။ ကုသိုလ်ရေးနဲ့ စိတ်ကောင်းစိတ်မြတ် မွေးနိုင်ဖို့ဆိုတာ စိတ်ထဲမှာ ဗုဒ္ဓစကားတွေ ရှိနေမှသာ ဖြစ်နိုင်မှာပါ။ လက်တွေ့ကျကျ ကျင့်ကြံနိုင်ဖို့ဆိုတာကတော့ တရားစကားတွေ တတ်နိုင်သလောက် လိုက်နာလုပ်ဆောင်ခြင်းဖြင့်သာ စတင်နိုင်ပါတယ်။ Ref; The Bible and the Old Wicker Coal Basket by Unknown Author One day the grandson asked, "Papa, I try to read the Bible just like you but I don't understand it, and what I do understand I forget as soon as I close the book. What good does reading the Bible do?" The Grandfather quietly turned from putting coal in the stove and said, "Take this old wicker coal basket down to the river and bring back a basket of water." At this point, the boy knew it was impossible, but he wanted to show his grandfather that even if he ran as fast as he could, the water would leak out before he got far at all. The boy scooped the water and ran hard, but when he reached his grandfather the basket was again empty. Out of breath, he said, "See Papa, it's useless!" "So you think it is useless?" The old man said, "Look at the basket." Take time to read a portion of God's word each day; it will affect you for good even if you don't consciously retain much of what you have read.
2019/06/27 11:45:22
http://naylinaung1.blogspot.com/2013/03/blog-post_6711.html
mC4
လူကြမ်းကြီးကိုအောင်လရဲ့ ချစ်ဇနီးအပေါ် ၁၂နှစ်ပြည့်ချစ်သက်တမ်းအတွက် ရင်ထဲကခံစားချက် - Media Update News Skip to content December 6, 2022 Media Update News News Media Website Sample Page ကားကို သေချာမောင်းနေတဲ့ ဆုမြတ်နိုး ကို ဒေါသထွက်ပြီး စိတ်မဆိုးအောင် တမင်ဘေးကလိုက်စနေတဲ့ ကျော်ကျော် ရိုက်ထားတဲ့ ဗီဒီရို ဖိုင် Search for: Main Menu Cele လူကြမ်းကြီးကိုအောင်လရဲ့ ချစ်ဇနီးအပေါ် ၁၂နှစ်ပြည့်ချစ်သက်တမ်းအတွက် ရင်ထဲကခံစားချက် September 6, 2021 September 6, 2021 - by admin အောင်လအန်ဆိုင်းကတော့လက်ဝှေ့ပွဲတွေ မှာအကောင်းဆုံးယဉ်ပြိုင်နိုင်ပြီးတော့ရလဒ်ကောင်းတွေရရှိခဲ့တဲ့အတွက်ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ကစားသမားကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ အောင်လအန်ဆိုင်းကတော့မြန်မာပြည်မှာသာမကပဲ နိုင်ငံခြားကပါအားပေးခြင်းခံရတာကြောင့်အောင်မြင်မှုတွေများစွာကိုလဲရရှိထားပါတယ်နော်။အောင်လအန်ဆိုင်းကတော့ချစ်ရတဲ့ဇနီးဖြစ်သူနဲ့သားသားမီးမီးကိုပါ ပိုင်ဆိုင်ထားပြီးအေးချမ်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားပါတယ်။ အခုတစ်ခါမှာဆိုရင်လဲအောင်လအန်ဆိုင်းကမင်္ဂလာသက်တမ်း၁၂နှစ်​ပြည့်လေးမှာသူရဲ့ ခံစားချက်လေးတွေကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။အောင်လအန်ဆိုင်းကလက်ထက်တာက၈နှစ်အတူတူရှိတာက၁၂နှစ်ပြည့်ပြီ၊ပျော်ရွှင်ပ ါစေနော်၊ငါမင်းနဲ့အတူတူအသက်ကြီးသွားတာချစ်မြတ်နိုးတယ်ဆိုပြီးတော့သူ့ရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြထားပါတယ်။ Credit:mdatenews mdatenews Related Posts ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီးတဲ့နောက် ငယ်ချစ်ဦးနဲ့ ပြန်ပေါင်းထုပ်ဖို့ကြံနေတယ်ဆိုတဲ့ မို့မို့မြင့်အောင် December 6, 2022 December 6, 2022 အဆိုတော်ရန်ရန်ချမ်း ရဲ့မွေးနေ့ကို ဘယ်သူမှမမြင်ဖူးသေးတဲ့ဓာတ်ပုံလေးနဲ့ ဆုတောင်းပေးလိုက်တဲ့ အဆိုတော် R ဇာနည် December 6, 2022 December 6, 2022 လက်ထပ်ပြီးသိပ်မကြာသေးပဲ မွေးလာတဲ့ သားသားရဲ့ချစ်ဖို့ကောင်းတဲ့ ဓာတ်ပုံလေး ကို ကိုယ်တိုင်ရိုက်ပြီးတင်ပေးလာတဲ့ ဖေဖေနေတိုး December 6, 2022 December 6, 2022 Post navigation Previous Article စားဝတ်နေရေးအခက်အခဲတွေကြောင့် စျေးပြန်ရောင်းတော့မယ်လို့ ပရိတ်သတ်တွေကို ပြောလာတဲ့ အဆိုတော်ဗီဗာဟိန်း Next Article ရေဝေးသုဿန်နားမှာစွန့်ပစ်ခံရတဲ့ကလေးကို ခေါ်ယူစောင့်ရှောက်ပြီးနောက် ကလေးနဲ့အတူ ကုသိုလ်ရေးတွေလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ About admin View all posts by admin → Search for: Recent Posts ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီးတဲ့နောက် ငယ်ချစ်ဦးနဲ့ ပြန်ပေါင်းထုပ်ဖို့ကြံနေတယ်ဆိုတဲ့ မို့မို့မြင့်အောင် အဆိုတော်ရန်ရန်ချမ်း ရဲ့မွေးနေ့ကို ဘယ်သူမှမမြင်ဖူးသေးတဲ့ဓာတ်ပုံလေးနဲ့ ဆုတောင်းပေးလိုက်တဲ့ အဆိုတော် R ဇာနည် လက်ထပ်ပြီးသိပ်မကြာသေးပဲ မွေးလာတဲ့ သားသားရဲ့ချစ်ဖို့ကောင်းတဲ့ ဓာတ်ပုံလေး ကို ကိုယ်တိုင်ရိုက်ပြီးတင်ပေးလာတဲ့ ဖေဖေနေတိုး အရင်လို ပျော်ရွှင်နေတဲ့ဘဝကို ပြန်လည်ဖြတ်သန်းဖို့ ဘယ်တော့မှမဖြစ်နိုင်တော့ဖူးဆိုတဲ့ ပိုင်ဖြိုးသု ရဲ့ခင်ပွန်း ဏကြီး
2022-12-06T17:32:28Z
https://mediaupdatenews.com/archives/3016
OSCAR-2301
ဇူလိုင် ၁ ရက်နေ့က ရုရှားသမ္မတပူတင် လာရောက်မဲပေးနေစဉ် ရုရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးကို မဲဆန္ဒရှင်တွေက ထောက်ခံကြောင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကနဦးရလဒ်တွေမှာ ဖေါ်ပြနေတာကြောင့် လက်ရှိ သမ္မတ Vladimir Putin ဟာ နောက်ထပ် ပြန်ပြီး ဝင်အရွေးခံနိုင်မှာ ဖြစ်သလို ၂၀၃၆ ခုနှစ်အထိလည်း အာဏာဆက်မြဲဖို့ လမ်းပွင့်သွားပါပြီ။ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရေးအတွက် မဲဆန္ဒရှင် ၇၃% လောက်က ထောက်ခံကြပြီး ကန့်ကွက်သူက ၂၆ % တောင် မပြည့်ဘူးလို့ မဲပေးတဲ့လုပ်ငန်းစဉ် ၀.၇၈ % လုပ်ဆောင်ပြီးဖြစ်တဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ ဗဟိုရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ မော်စကိုမြို့တော်က မဲရုံတွေမှာ ရုရှားစံတော်ချိန် နေ့လည် ၂ နာရီအထိ မဲလာပေးသူ ၄၆ % ရှိနေသလို ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ St. Petersburg မှာတော့ ၆၂% လာရောက်မဲပေးကြတယ်လို့ ပြောပါ တယ်။ မဲရုံတွေမှာ စည်းမျဉ်းချိုးဖေါက်မှု အများအပြားရှိနေတယ်လို့ လွတ်လပ်တဲ့ သီးခြားစောင့်ကြည့်လေ့လာသူတွေနဲ့ သတင်းသမားတွေ အပြင် ရွေးကောက်ပွဲ ကော်မရှင် ဝန်ထမ်းတွေကပါ ပြောပါတယ်။ မဲပေးရမယ့် နောက်ဆုံးရက်ကို ဇူလိုင်လ ၁ ရက်နေ့ အထိသတ်မှတ်ထားတာပါ။ မဲရုံတွေကို ဇွန်လ ၂၅ ရက်နေ့ကစဖွင့်ပေးခဲ့တာ ဖြစ်ပြီး အခုလို မကြုံစဖူး တပတ်ကြာ မဲရုံတွေ ဖွင့်ပေးရတာဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွါးနေတာကြောင့် မဲရုံတွေမှာ လူတွေတိုးမနေရအောင် လုပ်ပေးတာ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အခုလို ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေးဟာ နိုင်ငံတည်ငြိမ်ရေးနဲ့ လုံခြုံရေး အတွက် လိုအပ်တယ်လို့ ရုရှုား အစိုးရက ပြောပေမယ့် သမ္မတ Putin ကို ဝေဖန်သူတွေကတော့ ဒါဟာ အသက် ၆၇ နှစ် ရှိပြီဖြစ်တဲ့ သူ့ကို တသက်တာ အာဏာမြဲစေဖို့ လုပ်ဆောင်တာ ဖြစ်ကြောင်း ပြောပါတယ်။ သမ်မတပူတငျ အာဏာတညျမွဲစမေယျ့ ရုရှားဖှဲ့စညျးပုံအသဈ ပွညျသူအမြားစုထောကျခံဟုဆို ရုရှားနိုငျငံ ဖှဲ့စညျးပုံအခွခေံဥပဒေ ပွနျလညျပွငျဆငျရေးကို မဲဆန်ဒရှငျတှကေ ထောကျခံကွောငျး ပွညျလုံးကြှတျဆန်ဒခံယူပှဲ ကနဦးရလဒျတှမှော ဖျေါပွနတောကွောငျ့ လကျရှိ သမ်မတ Vladimir Putin ဟာ နောကျထပျ ပွနျပွီး ဝငျအရှေးခံနိုငျမှာ ဖွဈသလို ၂၀၃၆ ခုနှဈအထိလညျး အာဏာဆကျမွဲဖို့ လမျးပှငျ့သှားပါပွီ။ ဖှဲ့စညျးပုံပွနျလညျပွငျဆငျရေးအတှကျ မဲဆန်ဒရှငျ ၇၃% လောကျက ထောကျခံကွပွီး ကနျ့ကှကျသူက ၂၆ % တောငျ မပွညျ့ဘူးလို့ မဲပေးတဲ့လုပျငနျးစဉျ ဝ.၇၈ % လုပျဆောငျပွီးဖွဈတဲ့ ဇူလိုငျလ ၁ ရကျနမှေ့ာ ဗဟိုရှေးကောကျပှဲ ကျောမရှငျက ပွောပါတယျ။ မျောစကိုမွို့တျောက မဲရုံတှမှော ရုရှားစံတျောခြိနျ နလေ့ညျ ၂ နာရီအထိ မဲလာပေးသူ ၄၆ % ရှိနသေလို ဒုတိယအကွီးဆုံးမွို့ဖွဈတဲ့ St. Petersburg မှာတော့ ၆၂% လာရောကျမဲပေးကွတယျလို့ ပွောပါ တယျ။ မဲရုံတှမှော စညျးမဉျြးခြိုးဖေါကျမှု အမြားအပွားရှိနတေယျလို့ လှတျလပျတဲ့ သီးခွားစောငျ့ကွညျ့လလေ့ာသူတှနေဲ့ သတငျးသမားတှေ အပွငျ ရှေးကောကျပှဲ ကျောမရှငျ ဝနျထမျးတှကေပါ ပွောပါတယျ။ မဲပေးရမယျ့ နောကျဆုံးရကျကို ဇူလိုငျလ ၁ ရကျနေ့ အထိသတျမှတျထားတာပါ။ မဲရုံတှကေို ဇှနျလ ၂၅ ရကျနကေ့စဖှငျ့ပေးခဲ့တာ ဖွဈပွီး အခုလို မကွုံစဖူး တပတျကွာ မဲရုံတှေ ဖှငျ့ပေးရတာဟာ ကိုရိုနာဗိုငျးရပျဈကပျရောဂါ ဖွဈပှါးနတောကွောငျ့ မဲရုံတှမှော လူတှတေိုးမနရေအောငျ လုပျပေးတာ ဖွဈကွောငျး အာဏာပိုငျတှကေ ပွောပါတယျ။ အခုလို ဖှဲ့စညျးပုံ ဥပဒပွေငျဆငျရေးဟာ နိုငျငံတညျငွိမျရေးနဲ့ လုံခွုံရေး အတှကျ လိုအပျတယျလို့ ရုရှုား အစိုးရက ပွောပမေယျ့ သမ်မတ Putin ကို ဝဖေနျသူတှကေတော့ ဒါဟာ အသကျ ၆၇ နှဈ ရှိပွီဖွဈတဲ့ သူ့ကို တသကျတာ အာဏာမွဲစဖေို့ လုပျဆောငျတာ ဖွဈကွောငျး ပွောပါတယျ။
2022/07/02 10:42:29
https://burmese.voanews.com/a/russia-constitutional-vote-/5485769.html
mC4
ယောက်ျားမယူကြေးဆိုတဲ့ ခင်ဝင့်ဝါနဲ့ ဝိုင်းလေး – ShweBo News ဝိုင်းလေးနဲ့ ခင်ဝင့်ဝါတို့ သူငယ်ချင်း နှစ်ယောက်က အနုပညာ ညီအစ်မတွေ ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း အရမ်းခင်ကြပါတယ်။ ဝိုင်းလေးကိုတော့ အသည်းကွဲ သီချင်းတွေကြောင့် ပရိသတ်တွေက ပိုပြီးအားပေးကြသလို ခင်ဝင့်ဝါကိုတော့ ချစ်ဖို့ကောင်းတဲ့ ဟန်ပန်မူရာလေးတွေကြောင့် ခေးလေးဆိုပြီး တင်စားကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ ချစ်သူမရှိသေးတဲ့ သူတို့နှစ်ဦးက ယောက်ျားမယူကြေးလို့ ကတိပေးထားကြတယ်လို့လည်း သိရပါတယ်။ ပရိသတ်တွေကို သို့လော သို့လော မျက်လုံးပြူးအောင် ပြောပြတဲ့ ဒီစကားရဲ့ အကြောင်းရင်းကိုတော့ ခင်ဝင့်ဝါထံမှ ခုလို ကြားသိရပါတယ်။
2019/06/17 21:06:18
https://shwebo.net/archives/1375
mC4
အင်္ဂလန်အသင်းသားတွေကို အားပေးစကားဆိုလိုက်တဲ့ ၀ိန်းရွန်နီ – Sports (obsolete) – World Cup 2018 – Duwun အင်္ဂလန်အသင်းသားတွေကို အားပေးစကားဆိုလိုက်တဲ့ ၀ိန်းရွန်နီ ရွန်နီက လက်ရှိမှာ အဲဗာတန်အသင်းကနေ အမေရိကန်လိဂ် DC ယူနိုက်တက်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ KKS 2018-07-03 11:45:24.0, 2018-07-03 11:45:24.0 အသက် ၃၂ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း ၀ိန်းရွန်နီက ၂၀၁၈ ကမ္ဘာ့ဖလားကို ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ အင်္ဂလန် အသင်းသားတွေကို အားပေးစကားဆိုလိုက်ပါတယ်။ Photo - ecolightsolutions.org ၀ိန်းရွန်နီက အင်္ဂလန်အသင်းအတွက် အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်ခဲ့သလို ကမ္ဘာ့ဖလားနဲ့ဥရောပဖလား ပြိုင်ပွဲအပါအ၀င် အခြားသော ပြိုင်ပွဲ တွေကိုလည်း ပါဝင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။ " ဒီအချိန်က အခြေအနေကောင်းကို ပိုင်ဆိုင်ထားပါတယ်။ဒီအချိန်မှာ အားလုံးသော ကစားသမားတွေအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ် ရမယ်ဆိုတဲ့ အိပ်မက်ကို ထားရှိထားဖို့ လိုနေပါပြီ။" လို့ ရွန်နီက ပြောခဲ့ပါတယ်။ အင်္ဂလန်အသင်းကို အများက စောင့်ကြည့်နေကြပြီး ယခုနှစ် အုပ်စုအဖွင့် ၂ ပွဲမှာ အနိုင်ရခဲ့ပြီးတဲ့နောက် အင်္ဂလန်အသင်းသားတွေ စိတ်ဓာတ် မြင့်တက်လာခဲ့ပါတယ်။ ရွန်နီက -" စောသေးတယ်ဆိုပေမယ့် ဘာမဆို ဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ ပြန်လာရသည်ဖြစ်စေ ၊ နောက်တစ်ဆင့် တက်ခဲ့သည်ဖြစ်စေ မီဒီ ယာနဲ့ ပရိသတ်တွေက စောင့်ကြိုနေမှာပါပဲ။လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော် အသင်းခေါင်းဆောင်အဖြစ်နဲ့ အင်္ဂ လန်ကို ဦးဆောင်ခဲ့တယ်။အသင်းသားအားလုံး အရည်အချင်းကိုယ်စီနဲ့ စွမ်းဆောင်ရည်တွေမြင့်မားကြတာ ကျွန်တော်မြင်ခဲ့တယ်။အခုလည်း ပရိ သတ်တွေက ထပ်ပြီးအားပေးနေဆဲပဲ။ဒါကြောင့် ကျွန်တော်တို့ အိပ်မက်တွေ ကြီးကျယ်ခမ်းနားနေဖို့တော့ လိုပါတယ်။" လို့ အားပေးစကားဆိုခဲ့ ပါတယ်။ ရွန်နီမှာ ၂၀၁၆ ယူရိုဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို အသင်းခေါင်းဆောင်အဖြစ်ဦးဆောင်ကစားခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲအပြီးမှာ လက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအသင်းရဲ့ ခေါင်းဆောင် ဟယ်ရိကိန်းအပါအ၀င် ၊အလီ၊စတားလင်း၊ရက်ရ်ှဖို့ဒ်နဲ့ လင်ဂတ်တို့က ကြောက်စရာ ကောင်းတဲ့ တိုက်စစ်မှူး တွေလို့ မှတ်ချက်ပေးခဲ့ပြီး နည်းပြ ဆောက်ဂိတ်က လွတ်လပ်စွာ ကစားခွင့်ပေးမယ်လို့လည်း မျှော်လင့်နေပါတယ်။ အင်္ဂလန်အသင်းကတော့ ဒီကနေ့ည မြန်မာစံတော်ချိန် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၀၀း၃၀ အချိန်မှာ ကိုလံဘီယာအသင်းနဲ့ ကမ္ဘာ့ဖလား ၁၆ သင်း အဆင့် ပွဲစဉ်ကို ကစားရမှာပါ။
2018/11/16 14:52:56
http://www.duwun.com.mm/sports/world-cup-2018/-id8571983.html
mC4
တရုတ်တွင် ပုလိပ်ကပ်ရောဂါဖြစ်ပွားနေပြီဟူသော သတင်းမှား ပျံ့နှံ့ | သတင်းအချက်အလက်စိစစ်မှု (FILES) In this file photo people wait in line to undergo COVID-19 coronavirus swab tests at a testing station in Beijing on June 30, 2020. - The United States called July 7, 2020 on China to free an outspoken professor who was detained after criticizing President Xi Jinping over the coronavirus pandemic. Xu Zhangrun, a law professor at Tsinghua University, one of China's top institutions, was taken from his home in suburban Beijing on Monday along with more than 20 other people, his friends said. (Photo by GREG BAKER / AFP) (AFP / Greg Baker) တရုတ်တွင် ပုလိပ်ကပ်ရောဂါဖြစ်ပွားနေပြီဟူသော သတင်းမှား ပျံ့နှံ့ AFP ဖိလစ်ပိုင်, AFP မြန်မာ ပုံနှိပ်ဖော်ပြသည့်နေ့စွဲ အင်္ဂါ 14 ဇူလိုင် 2020 အချိန် 06:30နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ ကြာသပတေး 23 ဇူလိုင် 2020 အချိန် 07:14 ပလိပ်ကပ်ရောဂါတစ်မျိုးကို တရုတ်နိုင်ငံမှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအစောပိုင်းက တွေ့တဲ့အကြောင်းနဲ့ "ဆိုးရွားတဲ့ကမ္ဘာ့ကပ်ရောဂါ" ဖြစ်လာနိုင်ခြေရှိတဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာတယ်ဆိုပြီး ပြောထားတဲ့ပို့စ်တွေကို Facebook နဲ့ Twitter ပေါ်မှာ အကြိမ်ရေထောင်ချီ ပြန်လည် မျှဝေခဲ့ကြပါတယ်။ ချောင်းဆိုးရာကနေထွက်တဲ့ အမှုန်အစက်တွေကနေ ပလိပ်ရောဂါပျံ့နှံ့မယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာ (CDC) ကနေပြောတယ်ဆိုပြီးတော့လည်း အဲဒီပို့စ်တွေမှာ ထည့်ရေးထားပါသေးတယ်။ ဒီပြောကြားချက်တွေဟာ နားလည်မှု လွဲမှားစေနိုင်ပြီး ပုလိပ်ရောဂါဟာ စိုးရိမ်ရတဲ့ရောဂါမျိုးမဟုတ်တော့ကြောင်းနဲ့ ကောင်းစွာထိန်းချုပ်ကုသနိုင်တဲ့အခြေအနေမျိုးရှိနေကြောင်း WHO က ဆိုထားသလို CDC ကလည်း ပလိပ်ရောဂါဟာ များသောအားဖြင့် သန်းတွေ၊ မွှားတွေ ကိုက်ခံရတာကနေသာ ကူးစက်လေ့ရှိလို့ ပြောပါတယ်။ အဲဒီပို့စ်ကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က တင်ထားခဲ့ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၇၀၀ ကျော် ရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ရဲ့ screenshot ပို့စ်မှာတော့ ပလိပ်ကပ်ရောဂါအကြောင်း WHO နဲ့ CDC က တိကျတဲ့သတင်းအချက်အလက်တွေကို ကိုးကားထားတာဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။ ပို့စ်နဲ့အတူ တွဲတင်ထားတဲ့ဓာတ်ပုံမှာတော့ ပလိပ်ရောဂါလူနာတစ်ယောက်ပုံကို ပုံဖော်ထားတဲ့ဖယောင်းရုပ်တုကို တွေ့ရပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်တဲ့ အတွင်းမွန်ဂိုးလျားဒေသမှာ ပလိပ်ရောဂါတွေ့တယ်လို့ AFP သတင်းဌာနက ဒီလင့်ခ်မှာ ရေးသားဖော်ပြပြီး ရက်ပိုင်းအကြာ အခုလို နားလည်မှုလွဲစေနိုင်တဲ့ပြောဆိုမှုတွေ ထွက်ပေါ်လာတာပါ။ အလားတူပြောထားတဲ့ ပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်အပြင် Twitter ရဲ့ ဒီလင့်ခ်တွေမှာ တင်ထားပြီး ပြန်လည်မျှဝေသူ အကြိမ်ရေ ရာနဲ့ချီ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ နားလည်မှုလွဲစေနိုင်ပါတယ်။ "ဆိုးရွားတဲ့ကပ်ရောဂါ" လို့လည်းဆို​ ပို့စ်ပါ စာသားအချို့ကတော့ အခုလိုပဲ ဖြစ်ပါတယ်။ "ကြားဖြတ်သတင်း။ ။ ပလိပ်ကပ်ရောဂါ တစ်ကျော့ပြန်လာပြီလား / တရုတ်နိုင်ငံမှာ ကူးစက်သေဆုံးနှုန်းအလွန်မြင့်တဲ့ရောဂါတစ်မျိုးကို အတည်ပြုလိုက်ပြီး ဆိုးရွားတဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်လာနိုင်ချေရှိတယ်လို့ WHO က ဆိုပါတယ်။ ခေတ်သစ်ပဋိဇီဝဆေးတွေနဲ့ကုတဲ့အခါ ဒီရောဂါကို ကုနေရင်း နောက်ရောဂါတစ်မျိုးထပ်တိုးတဲ့ဖြစ်စဉ်တွေ ရှိလာပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်" ဒါဟာ နားလည်မှု လွဲစေနိုင်ပါတယ်။ တကယ်တော့ WHO ကနေ ကြေညာထားတာက ပလိပ်ကပ်ရောဂါကို "ကောင်းစွာ ထိန်းချုပ်နိုင်ပြီ" ဖြစ်ပါတယ်။ ပလိပ်ကပ်ရောဂါဟာ "အဖြစ်များတဲ့ ကပ်ဆိုးတစ်မျိုးဖြစ်ပြီး ကူးစက်လွယ်တဲ့ သန်းတွေ၊ မွှားတွေကိုက်ခံရတာကနေ ဖြစ်လေ့ရှိတယ်" လို့ WHO က ဆိုထားတာပါ။ WHO ပြောခွင့်ရပုဂ္ဂိုလ်မာဂရက်ဟားရစ်ရဲ့ ပြောစကားကို AFP က ကိုးကားပြီး ဇူလိုင်လ ၇ ရက်နေ့တုန်းက ဒီလင့်ခ်မှာ အခုလို သတင်းရေးတင်ထားပါတယ်။ "တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့အရေအတွက်ကို ကျွန်မတို့ စောင့်ကြည့်နေပါတယ်။ ရောဂါကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ပါတယ်။ အခုအချိန်မှာတော့ ရောဂါက အခြေအနေဆိုးရွားတယ်လို့ ကျွန်မတို့ မယူဆပါဘူး။ ဒါပေမယ့် ကျွန်မတို့ သေချာဂရုတစိုက် စောင့်ကြည့်နေပါတယ်" ဒီလင့်ခ်ပါ WHO ရဲ့ ထုတ်ပြန်ချက်မှာ အခုလိုပဲ ပါရှိပါတယ်။ "ပလိပ်ကပ်ရောဂါဆိုးဟာ ၁၄ ရာစုတုန်းက ဥရောပမှာ လူ သန်း ၅၀ ကျော် သေဆုံးခဲ့ရတဲ့ Black Death ကာလအပါအဝင် သမိုင်းတစ်လျှောက် ကပ်ရောဂါများစွာရဲ့ တရားခံဖြစ်ခဲ့တာမှန်ပေမယ့် ဒီနေ့ခေတ်မှာတော့ ပဋိဇီဝဆေးတွေ၊ သတ်မှတ်ထားတဲ့ ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေနဲ့ အလွယ်တကူ ကုသနိုင်နေပြီ ဖြစ်ပါတယ်" "ချောင်းဆိုးရင် ရောဂါပြန့်တယ်" လို့ ပြောတာလည်းရှိ​ အဲဒီပို့စ်ပါ နောက်ထပ်ပြောဆိုမှုတစ်ခုကတော့ "ပလိပ်ကပ်ရောဂါဟာ လေထဲကနေ ပျံ့နှံ့နိုင်ပြီး ရောဂါကူးစက်ခံထားရသူတစ်ဦး ချောင်းဆိုးရင် ရောဂါပျံ့နှံ့နိုင်တယ်လို့ အမေရိကန်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာ (CDC) က ဆိုပါတယ်" ဆိုပြီး ဖြစ်ပါတယ်။ ဒါဟာ နားလည်မှု လွဲစေနိုင်ပါတယ်။ CDC ရဲ့ အဆိုအရ "ပလိပ်ကပ်ရောဂါဟာ ပုံမှန်အားဖြင့် ရောဂါပိုးရှိတဲ့ သန်းတွေ၊ မွှားတွေ အကိုက်ခံရမှသာ ကူးစက်တာဖြစ်တယ်" လို့ သိရပါတယ်။ ပလိပ်ကပ်ရောဂါကို မကုသဘဲနေရင် ဆက်ပြီးဖြစ်နိုင်တဲ့ရောဂါကတော့ အဆုတ်ပိုင်းဆိုင်ရာပလိပ်ရောဂါဖြစ်ပြီး (ပါးစပ်နဲ့နှာခေါင်းကထွက်တဲ့ အမှုန်အစက်တွေကနေ) လူလူချင်း ကူးစက်နိုင်တယ်လို့ CDC က ဆိုပါတယ်။
2022/07/04 08:19:27
https://factcheckmyanmar.afp.com/ttruttttng-pulipkpreaagphcpaanepiihuuseaa-sttngmaa-pnnn
mC4
ထိုင်းကြက်သား ရာမင်ခေါက်ဆွဲ ပြုလုပ်နည်း အရင်တုန်းက ကွေ့တီယိုနဲ့ တုန်ရမ်းဟင်းချိုလောက်ပဲ လူသိကြပေမဲ့ ခုဆိုရင် ဖက်ထိုင်းခေါက်ဆွဲတို့၊ Rainbow milkshake တို့၊ ဝက်သားပြားကင်တို့လို ထိုင်းအစားအစာတွေကိုပါ နှစ်ခြိုက်စွာ စားသုံးလာကြပါပြီ။ ကျွန်တော်တို့ နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှ အစားအသောက်တွေက မြန်မာ့လျှာနဲ့ အစပ်အဟပ် တည့်ပါတယ်။ ခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ထိုင်းအစားအစာတွေ ပိုမိုခေတ်စားလာခဲ့တာ အားလုံုး မျက်မြန်ကိုယ်တွေ့ပါပဲ။ အရင်တုန်းက ကွေ့တီယိုနဲ့ တုန်ရမ်းဟင်းချိုလောက်ပဲ လူသိကြပေမဲ့ ခုဆိုရင် ဖက်ထိုင်းခေါက်ဆွဲတို့၊ Rainbow milkshake တို့၊ ဝက်သားပြားကင်တို့လို ထိုင်းအစားအစာတွေကိုပါ နှစ်ခြိုက်စွာ စားသုံးလာကြပါပြီ။ ဒီနေ့မှာတော့ ထိုင်းအစားအစာတွေထဲကမှ နာမည်ကျော် ထိုင်းကြက်သား ရာမင်ခေါက်ဆွဲလေးကို မိတ်ဆက်ပေးချင်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ဟင်းသီးဟင်းရွက်ဆီ (၁) ဇွန်း၊ ငရုပ်ပွသီး (၁)လံုံး (တစ်လက်မအရွယ် အစိတ်လေးတွေဖြစ်အောင် လှီးပေးပါ)၊ မုန်လာဥနီ (အစိတ်စိတ်လှီးပြီး) (၁) ခွက်၊ ကြက်သွန်မြိတ် (၄) ပင်၊ ထိုင်း အစိမ်းရောင်ဟင်းနှစ် (၁) ထုပ်၊ ရေ (၄) ခွက်၊ အုန်းနို့ (၁၄) အောင်စ၊ ငံပြာရည် (၁) ဇွန်း၊ ရာမင်ခေါက်ဆွဲခြောက်ထုပ် (၂) ထုပ်၊ ပြုတ်ပြီးသား ကြက်ရင်အုံသား (၁၀) အောင်စ၊ သံပုရာရည် (၁) ဇွန်း၊ ပါးပါးလှီးထားတဲ့ နံနံပင် (၁) ပန်းကန်၊ မြေပဲထောင်းနဲ့ နှမ်းစေ့အနည်းငယ် တို့ပဲဖြစ်ပါတယ်။ ပြုလုပ်ပုံအဆင့်ဆင့်ကတော့ အရင်ဆုံး အပူချိန် (medium-high) လောက်နဲ့ မီးဖိုတစ်လုံးပေါ်မှာ ဒယ်အိုးတစ်လုံးတင်ပြီး ဆီပူသတ်လိုက်ပါ။ ပြီးရင် ငရုပ်ပွသီး၊ မုန်လာဥနီနဲ့ ကြက်သွန်မြိတ် (၃) ပင်တို့ကို လှီးဖြတ်ပြီး ဒယ်အိုးထဲထည့်လိုက်ပါ။ တစ်မိနစ်လောက်ဆီပူထိုးပြီးရင် ထိုင်းအစိမ်းရောက်ဟင်းအနှစ် (Thai Green Curry paste) ကို ထည့်ပြီး နောက်ထပ်တစ်မိနစ်လောက် ဆီသတ်လိုက်ပါ။ ပြီးရင် ရေ၊ အုန်းနို့၊ ငံပြာရည်တို့ကိုပါ ထပ်မံရောထည့်ပြီး ဆူပွက်လာသည်အထိ ချက်ပြုတ်လိုက်ပါ။ ပြီးရင်တော့ ရာမင်ခေါက်ဆွဲကို ထည့်လို့ရပါပြီ။ ခေါက်ဆွဲကို ဒယ်အိုးထဲထည့်ပြီးရင် အိုးကိုအဖုံးပိတ်ပြီး (၄) မိနစ်လောက် ကြာအောင်ချက်ပြုတ်လိုက်ပါ။ အဲဒီလိုချက်ပြုတ်နေချိန်မှာ ရာမင်ခေါက်ဆွဲခြောက်ထုပ်ထဲက အရသာမှုန့်တွေကို ပန်းကန်တစ်လုံးထဲထည့်ထားလိုက်ပါ။ စွပ်ပြုတ်အိုးထဲက စွပ်ပြုတ်ရည်ကို တစ်ဇွန်းလောက်ခပ်ပြီး အရသာမှုန့်ပန်းကန်ထဲ ထည့်မွှေထားပေးလိုက်ပါ။ ပြီးရင် အရသာမှုန့်အရည်ကို အိုးထဲပြန်ထည့်ပေးလိုက်ပါ။ (၄) မိနစ်ပြည့်ပြီဆိုရင် ကြက်သားပြုတ်ကို အမျှင်လေးတွေဖြစ်အောင် လုပ်ထားတာရယ်၊ သံပုရာရည်ရယ်၊ နံနံပင်ရယ်ကို အိုးအပေါ်ကနေအုပ်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန် (၄) လုံးယူပြီး ပန်းကန်တွေထဲမှာ နံနံပင်၊ ကြက်သွန်မြိတ်၊ မြေပဲထောင်း၊ နှမ်းစေ့တို့ထည့်ထားလိုက်ပါ။ ပြီးမှ ခေါက်ဆွဲအိုးထဲကခေါက်ဆွဲတွေကို ပန်းကန်လုံးတွေထဲကို အညီအမျှခွဲထည့်ပြီး ပြင်ဆင်လိုက်ပါ။ ဒါဆိုရင်တော့ မိသားစုဝင် (၄) ယောက်စာ ဝဝလင်လင်စားသုံးနိုင်တဲ့ ထိုင်းကြက်သား ရာမင်ခေါက်ဆွဲလေးကို ရရှိပါပြီ။
2021/04/15 08:34:10
https://www.duwun.com.mm/lifestyle/food-recipe/8061187
mC4
နှစ်သစ်ကူးမှာ မြည်းစမ်းနိုင်မဲ့ တရုတ်အစားအစာများ - ဒိုးမယျ ဖဖေျောဝါရီလထဲရောကျလာပွီဆိုတော့ တရုတျနှဈသဈကူးဖို့ အသငျ့ဖွဈနကွေပွီပေါ့။ တရုတျနှဈကူးမှာ ထူးထူးခွားခွား ဘာအစားစာတှေ မွညျးစမျးကွမလဲ၊ အဲ့ဒီအစားအစာတှကေရော ဘာအဓိပ်ပါယျဆောငျလဲဆိုတာ ကို ဗဟုသုတဖွဈဖှယျဖျောပွပေးလိုကျပါတယျနျော။ ၁။ ငါး (ဘဝသာယာဝပွောစရေေး၊ အဆငျပွစေရေေး) တရုတျရိုးရာမှာတော့ ငါးဟာ ရိုးရာ တရုတျနှဈကူးဟငျးလြာပါပဲ။ တရုတျတှဟော နှဈတဈနှဈကုနျဆုံးခြိနျရောကျတိုငျးမှာ သူတို့ နှဈဟောငျးကိုဘယျလိုကုနျဆုံးခဲ့သလဲဆိုတာကို စဉျးစားပွီး နောကျလာမဲ့ နှဈကူးအတှကျ ပွငျဆငျစရာတှကေို လုပျဆောငျလရှေိ့ပါတယျ။ ငါးပေါငျးဟငျးလြာဟာ တရုတျနှဈသဈကူး အမယျတှထေဲမှာတော့ ထငျရှားဆုံးပါပဲ။ အကွောငျးအရငျးကတော့ ငါးဟငျးလြာဟာ အောငျမွငျကွီးပှားခွငျး မင်ျဂလာဆိုတဲ့ နိမိတျကို ယူဆောငျလာပေးတယျလို့ ယုံကွညျကွလို့ပါတဲ့။ ၂။ တရုတျဖကျထုတျ၊ ပေါကျစီ (ခမျြးသာကွှယျဝခွငျး) တရုတျဖကျထုတျနဲ့ ပေါကျစီတှကေတော့ လှနျခဲ့တဲ့နှဈပေါငျး ၁၈၀၀ ကြျောကတညျးက ရှိလာတဲ့ ရိုးရာအစားသောကျတဈမြိုးပါ။ တရုတျနှဈသဈကူးအထိမျးအမှတျအဖွဈလညျးစားသောကျလရှေိ့ပွီး တရုတျပွညျ မွောကျပိုငျးမှာ ပိုပွီးကြျောကွားခဲ့ပါတယျ။ ပေါကျစီကို အဝိုငျး၊ ဘဲဥပုံစသဖွငျ့ ပွုလုပျလရှေိ့ပွီး နှဈတဈနှဈလုပျဆောငျ နိုငျတဲ့အလုပျတှကေို ကိုယျစားပွုပါတယျ။ နှဈကူးမှာ ပေါကျဆီမြားမြား စားနျိုငျသူဟာ နှဈသဈမှာ ငှမြေားမြားဝငျတယျဆိုတဲ့ အယူလညျး ရှိကွပါသေးတယျ။ ၃။ နှဦေးအလိပျ သို့မဟုတျ ကျောပွနျ့ (ခမျြးသာကွှယျဝခွငျး) နှဦေးအလိပျလို့ ချေါရတဲ့အကွောငျးအရငျးကတော့ ဒီအစားအသောကျကို နှဦေးမှာ ကငျြးပတဲ့ ပှဲတျောတှမှော စားသောကျလရှေိ့လို့ပါပဲ။ တရုတျပွညျ အရှပေို့ငျး ကနျြရှီး၊ ကနျြးရှူ၊ ရှနျဟိုငျး၊ ဖူကငျြး၊ ကှမျကြိုး၊ ရှနျကနျြးနဲ့ ဟောငျကောငျတို့မှာလညျး အထူးနှဈသကျကွတဲ့ အစားအသောကျတဈမြိုးပါ။ အတှငျးပိုငျးမှာ အသားပေါငျး၊ ဟငျးသီးဟငျးရှကျ၊ အသားနဲ့ အခွား အခြိုဓါတျပါတဲ့ အရာတှကေို ရောလိပျထားတာပါ။ အပွငျပိုငျးမှာ ဂြုံရှကျနဲ့ လိပျထားပွီး ကွျောလို့ပွောငျးသှားတဲ့ ရှအေိုရောငျက ခမျြးသာကွှယျဝလာမဲ့ သင်ျကတေပါတဲ့။ ၄။ အီကှေ့ (ရာထူးမွငျ့မားခွငျး၊ တိုးတကျကွီးပှားခွငျး) တရုတျရိုးရာ ဆနျကိတျလို့ တငျစားရမဲ့ အီကှကေ့တော့ တရုတျနှဈကူးအတှကျ မပါမဖွဈ စားစရာတဈမြိုးဖွဈပါတယျ။ အီကှကေို့ ဝါးလိုကျလို့ ပါးစပျက ထှကျလာတဲ့အသံက တဈနှဈထကျတဈနှဈ ပိုပွီး တိုးတကျမွငျ့မားလာစတေယျဆိုတဲ့ နိမိတျဖွဈပါတယျတဲ့။ တရုတျလူမြိုးတှရေဲ့ အယူအရ တီကှကေို့နှဈကူးမှာ စားတဲ့အခါ ရာထူးအဆငျ့တနျးတှသောမက စီးပှားရေးအထိ အောငျမွငျမှုတှရေနိုငျမယျလို့ ယုံကွညျထားကွတာပါ။ တရုတျရိုးရာအီကှကေို့တော့ ကောကျညှငျးဆနျ၊ သကွား၊ သဈအယျသီးနဲ့ ကွာပနျးအရှကျတို့နဲ့ ပွုလုပျလရှေိ့ပါတယျ။ အခုလို အရသာရှိတဲ့ အစားအသောကျတှစေားခငျြတယျဆိုရငျတော့ Doemal Application ထဲမှာလဲ ဝငျရောကျရှာဖှမှောယူ စားသောကျလို့နပွေီဆိုတာလေးကိုလဲ တဈပါတညျးပွောလိုကျပါရစနေျော။ ဖေဖော်ဝါရီလထဲရောက်လာပြီဆိုတော့ တရုတ်နှစ်သစ်ကူးဖို့ အသင့်ဖြစ်နေကြပြီပေါ့။ တရုတ်နှစ်ကူးမှာ ထူးထူးခြားခြား ဘာအစားစာတွေ မြည်းစမ်းကြမလဲ၊ အဲ့ဒီအစားအစာတွေကရော ဘာအဓိပ္ပါယ်ဆောင်လဲဆိုတာ ကို ဗဟုသုတဖြစ်ဖွယ်ဖော်ပြပေးလိုက်ပါတယ်နော်။ ၁။ ငါး (ဘဝသာယာဝပြောစေရေး၊ အဆင်ပြေစေရေး) တရုတ်ရိုးရာမှာတော့ ငါးဟာ ရိုးရာ တရုတ်နှစ်ကူးဟင်းလျာပါပဲ။ တရုတ်တွေဟာ နှစ်တစ်နှစ်ကုန်ဆုံးချိန်ရောက်တိုင်းမှာ သူတို့ နှစ်ဟောင်းကိုဘယ်လိုကုန်ဆုံးခဲ့သလဲဆိုတာကို စဉ်းစားပြီး နောက်လာမဲ့ နှစ်ကူးအတွက် ပြင်ဆင်စရာတွေကို လုပ်ဆောင်လေ့ရှိပါတယ်။ ငါးပေါင်းဟင်းလျာဟာ တရုတ်နှစ်သစ်ကူး အမယ်တွေထဲမှာတော့ ထင်ရှားဆုံးပါပဲ။ အကြောင်းအရင်းကတော့ ငါးဟင်းလျာဟာ အောင်မြင်ကြီးပွားခြင်း မင်္ဂလာဆိုတဲ့ နိမိတ်ကို ယူဆောင်လာပေးတယ်လို့ ယုံကြည်ကြလို့ပါတဲ့။ ၂။ တရုတ်ဖက်ထုတ်၊ ပေါက်စီ (ချမ်းသာကြွယ်ဝခြင်း) တရုတ်ဖက်ထုတ်နဲ့ ပေါက်စီတွေကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ ကျော်ကတည်းက ရှိလာတဲ့ ရိုးရာအစားသောက်တစ်မျိုးပါ။ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ်လည်းစားသောက်လေ့ရှိပြီး တရုတ်ပြည် မြောက်ပိုင်းမှာ ပိုပြီးကျော်ကြားခဲ့ပါတယ်။ ပေါက်စီကို အဝိုင်း၊ ဘဲဥပုံစသဖြင့် ပြုလုပ်လေ့ရှိပြီး နှစ်တစ်နှစ်လုပ်ဆောင် နိုင်တဲ့အလုပ်တွေကို ကိုယ်စားပြုပါတယ်။ နှစ်ကူးမှာ ပေါက်ဆီများများ စားနိုင်သူဟာ နှစ်သစ်မှာ ငွေများများဝင်တယ်ဆိုတဲ့ အယူလည်း ရှိကြပါသေးတယ်။ ၃။ နွေဦးအလိပ် သို့မဟုတ် ကော်ပြန့် (ချမ်းသာကြွယ်ဝခြင်း) နွေဦးအလိပ်လို့ ခေါ်ရတဲ့အကြောင်းအရင်းကတော့ ဒီအစားအသောက်ကို နွေဦးမှာ ကျင်းပတဲ့ ပွဲတော်တွေမှာ စားသောက်လေ့ရှိလို့ပါပဲ။ တရုတ်ပြည် အရှေ့ပိုင်း ကျန်ရှီး၊ ကျန်းရှူ၊ ရှန်ဟိုင်း၊ ဖူကျင်း၊ ကွမ်ကျိုး၊ ရှန်ကျန်းနဲ့ ဟောင်ကောင်တို့မှာလည်း အထူးနှစ်သက်ကြတဲ့ အစားအသောက်တစ်မျိုးပါ။ အတွင်းပိုင်းမှာ အသားပေါင်း၊ ဟင်းသီးဟင်းရွက်၊ အသားနဲ့ အခြား အချိုဓါတ်ပါတဲ့ အရာတွေကို ရောလိပ်ထားတာပါ။ အပြင်ပိုင်းမှာ ဂျုံရွက်နဲ့ လိပ်ထားပြီး ကြော်လို့ပြောင်းသွားတဲ့ ရွှေအိုရောင်က ချမ်းသာကြွယ်ဝလာမဲ့ သင်္ကေတပါတဲ့။ ၄။ အီကွေ့ (ရာထူးမြင့်မားခြင်း၊ တိုးတက်ကြီးပွားခြင်း) တရုတ်ရိုးရာ ဆန်ကိတ်လို့ တင်စားရမဲ့ အီကွေ့ကတော့ တရုတ်နှစ်ကူးအတွက် မပါမဖြစ် စားစရာတစ်မျိုးဖြစ်ပါတယ်။ အီကွေ့ကို ဝါးလိုက်လို့ ပါးစပ်က ထွက်လာတဲ့အသံက တစ်နှစ်ထက်တစ်နှစ် ပိုပြီး တိုးတက်မြင့်မားလာစေတယ်ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်တဲ့။ တရုတ်လူမျိုးတွေရဲ့ အယူအရ တီကွေ့ကိုနှစ်ကူးမှာ စားတဲ့အခါ ရာထူးအဆင့်တန်းတွေသာမက စီးပွားရေးအထိ အောင်မြင်မှုတွေရနိုင်မယ်လို့ ယုံကြည်ထားကြတာပါ။ တရုတ်ရိုးရာအီကွေ့ကိုတော့ ကောက်ညှင်းဆန်၊ သကြား၊ သစ်အယ်သီးနဲ့ ကြာပန်းအရွက်တို့နဲ့ ပြုလုပ်လေ့ရှိပါတယ်။ အခုလို အရသာရှိတဲ့ အစားအသောက်တွေစားချင်တယ်ဆိုရင်တော့ Doemal Application ထဲမှာလဲ ၀င်ရောက်ရှာဖွေမှာယူ စားသောက်လို့နေပြီဆိုတာလေးကိုလဲ တစ်ပါတည်းပြောလိုက်ပါရစေနော်။
2020/05/26 08:24:31
https://blog.doemal.com/?p=4488
mC4
မြန်မာ သမ္မတ တစ်ယောက်ရဲ့ ပထမဆုံး ဥရောပ ခရီးစဉ် အတွင်း ဥရောပ ကော်မရှင် ဥက္ကဋ္ဌ၊ ဥရောပ ကောင်စီ ဥက္ကဋ္ဌ တို့နဲ့ အင်္ဂါ နေ့ တွေ့ဆုံပြီး အီးယူးနဲ့ မြန်မာ နိုင်ငံကြားမှာ ဆက်ဆံရေး ပိုမို တိုးမြှင့် ဆောင်ရွက် သွားရေး ဆွေးနွေး ခဲ့ကြ တယ်လို့ သမ္မတနဲ့ အတူ လိုက်ပါသွားတဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။ မြန်မာ နိုင်ငံ ဒီမိုကရေစီနဲ့ လူ့ အခွင့် အရေး မြှင့်တင်မှု အခြေ အနေ၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် အတွင်း ဖြစ်နေတဲ့ အခြေ အနေ၊ အစိုးရက ဆောင်ရွက် နေတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု တို့ကို ရှင်းပြပြီး အနာဂတ်မှာ ဥရောပ သမဂ္ဂ ဘက်က ကူညီဆောင်ရွက် နိုင်ရေး တို့ကို ဆွေးနွေး ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် စီးပွားရေး ပိတ်ဆို့မှု တွေကို အပြီးတိုင် ဖယ်ရှားနိုင်ရေးနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် အထူး အခွင့် အရေး လျှော့ပေါ့ ပေးနိုင်ရေး တို့ကို လည်း မြန်မာ ဘက်က တင်ပြ ဆွေးနွေးခဲ့တယ်လို့ ဦးရဲထွဋ်က ပြော ပါတယ်။
2014/03/15 22:24:56
http://www.bbc.co.uk/burmese/burma/2013/03/130305_president_in_brussels.shtml
mC4
“အရေးကြီးပြီ ညီနောင်အပေါင်းတို့… သွေးစည်းကာ ညီစေညီကြစို့… ငါတို့ရဲ့ သ မိုင်းတခေတ်ကို ငါတို့သွေးနဲ့ ရေးခဲ့သည်… သွေး သစ္စာလည်း ပြုခဲ့ပြီ… အရေးကြီးပြီ ညီ နောင်အပေါင်းတို့… သွေးစည်းကာ ညီစေညီကြစို့… ငါတို့ရဲ့ သမိုင်း တခေတ်ကို ငါတို့ သွေးနဲ့ ရေးခဲ့သည်… သွေး သစ္စာလည်း ပြုခဲ့ပြီ” ဒါကတော့ တေးရေး ထူးအိမ်သင် ရေးဖွဲ့ပြီး မွန်းအောင် သီဆိုထားတဲ့ သွေးသစ္စာ လို့ သိကြတဲ့ စိတ်ခွန်အားပေး တော်လှန်ရေးသီချင်းတပုဒ်ထဲက တေးသွားစာသားတွေပဲ ဖြစ်ပါတယ်။ ဒီသီချင်းကို လတ်တလောမှာတော့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေ အ တွင်း မြန်မာနိုင်ငံတဝန်း နေရာလပ်မကျန် ကြားနေခဲ့ကြရတာပဲ ဖြစ်ပါတယ်။ “နိုင်ငံတော်အတွက်ဆို အသက်ကိုလည်း ဘာမထီ… သေပါစေ ခွပ်ဒေါင်းသွေး ဟေ့ ရဲရဲရှေ့ကိုချီ… နိုင်ငံတော်အတွက်ဆို အသက်ကိုလည်း ဘာမထီ… သေပါစေ ခွပ် ဒေါင်းသွေးဟေ့ ရဲရဲရှေ့ကိုချီ… လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက်ရည်… အဆုံးသတ် တိုက်ပွဲ ငါတို့နွှဲရမည်” ခုတခါမှာတော့ ဒီသီချင်းကို သံစုံ Orchestra တီးဝိုင်း ဗားရှင်းအသစ်နဲ့ ဖန်တီးထား ခဲ့ပြီး ပြည်သူတွေရဲ့ ကြွေးကြော်သံတွေနဲ့အတူ စိတ်အားတက်ကြွဖွယ် တင်ဆက်ထားခဲ့ ကာ ဂီတပညာရှင် ထက်အာကာရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့ တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆု တောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြနေကြတာပါ။ တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။ နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။ ၂ ငါးလုံးအထွေထွေသပိတ်အပြီး ဒုတိယအကြိမ်မြောက် ပြည်လုံးကျွတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအနေနဲ့ Milk Tea Alliance လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာနဲ့အတူ ထိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာပါ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေမှာ စစ်တပ်က အင်အားသုံးဖြိုခွင်းတာတွေကို ချက်ချင်းရပ်တန့်ဖို့ ကုလ သမဂ္ဂလူ့အခွင့်အရေးရုံးကလည်း သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၈ တရက်တည်းမှာတင် နိုင်ငံအနှံ့ နေရာများစွာမှာ ရဲနဲ့ စစ်တပ် အင်အားစုတွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လူသေစေလောက်တဲ့ အင်အားသုံးပြီး တော့ရော အသက်သေဆုံး လောက်အောင် မပြင်းထန်တဲ့ အင်အားတွေ သုံးပြီးတော့ပါ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၁၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၃၀ ကျော် ထိခိုက်ဒဏ် ရာရခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ အရ လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။ သေဆုံးမှုတွေ ဖြစ်ပွားခဲ့ရတဲ့ထဲမှာ ရန်ကုန်၊ ထားဝယ်၊ မန္တလေး၊ မြိတ်၊ ပဲခူးနဲ့ ပခုက္ကူမြို့တွေမှာ ကျည်ဆန်အစစ်တွေအသုံးပြုပြီး လူအုပ်တွေထဲကို ပစ်ခတ်ခဲ့တဲ့အတွက် ကြောင့် ဖြစ်ကာ နေရာအနှံ့ အသံမြည်ဗုံး၊ မီးဗုံးနဲ့ မျက်ရည်ယိုဗုံးတွေကိုလည်း အသုံးပြုခဲ့ ကြကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းမှု တလတာရှိလာခဲ့ချိန်မှာ ရဲနဲ့ စစ်တပ်အင်အားစုတွေရဲ့ ပစ်မှတ်ထား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းသ မားတွေ ထိခိုက်ဒဏ်ရာရရှိတာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ပိုမိုမြင့်တက်နေပါ တယ်။ တော်လှန်ရေးကာလတလျှောက် သွေးထွက်သံယိုအဖြစ် အများဆုံးနေ့လို့ ပြောရ မယ့် မတ် ၃ ရက်နေ့ တရက်ထဲမှာတင် ၃၈ ယောက်သေဆုံးခဲ့ပြီး စစ်အာဏာ စသိမ်း ကတည်းကဆိုရင် ပြည်သူအယောက် ၅၀ ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိထားခဲ့ကြကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်က ပြောထားပါတယ်။
2021-12-04T23:49:32Z
http://burmese.dvb.no/archives/tag/%E1%80%9E%E1%80%BD%E1%80%B1%E1%80%B8%E1%80%9E%E1%80%85%E1%80%B9%E1%80%85%E1%80%AC
OSCAR-2201
နိုင်ငံကျော်မင်းသားနဲ့ သတင်းထောက်မမတို့ နှစ်ဦးပူးပေါင်းတင်ဆက်တဲ့ အပြင်းစားရိုက်ချက်ရဲ့ ဂယက်ကတော့ အခုချိန်ထိ ဘောင်ဘင်ခတ်နေဆဲပါပဲ။ အဲဒီကိစ္စနဲ့ ပါတ်သက်ပြီး ဘာတခုမှ မပြောခင် တခုတော့ ကြိုပြောရမယ်။ ဘယ်သူဘယ်ဝှါ ဖြစ်လို့ အမြဲမှန်တယ် အမြဲမှားတယ်လို့ ကြိုတင် စာတန်းထိုး တံဆိပ်ကပ်တာမျိုး ကျွန်တော် လုပ်လေ့လုပ်ထ မရှိကြောင်း ကြိုတင်ပြောချင်ပါတယ်။ ဖြစ်သွားတဲ့ကိစ္စမှာ သူ့ဘက်ကိုယ့်ဘက် ကြည့်ရင် ... ငါ မှန်တယ် သူ မှားတယ်လို့ အပြန်အလှန် ငြင်းကြမှာပါပဲ။ ကြက်ခြေနီတွေလည်း ကြက်ခြေနီကို ထိလို့ ဆတ်ဆတ်ခါ နာကြတယ်။ သတင်းမီဒီယာဘက်က မှန်တယ်လို့ ထင်တဲ့သူတွေ ရှိကြမယ်။ သေချာတာကတော့ ဒေါသကို အခြေခံပြီး အပြန်အလှန် ရေးကြသားကြတဲ့အခါ အမုန်းမီးတောက်တွေ လောင်ကျွမ်းပြီး ကိုယ်တိုင် ပူလောင်ကြတာပါပဲ။ အခုခေတ်ကြီးမှာ မင်းသားမင်းသမီး အလှမယ်တွေ ပရဟိတ အလုပ် လုပ်တာ အဆန်း မဟုတ်ပါဘူး။ အဲဒီမင်းသားက ပေါ်ပင် ထ လုပ်တာမျိုး မဟုတ်တာကိုလည်း ကျွန်တော်တို့ သိကြပါတယ်။ သူ့လို တိုင်းသိပြည်သိ မင်းသားက ကြက်ခြေနီ အဖွဲ့အစည်းမှာ စည်းရုံးရေးမှုးအနေနဲ့ စေတနာ့ဝန်ထမ်းသဘောမျိုး ဝင်ကူတော့ အဖွဲ့အစည်းအတွက်လည်း အားဖြစ်တာ အမှန်ပါပဲ။ အာဇာနည်နေ့မှာ မင်းသားအနေနဲ့ သူ့ကို တာဝန်ပေးထားတဲ့ အပိုင်းကို အကောင်အထည် ဖော်တာဖြစ်တဲ့အတွက် သူ မမှားပါဘူး။ ဒါဆို သတင်းထောက်မမ မှားသလားဆိုတော့... သူလည်း မမှားပြန်ဘူး။ ကြက်ခြေနီဝတ်စုံနဲ့ လူက လုံခြုံရေး စစ်ဆေးတဲ့ အလုပ်မျိုး လုပ်တာကို လက်မခံနိုင်တာလည်း သဘာဝကျပါတယ်။ အဲဒီဖြစ်စဉ်မှာ ကြက်ခြေနီအလုပ်ကို ကြက်ခြေနီ မလုပ်ရပဲ တခြားမဆိုင်တဲ့အလုပ်တွေကို လုပ်ခိုင်းထားတဲ့ တာဝန်ချထားမှုက အဓိက အမှားပါပဲ။ ကြက်ခြေနီရဲ့ အဓိက လုပ်ငန်းအစိတ်အပိုင်းက အဲဒီပွဲမှာ ထိခိုက် အနာတရ ဖြစ်လာတဲ့သူတွေကို ရှေးဦးပြုစုပေးဖို့ပဲ ဖြစ်သင့်ပါတယ်။ First Aid Cover ပေးဖို့ပဲ ဖြစ်ရမှာပါ။ ပေးထားတဲ့ တာဝန်တွေဟာ ကြက်ခြေနီရဲ့ အခြေခံမူ ၇ ချက်ကို မသွေဖီမယ့် တာဝန်မျိုးတွေပဲ ဖြစ်ရပါတယ်။ အဲဒီမှာ ပြောစရာ ရှိလာနိုင်ပါတယ်။ တခြားနေရာတွေမှာရော မကူညီရဘူးလား။ ဒီလောက် လူအများကြီး လာတာကွာ.... မင်းတို့ ကြက်ခြေနီက ဆေးပုံးပိုက်ပြီး ငုတ်တုပ်လေး ထိုင်နေကြမှာလား ပေါ့။ ကျွန်တော့်အဖြေကတော့... တခြားနေရာတွေမှာ တခြားလုပ်စရာတွေရှိရင် တခြားလူတွေကို တာဝန်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ကြက်ခြေနီတပ်ဖွဲ့တခုပဲ အာဇာနည်ကုန်းပေါ်မှာ တာဝန်ချထားတာ မဟုတ်ပါဘူး။ အရံမီးသတ် ရှိပါတယ်။ အရင်တုန်းက လူမှုရေးအဖွဲ့အစည်း အဖြစ် ဖွဲ့ထားတဲ့ ပြည်ခိုင်ဖြိုးအသင်းသားတွေ ရှိပါတယ်။ သူတို့ကို တာဝန်ပေးလို့ ရပါတယ်။ 7Day မီဒီယာရဲ့ သတင်းအောက်မှာ ရေးထားတဲ့ မှတ်ချက်တခု ဖတ်လိုက်ရပါတယ်။ ကြက်ခြေနီဆိုတာ တာဝန်ပေးရင် လုံခြုံရေးလည်း လုပ်သင့် လုပ်ရမှာပဲ... စစ်တိုက်သင့်ရင် တိုက်ရမှာပဲတဲ့။ ကြက်ခြေနီ ဆိုတာ ဘာလဲ ဆိုတာကို လုံးဝ နားမလည် မသိတဲ့ လူငယ်တယောက်ရဲ့ မှတ်ချက်စကားလို့ပဲ မြင်မိပါတယ်။ ဒါပေမယ့် သူရဲ့ မှတ်ချက်က ဘာကို ပြနေသလဲ ဆိုတော့ ကြက်ခြေနီဆိုတာ ဘာလဲ ဆိုတာ မသိတဲ့သူတွေ ရှိနေကြောင်း ဆိုတာ အထင်အရှားပါပဲ။ ကြက်ခြေနီ ဆိုတဲ့ အနီရောင် အပေါင်းလက္ခဏာမှာ လေးနက်တဲ့ အနက်အဓိပ္ပါယ်ရှိပါတယ်။ စစ်ပွဲအတွင်းမှာ ဆိုရင် ကြက်ခြေနီ အမှတ်အသားဟာ "Don't Shoot" မပစ်ပါနဲ့ ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။ ကြက်ခြေနီဆိုတာ ဘယ်ဘက်ကိုမှ မပါဝင်ပဲ ဘက်မလိုက်ပဲ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီကို ပေးမယ့် အဖွဲ့အစည်းဖြစ်တယ်လို့ နားလည်ရပါမယ်။ ကြက်ခြေနီ အမှတ်အသားပါတဲ့ အဆောက်အဦး မော်တော်ယာဉ်နဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ အားလုံးဟာ ကြက်ခြေနီအမှတ်အသားရဲ့ အကာအကွယ်ပေးမှုကို အပြည့်အဝ ရရှိမှာပါ။ အဲဒီလို ကာကွယ်ပေးမှုကို ရထားတဲ့သူကို စစ်ထဲဝင်တိုက်ခိုင်းမယ် ဆိုတာမျိုးကတော့ အလွဲသုံးစား လုပ်တာမျိုး ဖြစ်သွားပါပြီ။ ဖွတ် မိကျောင်းဖြစ် မြစ် မချမ်းသာ ဆိုတာ တကယ်ကို မှန်တာပါ။ ကျွန်တော်တို့ ရွှေပြည်ကြီးမှာ ကြက်ခြေနီကို တလွဲအသုံးချခံရတာ ကြာခဲ့ပါပြီ။ နိုင်ငံတော်ရဲ့ အရံအင်အားဆိုပြီး တပ်မတော်နေ့မှာ စစ်ကြောင်းလျှောက်ခိုင်းတာက အဆိုးဆုံးပါပဲ။ ကြက်ခြေနီဆိုတာ လက်နက်ကိုင်တပ်တွေနဲ့ ဘာမှ မဆိုင်ပါဘူး။ ဘုန်းကြီးနဲ့ ဘီးလိုပါပဲ။ ဒါတွေပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ ရန်ကုန်မှာ ဗုံးတွေ ပေါက်တုန်းကဆို ... ညဉ့်နက်ပိုင်း ကင်းလှည့်တဲ့ ရဲကားပေါ်မှာ ကြက်ခြေနီတွေလည်း ရဲတွေနဲ့ အတူ လိုက်ရပါတယ်။ ကားလမ်းပေါ်မှာ ကားတွေကို တားပြီး စစ်ဆေးတဲ့ နေရာမျိုးမှာလည်း စာရင်းမှတ်ဖို့ ခေါ်သုံးပါတယ်။ စစ်တိုင်းမှုး ညပိုင်းကင်းလှည့်မှာ ဖြစ်လို့ ရဲတွေနဲ့အတူ ကြက်ခြေနီ မီးသတ်တွေဟာ တိုင်းမှူးကင်းလှည့်မယ့် လမ်းဘေးတလျှောက် ကင်းပုန်းဝပ်ပေးရပါတယ်။ တိုင်းမှူးရဲ့ ကား... ကိုယ့်မြို့နယ်ကို ဖြတ်ပြီးတော့မှ တန်းဖြုတ် အိမ်ပြန်ကြရတယ်။ ပြီးတော့ ဧည့်စာရင်း စစ်တဲ့နေရာမှာလည်း ခေါ်သုံးပြန်တယ်။ ဖွဲ့စည်းပုံအရ မြို့နယ်ကြက်ခြေနီတပ်ရင်းရဲ့ တပ်ရင်းမှူးဟာ မြို့နယ်ရဲမှုး ဖြစ်တဲ့အတွက် ရဲလုပ်ငန်းတွေမှာ ကြက်ခြေနီတွေ ပေါ်တာဆွဲခံခဲ့ရတာပါ။ ကြက်ခြေနီရဲ့ အဓိကအလုပ်က လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ကြက်ခြေနီနဲ့ မဆိုင်တာကို လုပ်နေရတဲ့ ကျွန်တော်တို့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေဟာ အဖွဲ့အစည်းကို ချစ်မြတ်နိုးတဲ့ စိတ်နဲ့ ကျရာတာဝန်ကို ကျရာကဏ္ဍကနေ လုပ်ပေးနေရပါတယ်။ အဲဒါကို ကြိုက်တာလည်း ရှိသလို မကြိုက်တာလည်း ရှိကြတယ်။ အမုန်းခံပြီး ပြောတဲ့သူ ရှိသလို... ဖြစ်ချင်ရာ ဖြစ် ဆိုပြီး ရေငုံနှုတ်ပိတ် တိတ်တိတ်နေတဲ့သူလည်း ရှိကြပါတယ်။ ဒါပေမယ့် ဒါတွေဟာ ဖြစ်သင့်သလား မဖြစ်သင့်ဘူးလား ဆိုတာ ကြက်ခြေနီဌာနချုပ်က လူကြီးမင်းများ အသိဆုံးပါပဲ။ သီတဂူဆရာတော်ကြီး ဟောခဲ့တဲ့ တရားထဲကလိုမျိုး... လက်ဆော့တဲ့ မျောက်တွေ လက်ထဲ ဥယျာဉ်ကြီး မအပ်မိအောင်... လုပ်သင့်တာတွေ လုပ်ဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ တိုင်းပြည်မှာ လူမှန် နေရာမှန် ဖြစ်ကြသလား ဆိုတာကို ပြန်လည် ဆန်းစစ်ပြီး ပြုပြင်သင့်တာတွေကို ရဲရဲဝံ့ဝံ့ ပြောင်းလဲပစ်ဖို့ အထူး လိုအပ်နေပါပြီ။ မဆိုင်တာတွေကို မလုပ်ပဲ ကိုယ်နဲ့ ဆိုင်တာကိုပဲ အထူးကျေပွန်အောင် လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
OSCAR-2019
စာေရးသားသည့်အခါ ေရးသားရြခင်းအေြကာင်းကိုေရှးဦးစတင် ေရးသားရေလရာ ထိုပုိဒ်ကို နိဒါန်း(နိဒါန) ဟုေခါ်ေလသည်။ သနီ္တေကနိဒါန်း၊ အ၀ိဓူေရနိဒါန်း စသည်ြဖင့် ဗုဒ္ဓ၀င်၌ ရှိ၏။ နိဒါန်း၏အဓိပ္ပာယ်သည် အေြကာင်းအရာြဖစ်ေသာ်လည်း ေရှးဦးအစကဲ့သုိ့ အမှတ်ယူလာခဲ့ြကသြဖင့် တစ်စုံတစ်ရာ ြပုလုပ်ရာ၌ အစပျိုးသည်ကို နိဒါန်းပျိုးသည်ဟုပင် တင်စားဆိုသည်။ ပဏာပျိုးသည်ဟူ၍လည်း ဆိုသည်။
OSCAR-2019
Home » မှု့ခင်း » ပြည်တွင်း » သတင်း » ထားဝယ်မြို့နယ်၌ မိုးကြိုးပစ်ခံရ၍ အမျိုးသား ၂ ဦးသေ၊ ၄ ဦး ဒဏ်ရာရ ထားဝယ်မြို့နယ်၌ မိုးကြိုးပစ်ခံရ၍ အမျိုးသား ၂ ဦးသေ၊ ၄ ဦး ဒဏ်ရာရ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် မနေ့ညနေပိုင်းက လူ ၆ ယောက် မိုးကြိုးပစ်ခံရပြီး ၂ ယောက် သေဆုံးသွားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ထားဝယ်မြို့နယ်၊ ရောင်းမော်ရွာနားက အုတ်ဖိုမှာ အလုပ်လုပ်နေတဲ့ အမျိုးသား ၆ ယောက်ကို ညနေ ၃ နာရီခွဲကျော်က မိုးကြိုးပစ်ခံခဲ့ရတာဖြစ်ပြီး ၂ ယောက်ကတော့ နေရာမှာပဲ သေဆုံးသွားတာပါ။ ကျန်တဲ့ ၄ ယောက်ကတော့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရပြီး ထားဝယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီကနေ ၂၀၁၈ ခုနှစ် မတ်လအတွင်း မိုးကြိုးပစ်မှု ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၁၁၁ ယောက် သေဆုံးကာ ဒဏ်ရာရရှိသူ ၃၉ ယောက်ရှိတယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောထားဖူးပါတယ်။ တနင်ျသာရီတိုငျးဒသေကွီး၊ ထားဝယျမွို့နယျတှငျ မနညေ့နပေိုငျးက လူ ၆ ယောကျ မိုးကွိုးပဈခံရပွီး ၂ ယောကျ သဆေုံးသှားတယျလို့ ပွညျထဲရေးက သတငျးထုတျပွနျပါတယျ။ ထားဝယျမွို့နယျ၊ ရောငျးမျောရှာနားက အုတျဖိုမှာ အလုပျလုပျနတေဲ့ အမြိုးသား ၆ ယောကျကို ညနေ ၃ နာရီခှဲကြျောက မိုးကွိုးပဈခံခဲ့ရတာဖွဈပွီး ၂ ယောကျကတော့ နရောမှာပဲ သဆေုံးသှားတာပါ။ ကနျြတဲ့ ၄ ယောကျကတော့ ခန်ဓာကိုယျမှာ ဒဏျရာတှရေပွီး ထားဝယျပွညျသူ့ဆေးရုံကို ပို့ဆောငျထားရတယျလို့ ဆိုပါတယျ။ မွနျမာနိုငျငံမှာ ပွီးခဲ့တဲ့ ၂၀၁၇ ခုနှဈ ဧပွီကနေ ၂၀၁၈ ခုနှဈ မတျလအတှငျး မိုးကွိုးပဈမှု ၁၀၉ ကွိမျ ဖွဈပှားခဲ့ပွီး လူ ၁၁၁ ယောကျ သဆေုံးကာ ဒဏျရာရရှိသူ ၃၉ ယောကျရှိတယျလို့ ဒုသမ်မတ ဦးဟငျနရီဗနျထီးယူက ပွောထားဖူးပါတယျ။
2021/03/03 11:16:57
http://www.phothutaw.com/2019/05/blog-post_85.html
mC4
ဒီနေ့ခေတ်မှာ အသက်အရွယ်အမျိုးမျိုးနဲ့လူတွေဟာ အဂၤလိပ္စာကိုလေ့လာသင်ယူချင်ကြပြီး သူတို့ရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် သင်ခန်းစာအမျိုးအစားတွေကို ရှာဖွေကြပါတယ်။ ကိုယ့်အတွက် အကောင်းဆုံးနည်းကို ရှာဖွေရာမှာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ လိုက်လျောညီထွေမှုရှိခြင်း အရွယ်ရောက်ပြီးသား ဘာသာစကားလေ့လာသင်ယူနေသူတွေအဖို့ သူတို့အတွက် မှန်ကန်သင့်တော်တဲ့ သင်ခန်းစာအမျိုးအစားတွေကို ရှာဖွေရာမှာ ကြီးမားတဲ့အခက်အခဲတစ်ခုက အပတ်စဉ် မှန်မှန်လေ့လာသင်ယူနိုင်မယ့် အချိန်တစ်ချိန်ကို ရွေးချယ်သတ်မှတ်ရခြင်းပါ။ Wall Street English မှာဆိုရင် အပတ်တိုင်းမှာ သင်ခန်းစာတွေကို မတူညီတဲ့အချိန်တွေမှာ တစ်ပတ်နဲ့တစ်ပတ်မတူညီတဲ့အကြိမ်ရေတွေနဲ့လေ့လာသင်ယူနိုင်တဲ့ အကျိုးကျေးဇူးကို ခံစားရမှာဖြစ်ပါတယ်။ အလုပ်မှာ သို့မဟုတ် တက္ကသိုလ်မှာ သင်အလုပ်များနေတဲ့ ရက်သတ္တပတ်ဆိုရင် အဲဒီအပတ်အတွက်သင်ယူရမယ့် သင်ခန်းစာကို ရွှေ့လိုက်ပြီးတော့ အချိန်ပိုရလာမယ့် နောက်အပတ်ကျတော့မှ ပြန်ဖြည့်ပြီးသင်ယူနိုင်ပါလိမ့်မယ်။ ရည်မှန်းချက်ပန်းတိုင် ချမှတ်ပါ အဂၤလိပ္စာကို စတင်လေ့လာသင်ယူတဲ့အခါမှာ သင့်အနေနဲ့ စိတ်ထဲမှာ ရှင်းလင်းတိကျတဲ့ ရည်မှန်းချက်တစ်ခုကို ချမှတ်ထားရပါမယ်၊ အဲဒီလိုမဟုတ်ရင် ဦးတည်ချက်မရှိဘဲ ရှေ့ကိုလျှောက်လှမ်းနေမိသလို ဖြစ်သွားပါလိမ့်မယ်။ Wall Street English ဟာ သင့်ရဲ့လိုအပ်ချက်တွေအပေါ်မူတည်ပြီး တိကျတဲ့ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ပေးပြီးတော့ လက်တွေ့ကျတဲ့ အချိန်ကာလတစ်ခုချင်းအလိုက် ပစ်မှတ်တွေကိုလည်း သတ်မှတ်နိုင်စေမှာဖြစ်ပါတယ်။ ပျော်ရွှင်မှုရှိပါစေ အဂၤလိပ္သင်ခန်းစာတွေ လုပ်ရခြင်းဟာ ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ ပျင်းစရာကောင်းတဲ့အနေအထားမျိုး မဖြစ်သင့်ပါဘူး။ အဲဒါနဲ့ဆန့်ကျင်ဘက် အများကြီးပျော်စရာကောင်းသင့်ပါတယ်။ ကိုယ်ပိုင်လေ့လာမှုလုပ်ရတဲ့ သင်တန်းတွေဟာ ရေတိုတော့အလုပ်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်အားထက်သန်မှု ခဏလေးနဲ့ပျောက်ဆုံးသွားနိုင်ပါတယ်။ Wall Street English မှာ လူပေါင်းစုံနဲ့အတူ လေ့လာသင်ယူရမယ်၊ စကားတွေပြောရမယ်၊ ဂိမ်းတွေကစားရမယ်၊ လူမှုရေးလှုပ်ရှားမှုတွေမှာ ပါဝင်ရမယ်ဆိုရင် ပျော်စရာတွေကိုခံစားရင်း သင် လေ့လာသင်ယူနိုင်မှာပါ။ လက်တွေ့အသုံးဝင်ခြင်း သင့်ရဲ့အဂၤလိပ္စာသင်ခန်းစာတွေဟာ သင့်ကို အလုပ်လုပ်စဉ်နဲ့ ခရီးသွားစဉ်မှာ အဂၤလိပ္စကားကိုအသုံးပြုနိုင်အောင် ပြင်ဆင်ပေးနိုင်ဖို့ အဓိကထားသင့်ပါတယ်။ သင့်အနေနဲ့လည်း အပြောနဲ့ အကြားကို အဓိကအာရုံစိုက်သင့်ပါတယ်၊ အဲဒီစွမ်းရည်နှစ်ခုက မတတ်မဖြစ်အရေးပါလို့ပါ။ ဒီတော့ လေ့လာဖို့ အဂၤလိပ္စာသင်ခန်းစာအမျိုးအစားတွေ ရွေးချယ်မယ်ဆိုရင် အဂၤလိပ္ဘာသာစကားရဲ့အဲဒီအဓိကကဏ္ဍနှစ်ရပ်အပေါ် အလေးထားတဲ့ အမျိုးအစားကို ရွေးချယ်ပါ။ Wall Street English ရဲ့သင်တန်းတွေမှာတော့ ပထမဆုံးသင်ခန်းစာကနေစပြီး အပြောနဲ့အကြားတို့အပေါ် အခြေခံထားတာဖြစ်လို့ သင့်ရဲ့နေ့စဉ်ဘဝမှာ ပုံမှန်အသုံးပြုနိုင်မယ့် အခြေခံအသုံးအနှုန်းတွေကို သင် လျင်မြန်စွာ သင်ယူတတ်မြောက်နိုင်မှာဖြစ်ပါတယ်။ အဂၤလိပ္စာသင်ခန်းစာတွေက အမျိုးအစားများစွာရှိပေမယ့်လည်း တူညီတဲ့ရလဒ်တွေကိုတော့ တပြေးညီမပေးစွမ်းနိုင်ပါဘူး။ Wall Street English ကတော့ သင်ရွေးချယ်ထားတဲ့ အဆင့်အတန်းနဲ့အညီ အဂၤလိပ္ဘာသာစကားကို သင်ယူရာမှာ ပြောင်းလဲရလွယ်ကူခြင်း၊ လက်တွေ့အသုံးဝင်ခြင်းနဲ့ ပျော်စရာကောင်းခြင်းတွေ ပေးစွမ်းနိုင်ပါတယ်။ ကျွန်တော်တို့ရှိတဲ့နေရာတွေကို ကြည့်ပြီးတော့ သင်နဲ့အနီးဆုံး Wall Street English သင်တန်းကျောင်းကို ရှာဖွေခြင်းအားဖြင့် အခုချက်ချင်းပဲစတင်လိုက်ပါ။
2022-12-05T13:55:00Z
https://wallstreetenglish.edu.mm/my/english-lessons/
OSCAR-2301
2022-12-04T15:11:55Z
https://powerpost24.com/archives/3563
OSCAR-2301
အတည်ပြုလူနာ (Case 182)နှင့် လေယာဉ်အတူစီးလာသည့် မကွေးတိုင်းမှ မလေးရှားပြန် (၂၄)ဦးကို ဓါတ်ခွဲနမူနာရယူ စစ်ဆေးမည် - TNA ❃ Tachileik News Agency ❃ www.tachileik.net အတည်ပြုလူနာ (Case 182)နှင့် လေယာဉ်အတူစီးလာသည့် မကွေးတိုင်းမှ မလေးရှားပြန် (၂၄)ဦးကို ဓါတ်ခွဲနမူနာရယူ စစ်ဆေးမည် 5/16/2020 08:13:00 PM Regional News Edit this post အတည်ပြုလူနာ (Case 182)နှင့် လေယာဉ်အတူစီးလာသည့် မကွေးတိုင်းမှ မလေးရှားပြန် (၂၄)ဦးကို ဓါတ်ခွဲနမူနာရယူ စစ်ဆေးမည် ချင်းပြည်နယ်မှ အတည်ပြ... ချင်းပြည်နယ်မှ အတည်ပြုလူနာ (Case 182)နှင့် လေယာဉ်အတူစီးလာကြသည့် မကွေးတိုင်းမှ မလေးရှားပြန် (၂၄)ဦး Facility Quarantine ဝင်နေသည့် မကွေးပညာရေးကောလိပ်တွင် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်း ဆောင်ရွက်ထားပြီး ဓါတ်ခွဲနမူနာများကို မေလ (၁၇)ရက်နေ့၌ ရန်ကုန်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။ အဲဒီ မလေးရှားပြန် (၂၄)ဦးကို ပြီးခဲ့တဲ့တစ်ပတ်လောက်က ရန်ကုန်လေဆိပ်မှာ သွားရောက်ခေါ်ယူခဲ့ပြီး မကွေး ပညာရေးကောလိပ်မှာ F Q စထားခဲ့တာပါ။ သူတို့နဲ့အတူ လေယာဉ်စီးလာသူက အတည်ပြုလူနာ ဖြစ်သွားလို့ မနက်ဖြန်မှာပဲ သူတို့ရဲ့ နှာခေါင်းနဲ့အာခေါင်တို့ပတ်ရယူပြီး ဓာတ်ခွဲပေးပို့သွားမှာပါ ဟု မကွေးမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ မေလ (၁၆)ရက်နေ့တွင် ပြောသည်။ အဆိုပါ(၂၄)ဦးမှာ တီးတိန်မြို့မှ အတည်ပြုလူနာ (Case 182)နှင့်အတူ လူဦးရေ (၁၂၀) ခန့်ပါရှိသည့် လေယာဉ်ဖြင့် တစ်စီးတည်း အတူစီးကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေလ (၁၁)ရက်နေ့ကရောက်ရှိလာသူများဖြစ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရန်ကုန်လေဆိပ်သို့ သွားရောက်ခေါ်ဆောင်ကာ Facility Quarantine ထားရှိသူများဖြစ်သည်။ ၎င်းတို့အား ထားရှိသည့် ပညာရေးကောလိပ်မှ Quarantine အဆောင်များ၊ ၎င်းတို့ ဝင်ရောက်လာသည့် နတ်မောက်လမ်း ၊ တောင်တွင်းလမ်း ၊ မြို့ပတ်လမ်း နေရာများအား စည်ဖြိုးသူ ပရဟိတအဖွဲ့၊ မကွေး KS ပရဟိတအဖွဲ့တို့က မေလ (၁၆)ရက်နေ့ ညနေပိုင်းတွင် ပိုးသတ်ဆေးဖြန်းခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
2020/05/27 21:26:23
https://www.tachileik.net/2020/05/c182.html
mC4
မန်စီးတီးထံသို့ ဆန်းချက်ဇ်ပြောင်းရန် နီးစပ်ခြင်း မရှိခဲ့ကြောင်း အာစင်ဝင်းဂါး ရှင်းလင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးနေ့တွင် မန်စီးတီးထံသို့ ဆန်းချက်ဇ် ပြောင်းရွှေ့ရောက်ရှိရန် နီးစပ်ခဲ့သည်ဟူသော သတင်းဖော်ပြချက်များမှာ ထင်မြင်ယူဆချက်ကိုအခြေခံသည့် သတင်းမှားများသာဖြစ်သည်ဟု ပြောကြားလိုက်ပြီး အမှန်တကယ် လက်တွေ့အခြေအနေတွင်မူ မန်စီးတီးထံသို့ ဆန်းချက်ဇ် ပြောင်းရွှေ့ဖြစ်ရေးမှာ ၅၀-၅၀ ဆတူ အခြေအနေမျိုးတွင်သာရှိခဲ့ကြောင်း အာစင်ဝင်းဂါးက ရှင်းပြသွားခဲ့သည် ချယ်လ်ဆီးအသင်း ၂၅ ဦး လူစာရင်းတွင် ဒီယေဂိုကော်စတာကို ပြန်လည် ထည့်သွင်းထား ချယ်လ်ဆီးအသင်းသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်အတွင်း၌ အက်သလက်တီကိုထံသို့ ပြောင်းရွှေ့ခွင့်ရရန် ကြိုးပမ်းခဲ့သည့် တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ပရီးမီးယားလိဂ်ပြိုင်ပွဲ ကစားမည့် ၂၅ ဦး လူစာရင်းတွင် ပြန်လည် ထည့်သွင်းထားပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။ ကျိုင်းတုံတွင် ဖမ်းမိသည့် ဝက်ခေါက်များကို မီးရှို့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ဩဂုတ်လ ၃၁ ရက် ညနေပိုင်းက တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် ဝက်ခေါက်များကို ဖမ်းဆီးရမိခဲ့ရာ အဆိုပါ ဝက်ခေါက်များကို စက်တင်ဘာလ ၁ ရက် မွန်းလွဲ ၂ နာရီခန့်က မီးရထားဝင်းအတွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျိုင်းတုံခရိုင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက ပြောကြားသည်။ သတ်မှတ်ကီလိုကျော်မောင်းသည့် ယာဉ် ၆၀ ကျော်ကိုဖမ်း ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှု များလာသဖြင့် တစ်နာရီ မောင်းနှင်နိုင်သည့် သတ်မှတ်ကီလိုနှုန်း ပြောင်းလဲပြီးနောက် စတင်အရေးယူသည့် စက်တင်ဘာလ ၁ ရက်မှာပင် ယာဉ်စီးရေ ၆၃ စီး အရေးယူခဲ့ရကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ပန်ဆောင် နယ်စပ်ဈေး ပြန်ဖွင့်ပြီ မြန်မာ-အိန္ဒိယနယ်စပ် နှစ်နိုင်ငံ နားလည်မှုဖြင့် ဆယ်ရက်တစ်ကြိမ် ဖွင့်သည့် ပန်ဆောင်မြို့ရှိ နယ်စပ်ဈေးကို ခုနစ်လကျော်ကြာ ပိတ်ထားပြီးနောက် သြဂုတ်လကုန်တွင် ပြန်လည်ဖွင့်လှစ်ကာ ကုန်သွယ်ရောင်းဝယ်ရေး စတင်ပြုလုပ်နေကြပြီ ဖြစ်ကြောင်း ပန်ဆောင်မြို့နေ ဦးလော်တူးက ပြောကြားသည်။ ဖမ်းမိလိုင်စင်မဲ့ယာဉ်များ မွန်ပြည်နယ်အစိုးရက လေလံတင် ရောင်းချတော့မည် မဟုတ် မွန်ပြည်နယ်၌ ၂၀၁၆ ခုနှစ်အတွင်းက ဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များအား လေလံတင်ရောင်းချခြင်းကို ပြည်နယ်အစိုးရက လုပ်ဆောင်တော့မည် မဟုတ်ဘဲ ပြည်ထောင်စုအစိုးရကသာ လုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးထံမှ သိရသည်။ ထိုင်းတရားစီရင်ရေးစနစ်သည် အာဏာရှင်ဆန်သည့်စနစ် ဖြစ်သည်ဟု သက်ဆင်ရှင်နာဝပ် ဝေဖန် ကာလအတန်ကြာမြင့်စွာ ကွယ်ပျောက်နေခဲ့သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် အာဏာရှင်ဆန်သည့် စနစ်တစ်ရပ် ဖြစ်သည်ဟု ဝေဖန်ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ ဌာနဆိုင်ရာ အချင်းချင်း ၆၆(ဃ) ဖြင့် တရားစွဲဆိုမှု အာမခံပေး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဌာနဆိုင်ရာ အရာရှိ အချင်းချင်း ၆၆(ဃ) ဖြင့် အမှုဖွင့်တိုင်ကြားမှုတွင် စွပ်စွဲခံရသူကို တရားရုံးက အာမခံပေးခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းအောင်က ပြောကြားသည်။ မြောက်ဒဂုံတွင် ရဲတပ်ကြပ်တစ်ဦး ရေမြောင်းထဲ ပြုတ်ကျ သေဆုံး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းဝင်းရှိ မိသားစု နေအိမ်လိုင်းခန်း အနီးတွင် စက်တင်ဘာလ ၁ ရက် နံနက် ၆ နာရီ ဝန်းကျင်က ရဲတပ်ကြပ်တစ်ဦး ရေမြောင်းထဲ ပြုတ်ကျခဲ့ပြီး ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဝါယာကြိုးကို ပါးစပ်နှင့် ကိုက်ဖြတ်သူ ဓာတ်လိုက်သေဆုံး ပဲခူးတိုင်းဒေသကြီး သွယ်တန်မြို့နယ် သာဂရမြို့ ကန်သာယာရပ်ကွက် နေအိမ်တစ်အိမ်တွင် သြဂုတ်လ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က မီ သွယ်တန်းထားသည့် ဝါယာကြိုးကို ပါးစပ်နှင့် ကိုက်ဖတ်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သာဂရ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။ အိန္ဒိယမူဝါဒ ဖြေလျှော့၍ ပဲစင်းငုံဈေး ပြန်တက် ကန့်သတ်ကုန်စည်အဖြစ် ကြေညာထားသော ပဲစင်းငုံကို အိန္ဒိယနိုင်ငံဘက်က သြဂုတ်လ ၅ ရက်နေ့ မတိုင်မီ ငွေချေပြီးထားသော ယင်းပဲများကို ပြန်လည်ဝယ်ယူမည် ဆိုခြင်းကြောင့် ပဲစင်းငုံဈေးနှုန်းများ ပြန်လည်မြင့်တက်ကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။ အာစင်ဝင်းဂါးကို ထောက်ခံသည့် အာဆင်နယ် ပရိသတ်ပမာဏ ငါးရာခိုင်နှုန်းသာရှိ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းအားပေးသူ ပရိသတ်များ၏ ထောက်ခံမှု ကျဆင်းသည့် အခြေအနေကို ရင်ဆိုင်နေရပြီဖြစ်ကာ လက်ရှိတွင် အာစင်ဝင်းဂါးကို ထောက်ခံသည့် အာဆင်နယ် ပရိသတ် ပမာဏမှာ ငါးရာခိုင်နှုန်းသာ ရှိတော့ကြောင်း The Mirror က ဖော်ပြထားသည်။ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ ၁၂၅ သန်း သုံးမည် ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှု ကာကွယ်ရေး အပါအဝင် မြို့ပြဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်းကို အပိုင်းသုံးပိုင်းဖြင့် ခွဲဝေသုံးစွဲရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာမောင်မောင်စိုးက သြဂုတ်လ ၃၀ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် ပြောကြားသည်။
2020/07/16 14:11:45
http://thevoicemyanmar.com/news?page=1435
mC4
ကယ်တင် – DVB ရေနစ်နေတဲ့ တရုတ်တက္ကသိုလ်ကျောင်းသားတဦးကို ဗြိတိန်သံတမန်တဦးက မြစ်ထဲခုန်ချကာ ကယ်တင်နိုင်ခဲ့တယ်လို့ ပေကျင်းမှာရှိတဲ့ ဗြိတိန်သံရုံးနဲ့ တရုတ်နိုင်ငံပိုင်မီဒီယာတို့မှာ ဖော်ပြပါတယ်။ နိုဝင် ဘာ ၁၄ ရက်က တက္ကသိုလ်ကျောင်းသူ တဦးဟာ မြစ်ထဲကို မတော်တဆပြုတ်ကျသွားခဲ့ပြီး ရေမနစ်အောင်ရုန်းကန်နေရတာကို မြင်တွေ့ခဲ့ရတဲ့ အသက် ၆၁ နှစ်အရွယ် ဗြိတိန်သံမှူး စတီဖင် အီလစ်ဆင်က ကယ်တင်ခဲ့တာလို့ နိုင်ငံပိုင် Xinhua သတင်းမှာ ဖော်ပြပါတယ်။ လူမှုကွန်ရက်ပေါ်ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်တခုမှာလည်း အမျိုးသမီးတဦး ရေထဲမှာ ရုန်းကန်နေရတာကို ဘေးနားက လူတွေက ဝိုင်းဝန်းအော်ဟစ် အကူအညီတောင်းနေတာ မြင်တွေ့ခဲ့ရပြီး အဲ့ဒီအချိန်မှာ သံအမတ်က ဖိနပ်ချွတ်ကာ ရေထဲကို ခုန်ချပြီး သွားရောက်ကယ်ဆယ်ခဲ့ပါတယ်။ ဒီဗွီဒီယိုဖိုင်ကို ဖြစ်ရပ်အနီးမှာ ရှိနေသူတဦးက ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အသက်ကယ်အင်္ကျီတွေ ရောက်ရှိလာပြီး အီလစ်ဆန်ရော အမျိုးသမီးကိုပါ ဘေးကင်းစွာ ဆယ်ယူနိုင်ခဲ့ပါတယ်။ နောက်ထပ်ဖြတ်သွားဖြတ်လာတဦး ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်မှာလည်း သံတမန်ဟာ အမျိုးသမီးရှိရာ မြစ်လယ်ကို ရေကူးသွားခဲ့ပြီး သူမကို ဆွဲခေါ်ကာ ကမ်းခြေဘက်ကို ပြန်ပါလာတာကိုလည်း မြင်တွေ့ရပါတယ်။ "အမျိုးသမီးလေးဟာ မကြာခင်မှာ တင်သတိပြန်ရကာ အသက်ပြန်ရှုနိုင်ခဲ့ပါတယ်။ ကယ်ဆယ်ပေးခဲ့မှုအတွက် ကျေးဇူးတင်ပါတယ်" လို့ ဒေသခံတာဝန်ရှိသူများကို ကိုးကားပြီး Xinhua သတင်းမှာ ဖော်ပြပါတယ်။ သံအမတ်အီလစ်ဆန်ရဲ့လုပ်ရပ်ဟာ တရုတ်နိုင်ငံသားတွေကြားမှာ တော်တော်လေး ရေပန်းစားသွားခဲ့ပြီး ဒီလိုမွန်မြတ်တဲ့လုပ်ရပ်အတွက် အားလုံးက ဂုဏ်ယူနေကြတယ်လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။ တရုတ်-ဗြိတိန်ဆက်ဆံရေးဟာ ဟောင်ကောင်ကိစ္စနဲ့ပတ်သက်လို့ မကြာသေးခင်လမှာ တင်းမာမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
2022/01/23 23:05:12
http://burmese.dvb.no/archives/tag/%E1%80%80%E1%80%9A%E1%80%BA%E1%80%90%E1%80%84%E1%80%BA
mC4
သင်ကဥရောပရထားဝန်ဆောင်မှုကိုသတိရနေတယ်မပြောသင့်အဘယ်ကြောင့် | တစ်ဦးကရထား Save နေအိမ် > ဥရောပခရီးသွား > သင်ကဥရောပရထားဝန်ဆောင်မှုကိုသတိရနေတယ်မပြောသင့်အဘယ်ကြောင့် စာဖတ်ချိန်: 3 မိနစ်များ(နောက်ဆုံးတွင်နောက်ဆုံးရေးသားချိန်: 18/06/2020) ကျနော်တို့ကအမြဲကျွန်တော်တို့ရဲ့နယ်လှည့်စေရန်ကြိုးစား အတှေ့အကွုံ ပိုကောင်းနှင့်ကွဲပြားခြားနားသောနည်းလမ်းများလျှောက်ထားခြင်းနှင့် ပိုက်ဆံကယ်ဖို့လှည့်ကွက်, အချိန်နှင့်ကြိုးစားအားထုတ်မှု. ရေခြားမြေခြားတစ်အားလပ်ရက်ခံစားခြင်း ခရီးစဉ် သင်အချိန်ကိုလုပ်ချင်ဆိုလိုတယ် ထူးခြားတဲ့. ဥရောပတစ်ခရီးစဉ်ရာ၌ခန့်ထားပြီသူတွေကိုအဲဒီမှာအမှုအရာအတော်များများခံစားခဲ့ရနှင့်ခရီးသွား trans ဆိုတဲ့-ဥရောပမှတဆင့် မီးရထားဝန်ဆောင်မှု ကျိန်းသေသူတို့ထဲကတစ်ဦးဖြစ်ပါတယ်. ဥရောပအရှိဆုံးထူးခြားဆန်းပြားတချို့၏တိုက်ကြီးဖြစ်ပါသည် ခရီးသည် နေရာများနှင့်သင်ခံစားရန်စီစဉ်နေကြသည်လျှင် လှပသောပွညျ၏အကောင်းဆုံးအမြင်, trans ဆိုတဲ့-ဥရောပရထားဝန်ဆောင်မှုကြိုးစားကြ, သငျသညျအများကြီးခံစားနိုင်ရှိရာ အွန်လိုင်းငါ၏အမီးရထားလက်မှတ်ဘွတ်ကင်အပါအဝင်အဆောက်အ. ဘလော့ဂ်ကတဆင့်သွားပြီးသင်သည်လက်လွတ်မသငျ့သညျအဘယျကွောငျ့သငျယူဖို့ ဒီအံ့သြဖွယ် ရထားခရီး သည့်အခါဥရောပတိုက်တွင်. ခရီးပိုအရေးကြီး Is လိုက်တဲ့အခါ အချို့သောလူများအတွက်, ခရီးသငျသညျများမှာအထူးသဖြင့်အခါ destination သို့ရောက်ရှိထက်ပိုအရေးကြီးတယ် တစ်ဦးတိုးရစ်အဖြစ်ခရီးသွား. သငျသညျဥရောပမှာရောက်နေတယ်ဆိုရင်, ထို့နောက်သင်လေ့လာစူးစမ်းဖို့အခွင့်အလမ်းကိုလက်လွတ်မနေသင့် နီးစပ်ထဲကနေလှပသောတိုက်ကြီး. ရထားခရီးသင်သည်သင်၏ဥရောပခရီးစဉ်ထူးခြားတဲ့ဖြစ်စေခြင်းငှါအခွင့်အလမ်းကိုပေးတော်မူ၏. အဆိုပါပျော်မွေ့ ဇိမ်ခံရထားခရီးသွား သို့ ၏အားသာချက်နှင့်အတူဥရောပအတွင်းအများအပြားတွင် Destinations ကိုရောက်ရှိ အွန်လိုင်းငါ၏အမီးရထားလက်မှတ်ဘွတ်ကင် option ကို. ဥရောပအကောင်းဆုံးခံစားကြည့်ပါ ဥရောပတချို့၏မူလနေရာဖြစ်သည် အကောင်းဆုံးရထားအော်ပရေတာ ကမ်ဘာပျေါတှငျ, ဒီမှာသင်ကမ္ဘာ့အဆင့်အတန်းကိုခံစားနိုင်ပါတယ် နေပါစေသင့်ရဲ့ဦးတည်ရာသည်အဘယ်အရာရထားခရီး. ဂျာမန်ရထားလမ်း, OBB, TGVLyria, Thalys နှင့် Eurostar များမှာ ဥရောပမှာရှိတဲ့ဦးဆောင်ရထားအော်ပရေတာအချို့. သင်၏အထဲမှာတပ်မက်လိုချင်သောအနေရာများရောက်ရှိဖို့အများအပြားဥရောပမြို့ကြီးများမှအမီးရထားဝန်ဆောင်မှုကိုခံစားနိုင်ပါတယ် ဥရောပ. သငျသညျအမ်စတာဒမ်မှသွားလာလို့ရပါတယ် လန်ဒန်, ဘာလင် ဟမ်းဘတ်မှ, Naples သို့ ရောမမြို့, မီလန်မှ ဗင်းနစ်, ပဲရစ်မှလန်ဒန်, ဘာလင်မှလန်ဒန်, ဗီယင်နာ သို့ မြူးနစ် နှင့်အခြားသောနေရာများ. ထိုအခါအကောင်းဆုံး စိတျအပိုငျးသငျသညျစာအုပ်တစ်အုပ်ကိုငါ့ရထားလက်မှတ်၏ထို option ဘယ်အချိန်မဆိုခံစားနိုငျသောကွောငျ့ဖွစျသညျ. အွန်လိုင်းသင့်လက်မှတ်ဝယ်ရန် ဤသူကားအ အခြားအားသာချက် Trans-ဥရောပ သာ. နှစ်သက်၏ မီးရထားဝန်ဆောင်မှု အဆိုပါခံစားရန် ပွညျသူပွညျသားအလှ. ဒါဟာ သင်တို့နေရာအရေးမပါဘူး, သင်ဆဲသင့်ရဲ့ရထားလက်မှတ်အွန်လိုင်းဘွတ်ကင်နိုင်ပါတယ်. သငျသညျခရီးသွားစီစဉ်ထားကြလျှင် တစ်ဦးအထူးသဖြင့်ဒေတာများအပေါ်ပဲရစ်ကနေအမ်စတာဒမ်, သငျသညျ pre-ဘွတ်ကင်စက်ရုံသုံးပြီးသင့်ရဲ့ထိုင်ခုံ secure နိုင်ပါတယ်. သငျသညျ အဆိုပါသွားရောက်ကြည့်ရှုနိုင်ပါတယ် တာဝန်ရှိသူတဦးကရထားက်ဘ်ဆိုက် third-party ရထားလက်မှတ်ဘွတ်ကင်ဝန်ဆောင်မှုပေးနှင့်သင့်လက်မှတ်ဘွတ်ကင် ငါ၏အမီးရထားလက်မှတ်အွန်လိုင်းဘယ်နေရာမှာမဆိုနေတဲ့စာအုပ်ကတဆင့်ချေးငွေသို့မဟုတ်ခရက်ဒစ်ကဒ်ကိုသုံးပြီး. ဤရွေ့ကားလာသောအခါဥရောပ၌သငျ trans ဆိုတဲ့-ဥရောပရထားဝန်ဆောင်မှုလက်လွတ်မသငျ့သညျအဘယျကွောငျ့အကြောင်းပြချက်အချို့ရှိပါတယ်. ရထားဝန်ဆောင်မှုအကြောင်းပိုမိုလေ့လာသင်ယူရန်, အချိန်ဇယား, နှင့်လက်မှတ်ဘွတ်ကင်စက်ရုံ, သငျသညျသွားရောက်ကြည့်ရှုနိုင်ပါတယ် – www.saveatrain.com သင်သည်သင်၏ site ကိုပေါ်ကိုကျွန်တော်တို့ရဲ့ဘလော့ဂ်ပို့စ် embed လုပ်ဖို့ချင်ပါနဲ့, သင်တို့သည်ငါတို့၏ဓါတ်ပုံနှင့်စာသား ယူ. ရုံဤ blog post မှ link တစ်ခုနှင့်အတူကျွန်တော်တို့ကိုအကြွေးကိုပေးနိုင်ပါသည်ဖြစ်စေ, သို့မဟုတ်သင်ဒီနေရာကိုနှိပ်ပါ: https://embed.ly/code?url=https://www.saveatrain.com/blog/reasons-why-you-should-not-miss-trans-european-train-service/ - (အဆိုပါ Embed Code ကိုကြည့်ဖို့အနည်းငယ်အောက်ကိုဆင်း) သင်သည်သင်၏အသုံးပြုသူများမျိုးဖြစ်လိုလျှင်, သင်တို့သည်ငါတို့၏ရှာဖွေရေးစာမျက်နှာများသို့တိုက်ရိုက်သူတို့ကိုပဲ့ပြင်နိုင်ပါတယ်. ဒီလင့်ခ်, သင်တို့သည်ငါတို့၏လူကြိုက်အများဆုံးမီးရထားလမ်းကြောင်းများရှာတွေ့ပါလိမ့်မယ် – https://www.saveatrain.com/routes_sitemap.xml. သငျသညျအင်္ဂလိပ်ဆင်းသက်စာမျက်နှာများတွင်ဘို့ငါတို့လင့်များရှိအတွင်းပိုင်း, ဒါပေမယ့်ကျနော်တို့လည်းရှိ https://www.saveatrain.com/de_routes_sitemap.xml, သငျတို့သ / ကသို့မဟုတ် / ru နှင့်ပိုပြီးဘာသာစကားများဖို့ / က de ပြောင်းလဲနိုင်သည်.
2020/12/02 09:41:04
https://www.saveatrain.com/blog/reasons-why-you-should-not-miss-trans-european-train-service/?lang=my
mC4
အပတ်စဉ်ကဏ္ဍများ, 19 ဒီဇင်ဘာ 2018 ဒီဇင်ဘာ ၁၉၊ ၂၀၁၈ - ရန်ကုန်မြို့တော် ပြုပြင်ပြောင်းလဲရေးအတွက် အမျိုးမျိုး လေ့လာဆန်းစစ်ပြီး၊ စာတမ်းတွေ ထုတ်ဝေကြပါတယ်။ ရန်ကုန်မှာ ကြုံတွေ့နေရတဲ့ လက်ရှိအခြေအနေမျိုးကို ဘန်ကောက်က ဖြတ်သန်းလာခဲ့တာမို့ ဘန်ကောက်ကို သင်ခန်းစာယူဖို့ အကြံပေးကြတဲ့အကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဥာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါ ဒီဇင်ဘာ ၂၀၊ ၂၀၁၈ - သွေးပေါင်ချိန်ကျတာကို ဘယ်လိုသတ်မှတ်နိုင်ပြီး၊ သာမန်သွေးပေါင်ချိန်ကျတာနဲ့ အရေးပေါ် သွေးပေါင်ချိန်ကျတာတွေကို ဘယ်လို ခွဲခြားသိနိုင်ကာ၊ ဘယ်လို ကုသသင့်ပါလဲ။ နှစ်ဖက် ထုတ်ပြန်ချက်တွေကြည့်လိုက်ရင် အစိုးရနဲ့ တပ်မတော်ဘက်က လိုလားတဲ့ ကြေငြာချက် တစ်စောင်ကို လက်နက်ကိုင် ၃ ဖွဲ့က ထုတ်ပြန်ပေးပြီးပြီမို့ နှစ်ဖက် အပစ်အခတ် ရပ်စဲရေးကိစ္စ ဆက်ဆွေးနွေးဖို့ လမ်းပွင့်သွားပါပြီ။ တိတ်ဆိတ်ခြင်းနောက်ကွယ် ၊ မြန်မာနိုင်ငံမှာ အမျိုးသမီးများအကြမ်းဖက်ခံရမှုနဲ့ သူတို့ရဲ့ ခံနိုင်ရည်ရှိမှုဆိုတဲ့ ဂျာနယ်ဆောင်းပါးကို ရခိုင်တိုင်းရင်းသူ မအေးသီရိကျော်က တွဲဖက်ရေးသားခဲ့ပါတယ်။
2019/11/12 02:55:29
https://burmese.voanews.com/z/2514/2018/12/19
mC4
လူကုန်ကူးခံရသူတစ်ဦး၏ ၁၃ နှစ်ကြာ အိပ်မက်ဆိုး | Frontier Myanmar သီခ ရေးသားသည်။ မကြည်ကြည်(အမည်လွှဲ)အတွက် တရုတ် ယောက်ျားနှစ်ဦး၏ အဝယ်မယားအဖြစ် ကံကြမ္မာဆိုးရွားစွာ ရောက်ရှိသွားစေမည့် ခရီးစဉ်တစ်ခုသည ်လွန်ခဲ့သော ၁၃ နှစ်က မွန်ပြည်နယ်မီးရထားပေါ်တွင ်စတင်ခဲ့သည်။ ထိုစဉ်က သူ့အသက်မှာ ၁၇ နှစ်မျှသာ။ မုဒုံမြို့နယ် ကျေးရွာတစ်ရွာမှ မွန်အမျိုးသမီး မကြည်ကြည်သည် မွန်ပြည်နယ်တောင်ပိုင်းဒေသရှိ ရေးမြို့တွင် နေထိုင်သော အဖွားဖြစ်သူထံ သွားရောက်လည်ပတ်ရာမှ ပြန်လာခြင်းဖြစ်သည်။ အပြန်လမ်းတွင် မြန်မာ လင်မယားနှစ်ဦးနှင့် မိတ်ဆွေဖြစ်ကာ သူတို့က အရက်နှင့်ရော၍ တိုက်သောအချိုရည်ကို သူသောက်မိပြီး သတိမေ့သွားခဲ့သည်။ ဧပြီတွင် ကိုယ်ဝန်လေးလနှင့် မကြည်ကြည် ပြန်ရောက်လာပြီး မိဘများနှင့် ပြန်လည်ပေါင်းဆုံမိသော မြင်ကွင်းမှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ သူတို့က သူသေပြီဟုထင်ကြကြောင်း၊ တရုတ်နိုင်ငံမှ သူ လွတ်မြောက်လာရေးအတွက် ဆောင်ရွက်ရာတွင် အဓိကအခန်းမှပါဝင်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအဖွဲ့ဝင် နိုင်ကိုသူက ပြောသည်။ မကြည်ကြည်ကို ချဉ်းကပ်သွေးဆောင် ဖြားယောင်းသူများမှာ လူမှောင်ခိုကူးသူများ၏ အေးဂျင့်များ ဖြစ်ကြသည်။ ရန်ကုန်သို့ ရထားဆိုက်သောအခါ သူတို့က သူ့ကို စားသောက်ဆိုင်တစ်ခုတွင် သုံးလခန့် အလုပ်သွင်းပေးပြီးနောက် တရုတ်နယ်စပ်သို့ ခေါ်ဆောင်ကာ ၎င်းအား လူမှောင်ခိုဂိုဏ်းတစ်ဂိုဏ်းထံ ရောင်းစားခဲ့သည်။ ဆယ်ကျော်သက်ရွယ် မိန်းမငယ်တစ်ဦးအား ဝယ်ချင်သူကို ရှာဖွေရသည်မှာ လူမှောင်ခိုဂိုဏ်းအတွက် အခက်အခဲ မရှိပါ။ မိသားတစ်စု ကလေးတစ်ဦးသာ ယူရမည့် တရုတ်နိုင်ငံ၏မူဝါဒ၊ ကိုယ်ဝန်ဖျက်ချရန် လွယ်ကူမှုနှင့် အမွေခံအဖြစ် သားယောက်ျားကလေးကို ပိုမိုလိုလားမှုတို့ကြောင့် ၂၀၀၄ ခုနှစ်တွင် တရုတ်နိုင်ငံရှိ လိင်အချိုးအစားမှာ ယောက်ျား ၁၁၆ ဦးလျှင် မိန်းကလေး ၁၀၀ ဦးနှုန်းသာ ရှိကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြကြသည်။ မကြည်ကြည်သည် ပထမယောက်ျားနှင့် သမီးတစ်ယောက်နှင့် သားတစ်ယောက်ရသည်။ သူ့ယောက်ျား၏ အဝယ်မယားအဖြစ် ၁၂ နှစ်ကြာနေပြီးနောက် တရုတ်နယ်စပ်မြို့ဖြစ်သော ရူလီမှတစ်ဆင့် သူ့မိဘများထံ အလည်သွားရန် ၎င်းက မြန်မာနိုင်ငံသို့ ပြန်ခွင့်တောင်းခဲ့သည်။ "တရုတ်နိုင်ငံ နယ်စပ်ဘက်မှာနေတဲ့ မြန်မာတွေကို မယုံရဘူးဆိုပြီး ပထမတော့ သူက သဘောမတူဘူး" ဟု ၎င်းက ပြောသည်။ နောက်ဆုံးတွင် သူ သနားသွားသည်။ သူ၏ ပထမဆုံး တရုတ်အိမ်မှ မကြည်ကြည် ထွက်ခွာချိန်တွင် သူ့သားမှာ တစ်နှစ်သားအရွယ်ရှိပြီး စကားပြောတတ်စဖြစ်သည်။ နယ်စပ်ကိုဖြတ်ကျော်နိုင်အောင် ၎င်းအားကူညီမည်ဟု ကတိပေးသူ အမျိုသမီးကြီးတစ်ဦးနှင့်အတူ ရူလီသို့ မကြည်ကြည် ခရီးထွက်ခဲ့သည်။ သို့သော် ပျားပန်းခတ် စည်ကားလှသော နယ်စပ်မြို့သို့ သူတို့ ရောက်သောအခါ တည်းခိုခန်းတစ်ခုတွင် ၎င်းအား နှစ်ရက်ခန့် သော့ခတ်ထားသည်။ အသက်ကြီးကြီး တရုတ်ကြီး တစ်ယောက်ကို ၎င်းအား ယွမ် ၆၀,၀၀၀(အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉ သန်း) ဖြင့် လူမှောင်ခိုတို့က ရောင်းစားလိုက်ခြင်းဖြစ်သည်ကို အပြင်သို့ ထွက်ရချိန်တွင်မှ သိလိုက်ရတော့သည်။ တရုတ်နိုင်ငံတွင် ၁၂ နှစ်နေပြီးနောက် မကြည်ကြည်သည် တရုတ်စကားကို ပြောတတ်လာသည်။ ဘာ့ကြောင့် ၎င်းအား ခေါ်သွားတာလဲဟု အဘိုးကြီးကို မေးသောအခါ ၎င်းအား ရောင်းစားလိုက်ခြင်းဖြစ်ကြောင်း သူက ဖြေကြားသည်။ "ဒါပေမဲ့ ငါ့ကို ယွမ် ၆၀,၀၀၀ ပေးရင် နင့်ကို သွားခွင့်ပေးမယ်" ဟု သူက မကြည်ကြည်ကို ပြောသည်။ လူကုန်ကူးခံရသော ဒုတိယအကြိမ်တွင် အဘိုးကြီးက သူနှင့်အတူနေရန် ကျေးလက်ဒေသသို့ ၎င်းအား ခေါ်သွားသည်။ ယင်းဒေသ၌ ပြောသောစကားမှာ ၎င်းအားပထမဝယ်သူပြောသော စကားနှင့်ကွဲပြားသည်။ မကြည်ကြည် ထွက်ပြေးချင်သည်။ သို့သော် ဒေသတည်နေရာ အနေအထားမှာ ဝေးလံခေါင်းပါးသကဲ့သို့ မိုဘိုင်းဖုန်းလည်း မရနိုင်သည့်အတွက် ကနဦးကြိုးပမ်းချက်များမှာ အချည်းနှီးဖြစ်ခဲ့ရပြီး တောင်သူလယ်သမား တစ်ဦး၏ ဇနီးမယားဘဝနှင့် အသားကျလာသည်။ "ကျွန်မက အိမ်သန့်ရှင်ရေး လုပ်တယ်။ နွားတွေ၊ ဆိတ်တွေကို အစာကျွေးတယ်။ သူတို့ဆိတ်သတ်တဲ့အခါ အမွေးတွေ နုတ်ရလွယ်အောင် ကျွန်မက ဆိတ်ခေါင်းကို ရေနဲ့ပြုတ်ပေးရတယ်" ဟု သူက ပြောသည်။ မကြည်ကြည်၏ အဘိုးအိုယောက်ျားက သူ့ဖုန်းကို ၎င်းအား တစ်ခါမျှ သုံးခွင့်မပေးပေ။ သို့သော်လည်း သူ့မှာလည်း အကြံနှင့်ပါ။ သူ့ထံမှငွေကို နည်းနည်းချင်း ခိုးယူထားပြီး မိုဘိုင်းဖုန်းနှင့် ဆင်းကတ်ဝယ်ရန် စုဆောင်းထားသည်။ "သူ မရိပ်မိအောင်လို့ တစ်ခါခိုးရင် တစ်ယွမ်၊ နှစ်ယွမ်လောက်ပဲ ကျွန်မက ခိုးထားတယ်" ဟု သူက ဆိုသည်။ ခုနစ်လလောက် စုလိုက်သောအခါ မိုဘိုင်းဖုန်းတစ်လုံးကို အဖိုးကြီး မသိအောင် သူ ဝယ်နိုင်ခဲ့သည်။ ထိုအချိန်တွင် စိန်ခေါ်မှုအသစ်နှင့် သူ ရင်ဆိုင်ခဲ့ရသည်။ တရုတ်နိုင်ငံတွင် သတင်းပေးပို့ ဝန်ဆောင်မှုအဖြစ် လူသုံးများလျက်ရှိသော WeChat အသုံးပြုနည်းကို သူ မသိပေ။ သို့သော် ကံကောင်းချင်တော့ WeChat အသုံးပြုနည်းကို တယ်လီဗီးရှင်း အစီအစဉ်တစ်ခုမှတဆင့် သူ ရရှိခဲ့သည်။ "ကျွန်မ ဖုန်းနံပတ်ကိုသုံးပြီး အကောင့်ကို ဖွင့်ကြည့်တာ ရသွားတယ်။ ကျွန်မ ပျော်လိုက်တဲ့ဖြစ်ခြင်း" ဟု သူက ပြောသည်။ သူ့ယောက်ျား နေ့စဉ်အလုပ်သွားချိန်၌ မကြည်ကြည်သည် သူ့အခန်းတွင်း၌အောင်း၍ မိခင်နိုင်ငံသို့ ပြန်နိုင်အောင် အကူအညီပေးမည့်သူနှင့် အဆက်အသွယ်ရရန် ကြိုးစားခဲ့သည်။ သူ၏ WeChat အဆက်အသွယ်များအနက် တစ်ဦးမှာ ဘဘကြီးဆိုသူဖြစ်သည်။ သူ ကြုံတွေ့နေရသော အတိဒုက္ခကို သူ့ကို ပြောပြသောအခါ လွတ်မြောက်ရေးအတွက် အကူအညီပေးရန် သူက ကမ်းလှမ်းခဲ့သည်။ ဘဘကြီးက ကိုသူဆိုသူနှင့် အဆက်အသွယ်ရအောင် မကြည်ကြည့်ကို စီစဉ်ပေးပြီး ကယ်ဆယ်ရေးလုပ်ငန်း စတင်ဆောင်ရွက်ရန် အစီအစဉ်ဆွဲခဲ့သည်။ ကိုသူက မကြည်ကြည်၏ လိပ်စာနှင့် သူ နေထိုင်ရာဒေသ၏ ဓာတ်ပုံကို တောင်းသည်။ ထို့နောက် သတင်းအချက်အလက်များကို ရူလီမြို့၏တစ်ဖက်ကမ်း မြန်မာဘက်ခြမ်း မူဆယ်မြို့ရှိ ရဲတပ်ဖွဲ့သို့ ပေးပို့ခဲ့သည်။ ထို့အတူ တရုတ်နိုင်ငံဘက်ခြမ်းရှိ ရဲတပ်ဖွဲ့သို့လည်း ပို့ပေးသည်။ မည်သို့မျှ အရေးမယူသောအခါ သူ ကိုယ်တိုင် ရူလီရဲတပ်ဖွဲ့တွင် အဖမ်းခံရန် သူက မကြည်ကြည်ကို အကြံပေးသည်။ သို့ဖြင့် မကြည်ကြည်သည် တရုတ်ပြည်ထဲ၌ အဖမ်းခံခဲ့ရပြီး ဧပြီလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ဘဝသစ် မိသားစုနှင့် ပြန်လည်ပေါင်းဆုံမိပြီးနောက် မကြည်ကြည် စတင်အလုပ်ရှာသည်။ သူသည် တရုတ်စကားကို ကောင်းစွာ ပြောတတ်သည့်အတွက် စကားပြန်အလုပ်ကို ရနိုင်လိမ့်မည်ဟု သူ မျှော်လင့်ထားသည်။ သို့သော် မွန်ပြည်နယ်တွင် ယင်းအလုပ်မျိုး ရရန်မှာ မရှိသလောက်ရှားသည်။ အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုကို ဆောင်ရွက်ရန် စိတ်ကူးသည့်အခါတွင်လည်း လုပ်ငန်းစတင်ရန် ငွေအလုံအလောက် မရှိပေ။ မုဒုံနှင့် နေပြည်တော်တို့မှ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်များက သူ့ဘဝသစ်ကို စတင်နိုင်အောင် အကူအညီပေးမည်ဟု ကတိပေးကြကြောင်း သူက ပြောသည်။ သူ့အိမ်တွင် မိုဘိုင်းစတိုးဆိုင်ဖွင့်ရန်၊ သို့မဟုတ် တိရစ္ဆာန်မွေးမြူရေးလုပ်ရန် ရှိပါက ကူညီမည်ဟုပြောသည်။ ယခုအချိန်အထိမူ ရဲတပ်ဖွဲ့ထံမှ မည်သည့်အကူအညီမျှ မရသေးကြောင်း သူက ပြောသည်။ လူမှုဖူလုံရေး ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် နိုဝင်ဘာလအထိ နေ့စဉ်ထောက်ပံ့ကြေး ကျပ်၂,၅၀၀နှင့် ကျန်းမာရေး စောင့်ရှောက်မှုကို ပေးခဲ့သည်။ မကြည်ကြည်နှင့် သူ့နောက်ကလေး၏ အနာဂတ်အတွက် သူ ရင်လေးမိသည်။ မကြည်ကြည်ကဲ့သို့သော အမျိုးသမီးများ၏ ဘဝပြန်လည်ထူထောင်ရေးအတွက် အစိုးရက အကူအညီများ ပိုမိုစီစဉ်ပေးသင့်ကြောင်း သူက ဆိုသည်။
2021/05/11 12:31:10
https://www.frontiermyanmar.net/mm/%E1%80%9C%E1%80%B0%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%80%E1%80%B0%E1%80%B8%E1%80%81%E1%80%B6%E1%80%9B%E1%80%9E%E1%80%B0%E1%80%90%E1%80%85%E1%80%BA%E1%80%A6%E1%80%B8%E1%81%8F-%E1%81%81%E1%81%83/
mC4
အပငျလေးတှေ အမွဲရဓေါတျရနစေမေယျ့ အလှယျဆုံးနညျးလမျး (၅) ခု HomeKnowledgeအပငျလေးတှေ အမွဲရဓေါတျရနစေမေယျ့ အလှယျဆုံးနညျးလမျး (၅) ခု အိမျထဲမှာ စိုကျလို့ရတဲ့ အပငျလေးတှကေ စိတျကို ကွညျလငျလနျးဆနျးစရေုံ မကပါဘူး။ အောကျဆီဂငျြကို ထုတျပေးပွီး အိမျတှငျးလထေုကိုလညျး သနျ့ရှငျးစပေါတယျ။ အဲဒါကွောငျ့ အပငျလေးတှကေိုလညျး အမွဲဂရုစိုကျပေးဖို့လညျး လိုအပျပါတယျ။ သငျက ခရီးသှားတဲ့အခါ ဒါမှမဟုတျ အိမျမှာမရှိတဲ့အခါ အိမျမှာကနျြခဲ့တဲ့အပငျလေးတှေ ရဓေါတျပွညျ့ပွီး ဆကျလကျရှငျသနျစနေိုငျမယျ့ နညျးလမျးတှကေို ဖျောပွပေးလိုကျပါတယျနျော။ ၁။ အောကျခံပနျးကနျပွားနှငျ့ ရသှေငျးခွငျး အထူးဂရုစိုကျစရာမလိုတဲ့ အပငျလေးတှအေတှကျ ဒီနညျးလမျးက အလှနျအသုံးဝငျပါတယျ။ လိုအပျတာလေးတှကေတော့ အောကျခံပနျးကနျပွားတဈခပျြနဲ့ ပနျးအိုးအောကျခွနေဲ့ ဘေးမှာရဝေငျနိုငျတဲ့ ပနျးအိုးတဈလုံးပါပဲ။ အောကျခံပနျးကနျပွားထဲမှာ ရထေညျ့ပါ။ ပနျးအိုးထဲကို အပငျထဲထညျ့ပွီး အောကျခံပနျးကနျပွားပျေါမှာ တငျထားလိုကျပါ။ အဲဒါဆိုရငျ ၂ ရကျ၊ ၃ ရကျခနျ့တော့ စိတျခရြပါတယျ။ ၂။ ရပေုလငျးနှငျ့ ရသှေငျးခွငျး ဒီနညျးလမျးကလညျး ထိရောကျပါတယျ။ လိုအပျတာကတော့ အလူမီနီယမျ အဖုံးပါတဲ့ ရပေုလငျးတဈလုံးပါ။ အလူမီနီယမျအဖုံးပျေါမှာ အပေါကျတှေ ၅ ပေါကျခနျ့ဖောကျပါ။ပွီးရငျ ရပေုလငျးထဲ ရဖွေညျ့ပါ။ ပနျးအိုးထဲကို ရပေုလငျးဇောကျထိုး စိုကျထားလိုကျရငျ အပငျလေးက ရဓေါတျပွညျ့နပေါပွီ။ ဒီနညျးလမျးလေးနဲ့ ၅ ရကျခနျ့ အပငျကို ရဓေါတျပေးနိုငျပါတယျ။ ၃။ မကျြနှာသဈကနျထဲတှငျ ထားခွငျး ရမြေားမြားလိုပွီး နရေောငျခွညျသိပျမလိုတဲ့ အပငျတှအေတှကျ ဒီနညျးက အသုံးတညျ့ပါတယျ။ မကျြနှာသဈကနျထဲကို ရလေိုသလောကျဖွညျ့ထားပါ။ မကျြနှာသဈကနျထဲမှာ ပဝါတဈစကို ခငျးထားပါ။ ပဝါပျေါမှာ ပနျးအိုးလေးကို တငျထားပါ။ အဲဒါဆိုရငျတော့ အပငျလေးက တဈပတျခနျ့တော့ ရဓေါတျမခနျးခွောကျတော့ပါဘူး။ ၄။ Drip နှငျ့ ရသှေငျးခွငျး အိမျမှာ ကွာကွာမရှိဘူးဆိုရငျ ဒီနညျးလမျးက ပိုကောငျးပါတယျ။ အပငျမြားမြား စိုကျထားသူအတှကျ ပိုသငျ့တျောပါတယျ။ ခညျြကွိုးတဈကွိုးလိုအပျပါတယျ။ ခညျြကွိုးက ရကေို အစုပျယူနိုငျဆုံးပစ်စညျးဖွဈပွီး မွကွေီးထဲကို ရဝေငျရောကျဖို့ ကူညီနိုငျပါတယျ။ ခညျြကွိုးရဲ့အစှနျးတဈဖကျကို မွကွေီးထဲမွှုပျထားပွီး နောကျအစှနျးတဈဖကျကို ရကေရားထဲ ထညျ့ထားပါ။ ပွီးရငျတော့ ရကေရားကို ရဖွေညျ့ပေးရုံပါပဲ။ ဒီနညျးလမျးနဲ့ဆိုရငျ အပငျက တဈပတျကနေ သုံးပတျအထိ ရဓေါတျရနတေော့မှာပါ။ ၅။ ပလကျစတဈအိတျထဲ ထညျ့ထားခွငျး ဒီနညျးက အလှနျလှယျကူပွီး အခြိနျကွာကွာခံနိုငျပါတယျ။ အပငျကို Greenhouse ထဲ ထညျ့ထားတဲ့ နညျးလမျးလေးပဲ ဖွဈပါတယျ။ Greenhouse လုပျဖို့အတှကျ ပနျးအိုးရဲ့ပတျလညျကို သဈသားလေးခြောငျးစိုကျလိုကျပါ။ ပွီးရငျတော့ အပငျကို ရလေောငျးပါ။ အပငျနမေလောငျအောငျလို့ နရေောငျခွညျ တိုကျရိုကျမရတဲ့နရောမှာ အပငျကိုထားပါ။ ပွီးတော့ အပငျကို ပလကျစတဈအိတျကွီးကွီးနဲ့ အုပျလိုကျပါ။ အပငျကအရှကျတှနေဲ့ ပလကျစတဈအိတျမထိဖို့တော့ လိုပါတယျ။ ဒီနညျးလမျးက အပငျကို ၆ လကနေ ၈ လအထိ သကျတမျးရှညျစပေါတယျ။ အပင်လေးတွေ အမြဲရေဓါတ်ရနေစေမယ့် အလွယ်ဆုံးနည်းလမ်း (၅) ခု အိမ်ထဲမှာ စိုက်လို့ရတဲ့ အပင်လေးတွေက စိတ်ကို ကြည်လင်လန်းဆန်းစေရုံ မကပါဘူး။ အောက်ဆီဂျင်ကို ထုတ်ပေးပြီး အိမ်တွင်းလေထုကိုလည်း သန့်ရှင်းစေပါတယ်။ အဲဒါကြောင့် အပင်လေးတွေကိုလည်း အမြဲဂရုစိုက်ပေးဖို့လည်း လိုအပ်ပါတယ်။ သင်က ခရီးသွားတဲ့အခါ ဒါမှမဟုတ် အိမ်မှာမရှိတဲ့အခါ အိမ်မှာကျန်ခဲ့တဲ့အပင်လေးတွေ ရေဓါတ်ပြည့်ပြီး ဆက်လက်ရှင်သန်စေနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ၁။ အောက်ခံပန်းကန်ပြားနှင့် ရေသွင်းခြင်း အထူးဂရုစိုက်စရာမလိုတဲ့ အပင်လေးတွေအတွက် ဒီနည်းလမ်းက အလွန်အသုံးဝင်ပါတယ်။ လိုအပ်တာလေးတွေကတော့ အောက်ခံပန်းကန်ပြားတစ်ချပ်နဲ့ ပန်းအိုးအောက်ခြေနဲ့ ဘေးမှာရေဝင်နိုင်တဲ့ ပန်းအိုးတစ်လုံးပါပဲ။ အောက်ခံပန်းကန်ပြားထဲမှာ ရေထည့်ပါ။ ပန်းအိုးထဲကို အပင်ထဲထည့်ပြီး အောက်ခံပန်းကန်ပြားပေါ်မှာ တင်ထားလိုက်ပါ။ အဲဒါဆိုရင် ၂ ရက်၊ ၃ ရက်ခန့်တော့ စိတ်ချရပါတယ်။ ၂။ ရေပုလင်းနှင့် ရေသွင်းခြင်း ဒီနည်းလမ်းကလည်း ထိရောက်ပါတယ်။ လိုအပ်တာကတော့ အလူမီနီယမ် အဖုံးပါတဲ့ ရေပုလင်းတစ်လုံးပါ။ အလူမီနီယမ်အဖုံးပေါ်မှာ အပေါက်တွေ ၅ ပေါက်ခန့်ဖောက်ပါ။ပြီးရင် ရေပုလင်းထဲ ရေဖြည့်ပါ။ ပန်းအိုးထဲကို ရေပုလင်းဇောက်ထိုး စိုက်ထားလိုက်ရင် အပင်လေးက ရေဓါတ်ပြည့်နေပါပြီ။ ဒီနည်းလမ်းလေးနဲ့ ၅ ရက်ခန့် အပင်ကို ရေဓါတ်ပေးနိုင်ပါတယ်။ ၃။ မျက်နှာသစ်ကန်ထဲတွင် ထားခြင်း ရေများများလိုပြီး နေရောင်ခြည်သိပ်မလိုတဲ့ အပင်တွေအတွက် ဒီနည်းက အသုံးတည့်ပါတယ်။ မျက်နှာသစ်ကန်ထဲကို ရေလိုသလောက်ဖြည့်ထားပါ။ မျက်နှာသစ်ကန်ထဲမှာ ပဝါတစ်စကို ခင်းထားပါ။ ပဝါပေါ်မှာ ပန်းအိုးလေးကို တင်ထားပါ။ အဲဒါဆိုရင်တော့ အပင်လေးက တစ်ပတ်ခန့်တော့ ရေဓါတ်မခန်းခြောက်တော့ပါဘူး။ ၄။ Drip နှင့် ရေသွင်းခြင်း အိမ်မှာ ကြာကြာမရှိဘူးဆိုရင် ဒီနည်းလမ်းက ပိုကောင်းပါတယ်။ အပင်များများ စိုက်ထားသူအတွက် ပိုသင့်တော်ပါတယ်။ ချည်ကြိုးတစ်ကြိုးလိုအပ်ပါတယ်။ ချည်ကြိုးက ရေကို အစုပ်ယူနိုင်ဆုံးပစ္စည်းဖြစ်ပြီး မြေကြီးထဲကို ရေဝင်ရောက်ဖို့ ကူညီနိုင်ပါတယ်။ ချည်ကြိုးရဲ့အစွန်းတစ်ဖက်ကို မြေကြီးထဲမြှုပ်ထားပြီး နောက်အစွန်းတစ်ဖက်ကို ရေကရားထဲ ထည့်ထားပါ။ ပြီးရင်တော့ ရေကရားကို ရေဖြည့်ပေးရုံပါပဲ။ ဒီနည်းလမ်းနဲ့ဆိုရင် အပင်က တစ်ပတ်ကနေ သုံးပတ်အထိ ရေဓါတ်ရနေတော့မှာပါ။ ၅။ ပလက်စတစ်အိတ်ထဲ ထည့်ထားခြင်း ဒီနည်းက အလွန်လွယ်ကူပြီး အချိန်ကြာကြာခံနိုင်ပါတယ်။ အပင်ကို Greenhouse ထဲ ထည့်ထားတဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။ Greenhouse လုပ်ဖို့အတွက် ပန်းအိုးရဲ့ပတ်လည်ကို သစ်သားလေးချောင်းစိုက်လိုက်ပါ။ ပြီးရင်တော့ အပင်ကို ရေလောင်းပါ။ အပင်နေမလောင်အောင်လို့ နေရောင်ခြည် တိုက်ရိုက်မရတဲ့နေရာမှာ အပင်ကိုထားပါ။ ပြီးတော့ အပင်ကို ပလက်စတစ်အိတ်ကြီးကြီးနဲ့ အုပ်လိုက်ပါ။ အပင်ကအရွက်တွေနဲ့ ပလက်စတစ်အိတ်မထိဖို့တော့ လိုပါတယ်။ ဒီနည်းလမ်းက အပင်ကို ၆ လကနေ ၈ လအထိ သက်တမ်းရှည်စေပါတယ်။
2021/09/26 00:00:23
https://www.love-media.xyz/2020/11/plant.html
mC4
ထိုင်းဘက်မှ တရားမ၀င်ရွှေ့ပြောင်းမြန်မာလုပ်သား (၁၁)ဦး တာချီလိတ်သို့ လွှဲပြောင်း | ❃ Tachileik News Agency ❃ www.tachileik.net ထိုင်းဘက်မှ တရားမ၀င်ရွှေ့ပြောင်းမြန်မာလုပ်သား (၁၁)ဦး တာချီလိတ်သို့ လွှဲပြောင်း ထိုင်းနိုင်ငံ လ၀က နှင့် ရဲတပ်ဖွဲ့တို့က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း တရားမ၀င် ၀င်ရောက်ခြင်းနှင့်အတူ ရက်ကျော်နေထိုင်သူ ရွှေ့ပြောင်း မြန်မာလုပ်သားများအား ဖမ်းဆီးအရေးယူပြီး မြန်မာနိုင်ငံ တာချီလိတ်သို့ ဇွန်လ(၂၉)ရက်နေ့ နံနက်က စုစုပေါင်း (၁၁)ဦးအား လွှဲပြောင်းလာကြောင်း သိရသည်။ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၇)ဦး အပြင် ကလေး(၁)ဦး စုစုပေါင်း (၁၁)ဦးအား ထိုင်းဘက်က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား မြန်မာဘက်သို့ လာရောက်၍ မြန်မာဘက် တာဝန်ရှိသူများထံ လွှဲပြောင်း ပေးအပ်လာခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံမှ ယခုလို လာရောက်၍ တရားမ၀င် ရွှေ့ပြောင်းမြန်မာလုပ်သားများအား လွှဲပြောင်း ပေးအပ်လာရင်တွင် ၂၀၁၇ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့မှ ယနေ့ အထိတွင် အမျိုးသား (၆၀၅)ဦး၊ အမျိုးသမီး(၂၆၅)ဦး နှင့် ကလေးငယ် (၄၅)ဦး စုစုပေါင်း (၉၁၅)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ ထိုငျးနိုငျငံ လဝက နှငျ့ ရဲတပျဖှဲ့တို့က ထိုငျးနိုငျငံ ခငျြးရိုငျးခရိုငျအတှငျး တရားမဝငျ ဝငျရောကျခွငျးနှငျ့အတူ ရကျကြျောနထေိုငျသူ ရှပွေ့ောငျး မွနျမာလုပျသားမြားအား ဖမျးဆီးအရေးယူပွီး မွနျမာနိုငျငံ တာခြီလိတျသို့ ဇှနျလ(၂၉)ရကျနေ့ နံနကျက စုစုပေါငျး (၁၁)ဦးအား လှဲပွောငျးလာကွောငျး သိရသညျ။ အမြိုးသား(၃)ဦး နှငျ့ အမြိုးသမီး(၇)ဦး အပွငျ ကလေး(၁)ဦး စုစုပေါငျး (၁၁)ဦးအား ထိုငျးဘကျက မွနျမာ - ထိုငျး ခဈြကွညျရေး အမှတျ(၂)တံတား မွနျမာဘကျသို့ လာရောကျ၍ မွနျမာဘကျ တာဝနျရှိသူမြားထံ လှဲပွောငျး ပေးအပျလာခွငျး ဖွဈသညျ။ ထိုငျးနိုငျငံမှ ယခုလို လာရောကျ၍ တရားမဝငျ ရှပွေ့ောငျးမွနျမာလုပျသားမြားအား လှဲပွောငျး ပေးအပျလာရငျတှငျ ၂၀၁၇ခုနှဈ ဇနျနဝါရီလ(၁)ရကျနမှေ့ ယနေ့ အထိတှငျ အမြိုးသား (၆၀၅)ဦး၊ အမြိုးသမီး(၂၆၅)ဦး နှငျ့ ကလေးငယျ (၄၅)ဦး စုစုပေါငျး (၉၁၅)ဦး ရှိပွီဖွဈကွောငျး သိရသညျ။
2018/06/19 07:00:58
http://www.tachileik.net/2017/06/TMN.html
mC4
တောင်သူများထံမှရရှိမည့် ဆည်ရေသောက်အခွန်ကြွေးကျန် ၉ ဘီလီယံ အနက် ၂၀ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိ | Mizzima Myanmar News and Insight တောင်သူများထံမှရရှိမည့် ဆည်ရေသောက်အခွန်ကြွေးကျန် ၉ ဘီလီယံ အနက် ၂၀ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိ မန္တလေး၊ စက်တင်ဘာ ၂၄ ။ ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံမှ ကောက်ခံရရှိမည့် ဆည်ရေသောက်အခွန်ကြွေးကျန် ကျပ် ၉ ဘီလီယံ အနက် ၂၀ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးမှ ဒေါက်တာစိုးသန်း ကမဇ္ဈိမကို ပြောသည်။ "ခုလက်ရှိ ကောက်နေတာကတော့ ၂၀ ရာခိုင်နှုန်းလောက်ပြန်ရပြီ။ ခုလည်း ဆက်တောင်းနေတုန်းပဲ။ ကြွေးကောက် တယ်ဆိုတော့ အခက်အခဲတော့ရှိတာပေါ့။ ကြွေးကျန်ကို ဆင်းကောက်တာတွေ လုပ်နေတယ်။ အရင်က ဒီလို ဆင်း ကောက်တာတွေမလုပ်ခဲ့လို့ ကျန်နေတာဖြစ်တယ်။"ဟု ဒေါက်တာစိုးသန်း က ပြောသည်။ တောင်သူများထံမှ ရရှိမည့် ရေအခွန်အကြွေးကျန် ၉ဘီလီယံမှာ ၂၀၀၆ ခုနှစ် မှ ၂၀၁၆ ခုနှစ်အတွင်း ရရှိရမည့် ကြွေးကျန်များဖြစ်ပြီး ယခင်က စနစ်တကျ ကောက်ခံခြင်းမရှိဘဲ ကျန်နေသည့် ငွေကြေးများ ဖြစ်ကြောင်း ၎င်းကဆိုသည်။ ၂၀၀၆ ခုနှစ်မတိုင်မီ အချိန်က ရေခွန်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံခြင်းဖြစ်ပြီး၂၀၀၆ ခုနှစ်မှ စတင်၍ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ရေခွန်များကို ကောက်ခံရန်တာဝန်ယူခဲ့သည့် နောက်ပိုင်းတွင် ရေခွန်ကြွေးကျန်များ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ၂၀၁၆ ခုနှစ်မှ စတင်ကာ ရေခွန်ကြွေးကျန်များကို စတင်ကောက်ခံရန်စီစဉ်ခဲ့သော်လည်း ရေခွန်နှင့် တာတမံခွန်ဥပဒေ ပြဌာန်းခြင်း မရှိသည့်အတွက် ကောက်ခံရန်စောင့်နေခဲ့ရကြောင်း သိရသည်။ ထို့နောက် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ရေခွန်နှင့်တာတမံခွန် ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သောကြောင့် ရေခွန်ကြွေးကျန်များကို ကောက်ခံရန် တိုင်းဒေသကြီး ၊ခရိုင်၊မြို့နယ်၊ရပ်/ကျေး ရေခွန်ကောက်ခံရေး အဖွဲ့များကို ၂၀၁၇ စက်တင်ဘာ၂၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
2020/05/26 18:00:13
http://mizzimaburmese.com/article/60777
mC4
လေးရက်အတွင်း တရားမဝင်သွားလာနေတဲ့ ဘင်္ဂါလီ ၃၅ ဦးဖမ်းဆီးရမိ – Voice of Myanmar စစ်တွေ၊ ဇန်နဝါရီ ၂၆-၂၀၁၉ ရခိုင်ပြည်နယ်အတွင်းကနေ ရန်ကုန်နဲ့ ပြည်ပနိုင်ငံတွေကို အထောက်အထားမဲ့ ထွက်ခွာသွားနေကြတဲ့ ဘင်္ဂါလီ ၃၅ ဦးတို့ကို လေးရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့က ရခိုင်ပြည်နယ်က ရန်ကုန်ကို ဆန်တွေသယ်ဆောင်လာခဲ့တဲ့ ကုန်တင်ယာဉ်ပေါ်မှာလိုက်ပါလာ တဲ့ ဘင်္ဂါလီ ၁၁ ဦးကို အမ်းမြို့နယ် ကံမြင့်ကန် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒ့ါအပြင် ၂၄ ရက်နေ့မှာ စစ်တွေမြို့နယ်အတွင်းကနေ မလေးရှားနိုင်ငံကို ရေကြောင်းခရီးကနေ လှေတွေနဲ့သွားရောက်ကြ မယ့် ဘင်္ဂါလီ ၁၈ ဦးနဲ့ လူပွဲစားနှစ်ဦးတို့ကို စစ်တွေမြို့ ဘာဆာရာကမ်းခြေမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။ "စစ်တွေမြို့နယ်အတွင်းကနေပြီးတော့ မလေးရှားကိုထွက်ဖို့ပြင်ဆင်နေကြတဲ့ ဘင်္ဂါလီ ၁၈ ဦးနဲ့ လူပွဲစားနှစ်ဦးကို ဘာဆာရာကမ်းခြေကနေပြီးတော့ ဖမ်းဆီးရမိခဲ့ပါတယ်။ ၂၃ ရက်နေ့ ည ၈ နာရီလောက်မှာ လူစုနေတဲ့အချိန် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။" လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ အဲ့ဒီထဲမှာ အများစုတို့က အမျိုးသမီးတွေဖြစ်ကြပြီး အသက် ၁၈ နှစ်နဲ့ ၂၀ အကြားအရွယ် အမျိုးသမီး ၁၆ ဦးနဲ့ အမျိုးသား ၄ ဦးတို့ဖြစ်ကြပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်ကနေ ရန်ကုန်ကို အောင်ပြည့်စုံအမြန်ယာဉ်နဲ့ မှန်ပုံတင်အတုကိုင်ဆောင်ပြီး တရားမဝင်သွားကြတဲ့ ဘင်္ဂါလီ မိသားစုတစ်စုကို အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ "မနေ့က စစ်တွေကနေထွက်လာတဲ့ အောင်ပြည့်စုံအမြန်ယာဉ်ကို စစ်ဆေးတဲ့အခါမှာ မှတ်ပုံတင်အတုတွေနဲ့ လိုက်ပါလာတဲ့ ဘင်္ဂါလီမိသားစု သုံးယောက်ကို ဖမ်းဆီးရမိပါတယ်။ သူတို့ကိုတော့ မရမာကြီးအမျိုးသမီးတစ်ဦးကနေ ခေါ်လာတာပေါ့။ အခုသူတို့ကို အမ်းမြို့မစခန်းမှာ စစ်ဆေးနေပါတယ်။"လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့မနက် ၁၀ နာရီခွဲလောက်မှာ မြောက်ဦးမြို့နယ်အတွင်းက ရန်ကုန်ကိုဆိုင်ကယ်နဲ့တရားမဝင် သွားနေတဲ့ဘင်္ဂါလီနှစ်ဦးကို ပဲပဒုံစစ်ဆေးရေးဂိတ်ကနေ ထပ်မံဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
2022/07/01 17:54:21
https://voiceofmyanmarnews.com/news/2019/01/26/%E1%80%B1%E1%80%9C%E1%80%B8%E1%80%9B%E1%80%80%E1%80%B9%E1%80%A1%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%99%E1%80%9D%E1%80%84%E1%80%B9%E1%80%9E%E1%80%BC/
mC4
ကလေးတွေကို ဂူထဲမှာ ရက်ပေါင်းများစွာ တည်ငြိမ်အောင် ထိန်းပေးခဲ့တဲ့ နည်းပြရဲ့ သော့ချက် | SHWEMOM Home NEWS ကလေးတွေကို ဂူထဲမှာ ရက်ပေါင်းများစွာ တည်ငြိမ်အောင် ထိန်းပေးခဲ့တဲ့ နည်းပြရဲ့ သော့ချက် ကလေးတွေကို ဂူထဲမှာ ရက်ပေါင်းများစွာ တည်ငြိမ်အောင် ထိန်းပေးခဲ့တဲ့ နည်းပြရဲ့ သော့ချက် စာဖတ်သူတွေ သိပြီးကြတဲ့အတိုင်း ထိုင်းနိုင်ငံက လူငယ်လေးတွေ အားလုံးဟာ မယ်ဆိုင်ရှိ ထမ့်လုံလိုဏ်ဂူထဲကနေ လွတ်မြောက်ပြီးကြပါပြီ။ လက်ရှိမှာတော့ လူငယ်လေးတွေကို ဆေးရုံတင်ထားဆဲဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ ဂူထဲက အမှောင်တိုက်ထဲမှာ ရက်ပေါင်းအတော်ကြာအောင် နေခဲ့ရတာကြောင့် သူတို့လေးတွေဟာ နေကာမျက်မှန်တွေ တပ်ဆင်ထားရပြီး ရိုးရှင်းတဲ့အစားအသောက်တွေကိုသာ စားသောက်ခွင့်ရသေးကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူတစ်ဦးကတော့ ကလေးတွေဟာ ဘောလုံးကစားသမားတွေ ဖြစ်တဲ့အတွက် ကိုယ်ခံစွမ်းအားကောင်းမွန်ကြကြောင်း ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့အပတ်တုန်းက သူတို့ကို ဗြိတိန်ရေငုပ်သမားက ဦးဆုံးရှာဖွေတွေ့ရှိခဲ့စဉ်မှာလည်း လူငယ်လေးတွေဟာ ဂူထဲမှာ တရားထိုင်နေခဲ့ကြတယ်လို့ ပြောပြပါတယ်။ တောဝက်အသင်းရဲ့ ဘောလုံးနည်းပြတစ်ဦးဖြစ်တဲ့ Ekapol Chanthawong ဟာ ဘောလုံးလေ့ကျင့်ပြီးတဲ့နောက် ကလေးတွေကို စက်ဘီးစီးထွက်ဖို့ ခေါ်လာခဲ့ရာကနေ အခုလို လိုဏ်ဂူထဲ ရောက်လာခဲ့တာပါ။ Ekapol ဟာ အသက်(၁၀)နှစ်အရွယ်မှာ မိဘမဲ့ဖြစ်ခဲ့ရပြီး သင်္ကန်းဝတ်ခဲ့ပါတယ်။ ဒါပေမယ့် နာမကျန်းဖြစ်နေတဲ့ အဖွားကို ပြုစုစောင့်ရှောက်ဖို့ လူပြန်ထွက်ခဲ့ရာကနေ တောဝက်အသင်းရဲ့ ဘောလုံးနည်းပြဖြစ်လာခဲ့တာပါ။ ဘောလုံးအဖွဲ့ထဲမှာ ပါဝင်ကြတဲ့ အသင်းသားတွေအားလုံးဟာ နိုင်ငံမဲ့ပြီး လူနည်းစုမျိုးနွယ်ထဲက ကလေးတွေနဲ့ ဆင်းရဲတဲ့မိသားစုထဲကနေ ပေါက်ဖွားလာတဲ့ကလေးတွေပဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားစစ်သမီးတို့ရဲ့ မနုဿငရဲခန်းကို ပြန်လည်ပြောပြခဲ့တဲ့ အမျိုးသမီး Ekapol က ကလေးတွေ ကျောင်းက ပြန်လာတိုင်း ဘောလုံးလေ့ကျင့်ခန်းတွေ နည်းပြပေးလေ့ရှိပါတယ်။ သူဟာ ကလေးတွေကို ကိုယ်စိတ်ငြိမ်သက်အေးချမ်းမှုရအောင် တရားထိုင်နည်းကိုလည်း သင်ပေးခဲ့ပါတယ်။ တရားထိုင်ပြီး စိတ်တည်ငြိမ်မှုကို ရှာဖွေတတ်တာကြောင့် ကလေးတွေအနေနဲ့ အန္တရာယ်ကျရောက်တဲ့အခါ ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်တာမျိုး၊ စိတ်ဂယောက်ဂယက်ဖြစ်တာမျိုးတွေ မရှိခဲ့ဘဲနဲ့ အခုလို ကျန်းကျန်းမာမာနဲ့ အပြင်ပြန်ထွက်လာနိုင်ခဲ့တယ်လို့ ယူဆရပါတယ်။ Ekapol က သူဂူထဲမှာ ပိတ်မိနေတုန်း ကလေးတွေရဲ့ မိဘတွေကို ရေးသားခဲ့တဲ့ စာတစ်စောင်မှာတော့ ကလေးတွေအားလုံးဟာ ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ သူ့အနေနဲ့ အတတနိုင်ဆုံး ကလေးတွေကို ကာကွယ်ပေးသွားမယ့်အကြောင်း ရေးသားထားပါတယ်။ ကယ်ဆယ်ရေးအတွက် ကြိုးပမ်းနေကြတာကို ကျေးဇူးတင်တဲ့အပြင် ကလေးမိဘတွေကိုလည်း တောင်းပန်ပါကြောင်း ဆိုထားပါတယ်။ မိဘတွေကလည်း Ekapol ကို ပြစ်တင်ဝေဖန်ခြင်း မရှိကြဘဲ နှစ်သိမ့်ပေးဖို့သာ ပြင်ဆင်နေကြပါတယ်။ အခုအခါမှာ Ekapol ဟာ လိုဏ်ဂူတွင်း နေခဲ့စဉ်က ဂူတွင်း သယ်ယူလာခဲ့တဲ့ အစားအသောက်တွေကို ကလေးတွေကိုသာ ခွဲဝေစားသောက်စေခဲ့တာကြောင့် အာဟာရချို့တဲ့မှုဝေဒနာကို ကုသခံနေကြောင်း သိရပါတယ်။
2019/02/16 01:11:30
http://www.shwemom.com/football-coach-kept-the-thai-boys-calm-for-weeks-by-meditation-ls/
mC4
တရုတျနိငျငံ၏ အထညျအလိပျ ကဏ်ဍသညျ တညျငွိမျစှာတိုးတကျလကျြ - Myanmar Textile & Garment Directory အမြိုးသား ဖှံ့ဖွိုးတိုးတကျရေး နှငျ့ပွုပွငျပွောငျးလဲရေး ကျောမရှငျ၏ ထုတျပွနျခကျြအရ ပွီးခဲ့တဲ့နှဈ ပထမ ၁၁ လအတှငျး တရုတျနိုငျငံ၏ အထညျအလိပျကဏ်ဍသညျ တညျငွိမျသော တိုးတကျမှုကိုရရှိခဲ့သညျ။ သတျမှတျထားသော တနျဖိုးထကျကြျောလှနျကာထုတျလုပျခဲ့သောကုမ်ပဏီမြား ၏တနျဖိုးမွှငျ့ထုတျလုပျမှုသညျ တဈနှဈလြှငျ ဖိုငျဘာထုတျလုပျမှု ၂.၅ ရာခိုငျနှုနျးမွှငျ့တကျခဲ့ပွီး ၊ စကျမှုအထညျအလိပျနှငျ့ အထညျခြုပျ ကဏ်ဍ ခှဲမြားမှ ထုတျလုပျမှု မှာ ၁၁.၈ ရာခိုငျနှုနျး ၊ ၇.၁ ရာခိုငျနှုနျး နှငျ့ ၁ ရာခိုငျနှုနျး အသီးသီးမွှငျ့တကျခဲ့သညျ ။ ပွညျတှငျး လကျဝယျ အဝတျအထညျ နှငျ့ အထညျအလိပျထုတျလုပျရောငျးခမြှု ဟာ တဈနှဈလြှငျ ဒျေါလာ ၁၇၂.၄ ဘီလီယံရှိပွီး နှဈစဉျ ၃ ရာခိုငျနှုနျးခနျ့ မွငျ့တကျလကျြရှိကွောငျးတှရေ့သညျ။ အှနျလိုငျး အဝတျအထညျ ရောငျးခမြှုသညျ တဈနိုငျငံလုံးအတိုငျးအတာအနဖွေငျ့ ဆကျလကျ တိုးတကျလကျြရှိပွီး လညျပတျငှကွေေးကွောငျ့ နှဈစဉျ တိုးတကျမှု ၁၆.၅ ရာခိုငျနှုနျးမွငျ့တကျလကျြရှိကွောငျးတှရေ့သညျ ။ ၂၀၁၁ ခုနှဈ နိုဝငျဘာလမှ ဇနျနဝါရီလအထိ တရုတျနိုငျငံ၏ အဝတျအထညျ နှငျ့ အထညျအလိပျတငျပို့မှုသညျ တဈနှဈလြှငျ ၂.၆ ရာခိုငျနှုနျး ကဆြငျးခဲ့ပွီး ဒျေါလာ ၂၄၆.၉ဘီလီယံသို့ကဆြငျးသှားကွောငျးတှရေ့သညျ ။ အထညျအလိပျ ကုမ်ပဏီကွီးမြားသညျ ၂၀၁၁ ခုနှဈဇနျနဝါရီလမှ အောကျတိုဘာလအထိ ယှမျ ၄.၀၃ ထရီလီယံကို စုစုပေါငျးလညျပတျမှုမှရရှိခဲ့ပွီး စုစုပေါငျးလညျပတျမှုသညျ တဈနှဈလြှငျ ၈.၇ ရာခိုငျနှုနျးကဆြငျးသှားခဲ့ပွီး ယှမျ ၁၆၈.၈ဘီလီယံသို့ကဆြငျးခဲ့သညျ။ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ် ပထမ ၁၁ လအတွင်း တရုတ်နိုင်ငံ၏ အထည်အလိပ်ကဏ္ဍသည် တည်ငြိမ်သော တိုးတက်မှုကိုရရှိခဲ့သည်။ သတ်မှတ်ထားသော တန်ဖိုးထက်ကျော်လွန်ကာထုတ်လုပ်ခဲ့သောကုမ္ပဏီများ ၏တန်ဖိုးမြှင့်ထုတ်လုပ်မှုသည် တစ်နှစ်လျှင် ဖိုင်ဘာထုတ်လုပ်မှု ၂.၅ ရာခိုင်နှုန်းမြှင့်တက်ခဲ့ပြီး ၊ စက်မှုအထည်အလိပ်နှင့် အထည်ချုပ် ကဏ္ဍ ခွဲများမှ ထုတ်လုပ်မှု မှာ ၁၁.၈ ရာခိုင်နှုန်း ၊ ၇.၁ ရာခိုင်နှုန်း နှင့် ၁ ရာခိုင်နှုန်း အသီးသီးမြှင့်တက်ခဲ့သည် ။ ပြည်တွင်း လက်ဝယ် အဝတ်အထည် နှင့် အထည်အလိပ်ထုတ်လုပ်ရောင်းချမှု ဟာ တစ်နှစ်လျှင် ဒေါ်လာ ၁၇၂.၄ ဘီလီယံရှိပြီ း နှစ်စဉ် ၃ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိကြောင်းတွေ့ရသည်။ အွန်လိုင်း အဝတ်အထည် ရောင်းချမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆက်လက် တိုးတက်လျက်ရှိပြီး လည်ပတ်ငွေကြေးကြောင့် နှစ်စဉ် တိုးတက်မှု ၁၆.၅ ရာခိ်ုင်နှုန်းမြင့်တက်လျက်ရှိကြောင်းတွေ့ရသည် ။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ ဇန်နဝါရီလအထိ တရုတ်နိုင်ငံ၏ အဝတ်အထည် နှင့် အထည်အလိပ်တင်ပို့မှုသည် တစ်နှစ်လျှင် ၂.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒေါ်လာ ၂၄၆.၉ဘီလီယံသို့ကျဆင်းသွားကြောင်းတွေ့ရသည် ။ အထည်အလိပ် ကုမ္ပဏီကြီးများသည် ၂၀၁၁ ခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအထိ ယွမ် ၄.၀၃ ထရီလီယံကို စုစုပေါင်းလည်ပတ်မှုမှရရှိခဲ့ပြီး စုစုပေါင်းလည်ပတ်မှုသည် တစ်နှစ်လျှင် ၈.၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး ယွမ် ၁၆၈.၈ဘီလီယံသို့ကျဆင်းခဲ့သည်။
2020/08/12 21:41:35
https://www.textiledirectory.com.mm/industry-news/export-import/item/2847-textile-industry-in-china-posts-stable-growth.html
mC4
(ယခင်အပတ် မှ အဆက်) နောက်သယံဇာတ ရုတ်လျော့ဆုံးရှုံးသွားသော အနီးဆုံး ဥပမာကို ပြရလျှင် အိမ်နီးချင်းထိုင်းနိုင်ငံကို ကြည့် ပါ။ ထိုင်းနိုင်ငံသည် ၁၉၆၁-၁၉၆၅ ခုနှစ် တွင်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပထမဦးဆုံးသော ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ အနာဂတ် တိုးတက်ရေးစီမံချက်များ အရ ထိုင်းနိုင်ငံ တွင် အင်အားကြီးမားပြီး၊ ဖမ်းဆီးနိုင်စွမ်း အားမြင့်မားသည့် တရွတ်ဆွဲငါးဖမ်းနည်း စနစ်၊ စက်အားဖြင့်တွန်းကာ ဖမ်းဆီးနိုင် သော ငါးဖမ်းနည်းစနစ်များကိုသုံးကာ ဖမ်းဆီးခြင်းကို စတင်မိတ်ဆက်ဖမ်းဆီးခဲ့ ကြပါသည်။ လွန်စွာဖမ်းဆီးနိုင်စွမ်း မြင့်မားသောကြောင့် ငါးအထိ အမိသိသာ ထင်ရှားစွာ တိုးတက်လာသည်ကို ၎င်းတို့ ဖော်ပြသော သုတေသနရလဒ်များအရ သိရှိခဲ့ကြရပါသည်။ထိုင်းနိုင်ငံ ၏ နိုင်ငံခြား ပို့ကုန်ပမာဏနှင့် တစ်မျိုးသားလုံးဝင်ငွေ GDP သည်လည်းထင်ရှားစွာ မြင့်တက်လာပါသည်။ ထိုင်းအစိုးရသည် သို့အတွက် ရေလုပ်ငန်း ပို့ကုန်ပိုမိုမြှင့်တင်ရေးကို ဆတက်ထမ်းပိုးတိုးကာ ဆက်လက်လုပ်ဆောင်ခဲ့ကြပါသည်။ထိုင်းငါးဖမ်းလှေများသည် မိမိတို့ရေပိုင်နက်အပြင် မိမိတို့ နှင့်ထိစပ်နေသည့် နိုင်ငံရေပိုင်နက်များကိုပါ မိမိတို့ထိုင်းနိုင်ငံ GDP တိုးမြှင့်ရေးအတွက် တရား ဝင်နည်း၊တရားမဝင်နည်းကိုပါ ကျင့်သုံးဖမ်းဆီးလာသည်ကို ထိုစဉ်က ထိုင်းငါးဖမ်းသင်္ဘောများပေါ်တွင် ငါးခိုးဖမ်းရာတွင် လိုက်ပါခဲ့ကြသည့် မြန်မာအလုပ်သမားငယ်များ ယခုဆိုလျှင် မြန်မာ့ရေပြင်တွင်ငါးဖမ်းအတွေ့အကြုံ အတော်ရင့်ကျက်နေသူ တို့၏ စိတ်အစဉ်တွင် မိမိတို့တိုင်းပြည်သယံဇာတ မိမိတို့ ပြန်ခိုးပေးခဲ့ရသည့် အဖြစ်ပြန်ပြောင်းစဉ်းစားကြည့်လျှင် ရင်နာတတ်မည် ဆိုလျှင် ရင်နာနိုင်ပေသည်။ထို့ကြောင့် ထိုင်းနိုင်ငံ၏ နှစ်စဉ်ငါးထုတ်လုပ်မှုသည် ၁၉၆၁ ခုနှစ်တွင် မက်ထရစ်တန် ၃၀၅ ၇၅၀ တန် ထုတ်လုပ်ခဲ့ရာမှ ၁၉၆၅ခုနှစ်တွင် မက်ထရစ်တန်ပေါင်း ၇၂၀ ၂၈၂ တန် ထုတ်လုပ်ကာ ငါးနှစ်တာကလအတွင်း နှစ်ဆ တိုးတက်လာခဲ့သည်။၁၉၇၇ ခုနှစ် တွင် မက်ထရစ်တန်ချိန်သန်းပေါင်း ၂ သန်းအထိတိုးတက်အောင်ထုတ်လုပ်ခဲ့ကြသည်ကို တွေ့ရသည်။ သို့သော်၁၉၇၇ နောက်ပိုင်းတွင် ငါး ထုတ်လုပ်မှုသည် ထို့ထက်တိုးတက်ထုတ် လုပ်နိုင်မှု မရှိတော့သည်ကိုတွေ့ ရသည်။ အဘယ့်ကြောင့်နည်း ၎င်းတို့သတိ မထားခဲ့သည်က ငါးသယံဇာတ၏ သဘောမှာ အမြင့်ဆုံးထုတ်လုပ်နိုင်သည့် ပမာဏMaximum Sustainable Yield (MSY) ထက်ပိုမိုထုတ်လုပ်ပါက သယံဇာတသည် ပထမ တိုးတက်ထုတ်နိုင်ခြင်းမရှိဘဲ တန်ဖိုး တစ်ခုပတ်ဝန်းကျင်တွင် တန့်နေမည်ဖြစ်ပြီး ထို့ထက်ပိုမိုထုတ်လုပ်ရန်ကြိုးစားပါက တစ်ဖြည်းဖြည်းဆုတ်ယုတ် လျော့ပါး ပျက်စီးသွားပေလိမ့်မည်။ ၁၉၇၇ ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ငါးထုတ်လုပ်မှုသည် စတင်ကျဆင်းစပြု လာပါသည်။သုတေသနစာစောင် တွင် ထိုကျဆင်းရခြင်းမှာ အချက် နှစ်ချက်ကြောင့်ဟုပြဆိုထားသည်။ပထမအချက်မှာ ပင်လယ်ပြင်ကန့်သတ်စီးပွားရေးဇုန်ကို ရေမိုင် ၂၀၀ သတ်မှတ်လိုက်သည့်အတွက် မိမိတို့နှစ်နယ်နိမိတ်ခြင်းထိစပ်နေသည့် နိုင်ငံ၏ငါးဖမ်း ကွက်များသို့ သွားရောက် ငါးဖမ်းရန် အခက်အခဲရှိလာခြင်း။ဒုတိယအချက်မှာ ထိုင်းပင်လယ်ကွေ့အတွင်း အဆမတန် တရားလွန်ငါးဖမ်းဆီးမှုကြောင့်ငါး အလွန်အကျွံဖမ်းဆီးမှုခံရခြင်းလက္ခဏာများဖြစ်ပေါ်လာခြင်းတို့ ဖြစ်ပါသည်။ နမူနာယူစရာပင်မဟုတ်ပါလား။ ၁၉၇၇ ခုနှစ်တွင် Aunterpracha ၏သုတေသနရလဒ် တင်ပြချက်အရ ထိုင်းနိုင်ငံပင်လယ်ကွေ့အတွင်း သယံဇာ တထိန်းသိမ်းခြင်းလုပ်ငန်းကို လျင်မြန်စွာအရေးပေါ်ဆောင်ရွက်ရန် လိုအပ်ကြောင်း တင်ပြခဲ့ပါသည်။ထို့ကြောင့် ထိုင်းနိုင်ငံ အစိုးရသည် ထိုင်း ပင်လယ်ကွေ့အတွင်းတွင် တရွတ်ဆွဲပိုက်ငါးဖမ်းခြင်းကို လုံးဝပိတ်ပင်ပေးခဲ့ပါသည်။ ပြန်လည်သုံးသပ်ကြည့်လျှင် ၁၉၇၂ ခုနှစ်ကတည်းက ထိုင်ပင်လယ်ကွေ့အတွင်း ငါးလုပ်ငန်းထုတ်လုပ်မှုကို ခေတ်မီငါးဖမ်းနည်းစနစ်များနှင့် နိုင်ငံ၏ GDP ကို တိုးတက်အောင်ငါးဖမ်းဆီးထုတ်လုပ်ခဲ့ရာ ထင်ရှားသော အချက်အလက်များက ငါးသယံဇာတ ထုတ်လုပ်သင့်သည်ထက် ပိုမိုထုတ်လုပ်ခဲ့ကြကြောင်း တွေ့ရှိခဲ့ကြရပါသည်။ ၁၉၇၃ ခုနှစ်နောက်ပိုင်းတွင် ထိုင်းပင်လယ်ကွေ့သုတေသနရလဒ်များအရ တရွတ်ဆွဲပိုက်မျာငါးအထိအမိ၏ ၇၀ ရာခိုင်နှုန်းသည် ငါးပုစွန်သားပေါက်လေးများ၊တန်ဖိုးကြီးမားသည့် ငါးအမျိုးအစားသားလောင်းများ ဖြစ်ကြသည်ကို တွေ့ရ ကြောင်းဖော်ပြခဲ့ပါသည်။ မိမိတို့မြန်မာနိုင်ငံရေပြင်တွင်ကော သည်လိုပဲလား ထိုနည်းနှင်နှင် ပင်မဟုတ်ပါလား။သို့နှင့် မြန်မာနိုင်ငံ ၏ ငါးထုတ်လုပ်မှုအချက်အလက်များကို လေ့လာကြည့်မိပါသည်။ မြန်မာနိုင်ငံ၏ရောထွေးဖမ်းမိငါးများကို သုံးသပ်ပြ ထားသော စာတမ်း တစ်စောင်တွင် မြန်မာနိုင်ငံသည်ထိုင်းနိုင်ငံမှ တရွတ်ဆွဲငါးဖမ်းသင်္ဘောများကို ဖမ်းယူရမည့် ငါးသယံဇာတ နှင့် ပတ်သက်သည့် မည်သည့်ကန့်သတ်ချက်မျှ ကန့်သတ်မထားဘဲ ငါးဖမ်းဆီးခွင့်ပြုခဲ့သည်ဟုဆိုထားပါသည်။ထို့ကြောင့် မြန်မာနိုင်ငံ၏အခြေအနေ သည် အင်ဒိုနီးရှားနိုင်ငံ၏အခြေအနေနှင့်နှိုင်းယှဉ်နိုင်ပါသည်ဟုဆိုပါသည်။ ခွင့်ပြုထားသည့် ငါးဖမ်းရေယာဉ်များကလည်း ငါးကုန်တက်ကို သတင်းပေးပို့ကြရာတွင် တစိတ်တစ်ပိုင်းမျှသာ သတင်းပေးပို့ကြသည်ဟု ရေးသားထားသည်ကိုလည်းတွေ့ ရသည်။ ပထမဦးစွာ အင်ဒိုနီးရှားနိုင်ငံ အခြေအနေကြည့်ကြပါစို့၊ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၈၀ ခုနှစ်များဆီက သူတို့နိုင်ငံထဲ တွင် တရွတ်ဆွဲငါးဖမ်းလုပ်ငန်းကို Arafura Sea မှလွဲ၍ တရားဝင်ပိတ်ပင်ထားခဲ့ပါသည်။ထို့ပြင် အင်ဒိုနီးရှားနိုင်ငံငါးလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနကဖော်ပြပါ Arafura Sea တွင်ဖက်စပ်ငါးဖမ်း တရွတ်ဆွဲငါးဖမ်းလှေ ၈၇ စီးကို ဖမ်းဆီးခွင့်ပြုထားကြောင်း ထုတ်ပြန်ကြေညာပါသည်။ သို့သော် ထိုပင်လယ်တွင် ဖမ်းဆီးသော တရွတ်ဆွဲငါးဖမ်းလှေမှန်သမျှသည် By-catch excluder devices ဟုခေါ်သည့် ရောထွေးဖမ်းမိသည့် တန်ဖိုးရှိ ငါးများလျှော့ချစေသည့်ကိရိယာ တပ်ဆင်ဖမ်းဆီးရမည့် စည်းမျဉ်းကို လိုက်နာကြရပေသည်။ မည်သို့ဆိုစေအင်ဒိုနီးရှားနိုင်ငံ၏ တရားဝင်ပုစွန်ဖမ်းသင်္ဘောကုန်တက်များကို ကြည့်ခြင်းအားဖြင့် ၂၀၀၀-၂၀၀၃ ပျမ်းမျှ ကုန်တက်သည်တန်ချိန် ၁၄၆၄၀၀၀ တန်ရှိကြောင်းတွေ့ရှိရပါသည်။ ထိုကုန်တက်၏များပြားမှုကို ကြည့်ခြင်းအားဖြင့် တရွတ်ဆွဲပုစွန်ဖမ်းပိုက်သည် ပုစွန်တစ်မျိုးတည်းကိုသာ ရည်ရွယ်ဖမ်းဆီးခြင်းမဟုတ်သည်မှာ ရှင်းလင်းသိသာလှပါသည်။ထို့ပြင် သုတေသီဖါဂန်ဆိုသူ၏ စာတမ်းတွင် အင်ဒိုနီးရှားနိုင်ငံတွင် ဖမ်းဆီးနေသော တရွတ် ဆွဲငါးဖမ်းလှေပေါင်း ၇၅၀ စီးခန့် ရှိရာ အားလုံးမှာ နိုင်ငံခြားသားပိုင် သင်္ဘောများဖြစ်ပြီး၊ထိုသင်္ဘောများ၏ သုံးပုံတစ်ပုံမျှသော သင်္ဘောများ၏ ကုန်တက်များကိုသာ အင်ဒိုနီးရှား အစိုးရငါးလုပ်ငန်းဌာနသို့ အစီရင်ခံနေကြကြောင်း ရေးသားထားသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံကဲ့သို့ပင် အင်ဒိုနီး ရှားနိုင်ငံရှိ တရွတ်ဆွဲငါးဖမ်းလှေ များသည် ငါးအမျိုးအစားရည်ရွယ် ဖမ်းဆီးခြင်းမရှိပါ။ ပုစွန်၊ကဏန်း၊ ငါးသေးငါးမွှား ရှိသမျှသက်ရှိအား လုံးသိမ်းကျုံးဖမ်းဆီးသောစနစ်ဖြစ် ပါသည်။ ထို့ပြင်အင်ဒိုနီးရှားရေပြင်တွင် ဖမ်းဆီးရရှိသောကုန်တက်များသည် ဥပဒေအပြင်ဖက်တွင် လုပ်ကိုင်ဆောင် ရွက်နေကြခြင်း၊ ကုန်တက်များအချက် အလက်များ ပေးပို့ခြင်းတွင်လည်း အမှန်ကုန်တက်ထက်လျော့၍ သတင်းပေးပို့ နေခြင်းတို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ငါးပုစွန်ကုန်တက် အားလုံးကို ရောထွေး ဖမ်းမိငါးများဟုသာ မှတ်ချက်ပြုရမည်လို ဖြစ်နေပါတော့သည်။ (ဆက်လက်ဖော်ပြပါမည်) သားတို့ သမီးတို့ စားဖို့ ငါးနောင်ရှိပါဦးမလား မှတ်မှတ်ရရ တစ်နေ့က သမီးလေးနှင့်အတူ ဈေးသွားဖြစ်သည်။ သမီးလေး ကငါးမုတ်စားချင်တယ် ဖေဖေဆိုတာနဲ့ ကိုယ်တိုင် ဝယ်ပေးချင်တာနဲ့ ဈေးသွားဖြစ်တာပါ။ ဈေးထဲမှာ ဟိုဆိုင်ဝင် သည် ဆိုင်ဝင်နဲ့ သမီးလေးအကြိုက်ဝယ်ခြမ်းပေးရင်း သည်လိုနှင့် ငါးသည် တန်းရောက်သွားပါသည်။ သမီးလေးစားချင်သည့် ငါးမုတ် ငါးသည် တန်းမှာ လိုက်ရှာရသည်။ မိမိမျက်စိပင် မယုံနိုင်အောင် ဖြစ်ရပါသည်။ ဈေးမဝယ်ဖြစ် တာကြာတော့ မိမိတော်တော် အံ့သြထိတ်လန့်သွားမိပါသည်။ဈေး ဝယ်သူအများကတော့ မိမိတို့နှင့်မဆိုင်သည်လား၊ ဗဟုသုတအခြေခံ မရှိကြ၍ မသိလို့ဘဲလား၊ ရေရှည်မတွေးတော မိကြ၍လား တော့ မသိပါ။အေးအေးဆေးဆေးပင်၊ မိမိကတော့ တက္ကသိုလ်တုန်းက သင်ကြားခဲ့တာ လေးတွေ ခေါင်းထဲဗြုန်းကနဲ ဝင်လာတော့ တော်တော် ထိပ်လန့်သွားမိပါသည်။ ဈေးထဲတွင် ရောင်းချနေသည့် ငါးများသည် ငါးပေါက်အရွယ် အလွန်သေးငယ်သည့် ငါးများကို ရောင်းချနေကြ ခြင်းပင်၊ ငါးမုတ် ကိုကြည့်ပါဦး ၃လက်မ ၃.၅ လက်မအရွယ် အရွယ် မရောက်သေးသည့် ငါးသားပေါက်ခါစ၊ ငါးငယ်ကလေးများသာ၊ အခြားငါးများသည်လည်း ဤနည်းနှင်နှင်ပင်။ ငါးမုတ်တွေက သေးလှချည်လား၊ ဘယ်လိုဖြစ်တာလဲ။ ကျွန်တော်စပ်စုမိသည်။ " အကြီးတွေက နိုင်ငံခြားပို့တယ်လေ၊ Export ပေါ့ဒီမှာကတော့ သူတို့ ရွေးကျန်တာ ပဲရတယ်လေ" ဟုဈေးသည် လေးက သူ့ပညာအရည်အချင်းအတွေး အရပြန်ပြောသည်။အော် ဒို့ပြည်သူတွေ အသိပညာနည်းရလေခြင်းဟုလည်း တွေးမိသည်။ သူလည်းသူသိသလောက် လေးပဲတွေးတတ်မှာပေါ့။ပြောမှာပေါ့။ အရင်ကဆိုလျှင် ငါးမုတ်တွေ အရွယ်ကြီးတွေ ပေါပေါများများ တွေ့ရသည်၊ နိုင်ငံခြားလည်း ပို့ပါသည်။ သူတို့ပြောသလို Export ပေါ့။ကျောင်းတုန်းက အဏ္ဏဝါဗေဒကို စိတ်ဝင်စားလွန်း၍ တမင်ရွေး ခဲ့သည်ကိုက စိုးရိမ်ထိတ်လန့်စေပါသည်။ဆရာသမားတို့သင်ကြားခဲ့ သည့် သယံဇာတယုတ်လျော့သည့်လက္ခဏာများ ထင်းကနဲခေါင်းထဲပြေးဝင်လာကြပါသည်။ ကျောင်းတုန်းကစာတွေ ပြန်စဉ်းစားကြည့်တော့၊ ငါး၊ ပုစွန်တို့ ခန္ဓာကိုယ်အရွယ်အစား တဖြည်းဖြည်း သေးငယ်လာခြင်း၊ ငါး၊ ပုစွန် တို့ အရွယ်ရောက်သည့် အရွယ်အစားထက် သေးငယ်သောအရွယ် များကို အမြောက်အမြား ဖမ်းမိလာခြင်း။ စုစုပေါင်းအထိအမိဟုခေါ်ပါသည်။ တစ်ကြိမ်ငါးဖမ်းထွက်တိုင်း ထိမိနေကျ ကုန်ချိန်ထက် နည်းပါးစွာ ငါးဖမ်းရမိလာပါကလည်းကောင်း။ နှစ်ပေါင်းများစွာ ပုံမှန် ဖမ်းဆီးရမိနေကျ ကုန်ချိန်အရေအတွက်ထက် နည်းစွာထိမိ နေပါက လည်း သယံဇာတယုတ် လျော့လာသည့် သဘောပင်ဖြစ်သည်။ ထို့ပြင်သတ်မှတ်ဧရိယာယူနစ် တစ်ခုတွင် သတ်မှတ်သောကိရိယာနှင့် ဖမ်းဆီးရမိနှုန်းသည် အချိန်ကာလကြာမြင့် လာသည်နှင့်အမျှ တဖြည်းဖြည်း လျော့ပါး လာပါက သယံဇာတယုတ်လျော့နည်းပါးလာသည်ကို ပြညွှန်းသည့် လက္ခဏာပင်ဖြစ်ပါသည်။ ယခုထိုလက္ခဏာတွေကို ကိုယ်တွေ့မျက်မြင်ကြုံနေရပြီ၊ ငါးသယံဇာတ ထိန်းသိမ်းရေးလုပ် ငန်းများ နိုင်ငံတော်က ဘာတွေများ ဆောင်ရွက် နေပြီနည်း၊ သယံဇာတယုတ်လျော့သည့် လက္ခဏာတွေကို သယံဇာတသုံးစွဲသူတွေ၊ ရှင်းရှင်းပြောရရင်တော့ ငါးဖမ်းစက်လှေပိုင်ရှင်တွေ သတိကောထားမိကြရဲ့လားမသိပါ။ အမှန်ကတော့ အရွယ်ရောက်ငါး ကြီးတွေရော တန်ဖိုးရှိ အရွယ်မရောက် ငါးအသေးလေးများကို အမြောက်အမြား ရောထွေး ဖမ်းကြလို့ ငါးငယ်လေးတွေ ကြီးထွားခွင့်မရတော့ဘဲ တဖြည်းဖြည်း အရွယ်သေးလာပြီး၊ ကြီးကောင်မဝင်သေးတဲ့ ငါးတွေပဲဖမ်းမိလာ တော့တာပေါ့။ ငါးတွေအရွယ်သေးလာတယ်။ သေးတဲ့ ငါးတွေပါ တင်ကျန်အောင်ဆိုပြီး ပိုက်ကွက်ကို ပိုသေးအောင် လုပ်ဖမ်းကြပြန်တော့ အရင်လွတ်ထွက်နိုင်တဲ့ ငါးငယ်လေးတွေတောင် မလွတ်နိုင်တော့ပြန်ပဲ။ တဖြည်းဖြည်း ငါးအရွယ်တွေသာ သေးလာတယ် အကြီးငါးတွေမတွေ့ရတော့ဘူး။ ဒီလိုနဲ့ပဲ သံသရာလည်ပြီး သယံဇာတ ဆုံးပါးပျောက်ကွယ်သွားကြရတာ နိုင်ငံတကာမှာ သင်ခန်းစာ နမူနာယူစရာ တွေအများကြီးပဲ။ လောဘသမား၊ ငါးဖမ်းလှေပိုင်ရှင် တွေကတော့ ရက်ပိုတောင်းပြီးဖမ်းကြဖို့ စိုင်းပြင်းနေတုန်းပဲလေ။ သို့နှင့် စိတ်တထင့်ထင့်နှင့် အိမ်ပြန်ရောက်တော့ စုဆောင်း ထားသည့် စာတမ်းဆောင်းပါးများ ပြန်လှန်လှော ရှာဖွေရပါတော့ သည်။မိမိနိုင်ငံ သယံဇာတ ဘယ်အခြေဆိုက်နေပြီလည်း ဆိုသည်ကို သိလိုစိတ် ပြင်းထန်လာတော့သည်၊ ငါး၊ ပုစွန်သယံဇာတတွေ ဒီလိုအခြေ ဆိုက်နေပြီ ဆိုသည်ကို ပြည်သူ တွေ၊ တာဝန်ရှိသူတွေ ကို အသိပေးဖို့ တာဝန် မိမိမှာရှိလာပြီ၊ အမှန်မှာ ဤသို့ဖြစ်ရသည်မှာ ပင်လယ်တွင် ငါး၊ ပုစွန်သယံဇာတများကို စည်းမဲ့ကမ်းမဲ့ တရားလွန် ဖမ်းဆီးခဲ့ကြသည့်အပြင် အသေးအမွှား ကြီးကောင်မဝင်၊ အရွယ်မရောက်သေး သည့် တန်ဖိုးရှိလာမည့် ငါးငယ်လေးများကို ရောပြွမ်းဖမ်းဆီးခဲ့ကြ သည့် အကျိုးဆက်ပင်၊ ပို၍ ဝမ်းနည်းဖွယ်ကောင်းသည်က နိုင်ငံ တကာတွင် ဝိသမလောဘသမားတို့၏ နိုင်ငံပို့ကုန် လျော့နည်း သွားနိုင်သည်၊ GDP လျော့ကျသွားနိုင်သည်ဟု အကြောင်းပြကာ ပင်လယ်ထဲတွင် မိမိတို့ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်နိုင်ရန် ကြိုးပမ်းခဲ့ကြခြင်းပင်။ အခြားနိုင်ငံများ၏ ဥပမာကိုကြည့်ပါ မိမိတို့၏ ငါးသယံဇာတ ယုတ်လျော့လာသည်ကို သုတေသနပညာရှင်များက တိကျစွာ ထောက်ပြလာသည်ကို အလေးဂရုပြုသည့်အနေနှင့် နိုင်ငံတော်၏ အကျိုး၊ နောင်လာနောက်သား သားစဉ်မြေးဆက်တို့ အကျိုးကြည့် ကာ သယံဇာတပျက်စီးစေသည့် အောက်ခြေတိုက် တရွတ ်ဆွဲပိုက် များကို ဖမ်းဆီးခွင့် လုံးဝပိတ်ပစ်လိုက်ပါသည်။ နိုင်ငံတကာ သုတေ သနရလဒ်များ၊ ဖော်ထုတ် သုတေသနတင်ပြချက်များအရ ပင်လယ် သမုဒ္ဒရာကြမ်းပြင်ရှိ ငါး၊ ပုစွန်တို့ နေထိုင်ပေါက်ပွားကြီးပြင်းရာ နေ အိမ်သဖွယ်ဖြစ်သည့် ပင်လယ်ကြမ်းပြင်အောက်ခြေရှိ အပင်သတ္တဝါ များအားလုံး ဂေဟစနစ်ကို တိုက်ဆွဲပွတ်တိုက် ဖျက်ဆီးပစ်သည့် ငါးဖမ်းနည်းစနစ်ဖြစ်သည်။ လုံးဝပိတ်ပင်တားမြစ်သင့်သည့် ငါးဖမ်း နည်းစနစ်တစ်ခု ဖြစ်သည်။ ဥပမာ အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၈၀ ခုနှစ်များက အာရာဖူရာ ပင်လယ်မှလွဲ၍ အောက်ခြေတရွတ်ဆွဲ ငါးဖမ်းသင်္ဘောများကို တရားဝင်ပိတ်ပင်ခဲ့ပါသည်။ တရွတ်ဆွဲပိုက်များ ဖမ်းဆီးခွင့်ပေးသည့် အရာ ဖူရာ ပင်လယ်တွင်ဖမ်းဆီးသော တရွတ်ဆွဲပိုက်များသည် ရောထွေး ဖမ်းမိငါးများ၊ ငါးငယ်လေးများ လွတ်မြောက်စေနိုင်သည့် Bycatch excluder devices ကိရိယာတပ်ဆင်မှသာ ဖမ်းဆီး ခွင့်ပြုပါသည်။ ငါး/ပုစွန်သယံဇာတကို ထိန်းသိမ်းစေခြင်း၊ မလိုအပ်ပဲ တန်ဖိုး ရှိ ငါး သားပေါက်လေးများ ဆုံးရှုံးခြင်းမှကာကွယ်ရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပုစွန်ဖမ်းသင်္ဘောများတွင် ရောထွေးဖမ်းမိ ငါးများ၊ ငါးငယ်လေးများ လွတ်မြောက်စေနိုင်သည့် By-catch excluder devices များ အမှန်တကယ်တပ်ဆင်ကြရဲ့လား၊ မေးစရာဖြစ်လာသည်။ အမှန်တော့ ပုစွန်နိုင်ငံခြားပို့ကုန်များသည် ရောထွေးဖမ်းမိ ငါးများ၊ ငါးငယ်လေးများ လွတ်မြောက်စေနိုင်သည့် By-catch excluder devices တပ်ဆင်ဖမ်းဆီးသော ပုစွန်များကိုသာ နိုင်ငံခြားမှ တင်သွင်းခွင့်ပြုပါသည်။ (ဆက်လက်ဖော်ပြပါမည်) ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငါးမြစ်ချင်း ဈေးနှုန်းများ ဗဟိုစံပြငါးဈေးနှင့် အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများမှ လေလံဈေးများအား အခြေခံ၍ COP (Cost of Production) တွက်ချက်ထားသည့် ဈေးနှုန်းများဖြစ်ပါသည်။ ငါးမြစ်ချင်း (Gutted) ဈေးနှုန်းသည် (Whole) ဈေးပေါ်တွင် အခြေခံ၍ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ်ပြီး အသားတင်ကျန်ရှိသည့်အပေါ်တွင် COP တွက်ချက်ထား သည့် ဈေးဖြစ်ပါသည်။စဉ် အမျိုးအမည် အရွယ်အစား WHOLE GUTTED ယခင်အပတ် ယခုအပတ် ယခင်အပတ် ယခုအပတ်၁။ROHU 1-2 Kg 1127 1164 1327 1364 ငါးမြစ်ချင်း 2-3 Kg 1257 1261 1457 1461 Labeo rohita 3-5 Kg 1322 1326 1522 1526 5-7 Kg 1387 1392 1587 1592 7-8 Kg 1387 1392 1587 1592 8 Kg Up 1387 1392 1587 1592ဒေါ်လာ/တန်ငါး/ဦးစီး ငါးရှဉ့် လေလံဈေးမြင့်သော်လည်း ဈေးအတက်၊ အကျမြန်ဆန် ငါးရှဉ့်များကို ပြည်ပသို့ တင်ပို့ရောင်း ချရာတွင် ယခုနှစ်လေလံဈေး မြင့်တက် လျက်ရှိသော်လည်း သုံးရက်တစ်ကြိမ်၊ ငါးရက်တစ်ကြိမ် ဈေးအပြောင်းအလဲ ဖြစ်ပြီး လေလံဈေးအတက်အကျ မြန် ဆန်လျက်ရှိကြောင်း သိရပါတယ်။ ''ဒီကာလမှာ မိုးတွင်းဆိုတော့ ငါးရှဉ့် အထွက်နှုန်း ကောင်းတယ်၊ လေလံဈေး က ကြမ်းခင်းဈေးတစ်တန်ကို ဒေါ်လာ ၂၅၀၀ သတ်မှတ် ထားတော့ ဈေးမြင့်ပေ မယ့် အတက်၊ အကျ မြန်နေတဲ့အတွက် တက်ရင်ကိစ္စမရှိဘူး။ ကျရင် အောက် မှာကတက်ထားတဲ့ဈေးနှုန်းနဲ့ ဝယ်ထား ရတယ်။ စက်တင်ဘာ ဒုတိယပတ်က တရုတ်ပြည်မှာ ပွဲတော်ရှိတဲ့အတွက် ဝယ်လိုအား ကောင်းပြီး ဈေးလည်း မြင့်ခဲ့တယ်။ ငါးရှဉ့်တစ်တန်ကို ဒေါ်လာ ၃၂၀၀ နဲ့ ၃၄၀၀ ကြားရခဲ့တယ်။ အခု ပွဲတော်ရက်ပြီးလို့ ဈေးပြန်ကျလာတာ။ အောက်တိုဘာ ၁ ရက်က တစ်တန်ကို ဒေါ်လာ ၃၀၉၀၊ ၂ ရက်မှာ တစ်တန် ကို ဒေါ်လာ၂၇၃၀၊ ၃ရက်မှာ ဒေါ်လာ ၂၉၅၀ ဈေးရ ခဲ့တယ်''လိ့ု ငါးရှဉ့်တင်ပို့ ရောင်းချသူတစ်ဦးက ပြောပါတယ်။ ငါးရှဉ့်တင်ပို့မှုမှာ ယာဉ်များ တန်ပို လျှော့ချခြင်းကြောင့် ယာဉ်အစီးရေများ များ တက်လျက်ရှိသော်လည်း ပုံမှန် သာတင်ပို့လျက်ရှိကြောင်းသိရပါတယ်။ ကားတစ်စီးလျှင် ယခင်က တစ်နေ့ ၁၀ တန်ဝန်းကျင် တင်ပို့မှုရှိခဲ့ရာမှ ယခု အခါ သေတ္တာ ၇၀၊ ၈၀ အချိန်အနေ ဖြင့် ပိဿာ ၅၀၊ ပေါင်ချိန်အနေဖြင့် ၈၀ Kg ထည့်၍ ယခင်က ကား ၈ စီး တင်ပို့မှုရှိပြီး ယခုကား ၁၀ စီးဝန်းကျင် ဖြင့် တင်ပို့ရခြင်းကြောင့် ပုံမှန်တင်ပို့ ခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခုလတွင် ငါးရှဉ့်တင်ပို့မှုမှာ တန် ၄၀ ကျော်၊ ကား ၆ စီး ဝန်းကျင်တင်ပို့မှု ရှိကြောင်း၊ ငါးရှဉ့်ဈေးနှုန်းအတက်အကျ မြန်၍ အမြတ်အစွန်း နည်းကြောင်း၊ ဈေးနှုန်းမှာ တစ်တန်ကို ဒေါ်လာ ၂၀၀၀ ဝန်းကျင်ထိ ကျဆင်းခဲ့ခြင်း၊ ဒေါ်လာ ၄၀၀၀ ကျော်ထိ မြင့်တက်ခဲ့ ခြင်းများရှိခဲ့ကြောင်း သိရပါတယ်။ ဇူးဇူး တရုတ်ဈေးကွက်ကို မျက်စိကျလျက်ရှိသည့် အိန္ဒိယပင်လယ်စာ တင်ပို့သူများ အီးယူနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပင်လယ်ထွက်ကုန်ဝယ်လိုအား တစ်စတစ်စ လျော့ပါးသွားမှုကြောင့် အိန္ဒိယပင်လယ်စာတင်ပို့သူတွေက တရုတ်ကိုပြောင်းလဲတင်ပို့ဖို့ စိတ်ဝင်စား လျက်ရှိတယ်။ တရုတ်ကလည်း လက်ရှိအခြေအနေမှာ အိန္ဒိယရဲ့ ပင်လယ်စာအဓိက ဝယ်ယူသူ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမှာ စီးပွားရေးအခက်အခဲတွေကြောင့် တရုတ်ရဲ့ဝေစုက ပိုမိုကျယ်ပြန့်လာနိုင်တယ်။ တရုတ်ရဲ့ဝယ်လိုအားက ဈေးကွက်မှာ သွက်လက်လျက်ရှိတယ်။ တရုတ်က ကြားလူမှတစ်ဆင့် ဝယ်ယူခြင်းကိုရှောင်ရှားကာ တိုက်ရိုက်ဝယ်ယူခြင်းနဲ့ ကုန်ကျ စရိတ်လျော့ကျစေဖို့ လုပ်ဆောင်လျက်ရှိတယ်။ ယခုဘဏ္ဍာနှစ်ကုန်ပိုင်းမှာ အိန္ဒိယရဲ့ ပင်လယ်စာ တင်ပို့မှု ဈေးကွက်ဝေစုပမာဏက ယခုလက်ရှိ ၁၅ ရာခိုင်နှုန်းကနေ မြင့်တက်လာနိုင်ကြောင်း ရေထွက်ကုန်တွေ တင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင် Marine Products Export Development Authority အဖွဲ့ ညွှန်ကြားရေးမှူး N Ramesh က ပြောကြားလိုက်တယ်။ အီးယူက အိန္ဒိယရဲ့ တင်ပို့မှုပမာဏရဲ့ ၂၇ ရာခိုင်နှုန်းကို အဓိက ကိုယ်စားပြုသော်လည်း တင်ပို့မှုမှာ တဖြည်းဖြည်းကျဆင်းလျက်ရှိတယ်။ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဝယ်လို အားက မြင့်မားလျက်ရှိတယ်။ ဈေးကွက်မှာ ဈေးကောင်းရရှိလျက်ရှိတဲ့ ခြေထောက်အဖြူရောင် ရှိတဲ့ ပုစွန် (vannamei shrimps) တွေမှာ ရောဂါပိုးကျရောက်ခြင်းက ပုစွန်ပြတ်လပ်မှုဖြစ်ပေါ် လျက်ရှိတယ်။ ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးမှုကလည်း ပုစွန်တွေရှားပါးသွားစေနိုင်ကြောင်း အိန္ဒိယပင် လယ်စာ တင်ပို့သူများအသင်းဥက္ကဋ္ဌ Anwar Hashim က ပြောကြားလိုက်တယ်။ အိန္ဒိယရဲ့ ငါးအများဆုံးတင်ပို့နေတဲ့ Gujarat ပြည်နယ်ရဲ့ ဥရောပကတင်ပို့မှုနဲ့ အမေရိကန် ပြည်ထောင်စုကိုတင်ပို့မှုက ၅ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်း အသီးသီးကို ကျဆင်းသွားနိုင်ကြောင်း သိရှိရတယ်။ ယခုလက်ရှိမှာ ဥရောပမှဝယ်ယူသူတွေက စောင့်ဆိုင်းခြင်းနဲ့ စောင့်ကြည့်ခြင်း မူဝါဒ (wait-and-watch policy) မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်းနဲ့ ဈေးနှုန်းတွေ ၁၀ ရာခိုင်နှုန်း ကျဆင်းသွားမယ် (သို့မဟုတ်) တည်ငြိမ်သွားမှာကို မျှော်လင့်လျက်ရှိကြောင်း သတင်း ရရှိပါတယ်။Source:economictimes.indiatimes.com၊အေးမွန်မွန်လှိုင်
2021/05/18 04:37:30
https://www.commercejournal.com.mm/fishery-livestock?page=4
mC4
Home » ကျန်းမာရေး » စားသောက်ဖွယ် » ဗဟုသုတ » ငုံးဥစားသင့်သော အကြောင်းအရာများနှင့် ဘေးဖြစ်တတ်သောအရာများ ငုံးဥစားသင့်သော အကြောင်းအရာများနှင့် ဘေးဖြစ်တတ်သောအရာများ ငုံးဥဟာလည်း လူတွေအတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိတာကြောင့် စားသင့်သော ဥတစ်မျိုး ဖြစ်လို့ ဗဟုသုတ အနေနဲ့ ရေးသား လိုက်ရပါတယ်။ (၁) ဝမ်းဗိုက်အတွက် အထူးကောင်းမွန်သာ ဆေးတစ်လက် ဖြစ်ပါတယ်။ (၂) သွေးအား ကောင်းစေပါတယ်။ (၃) ကင်ဆာရောဂါကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။ (၄) နှလုံး၊ ကျောက်ကပ်စတာတွေ အတွက်လည်း ကောင်းမွန်ပါတယ်။ (၄) နှလုံးကြွက်သား တွေကိုလည်း သန်မာစေနိုင်ပါတယ်။ (၅) အမျိုးသာများ အတွင် လိင်ပိုင်းဆိုင်ရာကို ကောင်းမွန်စေနိုင်ပါတယ်။ (၆) ဦးနှောက်နှင့် အာရုံကြောကို ကောင်းမွန်စေပါတယ်။ (၇) ကိုယ်ခန္ဓာ စွမ်းအားအတွက် အထူးပင် ကောင်းမွန်စေပါတယ်။ (၈) အသားအရည်ကို ကြည်လင်ပြီး ဆောက်ပြောင်စေနိုင်ပါတယ်။ သို့သော် ငုံးဥနှင့် တွဲဖက်စားလျှင် ဘေးဖြစ်နိုင်သော အစားအစာတွေကတော့ (၁) ငုံးဥကို ၀က်အသည်းနဲ့ တွဲဖက်စားသုံးပါက လိပ်ခေါင်းရောဂါ ဖြစ်စေနိုင်ပြီး အမည်းစက်တွေ ထွက်ပေါ်လာပါလိမ့်မယ်။ (၂) ငုံးဥကို လိမ္မော်သီးနဲ့ တွဲပြီးစားပါက ၀မ်းပျက်ခြင်း၊ ၀မ်းဖောရောင်ခြင်းနှင့် အစာမကြေခြင်းကို ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
2018/05/27 01:13:10
http://www.shwechitthu.com/2016/04/blog-post_719.html
mC4
၁၁ မတ်၊ ၂၀၁၄ ရုရှားလိုလားတဲ့ ယူကရိန်းနိုင်ငံပိုင်၊ ခရိုင်းမီးယားဒေသတွင်းက ယူကရိန်းစစ်အခြေစိုက်စခန်းတွေကို ဆက်လက်သိမ်းပိုက်နေတယ်လို့ ယူဆရတဲ့ ရုရှားတပ်။ ရုရှားနိုင်ငံကိုလိုလားတဲ့ တပ်ဖွဲ့တွေက ခရိုင်းမီးယားမှာရှိတဲ့ ယူကရိန်းစစ်စခန်းတွေကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် ယူကရိန်းနိုင်ငံက လက်ယာအစွန်းရောက် တက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်ကိုလိုလားနေတဲ့ ယူကရိန်းအစိုးရတို့ဟာ နိုင်ငံအရှေ့ပိုင်း ခရိုင်းမီးယားဒေသရဲ့ အခြေအနေတွေ ဖရိုဖရဲဖြစ်အောင် ဖန်တီးနေတယ်လို့ ရုရှားက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ ရုရှားလိုလားတဲ့တပ်ဖွဲ့တွေ သိမ်းပိုက်ထားထားတဲ့ ခရိုင်မီးယားကျွန်းဆွယ်မှာရှိတဲ့ လူအများစုဟာ ရုရှားဘာသာစကားကို ပြောဆိုကြပါတယ်။ လက်ယာအုပ်စုလို့ဆိုတဲ့ ယူကရိန်းနိုင်ငံက လက်ယာအစွန်းရောက် တက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ အကြမ်းဖက်မှုတွေကို မျက်ကွယ်ပြုထားကြတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ စွပ်စွဲပြောဆိုထားပါတယ်။ ယူနီဖောင်းဝတ်ဆင်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ ခရိုင်းမီးယားရေတပ်အခြေစိုက်စခန်းနဲ့ စစ်ဆေးရုံတစ်ရုံကို ဝိုင်းဝန်းထားပြီး သိမ်းပိုက်လိုက်ကြတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပြီးတဲ့နောက် အခုလိုရုရှားဘက်က ကြေညာချက် ထွက်ပေါ်လာတာပါ။ ခရိုင်းမီးယားရေတပ် အခြေစိုက်စခန်းရှိရာအရပ်က ဒေသခံတွေကို သတင်းထောက်တွေက မေးမြန်းတာကို ရဲက ဝင်ရောက်ဟန့်တားခဲ့ပြီး သတင်းထောက်ရဲ့မှတ်စုစာအုပ်ကို သိမ်းဆည်းမယ်ဆိုပြီးတော့ ခြိမ်းခြောက်ခဲ့တဲ့အကြောင်း နယူးယောက်တိုင်းမ်သတင်းစာမှာ ဖော်ပြထားပါတယ်။ ယူကရိန်းနိုင်ငံ ယာယီဝန်ကြီးချုပ် အာဆင်ညီ ယတ်ဆန်ယွတ် (Arseniy Yatsenyuk) ဟာ ဗုဒဟူးနေ့မှာ ဝါရှင်တန်ဒီစီ မြို့တော်ကို လာရောက်ပြီး အမေရိကန်သမ္မတ ဘာရက် အိုဘားမားနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။ ယူကရိန်းနိုင်ငံဝန်ကြီးချုပ်ရဲ့ အလည်အပတ်ခရီးစဉ်ဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်း ပြည်သူလူထုကို ထောက်ခံကြောင်း ပြသလိုက်တာဖြစ်သလို တွေ့ဆုံဆွေးနွေးရာမှာ စီးပွားရေးအရ ကူညီမှုတွေပေးဖို့နဲ့ လာမယ့်မေလမှာ ကျင်းပမယ့် ယူကရိန်းနိုင်ငံရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ရာမှာ ကူညီဖို့ကိစ္စတွေပါဝင်တယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
2022/07/02 16:52:15
https://burmese.voanews.com/a/russia-forces-continue-seizing-ukrainian-military-bases-in-crimea-/1868426.html
mC4
မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၁၅)၊ ၂၀၁၇ ခုနှစ် ဧပြီလ ၁၄ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ NOTICE Under Section 206 (1) Myanmar Companies Act ( TS ENGINEERING & CONSTRUCTION COMPANY LIMITED ) ( Members Voluntary Winding - Up )၊ ကေပီအိုင် ကုမ္ပဏီလီမိတက် (K P I COMPANY LIMITED) အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းပြီးစီးခြင်း၊ ရုလီ ထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (RUILI MANUFACTURING COMPANY LIMITED)နှင့် အာရှတခေတ်ဆန်း ခရီးသွား လုပ်ငန်း ကုမ္ပဏီလီမိတက် (ASIA RENAISANCE TRAVELS & TOURS COMPANY LIMITED) မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၁၄)၊ ၂၀၁၇ ခုနှစ် ဧပြီလ ၇ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ပန်းတိုင်ရလဒ်များ ခရီးသွားလုပ်ငန်း ကုမ္ပဏီလီမိတက် (Destination Solutions Travel & Tours Co.,Ltd.) အလိုအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့်ကြွေးများတောင်းခံရန် သတိပေးခြင်း၊ IN THE MATTER OF THE MYANMAR COMPANIES ACT AND TOYO LOGISTICS (S) PTE. LTD. (YANGON BRANCH) NOTICE FOR VOLUNTARY WINDING UP UNDER SECTION 206 (1) & CLAIMS NOTICE၊ FINAL NOTICE Commencement of Winding up to the AFFAIRS HIKARU TSUSHIN COMPANY LIMITED (Yangon Branch In Liquidation)၊ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၁၃)၊ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ TRAVELLING DRAGON CO., LTD. ဖျက်သိမ်းရန်ကြော်ငြာချက်၊ ကိုကိုဖယ်မလီ ကုမ္ပဏီလီမိတက် (KO KO FAMILY COMPANY LIMITED)၊ ဘဏ္ဍာစိုးအုပ်စု ကုမ္ပဏီလီမိတက် (STEWARD GROUP COMPANY LIMITED)၊ အာရှစီးပွားရေး ကွန်(မ်) ပတ်(စ်) ကုမ္ပဏီလီမိတက် (ASIA BUSINESS COMPASS COMPANY LIMITED)၊ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၁၂)၊ ၂၀၁၇ ခုနှစ် မတ်လ ၂၄ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ Century Land Development Co., Ltd.၊ Grand Peninsular Co., Ltd.၊ The Strand Trading Co., Ltd.၊ Integrated Medical Leadership Co., Ltd. တို့၏ ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည် ဖြစ်ကြောင်းကြေညာချက်၊ RISING TRAVELS & TOURS COMPANY LIMITED နှင့် TEL ME COMMUNICATIONS COMPANY LIMITED မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၁၁)၊ ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဧမြတ်သူ ထုတ်လုပ်မှုနှင့် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်၊ ပိစ် မြန်မာ ဟိုးလ်ဒင်း ကုမ္ပဏီလီမိတက်၊ အာရှ ဘတ်(စ်) လင့် (ခ်) ကုမ္ပဏီလီမိတက်၊ ရွှေငွေရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (ELECTRUM TRADING COMPANY LIMITED) မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၁၀)၊ ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဒဏ္ဍာရီ ဖျော်ဖြေရေးလုပ်ငန်း ကုမ္ပဏီလီမိတက် (LEGEND ENTERTAINMENT COMPANY LIMITED)၊ လှဝင်းရွှေစင် ကုမ္ပဏီလီမိတက် (HLA WIN SHWE SIN COMPANY LIMITED) နှင့် ဘရီး(ဇ်)မြန်မာ ကုမ္ပဏီလီမိတက် (BREEZE MYANMAR COMPANY LIMITED.) တို့၏
2020/11/26 01:21:22
https://sarpaybeikman-pol.gov.mm/books/pyanthan-info?page=20
mC4
မြန်မာနိုင်ငံမှ တရားမဝင်ခိုးသွင်းလာသည့် ရူပီး ငွေ သိန်း ၁၁၈၃၃၁၅၀ တန်ဖိုးရှိ လက်နက် ၃၀ ကျော်ကို မတ်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် အာဏာပိုင်တွေက ဖမ်းဆီးလိုက်သည်ဟု သိရသည်။ AK-47 rifle 31, LMG နှစ်ခု နှင့် ကျည်စံ ၈၀၉ ထောင့်ကို Santi Bahini လက်နက်ကိုင်အဖွဲ့ဝင်များလို့ သိရသည့် Chakma အမျိုးသား ၃ ဦးထံမှ ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ သယ်ဆောင် လာသူမှာ မြန်မာနိုင်ငံ ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသသတင်းစာတွင် ရေးသားထားသည်။ ယင်းဖမ်းဆီးထားသော လက်နက်များကို မီဇိုရမ်ပြည်နယ် အိုက်ဇောလ် Lengpui လေယဉ်ကွင်းလမ်း တောထဲ တနေရာတွင် ဖမ်းဆီးခြင်းဖြစ်ပြီး အဓိက တရားခံ
OSCAR-2019
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရဲ့ နေရာဒေသတွေမှာ စက်တင်ဘာ ၁၃ ရက်က မိုးကြီးပြီး ရေလွှမ်းနေလို့ ကယ်ဆယ်ရေးသမားတွေက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေရပါတယ်။ ဂျမ်နာဂါနဲ့ ရတ်ဂျ်ကော့ဒေသတွေမှာ အမျိုးသားကပ်ဘေးတုံ့ပြန်ရေး တပ်ဖွဲ့ဝင်တွေက အသက်ကယ်ဝတ်စုံတွေ၊ ကြိုးတွေ၊ ယာယီတံတားတွေကို သုံးပြီး ရေဘေးထဲက လူတွေကို ကယ်ထုတ်ရပါတယ်။ ရတ်ဂျ်ကော့ဒေသမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၃ လက်မထိ ရွာချခဲ့တာဖြစ်ပြီး လူပေါင်း ၁,၄၀၀ ကို မြေနိမ့်ဒေသကနေ ကုန်းမြင့်ဆီ ရွှေ့ပေးခဲ့ရတယ်လို့ ရတ်ဂျ်ကော့ဒေသ စည်ပင်ကော်ပိုရေးရှင်း ကော်မရှင်နာမင်းကြီး အာမစ်အာရိုရာက ပြောပါတယ်။ Tags ဂူဂျာရတ်ပြည်နယ်မိုးကြီး ရေလွှမ်းမှုရေဘေးသင့်အိန္ဒိယနိုင်ငံ ဆက်စပ်သတင်းများ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် တံတားပြိုကျပြီး လူ ၈၀ ကျော်သေဆုံး 4 weeks Ago ရေဘေးသင့် ပါကစ္စတန်တွင် ခြင်ကြောင့်ဖြစ်သည့်ရောဂါများလည်း ထပ်တွေ့နေ 2 months Ago အိန္ဒိယမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတွင် ရေဘေးသင့် 3 months Ago Print Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.
2022-11-29T05:34:31Z
http://burmese.dvb.no/archives/487708
OSCAR-2301
သက်တမ်းကြာမြင့်လှပြီဖြစ်တဲ့ Balete သစ်ပင်အောက်၌ တန်ဖိုးကြီးတဲ့ ခရမ်းရောင် သလင်းကျောက်ကိုတွေ့ရှိခဲ့ကြတဲ့ စုံတွဲ - Mckzone Daily သက်တမ်းကြာမြင့်လှပြီဖြစ်တဲ့ Balete သစ်ပင်အောက်၌ တန်ဖိုးကြီးတဲ့ ခရမ်းရောင် သလင်းကျောက်ကိုတွေ့ရှိခဲ့ကြတဲ့ စုံတွဲ " Universal stone " လို့လူသိများတဲ့ ခရမ်းရောင် Amethyst ကျောက်ဟာ စိတ်ဖိစီးမှုနှင့်စိုးရိမ်ပူပန်မှုများကိုသက်သာစေတဲ့အပြင် ခေါင်းကိုက်ခြင်းလက္ခဏာများ နှင့် ခန္ဓာကိုယ်နာကျင်ခြင်းတို့ကိုလည်း သက်သာစေတဲ့ ကျောက်တစ်မျိုးလို့ဆိုကြပါတယ်။ Jonathan G. De Gracia အမည်ရှိ ကျောက်မျက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူအင်ဂျင်နီယာတစ်ဦးရဲ့အဆိုအရ Amethyst ကျောက်ဟာ ဘရာဇီး ၊ ဆိုက်ဘေးရီးယား၊ သီရိလင်္ကာ၊ ဥရုဂွေးနှင့် အရှေ့ဖျား နိုင်ငံအချို့မှာသာတွေ့ရတဲ့ အဆင့်မြင့်သလင်းကျောက်တစ်မျိုးဖြစ်ပါတယ်။ မြင်တွေ့ခဲ့သူ Garry Pagsuguiron အမည်ရှိအမျိုးသားတစ်ဦးရဲ့ဇနီးဖြစ်သူပြောစကားအရ ဒီခရမ်းရောင်ကျောက်မျက်ရတနာကို သူ့ရဲ့အုပ်ထိန်းသူအဖြစ်သရုပ်ဆောင်တဲ့ဖားနှစ်ကောင်ရဲ့ဘေးအနီးအနားက သက်တမ်းကြာမြင့်လှပြီဖြစ်တဲ့ Balete သစ်ပင်အောက်မှာတွေ့ခဲ့ကြောင်း သိရပါတယ်။ ၎င်းတို့စုံတွဲက အခြားကျောက်ခဲများနှင့်တွဲမည့်သလင်းကျောက်ကိုတူးဖော်ရန် အတူတကွပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ၎င်းခရမ်းရောင် Amethyst ကျောက်မျက်ကိုမယူထုတ်နိုင်ခင်မှာ အများကြီးကြိုးစားခဲ့ရကြောင်းလည်း ဆိုထားခဲ့ပါတယ်။ ထို့နောက် ကျွမ်းကျင်သူ Jonathan G. De Gracia ကလည်း ထိုတောက်ပတဲ့ခရမ်းရောင်ကျောက်ကိုစစ်ဆေးပြီးနောက် တန်ဖိုးမြင့်တဲ့ Amethyst ကျောက်ဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။ သို့ပေမဲ့ အချို့သော netizen များက အထက်ပါကျောက်ရဲ့တန်ဖိုးက ယခင်ကလောက်ဈေးမမြင့်တော့ဘူးလို့တွေးထင်ခဲ့ကြပြီး Radyo Todo Aklan မှမျှဝေတဲ့ Facebook ပို့စ်မှာ " Amethyst ကျောက်တွေက ဈေးမကြီးတော့ပါဘူး၊ ၎င်းရဲ့ဈေးနှုန်းက မူလနေရာနှင့် ကျောက်ရဲ့သန့်ရှင်းစင်ကြယ်မှုပေါ်သာ မူတည်တယ် " လို့ Aseret Iguban အမည်ရှိ netizen တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး " Amethyst ကျောက်က ရှားပါးတာမဟုတ်ပါဘူး ၊ တစ်ကီလိုကို ပီဆို ၇၀၀ ခန့် ဘဲ Philiza Victoria ပန်းဥယျာဉ်မှာ အလှဆင်ခြင်း သို့မဟုတ် စားပွဲပေါ်မှာပြသထားတဲ့မျိုးကွဲများစွာကိုငါတွေ့ခဲ့တယ် " လို့လည်း netizen တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။ Be the first to comment on "သက်တမ်းကြာမြင့်လှပြီဖြစ်တဲ့ Balete သစ်ပင်အောက်၌ တန်ဖိုးကြီးတဲ့ ခရမ်းရောင် သလင်းကျောက်ကိုတွေ့ရှိခဲ့ကြတဲ့ စုံတွဲ"
2021/11/28 18:34:56
https://mckzonedaily.com/archives/33231
mC4
သွေးဆုံးချိန် သတိပြုစရာ – Healthy Life Journal သွေးဆုံးချိန် သတိပြုစရာ ဒေါက်တာစိုးလွင်(တွဲဖက်ပါမောက္ခ၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဖြေကြားသည်) မေး ။ ဘယ်အချိန် သွေးဆုံးတတ်လဲ၊ သွေးဆုံးချိန်မှာ ဘယ်လိုလက္ခဏာတွေဖြစ်တတ်သလဲ၊ သွေးဆုံးချိန်ကို ဘယ်လိုရင်ဆိုင်သင့်ပါသလဲ ဆရာ။ မလှလှမိုး၊ ညောင်ဦး။ ဖြေ ။ အမျိုးသမီးတွေက အသက် ၄၅နှစ် – ၅၀နှစ် ၀န်းကျင်လောက် ရောက်ပြီဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သားဥအိမ်ကနေ ဟော်မုန်းတွေထုတ်တာ ရပ်သွားတယ်။ တဖြည်းဖြည်းနဲ့ နည်းလာရာကနေ လုံးဝရပ်သွားပါတယ်။ အဲ့ဒီတော့ မိန်းမဟော်မုန်းတွေ မထွက်တော့တဲ့အခါကျတော့ ဓမ္မတာမလာတော့ဘူး။ ဓမ္မတာမလာတော့ဘူးဆိုရင် မိန်းကလေးတွေက သွေးဆုံးပြီပေါ့။ အဲ့ဒီလိုသွေးဆုံးတာက အမျိုးသမီးတိုင်းကြုံရမယ့် သဘာဝတရားကြီးပါ။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြဘူးပေါ့။ အကြမ်းဖျင်းအားဖြင့်တော့ အသက်၄၅ – ၅၀ လောက်မှာဖြစ်တယ်။ အများစုကတော့ ဒီလိုပဲ ဓမ္မတာမလာ တော့တာက တဖြည်းဖြည်းနဲ့ လတွေလတွေ ကျော်ကျော်သွားပြီး ဓမ္မတာရပ်သွားတယ်။ အဲ့ဒါကိုပဲ သွေးဆုံးတယ် လို့ခေါ်တာပါ။ သွေးဆုံးတဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။အများဆုံးဖြစ်တာက မီးယပ်ပူ မီးယပ်ချမ်းလို့ ပြောလေ့ရှိတဲ့ မျက်နှာတွေ၊ လည်ပင်းတွေ၊ ရင်ဘတ်တွေ ရှိန်းရှိန်း ရှိန်းရှိန်းနဲ့ပူမယ်။ နောက်ပြီး ချမ်းသွားပြန်ရော၊ ညကြီးမှာလည်း ချွေးတွေ အများကြီးထွက်ပြီး လန့်နိုးတာတို့ဖြစ်တယ်။ နောက်ပြီး ညအိပ်မပျော်တာတွေဖြစ်တယ်။ တချို့အမျိုးသမီးတွေဆိုရင် စိတ်မှာအပြောင်းအလဲတွေဖြစ်တယ်။ ဒေါသထွက်တာတို့၊ တခါတလေ ဘာမှမဟုတ်တဲ့အကြောင်းနဲ့လည်း ငိုချင်နေတာတို့ပေါ့။ ၀မ်းနည်းပြီး ငိုနေတတ်တယ်။ နောက်ပြီးတော့ အိမ်ထောင်ရှင်တွေမှာ မယုံသင်္ကာဖြစ်တာတွေလည်းရှိတယ်။ ယောက်ျားကို သ၀န်တိုတာအပြင် ယောက်ျားကို စိတ်ကုန်တာတွေ ရှိတယ်။ ပြောရရင် စိတ်နဲ့ပတ်သက်ပြီး မျိုးစုံဖြစ်တယ်။ ဒါတွေကို သွေးဆုံးတဲ့လက္ခဏာတွေလို့ ပြောကြတယ်။ အမျိုးသမီးအင်္ဂါခြောက်သွေ့တာနဲ့ ယား ယံတာတွေဖြစ်တတ်တယ်။ နောက်တစ်ခုက အိမ်ထောင်ရေးတွေမှာ ပြဿနာတက်တာက စိတ်မပါတော့တာ၊ အတူနေရင် နာကျင်တာတို့ဖြစ်တတ်တယ်။ အတူတူနေတဲ့ကိစ္စတွေမှာ သာယာမှုမရှိတော့ဘဲ နာကျင်တာတွေဖြစ်တတ်တယ်။ နောက်ဆီးမထိန်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။ ပထမအရေးအကြီးဆုံးကတော့ သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ သဘောသဘာဝကို အမျိုးသမီးတွေ၊ သူ့ရဲ့ မိသားစုတွေအမှန်အတိုင်းနားလည်ဖို့တော့ လိုတယ်။ သဘာဝတရားဖြစ်တဲ့အတွက် ဒါမျိုးတွေက ကြုံရတတ်တယ်။ တချို့တွေက မသိတော့ နားမလည်ပေးတတ်ကြဘူး။ တချို့ကျတော့ တောသူ တောင်သားတွေဆိုရင် ပယောဂ၀င်တယ်ဆိုပြီးတော့ ဖြစ်တတ်တယ်။ မိသားစုအနေနဲ့ကလည်း ဒီသဘာဝတရားကို နားလည်ရမယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဘာလုပ်ဖို့လိုသလဲဆိုတော့ သဘာဝတရားကိုလက်ခံဖို့လိုတယ်။ မိမိဘ၀ကိုအလိုက်သင့်နေနိုင်အောင် ပုံစံကိုအလိုက်သင့်ပြောင်းလဲရမယ်။ ဟော်မုန်းတွေ ပြောင်းလဲသွားတဲ့အတွက် သဘာဝအီစထရိုဂျင်ဟော်မုန်းဖြစ်တဲ့ ပဲနို့၊ ပဲပုပ်စေ့၊ ပဲပိစပ်၊ တိုဟူး စတာတွေကို စားရမယ်။ အရိုးသန်စွမ်းဖို့အတွက် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားရပါမယ်။
2018/12/17 13:12:25
http://www.healthylifejournalmyanmar.com/my/2018/03/11/aguidetomenopause/
mC4
အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးဥပဒေ အမြန်ဆုံးပြဌာန်းပေးဖို့ တောင်းဆို (ရုပ်/သံ) | MCN (MYANMAR CHANNEL NEWS) Home သတင်း ပြည်တွင်းသတင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးဥပဒေ အမြန်ဆုံးပြဌာန်းပေးဖို့ တောင်းဆို (ရုပ်/သံ) အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးဥပဒေ အမြန်ဆုံးပြဌာန်းပေးဖို့ တောင်းဆို (ရုပ်/သံ) အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးဥပဒေ အမြန်ဆုံးပြဌာန်းပေးဖို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကိုMCNသတင်းထောက် ကေဇွန်နွေးက သတင်းပေးပို့ထားပါတယ်။ မတ်လ(၈)ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးဥပဒေ အမြန်ဆုံးပြဌာန်းပေးဖို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက တောင်းဆိုလိုက်တာဖြစ်ပါတယ်။ လက်ရှိမှာ သက်ငယ်မုဒိန်းဖြစ်ပွားမှုတွေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ မကြာခဏဖြစ်ပေါ်နေတာကြောင့် တရားရင်ဆိုင်ရာမှာ ကာယကံရှင် အမျိုးသမီးတွေအနေနဲ့ နစ်နာမှုတွေရှိနေတာပါ။ Soundbite – ဒေါ်ခင်လေး (ဒါရိုက်တာ) Triangle Women ဒါ့အပြင် အကြမ်းဖက်ခံရတဲ့ ကာယကံရှင်အမျိုးသမီးတွေအနေနဲ့ တရားရင်ဆိုင်ရာမှာ တရားခွင်အတွင်း နေရာကျဉ်းမြောင်းတဲ့ အတွက် တရားခံဘက်က နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ခံရတာတွေလည်း ရှိနေတာကြောင့် လုံခြံမှုအပြည့်အဝမရရှိဘူးလို့ ပြောပါတယ်။ Soundbite – ဒေါ်နန်းဖြူဖြူလင်း (နည်းပညာအကြံပေး) Gender Equality Network အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှုပပျောက်စေဖို့အတွက် သက်ငယ်မုဒိန်းမှု သေဒဏ်ပေးရေး လှုပ်ရှားမှုတွေကို ဒေသအနှံ့မှာ ပြုလုပ်နေတာဖြစ်ပြီး ကမ္ဘာပေါ်မှာ အမျိုးသမီးသန်းတစ်ထောင်မှာ နေ့စဉ်တစ်ဦးနှုန်း အကြမ်းဖက်ခံနေရတဲ့ စစ်တမ်းကို အခြေခံပြီး ပြည်သူတွေပိုမိုသိရှိအောင် မြန်မာနိုင်ငံမှာလည်း သန်းတစ်ထောင်လှုပ်ရှားမှုကို ပြုလုပ်သွားမှာဖြစ်ပါတယ်ရှင်။ အမြိုးသမီးမြားအပျေါအကွမျးဖကျမှု ပပြောကျရေးဥပဒေ အမွနျဆုံးပွဌာနျးပေးဖို့ အပွညျပွညျဆိုငျရာ အမြိုးသမီးမြားနမှေ့ာ အမြိုးသမီးအဖှဲ့တှကေ တောငျးဆိုလိုကျပါတယျ။ ဒီသတငျးကိုMCNသတငျးထောကျ ကဇှေနျနှေးက သတငျးပေးပို့ထားပါတယျ။ မတျလ(၈)ရကျနမှေ့ာကရြောကျတဲ့ အပွညျပွညျဆိုငျရာ အမြိုးသမီးမြားနမှေ့ာ အမြိုးသမီးမြားအပျေါအကွမျးဖကျမှု ပပြောကျရေးဥပဒေ အမွနျဆုံးပွဌာနျးပေးဖို့ အမြိုးသမီးအရေးတကျကွှလှုပျရှားတဲ့ အဖှဲ့အစညျးတှကေ တောငျးဆိုလိုကျတာဖွဈပါတယျ။ လကျရှိမှာ သကျငယျမုဒိနျးဖွဈပှားမှုတှနေဲ့ အမြိုးသမီးတှအေပျေါ အကွမျးဖကျမှုတှေ မကွာခဏဖွဈပျေါနတောကွောငျ့ တရားရငျဆိုငျရာမှာ ကာယကံရှငျ အမြိုးသမီးတှအေနနေဲ့ နဈနာမှုတှရှေိနတောပါ။ Soundbite – ဒျေါခငျလေး (ဒါရိုကျတာ) Triangle Women ဒါ့အပွငျ အကွမျးဖကျခံရတဲ့ ကာယကံရှငျအမြိုးသမီးတှအေနနေဲ့ တရားရငျဆိုငျရာမှာ တရားခှငျအတှငျး နရောကဉျြးမွောငျးတဲ့ အတှကျ တရားခံဘကျက နညျးမြိုးစုံနဲ့ ခွိမျးခွောကျခံရတာတှလေညျး ရှိနတောကွောငျ့ လုံခွံမှုအပွညျ့အဝမရရှိဘူးလို့ ပွောပါတယျ။ Soundbite – ဒျေါနနျးဖွူဖွူလငျး (နညျးပညာအကွံပေး) Gender Equality Network အမြိုးသမီးတှအေပျေါ အကွမျးဖကျခံရမှုပပြောကျစဖေို့အတှကျ သကျငယျမုဒိနျးမှု သဒေဏျပေးရေး လှုပျရှားမှုတှကေို ဒသေအနှံ့မှာ ပွုလုပျနတောဖွဈပွီး ကမ်ဘာပျေါမှာ အမြိုးသမီးသနျးတဈထောငျမှာ နစေ့ဉျတဈဦးနှုနျး အကွမျးဖကျခံနရေတဲ့ စဈတမျးကို အခွခေံပွီး ပွညျသူတှပေိုမိုသိရှိအောငျ မွနျမာနိုငျငံမှာလညျး သနျးတဈထောငျလှုပျရှားမှုကို ပွုလုပျသှားမှာဖွဈပါတယျရှငျ။
2019/06/25 17:33:25
http://www.mcntv.biz/news/local-news/67376/
mC4
အိမ်မှာနေရင်းကိုယ်တိုင်ဆံပင်ညှပ်ဖို့အတွက် အသုံးဝင်မည့်ပစ္စည်းများနဲ့နည်းလမ်းကောင်းများ - Shop အိမ်မှာနေရင်း ဆံပင်မညှပ်တာကြာလို့ ဆံပင်အရှည်ကြီးတွေနဲ့ခေါင်းရှုပ်နေရပြီလား။ ဒီလိုအိမ်တွင်းအောင်းကာလမှာ အိမ်မှာနေရင်းဆံပင်ညှပ်ဖို့အတွက် ဆံပင်ညှပ်ပစ္စည်းလေးတွေလိုလာပါပြီ။ ဒီလိုဆံပင်ပစ္စည်းတွေရှိရုံနဲ့တော့ ညှပ်လို့မရသေးပါဖူး။ ဘယ်လိုအလွယ်တကူညှပ်ရမယ်ဆိုတာကိုတော့ အနည်းဆုံးသိထားဖို့လိုပါမယ်။ ကဲအဲ့တာဆိုရင် လိုအပ်တဲ့ ဆံပင်ညှပ်ပစ္စည်းတွေနဲ့ အသုံးပြုပုံလေးတွေကိုဆက်ကြည့်လိုက်ရအောင်။ ဒါလေးကတော့များသောအားဖြင့် အိမ်သုံး ဆံပင်ညှပ်ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ ဆံပင် နှစ်ထပ်ညှပ်ရတာကြိုက်တဲ့သူတွေနဲ့ အသားထိမှာကြောက်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါ။ ပြီးတော့ မိမိညှပ်လိုတဲ့ အကွာအဝေးအလိုက်ထိန်းညှိလို့ရတဲ့ခလုတ်လေးလဲပါရှိပါတယ်။ ညှပ်တဲ့အရှိန်နှစ်မျိုးကိုထိန်းညှိလို့ရပြီး မည်သည့်ဆံပင်အမျိုးအစားကိုမဆိုအလွယ်တကူညှပ်လို့ရပါတယ်။ ဒီလိုအမျိုးအစား ဆံပင်ညှပ်စက်တွေဟာ ဆံပင်ညပ်ခြင်းမညီချင်းတွေကိုစိတ်ပူစရာမလိုပဲ မိမိလိုအပ်သလိုပုံသွင်းလို့ရပါတယ်။ ဆံပင်ညှပ်ရာအရေပြားကို ထိခိုက်မှုမရှိစေဖို့အတွက် cutter head နှင့် positioning combတွေကို အသုံးပြုလို့ရပါသေးတယ်။ Xiaomi Enchen Boost USB ဒီဆံပင်ညှပ်စက်လေးကတော့ ခလေးရောလူကြီးတွက်ပါအသုံးပြုလို့ရတာမျိုးပဲဖြစ်ပါတယ်။ ဆံပင်တွေကို အိမ်မှာပဲညှပ် မယ်ဆိုရင်တော့ Xiaomi က ဆိုတော့ Quality ကလည်းကောင်းပြီး စျေးနှုန်းကလဲသက်သာပါတယ်။ ကလေး သေးသေးလေးကစ၍ လူငယ် လူကြီး အားလုံး အသုံးပြုနိုင်ပါတယ်။ ဒီဆံပင်ညှပ်စက်လေးဟာ Speed ၂ဆင့် မြှင့်လို့ရပြီး Normal Mode က 4500 RPM ဖြစ်ပြီး သာမန်ဆံပင်တွေအတွက် အဆင်ပြေပါတယ် ။ အကယ်၍ Turbo Mode ကို Switch လုပ်တာနဲ့ 5800 RPM ဖြစ်သွားပြီး ဆံပင်ထူထူတွေကို အေးဆေး ညှပ်နိုင်ပါပြီ ။ဒီစက်လေးရဲ့ Charging time က 1.5 Hours ပါ။ ဒီဆံပင်ညှပ်စက်လေးအပြင် Clipper , Oil Bottle, Brush ပါဝင်မှာဖြစ်ပြီး Power – 5Wထိပါဝင်တဲ့ အတွက် အားတစ်ခါသွင်းပြီး ရင် ၃၊၄ယောက်အသာလေးညှပ်လို့ရမှာပဲဖြစ်ပါတယ်။ Bojia ခေါင်းရိတ်စက် ဒီစက်လေးကိုတော့ ခလေးတွေအတွက် သီးသန့်ထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်။ သားသားမီးမီးလေးတွေရဲ့ ဆံပင်တွေရှည်လာလို့ခဏခဏပြန်ရိတ်ချင်တယ်ဆိုရင် အားပြန်သွင်းပြီးအသုံးပြုနိုင်တဲ့ခေါင်းရိတ်စက်မျိုးကိုဝယ်ထားသင့်ပါတယ်။ ကလေးတွေအတွက် ထုတ်ထားတဲ့ ခေါင်းရိတ်စက်လေးဖြစ်တဲ့အတွက် အသံဆူညံမှု့မရှိသလို အသားလည်းလုံးဝမထိပါဘူး။ ဓားသွားအပိုအလွယ်တကူလဲလှယ်လို့ရတဲ့အတွက် မေမေတို့ရဲ့ အချစ်တော်သားသားမီးမီးလေးတွေအတွက် အသင့်တော်ဆုံးပါ။ Shop.com.mm မှာဆိုရင် အထက်ဖော်ပြပါဆံပင်ညှပ်စက်တွေအပြင် မုတ်ဆိတ်ရိတ်စက်တွေပါဝယ်ယူလို့ရနေပါပြီ။ Previous ArticleApple MacBook မဝယ်ခင် သိထားသင့်တဲ့အချက်များNext ArticleShop ရဲ့ (၆)နှစ်ပြည့် နှစ်ပတ်လည် Shop Anniversary မှာ ဘယ်လို အစီအစဉ်တွေပါဝင်လာမှာလဲ?
2022/05/24 11:12:12
https://blog.shop.com.mm/2020/09/30/trimmer-you-should-use-in-stayhome-period/
mC4
ဆေးရုံက ဝန်ထမ်းနဲ့လူနာတွေကို ပြုံးပြနှုတ်ဆက်ပေးဖို့ စေတနာ့ဝန်ထမ်းအဖြစ် အလုပ်ခန့်အပ်ခံလိုက်ရတဲ့ ခွေးလေး – Myanmar Myanmar Blog Home Privacy Policy Contact Us Disclaimer ဆေးရုံက ဝန်ထမ်းနဲ့လူနာတွေကို ပြုံးပြနှုတ်ဆက်ပေးဖို့ စေတနာ့ဝန်ထမ်းအဖြစ် အလုပ်ခန့်အပ်ခံလိုက်ရတဲ့ ခွေးလေး July 15, 2021 admin Story 0 Shiloh အမည်ရှိတဲ့ခွေးလေးဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၂ရက်နေ့က Ohio ပြည်နယ်တက္ကသိုလ်ရဲ့ Wexner ဆေးရုံစင်တာမှာ လူနာတွေနဲ့ ဝန်ထမ်းတွေကို နှုတ်ဆက်ပေးဖို့ စေတနာ့ဝန်ထမ်းအဖြစ် အလုပ်ရသွားခဲ့ပါတယ်။သူလေးက နာမည်ကဒ်အပြည့်အစုံပါရထားပါသေးတယ်။ အဆိုပါဆေးရုံရဲ့MDဖြစ်တဲ့ Shari Dunaway က “ကျွန်မဆေးရုံက ဝန်ထမ်းတွေနဲ့လူနာတွေကို နှုတ်ဆက်စကားပြောပေးပြီး အင်အားဖြစ်စေဖို့ ဝန်ထမ်းတစ်ဦးကို အလုပ်ခန့်ခဲ့တယ်”လို့ဆိုပြီး သူမရဲ့social media မှာ ဝေမျှခဲ့ပြီးနောက်မှာတော့ တိရိစ္ဆာန်ချစ်သူလေးတွေအတွက် သဘောကျမဆုံးဖြစ်သွားခဲ့ရပါတယ်။ လူတစ်ယောက်က အကယ်လို့ Shilohက စေတနာ့ဝန်ထမ်းဆိုရင် သူလည်းလုပ်အားခအပြည့်အဝရထိုက်တယ်လို့ဆိုတော့ Shariက Shilohဟာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေကို နွေးထွေးတဲ့အပြုံးတွေ ပေးနိုင်တာကြောင့် အဲ့တာတွေက သူကိုယ်တိုင်အတွက် အကောင်းဆုံးဆုနဲ့ အပြည့်အဝလျော်ကြေးငွေပါလို့ ပြန်ဖြေပေးခဲ့ပါတယ်။Shilohရဲ့ ပုံတွေပျံ့နှံ့သွားတဲ့နောက်မှာတော့ အခြားဆေးရုံအသီးသီးကလည်း သူတို့ရဲ့စေတနာ့ဝန်ထမ်းလေးတွေကို ထုတ်ကြွားပြခဲ့ကြပါတယ်။ ယခုနှစ်အစောပိုင်းတုန်းကလည်း ဝန်ဆောင်မှုအပြည့်ပေးနိုင်တဲ့ Wynnအမည်ရှိတဲ့ခွေးလေးက Covid-19 ရောဂါကို ရှေ့တန်းကနေတိုက်ထုတ်ပေးနေတဲ့ကျန်းမာရေးဝန်ထမ်းတွေကို ကူညီပေးခဲ့ပါသေးတယ်။၁နှစ်အရွယ် Wynnဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို အကောင်းဆုံးကူညီဖြေသိမ့်ပေးနိုင်တဲ့ အဖော်လေးဖြစ်စေခဲ့ပါတယ်။ တကယ်လည်း အခြားတိရိစ္ဆာန်တွေထက် လူနဲ့ပိုအနေနီးပြီးစိတ်ခံစားချက်တွေကို ခန့်မှန်းနိုင်တဲ့ခွေးလေးတွေကသာ လူသားတို့ရဲ့စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို အမှန်တကယ်ဖြေပျောက်ပေးနိုင်တာပါ။ Previous ကျောင်းဆင်းသည်နှင့် နေအိမ်သို့တန်းမပြန်ဘဲ မိသားစုအတွက် ဝင်ငွေရရှိစေရန် အမှိုက်ဗူးခွံလေးများကို လိုက်ကောက်ပြီးမှ ပြန်တတ်သည့် ကျောင်းသူကလေးမလေး Next အွန်လိုင်းပေါ်မှာ ချစ်ကြိုက်ခဲ့တဲ့ ကောင်မလေးကို တွေ့ခွင့်ရဖို့ လေဆိပ်မှာ ဆယ်ရက်ကြာ စောင့်ရင်း ဆေးရုံရောက်သွားခဲ့ရသူ
2022-11-29T17:22:44Z
https://news24abc.com/%E1%80%86%E1%80%B1%E1%80%B8%E1%80%9B%E1%80%AF%E1%80%B6%E1%80%80-%E1%80%9D%E1%80%94%E1%80%BA%E1%80%91%E1%80%99%E1%80%BA%E1%80%B8%E1%80%94%E1%80%B2%E1%80%B7%E1%80%9C%E1%80%B0%E1%80%94%E1%80%AC%E1%80%90/
OSCAR-2301
ရီးရဲလ်အသင်း ကိုပါဒယ်ရေးဖလားပြိုင်ပွဲအတွက် ပုံမှန်တရားရုံးများတွင် အယူခံဝင်နိုင် – Sports – Duwun ရီးရဲလ်အသင်း ကိုပါဒယ်ရေးဖလားပြိုင်ပွဲအတွက် ပုံမှန်တရားရုံးများတွင် အယူခံဝင်နိုင် ရီးရဲလ်မက်ဒရစ်အသင်းသည် ကိုပါဒယ်ရေးဖလားကို ၂၀၁၄ ခုနှစ် ဗိုလ်လုပွဲတွင် ဘာစီလိုနာအသင်းကို ပွဲချိန် (၈၁) မိနစ်တွင် ဂရတ်ဘေးလ်သွင်းယူခဲ့သည့် အနိုင်ဂိုးဖြင့် (၂ - ၁) ဂိုး အနိုင်ကစားပြီး (၁၉) ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့သည်။ NZT 2015-12-30 06:32:37.0, 2015-12-30 06:32:37.0 ရီးရဲလ်မက်ဒရစ်အသင်းသည် ဒီဇင်ဘာ (၂) ရက်တွင် ကစားခဲ့သော ကိုပါဒယ်ရေးဖလား ၃၂ သင်းအဆင့်၊ ကားဒစ်နှင့်ပွဲတွင် ပွဲပယ်ပြစ်ဒဏ်ကျနေသည့် တောင်ပံကစားသမား ဒဲနစ်ချာရီချက်ဗ်ကို ထည့်သွင်းခဲ့သဖြင့် ယင်းဖလားပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပြစ်ဒဏ်ချမှတ်ခံရမှုအတွက် အယူခံ ဝင်ခဲ့ရာ ပယ်ချခံရသော်လည်း ပုံမှန်တရားရုံးများတွင် အယူခံဝင်နိုင်သေးကြောင်း သိရသည်။ ချာရီချက်ဗ်သည် ဗီလာရီးရဲလ်တွင် အငှားဖြင့်ကစားစဉ် အဝါကတ်များအတွက် (၁)ပွဲပယ်ပြစ်ဒဏ်ခံယူ နေရမည့်အချိန်ဖြစ်ကာ အဆိုပါ ပွဲတွင်ဝင်ရောက်ကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းလည်း ပြိုင်ပွဲမှ ထုတ်ပယ်ခံရကာ အယူခံဝင်ရာတွင်လည်း ဘက်ပေါင်းစုံက ငြင်းခုံမှုများကို ကြည့်ပြီးနောက် စပိန်နိုင်ငံ၏ အားကစားရေးရာ စီမံခန့် ခွဲရေးတရားရုံးက ယင်းအယူခံကို ပယ်ချခဲ့ခြင်းဖြစ်သည်။
2018/06/23 09:48:18
http://www.duwun.com.mm/sports/-id4506913.html
mC4
နင်ဂျာအကြောင်း အက်ဆေးရေးရာမှာ အဖြေလွှာအလွတ် ပေးခဲ့ပေမဲ့ အမှတ်ပြည့်ရခဲ့တဲ့ အကြောင်းရင်း - YOYARLAY Digital Media and News နင်ဂျာသမိုင်းကို လေ့လာသင်ယူနေတဲ့ ဂျပန်ကျောင်းသူတစ်ယောက်ဟာ အက်ဆေးအဖြေလွှာကို စာရွက်အလွတ် ပြန်ပေးခဲ့ပေမဲ့ အမှတ် ပြည့်ရခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပါမောက္ခက သူ့ရဲ့တီထွင်ကြံဆတဲ့ စိတ်ကူးစိတ်သန်းကို သဘောကျသွားလို့ပါပဲ။ အသက်(၁၉)နှစ် အရွယ်ရှိတဲ့ အီမီဟာဂါဟာ ဂျပန်နိုင်ငံရဲ့ မိအဲ(Mie)တက္ကသိုလ်မှာ နင်ဂျာသမိုင်းပညာ ပထမနှစ်ကျောင်းသူအဖြစ် ပညာသင်ကြားနေသူပါ။ ပါမောက္ခဖြစ်သူက နင်ဂျာသမိုင်းပညာ ဘာသာရပ်သင်ကြားနေသူတွေကို အီဂါယု(Igaryu)နင်ဂျာပြတိုက်ထံ အလည်အပတ် သွားတဲ့ အကြောင်း အက်ဆေးရေးခိုင်းခဲ့ပါတယ်။ "တီထွင်ဖန်တီးမှုကောင်းကောင်းလုပ်နိုင်သူတွေကို အမှတ်ကောင်းကောင်းပေးမယ်လို့ အတန်းထဲ မှာ ပါမောက္ခက ပြောပါတယ်။ အဲဒီတော့ ကျွန်မရဲ့အက်ဆေးကို တခြားသူတွေထက် ပိုထူးခြားအောင် ဖန်တီးဖို့ ဆုံးဖြတ်လိုက်တယ်။ ခဏလောက် စဉ်းစားလိုက်တော့ အဘူရီဒါရှီ(aburidashi)လုပ်ဖို့ အကြံရသွားတယ်"လို့ အီမီဟာဂါက ပြောပါတယ်။ အဘူရီဒါရှီ(aburidashi)ဆိုတာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ နင်ဂျာစာရေးသားနည်း အတတ်ပညာတစ်ခု ဖြစ်ပါတယ်။ အီမီဟာဂါဟာ ကလေးဘဝမှာ အန်နီမေးရှင်း(Animation)ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ချိန်ကတည်းက နင်ဂျာတွေကို စိတ်ဝင်စားခဲ့သူပါ။ ဂျပန်နိုင်ငံမှာ ကံကျွေးချစနစ်(feudalism) ကျင့်သုံးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက သျှို့ဝှက်ထောက်လှမ်းရေးတပ်သားတွေဖြစ်တဲ့ နင်ဂျာတွေ ပေါ်ထွန်းခဲ့တာပါ။ အီမီဟာဂါဟာ တစ်ညလုံးရေစိမ်ထားတဲ့ ပဲပုပ်တွေကို ကြိတ်ပြီး ပိတ်ပါးနဲ့ ဇကာချပါတယ်။ ဇကာချထားတဲ့ ပဲပုပ်အနှစ်တွေကို ရေနဲ့ရောပြီး သမအောင် (၂)နာရီလောက် ဖျော်ပါတယ်။ ပြီးတော့မှ ဂျပန်စက္ကူအပါး(ဝါရှီ-Washi)ပေါ်မှာ ကလောင်တံနဲ့ စာရေးခဲ့တာပါ။ ရေးထားတဲ့ စာလုံးတွေက ခြောက်သွားတာနဲ့ စာရွက်ပေါ်မှာ မထင်ဘဲ ပျောက်သွားပါတယ်။ ပါမောက္ခက စာရွက်အလွတ်ကြီး လာပေးတယ်ထင်ပြီး အမှိုက်ပုံးထဲ ထည့်ပစ်မှာစိုးလို့ အီမီဟာဂါက "စာရွက်ကို အပူပေးလိုက်ပါ"ဆိုတဲ့ စာခေါက်လေးတစ်ခုကို အက်ဆေးစာရွက်နဲ့အတူ ထည့်ပေးခဲ့ပါတယ်။ " ဝှက်စာနဲ့ရေးထားတဲ့ စာတွေ ကျွန်တော်မြင်ဖူးပါတယ်။ ဒါပေမဲ့ အဘူရီဒါရှီနဲ့ ရေးထားတဲ့စာကိုတော့ တစ်ခါမျှ မမြင်ဖူးပါဘူး။ အမှန် အတိုင်း ပြောရရင် စာလုံးတွေကို ထင်ထင်ရှားရှား တွေ့ရပါ့မလားလို့ သံသယမကင်းဖြစ်မိတယ်။ ဒါပေမဲ့ ကျွန်တော့်အိမ်က ဂတ်စ်မီးဖိုမှာ စာရွက်ကို အပူပေးလိုက်တော့ စာလုံးတွေကို ထင်ထင်ရှားရှား တွေ့ရလို့ ချီးကျူးမိတယ်။ ဒီအက်ဆေးကို အဆုံးအထိ ဖတ်မကြည့်ဘဲ ချက်ချင်း အမှတ်ပြည့်ပေးလိုက်တာပါ။ ဘာကြောင့် အဆုံးအထိဖတ်မကြည့်ရတာလဲဆိုတော့ မီဒီယာတွေ ရောက်လာပြီး ဓာတ်ပုံရိုက်ရင် အဆင်ပြေအောင် စာရွက်ထဲက စာလုံးအချို့ကို အပူမပေးဘဲ ဒီအတိုင်းချန်ထားလိုက်တာပါ"လို့ ပါမောက္ခ ယူဂျီဟာမာဒါက ပြောပါတယ်။ အက်ဆေးထဲမှာ ရေးထားတဲ့ အကြောင်းအရာက သိပ်မထူးခြားပေမဲ့ အက်ဆေး ဖန်တီးမှုပုံစံက တမူထူးခြားတဲ့အတွက် အမှတ်နည်းမှာ မစိုးရိမ်ခဲ့ဘူးလို့ အီမီဟာဂါက ဆိုပါတယ်။ ဂျပန်စက္ကူအပါး နင်ဂျာသမိုင်း အဖြေလွှာအလွတ် အမှတ်ပြည့် အီဂါယု Previous Previous post: Special Effects Makeup က ကျွန်တော်ဘဝပါပဲဆိုတဲ့ Artist ကိုဇော်မျိုး Next Next post: မာစီအမျိုးသမီးတွေရဲ့ နှုတ်ခမ်းပန်းကန်ပြားတပ်ခြင်းဓလေ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အယူသီးတဲ့ခရီးသည် အဖွားအိုတစ်ယောက်ဟာ ကံကောင်းစေရန်အတွက် လေယာဉ်အင်ဂျင်ထဲကို ဒင်္ဂါးပြားများ ပစ်ထည့်ခဲ့တဲ့အတွက် လေယာဉ်ခရီးစဉ် ရွေ့ဆိုင်းခဲ့ရတယ်လို့ တရုတ်လေကြောင်းလိုင်းတစ်လိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ Post Views: 2,972
2022/07/05 22:28:26
https://yoyarlay.com/ym5mc482/
mC4
Home » ကျန်းမာရေး » ဗဟုသုတ » အိုမင်းရင့်ရော်မှုကို နှေးကွေးစေမယ့် နည်းလမ်းငါးသွယ် အိုမင်းရင့်ရော်မှုကို နှေးကွေးစေမယ့် နည်းလမ်းငါးသွယ် ကျန်းမာရေး, ဗဟုသုတ 3:18 PM အသက်အရွယ်ကြီးရင့်ပြီး အိုမင်း ရင့်ရော်လာတယ်ဆိုတာ သဘာဝ အလျောက် တဖြည်းဖြည်းပြောင်း လဲသွားတယ်ဆိုပေမယ့်လည်း စိတ်ဖိစီးမှုတွေ၊ စားသောက်ပုံ နည်းစနစ် မမှန်တာတွေ၊ သွား လာနေထိုင်မှု ဂရုမစိုက်တဲ့အနေ အထားမျိုးတွေမှာ ပိုပြီး အရွယ် ကျလွယ်တတ်ပါတယ်။ နေ့စဉ် ဘ၀မှာ အချက်ငါးချက်အပြောင်း အလဲ လုပ်လိုက်တာနဲ့ အရွယ်ကျ တာကို နှေးကွေးစေမယ့်အချက် တွေကို မျှဝေပေးလိုက်ပါတယ်။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပါ- လေ့ကျင့်ခန်းလုပ် တာတုိ့၊ ယောဂကျင့်တာတို့၊ တရားထိုင်တာတို့လုပ်ပြီး စိတ် ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို လျှော့ ချပါ။ အစိမ်းရောင်အသီးအရွက်များ စားပေးပါ - ကိုယ်ခံစွမ်းအား ကောင်းစေပြီး အစာချေဖျက်မှု ကောင်းစေကာ ကင်ဆာရောဂါ တွေကိုပါ ကာကွယ်ပေးနိုင်တဲ့ အ စိမ်းရောင်ဟင်းသီးဟင်းရွက်တွေ များများ စားသုံးပေးရင် နုပျိုလှပစေတယ်လို့ ဆိုပါတယ်။ ငါးစားပါ - အိုမီဂါ ၃ ဖက်တီး အက်စစ်ကြွယ်ဝတဲ့ ဆယ်လ်မွန်၊ ဆာဒင်း၊ တူနာငါးစတဲ့ငါးအမျိုး မျိုးစားပေးရင် အိုမင်းရင့်ရော်မှု ကို ထိန်းပေးနိုင်တယ်လို့ ဆိုပါ တယ်။ ဗီတာမင်ဒီနဲ့ ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိတွေလည်း ရှိ တဲ့အတွက် အရွယ်မတိုင်ခင် ရုပ် ကျတာကိုလည်း ကာကွယ်ပြီး သား ဖြစ်စေပါတယ်။ ရေများများသောက်ပါ - ခန္ဓာ ကိုယ်ထဲမှာ ရေဓာတ်မလုံလောက် ရင် အရေးအကြောင်းတွေ၊ အရေ ပြားတွန့်တာတွေ ဖြစ်လာနိုင်တဲ့ အတွက် တစ်နေ့ကိုရေ ရှစ်ဖန် ခွက်နဲ့ အထက်သောက်ပေးဖို့လို ပါတယ်။ ရေဓာတ်ပြည့်ဝနေမှ အ သားအရေစိုပြည်ပြီး ခန္ဓာကိုယ် လုပ်ငန်းစဉ်တွေကို ပုံမှန်ဖြစ်စေ တဲ့အတွက် ရင့်ရော်မှုတွေကို နှေးကွေးစေပါတယ်။ ယမကာ သောက်သုံးမှုများရှောင် ပါ - ညတိုင်းသောက်စားနေတာ မျိုးက ကျန်းမာရေးအတွက် မ ကောင်းသလို အသားအရေစိုစို ပြည်ပြည် မဖြစ်တော့ဘဲ အရောင် မှေးမှိန်စေပါတယ်။ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် ၀ိုင်နီ တစ်ခွက်သောက်ပေးတာဟာ ကျန်းမာရေးအတွက် အကျိုးဖြစ် စေပေမယ့် ဒီထက်ပိုလို့တော့ မဖြစ်ပါဘူး။ အသကျအရှယျကွီးရငျ့ပွီး အိုမငျး ရငျ့ရျောလာတယျဆိုတာ သဘာဝ အလြောကျ တဖွညျးဖွညျးပွောငျး လဲသှားတယျဆိုပမေယျ့လညျး စိတျဖိစီးမှုတှေ၊ စားသောကျပုံ နညျးစနဈ မမှနျတာတှေ၊ သှား လာနထေိုငျမှု ဂရုမစိုကျတဲ့အနေ အထားမြိုးတှမှော ပိုပွီး အရှယျ ကလြှယျတတျပါတယျ။ နစေ့ဉျ ဘဝမှာ အခကျြငါးခကျြအပွောငျး အလဲ လုပျလိုကျတာနဲ့ အရှယျကြ တာကို နှေးကှေးစမေယျ့အခကျြ တှကေို မြှဝပေေးလိုကျပါတယျ။ စိတျဖိစီးမှုကို တတျနိုငျသလောကျ လြှော့ခပြါ- လကေ့ငျြ့ခနျးလုပျ တာတုိ့၊ ယောဂကငျြ့တာတို့၊ တရားထိုငျတာတို့လုပျပွီး စိတျ ပိုငျးဆိုငျရာ ဖိစီးမှုတှကေို လြှော့ ခပြါ။ အစိမျးရောငျအသီးအရှကျမြား စားပေးပါ - ကိုယျခံစှမျးအား ကောငျးစပွေီး အစာခဖြေကျြမှု ကောငျးစကော ကငျဆာရောဂါ တှကေိုပါ ကာကှယျပေးနိုငျတဲ့ အ စိမျးရောငျဟငျးသီးဟငျးရှကျတှေ မြားမြား စားသုံးပေးရငျ နုပြိုလှပစတေယျလို့ ဆိုပါတယျ။ ငါးစားပါ - အိုမီဂါ ၃ ဖကျတီး အကျစဈကွှယျဝတဲ့ ဆယျလျမှနျ၊ ဆာဒငျး၊ တူနာငါးစတဲ့ငါးအမြိုး မြိုးစားပေးရငျ အိုမငျးရငျ့ရျောမှု ကို ထိနျးပေးနိုငျတယျလို့ ဆိုပါ တယျ။ ဗီတာမငျဒီနဲ့ ဓာတျတိုး ဆနျ့ကငျြဂုဏျသတ်တိတှလေညျး ရှိ တဲ့အတှကျ အရှယျမတိုငျခငျ ရုပျ ကတြာကိုလညျး ကာကှယျပွီး သား ဖွဈစပေါတယျ။ ရမြေားမြားသောကျပါ - ခန်ဓာ ကိုယျထဲမှာ ရဓောတျမလုံလောကျ ရငျ အရေးအကွောငျးတှေ၊ အရေ ပွားတှနျ့တာတှေ ဖွဈလာနိုငျတဲ့ အတှကျ တဈနကေို့ရေ ရှဈဖနျ ခှကျနဲ့ အထကျသောကျပေးဖို့လို ပါတယျ။ ရဓောတျပွညျ့ဝနမှေ အ သားအရစေိုပွညျပွီး ခန်ဓာကိုယျ လုပျငနျးစဉျတှကေို ပုံမှနျဖွဈစေ တဲ့အတှကျ ရငျ့ရျောမှုတှကေို နှေးကှေးစပေါတယျ။ ယမကာ သောကျသုံးမှုမြားရှောငျ ပါ - ညတိုငျးသောကျစားနတော မြိုးက ကနျြးမာရေးအတှကျ မ ကောငျးသလို အသားအရစေိုစို ပွညျပွညျ မဖွဈတော့ဘဲ အရောငျ မှေးမှိနျစပေါတယျ။ တဈပတျကို တဈကွိမျ၊ နှဈကွိမျလောကျ ဝိုငျနီ တဈခှကျသောကျပေးတာဟာ ကနျြးမာရေးအတှကျ အကြိုးဖွဈ စပေမေယျ့ ဒီထကျပိုလို့တော့ မဖွဈပါဘူး။
2018/05/21 18:36:44
http://www.shwechitthu.com/2017/01/blog-post_780.html
mC4
မင်္ဂလာသတင်းစဉ်: ဆံပင်နဲ့ ပတ်သက်တဲ့ အယူသီးမှုများ ဆံပင်နဲ့ ပတ်သက်တဲ့ အယူသီးမှုများ မိရိုးဖလာ ယုံကြည်မှု၊ စွဲလမ်းမှုဆိုတာ လူမျိုးတိုင်းမှာ ရှိတတ်ကြစမြဲဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာလည်း ဘိုးဘေဘီဘင်လက်ထက်ကတည်းက ယုံကြည်စွဲမြဲမှုတွေအရ ဒီနေ့ ဒီကာလအထိ ဖျောက်ဖျက်လို့မရတဲ့ ယုံကြည်စွဲလမ်းမှုတွေ(ဝါ) အယူသီးမှု ရှိနေကြပါတယ်။ အထူးသဖြင့် နေ့စဉ်ကြုံတွေ့နေရတဲ့ လူမှုရေးကိစ္စနဲ့ တကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ကိစ္စမှာတောင် စွဲစွဲမြဲမြဲ လိုက်နာလေ့ရှိတာကတော့ ဆံပင်နဲ့ပတ်သက်တဲ့ အယူအဆပဲ ဖြစ်ပါတယ်။ မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ်-တဲ့ ဒါကြောင့် အယူသီးသူတချို့အနေနဲ့ မိမိမွေးနေ့ရယ်၊ သောကြာနေ့ရယ်၊ တနင်္လာနေ့ရယ်ကို ဆံပင်ညှပ်တဲ့အလုပ် မလုပ်မိဖို့ ရှောင်ကြပါတယ်။ ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ အယူအဆအမျိုးမျိုး ရှိလာပြန်ပါတယ်။ တချို့က ဒါဟာ လူတိုင်းအတွက် မဟုတ်ပါ။ တနင်္ဂနွေသားသမီးအတွက်သာ ဖြစ်ပါသတဲ့။ တနင်္ဂနွေသားသမီးအတွက် မိမိမွေးနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့ရယ်၊ မိမိမွေးနေ့ရဲ့ ဆပွတ်ဖြစ်တဲ့ သောကြာနေ့ရယ်၊ မိမိမွေးနေ့ရဲ့ အညွန့်ဖြစ်တဲ့ တနင်္လာနေ့ရယ်ကို အရှောင်ခိုင်းတာလို့ ဗေဒင်ပညာရှင်များက ဆိုပါတယ်။ ဒီနည်းအတိုင်းဆိုရင် တနင်္လာသားသမီးအတွက် မွေးနေ့ရယ်၊ ဆပွတ်ဖြစ်တဲ့ စနေနေ့ရယ်၊ အညွန့်ဖြစ်တဲ့ အင်္ဂါနေ့ရယ်ကို ဆံပင်ညှပ်ခြင်း ဖြတ်ဖြင်း ရှောင်ရပါလိမ့်မယ်။ လွယ်လွယ်ပြောကြစို့ဆိုရင် မွေးနေ့ရယ်၊ မွေးနေ့ရဲ့ နှစ်ခုမြောက်နေ့ရယ်၊ မွေးနေ့ရဲ့ ခြောက်ခုမြောက်နေ့ရယ်ကို ဆံပင်ညှပ်ခြင်း၊ ဖြတ်ခြင်း မပြုရပါဘူး။ ဒါက ဝေဒပညာရှင်တွေရဲ့ အလိုဖြစ်ပါတယ်။ တချို့ ဘာသာရေးနဲ့နွယ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ မြတ်စွာဘုရားသခင် မွေးဖွားတော်မူတဲ့ သောကြာနေ့-နဲ့ ဆံတော်ကိုပယ်တဲ့ တနင်္လာနေ့ကို ဘုရားရှင်ယှဉ်ပြိုင်ပြီး မလုပ်ကောင်းတဲ့အတွက် ဆံပင်ညှပ်ဖို့ တားမြစ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မီတယ်ဆိုသူတွေ၊ ဆ့ကေသာနဲ့ အလှအပပြုပြင်ရေး ပညာရှင်တွေကတော့ ဒီအယူအဆကိုယ်ပယ်ပြီး မွေးနေ့ သောကြာ တနင်္လာ၊ ကေသာဆံဟောင်း ဖြတ်မှကောင်း-လို့ သရော်တဲ့ လေသံနဲ့ ပြင်ဆိုကြလေရဲ့။ တကျောင်းတဂါထာ တရွာတပုဒ်ဆန်း ဆိုတဲ့စကားနဲ့အညီ သူ့နိုင်ငံ၊ သူ့ဓလေ့အရ ဆံပင်နဲ့ပတ်သက်ပြီး အယူသီးကြတဲ့ လူမျိုးစုတွေလည်း ရှိနေကြပါတယ်။ ဗြိတ်သျှကျွန်းဆွယ်က အင်္ဂလန်၊ စကော့တလန်၊ ဝေလနယ်နဲ့ အိုင်ယာလန်နိုင်ငံတွေမှာလည်း ဆံပင်နြ့ပတ်သက်တဲ့ အယူသီးမှုတွေ ရှိနေခဲ့ပါတယ်။ သူတို့ရဲ့ အယူအဆမှာလည်း သောကြာနေ့ကို ဆံပင်မညှပ်ရ၊ ညှပ်ရင် ကံဆိုးမိုးမှောင်ကျတတ်တယ်လို့ ဆိုပါတယ်။ အင်္ဂလန်ပြည် အလယ်ပိုင်းဒေသ တချို့မှာတော့ ကြာသပတေး၊ သောကြာ၊ စနေနေ့ တနင်္ဂနွေနေ့တွေမှာ ဆံပင်မညှပ်ကောင်းဘူးလို့ အယူရှိကြပြန်တယ်။ အဲဒီနေ့ လေးနေ့မှာ ဆံပင်ညှပ်ရင် လာဘ်ပိတ်တတ်တယ်။ စီးပွားမဖြစ်ထွန်းဘဲ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ပင်လယ်ပြင်မှာ ခရီးထွက်နေတဲ့ သင်္ဘောသားတွေအနေနဲ့လည်း လှိုင်းလေငြိမ်သက်နေဆဲမှာ ဆံပင်ညှပ်မိရင် လေမုန်တိုင်း ကျရောက်တတ်တယ်လို့ အယူသီးကြပြန်ပါသတဲ့။ တချို့လည်း ဆံပင်ညှပ်ပြီး ပစ်လိုက်ရမယ့် ဆံပင်အပြတ်စတွေကို ငှက်တွေနဲ့ အောက်လမ်းဆရာတွေ မတွေ့အောင် မီးရှို့ပစ်ကြပါတယ်။ တကယ်လို့ အဲဒီဆံပင်ညှပ်စ၊ ဖြတ်စတွေကို ငှက်တွေက ကိုက်ချီပြီး သူတို့အသိုက်မှာ အသုံးပြုခဲ့မိရင် ဆံပင်ပိုင်ရှင်အဖို့ ခေါင်းကိုက်တဲ့ဝေဒနာကို အသိုက်မပျက်စီးမချင်း အမြဲတမ်းခံစားနေရတတ်တယ်လို့ အယူရှိကြပါတယ်။ တကယ်လို့များ အဲဒီငှက်ဟာ တခြားငှက်အမျိုးမျိုးထဲက မဟုတ်ဘဲ ဆက်ရက်ငှက်ဖြစ်ခဲ့ရင် အဲဒီဆံပင်ပိုင်ရှင်ဟာ တရက် နှစ်ရက်အတွင်း သေဆုံးရပါလိမ့်မယ်။ ဆံပင်ဖြတ်စတွေကို အောက်လမ်းဆရာတွေ တွေ့သွားခဲ့ရင်လည်း နာအောင်၊ ဖျားအောင်၊ သေဆုံးအောင် ပြုစားတတ်တယ်လို့ မှတ်ယူကြပါတယ်။ ဒါဘီရှိုင်းယားဒေသက ဆံပင်နဲ့ပတ်သက်တဲ့ အယူအဆကတော့ တမျိုးတဘာသာ ထူးခြားနေပြန်ပါတယ်။ သူတို့အယူအဆကတော့ မိမိတို့ရဲ့ သားသမီးများ ဆံပင်ကို မိဘများအနေနဲ့ သိမ်းဆည်းမထားရပါဘူးတဲ့။ တကယ်လို့ သိမ်းဆည်းထားခဲ့ရင် ဆင်းရဲမွဲတေတတ်တယ်။ အသက်တိုတတ်တယ်လို့ ယုံကြည်နေကြပါတယ်။ ဆံပင်ဖြတ်စတွေကို မီးထဲထည့်ရှို့လို့ မီးရှိန်ကောင်းကောင်းနဲ့ လောင်ကျွမ်းရင် အသက်ရှည်တတ်တယ်။ အဲဒီလို မလောင်ကျွမ်းရင် နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။ ဆံပင်ကို မီးရှို့လို့ ကောင်းကောင်း မလောင်ကျွမ်းရင် ဆံပင်ပိုင်ရှင်ဟာ နောက်ထပ်တနှစ်ပဲ အသက်ရှင်နိုင်တော့မယ်လို့ ယုံကြည်ကြပါတယ်။ လူတယောက်ကို မိမိထံ လာရောက်စေလိုရင် လာရောက်စေလိုသူရဲ့ ဆံပင်ကို ရေထဲထည့်မြှုပ်ရင် မုချဆက်ဆက် ရောက်လာတတ်ပါသတဲ့။ စုန်းမတယောက်က တစုံတယောက်ကို ပြုစားရာမှာ ကျိန်စာတိုက်ရာမှာ စုန်းမဟာ သူ့ရဲ့ဆံပင်ကို ဖားလျားချထားခဲ့ရင် သူ့ရဲ့ပြုစားသမျှဟာ နှစ်ဆပိုပြီး စွမ်းအားဖြစ်စေတယ်။ အာနိသင် ပိုမိုစေတယ်လို့ အဆိုရှိပါတယ်။ ဆပ်ဖော့အရပ်ဒေသက အယအဆတရပ်ကတော့ မိသားစုအိမ်ထောင်ရှိ ကလေးတွေမှာ ကြက်ညှာချောင်ဆိုးရောဂါ စွဲကပ်လာခဲ့လို့ရှိရင် သမီးအကြီးရဲ့ ဆံပင်ကိုဖြတ်ပြီး နွားနို့ထဲမှာ စိမ်ကာ အဲဒီနွားနို့ကို အငယ်ဆုံးကလေးကစပြီး သမီးအကြီးအထိ တယောက်စီ တဦးပြီးတဦး အစဉ်လိုက် သောက်ခဲ့ရင် အဲဒီကြက်ညှာရောဂါ ပျောက်ကင်းတယ်လို့ဆိုပါတယ်။ ကြက်ညှာချောင်းဆိုး ရောဂါနဲ့ တခြားရောဂါများ ပျောက်ကင်းစေချင်ရင် ရောဂါစွဲကပ်သူရဲ့ ဆံပင်တချို့ကို ဖြစ်စေ၊ ပေါင်မုန့်ထောပတ်သုပ်မှာ မြှုပ်ပြီး ခွေးကျွေးရင်ဖြစ်စေ ရောဂါပျောက်ကင်းစေပါတယ်။ ဒီလိုလုပ်တဲ့အတွက် စွဲကပ်နေတဲ့ရောဂါဟာ မြေကြီးထဲရောက်ရှိသွားတယ်လို့ ဆိုပါတယ်။ ဒီလိုမှမဟုတ်ရင် ခွေးဆီကို ကူးပြောင်းသွားတယ်လို့ အယူအဆရှိ်ပါတယ်။ စကော့တလန်နိုင်ငံက အယူအဆတရပ်ကတော့ ဘယ်လိုရောဂါမျိုးမဆို ဖြစ်ပွားခဲ့ရင် ရောဂါစွဲကပ်သူရဲ့ ငယ်ထိပ်က ဆံပင်၊ မျက်တောင်မွေး တချောင်းနဲ့ လက်သည်းတချို့ကို ယူပြီး ပိုက်ဆံပြားတပြားနဲ့ ရောနှောထုပ်ပြီး လမ်းမပေါ်မှာပဲဖြစ်ဖြစ်၊ တခြားမည်သူမဆို တွေ့နိုင်တဲ့နေရာမှာပဲဖြစ်ဖြစ် လွှင့်ပစ်ထားရပါလိမ့်မယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အဲဒီအထုပ်ကို တွေ့ရှိသူထံ ရောဂါကူးပြောင်းသွားတယ်လို့ ဆိုပါတယ်။ ဒါတင်မက ယောက်ျားတဦးအဖို့ မုတ်ဆိတ်မွေးထူထူရှိမယ်၊ ရင်ဘတ်မှ အမွေးအမှင်တွေ ထူထူထဲထဲ ရှိမယ်ဆိုရင် ကျန်းမာသန်စွမ်းသူ၊ ခွန်အားပြည့်ဝသူရဲ့ သင်္ကေတအဖြစ် မှတ်ယူကြပါတယ်။ တကယ်လို့ လက်မောင်းမှာ အမွေးထူထူပေါက်မယ်ဆိုရင်တော့ မကြာခင် ချမ်းသာကြွယ်ဝတော့မယ့်နိမိတ် လက္ခဏာလို့ အယူအဆရှိကြပါတယ်။ လူတယောက်ဟာ နာဖျားမှုမရှိဘဲ ကျန်းကျန်းမာမာရှိနေရာက ဆံပင်တွေကျွတ်မယ်၊ ထိပ်ပြောင်မယ်ဆို၇င်တော့ ကျန်းမာရေးရင်လည်း ချူချာတော့မယ်၊ စည်းစိမ်ဥစ္စာရင်လည်း ဆုံးရှုံးတော့မယ်ဆိုတဲ့ လက္ခဏပြရုံသာမက သားငယ် သမီးငယ်ရှိရင်လည်း အသက်ဆုံးရှုံးတတ်တဲ့ နိမိတ်လို့ ယုံကြည်ကြပါတယ်။ ဆံပင်ရဲ့ အရောင်အပေါ်မှာ မူတည်ပြီးတော့လည်း အယူအဆအမျိုးမျိုး ရှိတတ်ကြပါသေးတယ်။ တချို့ဒေသတွေမှာ ဆံပင် ပြောင်းဖူးမွေးရောင်ရှိသူဟာ ကံကောင်းသူအဖြစ် ယူဆတတ်ကြပြီး တချိုပဒေသတွေအတွက်တော့ အနက်ရောင်ဆံပင်ရှိသူသာ ကံကောင်းသူအဖြစ် ယူဆတတ်ကြပါတယ်။ အနီရောင်ဆံပင်ရှိသူတွေကတော့ အများအားဖြင့် ကံဆိုးမိုးမှောင်ကျတတ်ကြပါတယ်။ ဒီဆံပင်အရောင်အဆင်းနဲ့ ပတ်သက်တဲ့ အယူအဆရေးရာကို ခိုင်ခိုင်မာမာ သက်သေပြနိုင်တဲ့ အထောက်အထား မရှိပါဘူး။ ဒါပေမဲ့ အင်္ဂလိပ်ပြဇာတ်ဆရာကြီး ရှိတ်စပီးယားရဲ့ ရွှေစိတ်တော် အလိုကျ-ပြဇာတ်ထဲမှာတော့ ဒီသဘောတရားမျိုး ခပ်ဆင်ဆင်ရေးဖွဲ့ခဲ့ဖူးတာ တွေ့ရပါတယ်။ ဒါပေမဲ့ ခုခေတ်မှာတော့ ဒီအယူအဆဟာ လုံးဝနီးပါး ပျောက်ကွယ်ခဲ့ပါပြီ။ ဆံပင်ကို လိုသလိုဆေးဆိုးပြီး လိုသလိုပုံစံပြောင်း အလှဆင်ကြတဲ့ခေတ် မဟတ်ုလား။ ဒါပေမဲ့ ဆံပင်နီသူဟာဒေါသအမျက်ကြီးသူ၊ ရက်စက်ကြမ်းကြတ်သူ၊ အချစ်ရေးရာနယ်ပယ်မှာတော့ စိတ်ပျော့သူ၊ စိတ်လွယ်သူလို့ ယူဆကြပါတယ်။ ဒန်ဘာတန်ဒေသက အယူအဆအရကတော့ ဆံပင်နီတဲ့ အမျိုးသားဟာ လင်ယောက်ျားမပီသတဲ့ လူစားမျိုးလို့ ယုံကြည်ပြီး အမျိုးသမီးတွေ ရှောင်ကြဉ်လေ့ရှိပါတယ်။ ဆံပင်နဲ့ပတ်သက်ပြီး သျှောင်နောက်ဆံထုံးပါ-ဆိုတဲ့ စကားရှိသလို ယောက်ျာတိးု့ဘုန်း ဆံထုံး-လို့လည်း ကျွန်တော်တို့မြန်မာတွေ ယူဆတတ်ကြပါသေးတယ်။ ရှင်မွေးနွန်း-မင်းနန္ဒာဇာတ်မှာ မင်းနန္ဒာရဲ့ ညာလက်ရုံးကို ရှင်မွေးနွန်းက ခေါင်းအုံးအိပ်တဲ့အတွက် မင်းနန္ဒာ ဘုန်းကံနိမ့်ပါးပြီး ကျဆုံးရတယ်လို့လည်း ယုံကြည်ကြပါတယ်။ အခုလို ဆံပင်နဲ့ပတ်သက်ပြီး အယူအဆ၊ အစွဲအလမ်းတွေ ထွေပြားတာဟာ ဆံပင်မှာ လူတွေရဲ့ အထါတ်အမြတ်ဖြစ်တဲ့ ဦးခေါင်းထက်က ဖြစ်တာရယ်၊ ဆံပင်ဟာ လူရဲ့တကိုယ်လုံးမှာ အသက်ရှင်သမျှ ကာလပတ်လုံး ဘယ်တော့မှ ဖျက်ဆီးလို့မရတဲ့အရာရယ်ကြောင့် ဖြစ်နိုင်ပါတယ်။ ဆံပ်ငကို ဘယ်လိုပဲ ရိတ်ရိတ် အချိန်တန်ရင် ထိုးထိုးထောင်ထောင်နဲ့ ပြန်လည်ရှင်သန်လာ၊ ပေါက်လာတာပဲမဟုတ်လား။ ခရစ်ယာန်ဓမ္မဟောင်းကျမ်းမှာ လာတဲ့ ဣသရေလပုံပြင်မှာ ဆံမဆန်အမည်ရှိသူ လူသန်ကြီးဟာ ဆံပင်ပေါ်မှာ သူ့ရဲ့စွမ်းအားဗလက တည်နေပြီး သူ့ကို ဖမ်းဆီးလိုတဲ့အခါ သူ့ရဲ့ဆံပင်ကို ရိတ်ပြီးမှ ဖမ်းလို့ရနိုင်ခဲ့တယ်လို့ ကျွန်တော်တို့ မြန်မာတွေအဖို့တော့ ဆံပင်နဲ့ပတ်သက်ပြီး အနောက်တိုင်းဓလေ့လောက် အယူသီးမှုမရှိလှ ပေမဲ့ အထွတ်အမြတ်အယူအဆကတော့ ခိုင်မြဲလျက်ရှိပါတယ်။ ရှေးခေတ်အဆက်ဆက်ကစပြီး ခေတ်ကာလအလျောက် ဆံပင်နဲ့ပတ်သက်ပြီး ဆင်ယင်ထုံးဖွဲ့မှုအမျိုးမျိုး ရှိခဲ့ပါတယ်။ မိမိအမြတ်တနိုးထားတဲ့ ဆံပင်ကိုဖြတ်ပြီး စေတီ၊ ပုထိုးတွေမှာလည်း လှူဒါန်းကြပါတယ်။ သက်ကြီးဝါကြီး ဆရာတော်ကြီးများ ကြွလာတဲ့အခါမှာလည်း ဆံပင်ကိုဖြန့်ခင်းပြီး လမ်းခင်ပူဇော်လေ့ရှိပါတယ်။ သိပ်ပြီးအယူသီးတဲ့ မြန်မာတချို့ကတော့ အင်္ဂါနေ့မှာ ဆံပင်ကို အုန်းဆီလိမ်းရင် သားချင်းဆွေမျိုးများနဲ့ တကွဲတပြား နေရတတ်တယ်လို့ ဆိုပါတယ်။
2017/02/19 21:15:34
http://www.mawluu.com/2011/10/blog-post_10.html
mC4
မြန်မာ-ထိုင်း အကြိုဗိုလ်လုပွဲကို မလေးရှားမှာ သွားရောက်အားပေးမယ့် မိုးယံဇွန် | 7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ Home » Section » Entertainment » မြန်မာ-ထိုင်း အကြိုဗိုလ်လုပွဲကို မလေးရှားမှာ သွားရောက်အားပေးမယ့် မိုးယံဇွန် ယနေ့ (ဩဂုတ် ၂၆ ရက်) တွင် မလေးရှားနိုင်ငံ၌ ကျင်းပ မည့် ထိုင်း-မြန်မာ အကြိုဗိုလ်လု ပွဲသို့ သွားရောက်အားပေးမည် ဖြစ်ကြောင်း သရုပ်ဆောင် မိုးယံ ဇွန်က ပြောသည်။ 'ရတနာပုံ'နှင့် 'ကြည်နူးရိပ်' ဟု အမည်ရသည့် ရုပ်သံဇာတ် လမ်းတွဲ နှစ်ခုရိုက်ကူးထားသည့် မိုးယံဇွန်က အောက်တိုဘာတွင် လပ်ကီးဘော့စ်ရုပ်ရှင်ထုတ်လုပ် ရေးမှ ရုပ်ရှင်တစ်ကား ရိုက်ကူးရန်လက်ခံထားသည်ဟု ဆိုသည်။ ''ဖျော်ဖြေရေးပွဲတွေ၊ နယ် သွားပြီး ဖျော်ဖြေတာတွေပဲရှိပါ တယ်။ ကြားထဲမှာ မရိုက်ဖြစ်တာ တစ်နှစ်ကျော်၊ ၂ နှစ်နီးပါးလောက်ကြာသွားတယ်။ ကျွန်တော်က အစက ကုမ္ပဏီတစ်ခုတည်းနဲ့ပဲ ရိုက်တဲ့အတွက် တခြားကုမ္ပဏီ တွေ ကျွန်တော့်ကိုခေါ်ဖို့အတွက် က စာချုပ်တွေရှိနေသေးတယ် ထင်နေကြတယ်။ သူတို့ထင်နေ တဲ့အချိန်တုန်းကတော့ စာချုပ် တွေရှိခဲ့တယ်။ အခုကတော့ ကုမ္ပဏီက ခွင့်ပြုချက်လည်းရပြီ။ စာချုပ်နဲ့လည်း မဆိုင်တော့ပါ ဘူး။ ဘယ်လိုရိုက်ကူးရေးပဲဖြစ် ဖြစ် လာကမ်းလှမ်းမယ်ဆိုရင် ကျွန်တော်နဲ့လိုက်ရင် ရိုက်လို့ရပါ ပြီ''ဟု ၎င်းက ပြောသည်။ အနုပညာသက်တမ်း ခုနစ် နှစ်ရှိပြီဖြစ်ပြီး လက်တွဲရိုက်ကူးခဲ့ သည့် သုခမိန်ထုတ်လုပ်ရေးနှင့် ဗီဒီယို ၁၇ ကား၊ ရုပ်ရှင်ကား နှစ်ကားရိုက်ကူးခဲ့ကြောင်း မိုးယံ ဇွန်က ပြောသည်။
2018/07/17 21:40:22
http://7daydaily.com/story/105652
mC4
တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ Big Bang ရဲ့ အဖွဲ့ဝင် Seungri တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ Big Bang ရဲ့ အဖွဲ့ဝင် Seungri ဟာ သူ့ရဲ့ ကိုယ်ပိုင်ကလပ်တခုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် ပြည့်တန်ဆာ ငှားရမ်းပေးခဲ့တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်မှာ တရားစွဲခံခဲ့ရတယ်လို့ မီဒီယာတွေမှာ ဖော်ပြကြပြီး သူ့အေဂျင်စီရဲ့ ရှယ်ယာတွေလည်း ၁၄ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ အကြီးမားဆုံး Kpop အေဂျင်စီ ၃ ခုထဲက တခုဖြစ်တဲ့ သူ့ရဲ့အေဂျင်စီ YG အင်တာတိန်းမန့်ကတော့ သူတို့ရဲ့အဆိုတော်အနေနဲ့ တရားစွဲခံထားရတာကို သိရှိထားတဲ့ အကြောင်း မတ်လ ၁၁ ရက်မှာ ပြောပေမယ့် မှတ်ချက် တစုံတရာပေးခဲ့ခြင်း မရှိပါဘူး။ YG အင်တာတိန်းမန့်ရဲ့ ရှယ်ယာတွေဟာလည်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလကစပြီး အနိမ့်ဆုံးအနေနဲ့ ၁၄ ဒဿမ ၂ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း မှတ်ချက် တစုံတရာ မပေးသေးပါဘူး။ Lee Seung-hyun လို့ အမည်ရင်းရှိတဲ့ အသက် ၂၈ နှစ်အရွယ် အဆိုတော် Seungri ကလည်း မတ်လ ၁၁ ရက်မှာတော့ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ "လိင်ပိုင်းဆိုင်ရာ လာဘ်ပေးမှု" မှာ ပါဝင်ခဲ့တယ်လို့ မီဒီယာတခုကနေ ပြီးခဲ့တဲ့လမှာ သတင်းထုတ်ပြန်ခဲ့ပြီးနောက် ပြည့်တန်ဆာ ရှာဖွေပေးခဲ့တာမရှိဘူးလို့ သူက ငြင်းဆိုထားပါတယ်။ အဲဒီသတင်းထွက်ပေါ်လာပြီးတဲ့နောက် YG အင်တာတိန်းမန့်ရဲ့ ရှယ်ယာတွေဟာ ၂၁ ဒဿမ ၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတုန်းက ထွက်ရှိခဲ့တဲ့ မီဒီယာသတင်းနဲ့ ပတ်သက်လို့တော့ အဲဒီ့သတင်းဟာ အမှားသာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ မတ်လ ၁၁ ရက်မှတော့ အေဂျင်စီက သူ့ရဲ့ ရပ်တည်ချက်အတိုင်းပဲ မပြောင်းလဲဘူးလို့ဆိုထားပါတယ်။ အဲဒီ့သတင်းတွေဟာ အဆိုတော် Seungri အနေနဲ့ တောင်ကိုရီးယားနိုင်ငံသားတိုင်း မဖြစ်မနေ ထမ်းဆောင်ရမယ့် စစ်မှုထမ်း အစီအစဉ် မတိုင်မီ ထွက်ပေါ်လာတာပါ။ သူဟာ စစ်မှုထမ်းတာဝန်တွေကို လာမယ့် မတ်လ ၂၅ ရက်နေ့ကစလို့ ထမ်းဆောင်တော့မှာ ဖြစ်တဲ့အကြောင်း အေဂျင်စီက အတည်ပြုပြောဆိုထားပြီးဖြစ်ပါတယ်။
2022/01/25 03:29:02
https://burma.irrawaddy.com/lifestyle/entertainment/2019/03/11/186035.html
mC4
မြန်မာ့ ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ဖို့ ကုလတိုက်တွန်း — မြန်မာဌာန ရန်ကုန်မှာ ၂၀၂၁ မတ်လ ၉ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြနေသူတစ်ဦးကို တွေ့ရစဥ် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ပြစ်တင်ရှုတ်ချပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက် တစ်ရပ်ကို ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တနင်္လာနေ့က ချမှတ်ခဲ့ပါတယ်။ အဲဒီအဆိုကို OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ရဲ့ ကိုယ်စား ပါကစ္စတန်နိုင်ငံက တင်ပြ ခဲ့တာဖြစ်ပြီး အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ လူ့အခွင့်အရေးကောင်စီက အတည်ပြုခဲ့တာပါ။ အဖွဲ့ဝင်ဖြစ်တဲ့ တရုတ်ပြည်ကတော့ သဘောတူကြောင်းလည်းမပြောအဆိုကို မဲခွဲဖို့လည်း မကန့်ကွက်ခဲ့ပါဘူး။ ပါကစ္စတန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ် Khalil Hashmi ကလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင် တွေရဲ့ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေက ဆိုးရွားနေဆဲဖြစ်ပြီး လူ့အခွင့်အရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အကြမ်းဖက်မှုတွေကို အမြန်ဆုံး ရပ်တန့်အောင် ဆောင်ရွက်ဖို့ အခြေခံအခွင့်အရေးတွေကို မြှင့်တင်ပေးဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Thomas Andrews ကလည်း မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ငါးလ အာဏာသိမ်းပြီးကတည်းက လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု တွေကို အစီအစဉ်ရှိရှိ ကျူးလွန်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝန်းကလည်း အဲဒီကျူးလွန်မှုတွေကို ဟန့်တားဖို့ ပျက်ကွက်ခဲ့ကြောင်း ပြောပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အ‌ကြီးအကဲ Michelle Bachelet ကလည်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နိုင်ငံရေးအကျပ်အတည်းကနေ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာအရပ်ရပ်အဖြစ် ရောက်ရှိသွားခဲ့ပြီး နိုင်ငံ တစ်ဝှမ်း အကြမ်းဖက်မှုနဲ့ ဆင်းရဲဒုက္ခတွေကြောင့် နိုင်ငံရေရှည်တိုးတက်ဖွံ့ဖြိုးမှု အလားအလာတွေ ထိခိုက် နေရကြောင်း၊ အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ ဒါမှမဟုတ် ကျယ်ပြန့်တဲ့ ပြည်တွင်းစစ် ဖြစ်ပွားပေါ်ပေါက်ရာနိုင်ငံ ဖြစ်လာဖွယ်ရှိကြောင်း သတိပေးပြောဆိုပါတယ်။
2021/09/23 08:05:16
https://www.rfa.org/burmese/news/un-urged-for-political-negotiation-07132021080947.html
mC4
ဂြီနိုအာနဲ့ပှဲအပွီး ဂြာစီလှငျ့ပဈ၊ နံရံကိုထိုးတဲ့အထိ ပေါကျကှဲခဲ့တဲ့ ရျောနယျဒို - Shwe Soccer ဂြူဗငျတပျဈအသငျးဟာ ဂြီနိုအာကို ၃-၁ နဲ့ အနိုငျရရှိခဲ့ပမေယျ့ အဆိုပါပှဲအပွီးမှာတော့ အသငျးတိုကျစဈမှူးရျောနယျဒိုဟာ အဝတျလဲခနျးအတှငျး ပှဲကွမျးခဲ့တယျလို့ သိရပါတယျ။ စီးရီးအမှော ဦးဆောငျနတေဲ့ အငျတာမီလနျကို လိုကျမီဖို့မလှယျကူတော့တဲ့ ဂြူဗီဟာ ခနျြပီယံလိဂျဝငျခှငျ့ရဖို့အတှကျကို အဓိကထားနရေပွီး နိုငျပှဲရခဲ့ပမေယျ့လညျး ရျောနယျဒိုကတော့ ဒေါသူပုနျထခဲ့တာဖွဈပါတယျ။ အဓိကအကွောငျးကတော့ ရျောနယျဒိုဟာ သူ ဂိုးမသှငျးယူနိုငျခဲ့တဲ့အပျေါ ဒေါသထှကျနခေဲ့တာဖွဈပွီး အသငျးဖျောတှအေနနေဲ့ သူ့ဆီကိုဖွတျတငျပေးပို့မှုတှေ ပွုလုပျပေးဖို့ အားနညျးခဲ့တာကိုလညျး စိတျကှကျနတေယျလို့ Gazzetta dello Sport က ဖျောပွသှားခဲ့ပါတယျ။ ရျောနယျဒိုဟာ အကောငျးဆုံးအခှငျ့အရေးတဈကွိမျရရှိခဲ့ပမေယျ့လညျး သူ့ရဲ့ပိတျသှငျးယူခကျြက တိုငျထိထှကျခဲ့ပွီး အသငျးဖျောမိုရာတာက ထပျဆငျ့ပိတျသှငျးယူခဲ့ပါတယျ။ ရျောနယျဒိုဟာ ပှဲအပွီးမှာ သူဝတျဆငျထားတဲ့ ဂြာစီကိုခြှတျကာ လှငျ့ပဈခဲ့တယျလို့သိရသလို အဝတျလဲခနျးအတှငျးမှာလညျး နံရံကို လကျသီးနဲ့ထိုးမှုတှပွေုလုပျခဲ့တယျလို့ သတငျးတှထှေကျခဲ့ပွီး ဘယျသူ့ကိုမှလညျး စကားမပွောခဲ့ဘူးလို့ သိရပါတယျ။ နညျးပွပီယာလိုကတော့ သူ့ရဲ့တိုကျစဈမှူးဟာ ဂိုးမသှငျးနိုငျခဲ့လို့ ဒေါသထှကျခဲ့တာဖွဈပွီး ဒါဟာ တိုးတကျခငျြစိတျရှိတဲ့ ကစားသမားတိုငျးမှာ ဖွဈလဖွေ့ဈထရှိတဲ့ အပွုအမူသာဖွဈတယျလို့ ဖာထေးပွောဆိုခဲ့ပါတယျ။ ဒီလိုမြိုးဖွဈပကျြခဲ့မှုနဲ့အတူ ရျောနယျဒိုဟာ တူရငျမှာမပြျောရှငျတော့ဘူးဆိုတဲ့ သတငျးတှပေါ တပါတညျးထှကျပျေါလာခဲ့ပွီး အသငျးကထှကျခှာဖို့ ပိုမိုနီးစပျလာတယျလို့ သိရပါတယျ။ ရျောနယျဒိုအနနေဲ့ အသငျးဟောငျးရီးရဲလျမကျဒရဈ ဒါမှမဟုတျ သူ့ကိုမြားပွားတဲ့ ငှကွေေးတှနေဲ့ ကမျးလှမျးလာမယျ့ အမရေိက ဒါမှမဟုတျ တရုတျတို့ကို ရှေးခယျြနိုငျကွောငျးလညျး Mirror က ဖျောပွခဲ့ပွီး ပျေါတူဂီသားရဲ့အနာဂတျက စိတျဝငျစားဖို့ကောငျးလာခဲ့ပွီလညျးဖွဈပါတယျ။ ဂျူဗင်တပ်စ်အသင်းဟာ ဂျီနိုအာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပေမယ့် အဆိုပါပွဲအပြီးမှာတော့ အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ အဝတ်လဲခန်းအတွင်း ပွဲကြမ်းခဲ့တယ်လို့ သိရပါတယ်။ စီးရီးအေမှာ ဦးဆောင်နေတဲ့ အင်တာမီလန်ကို လိုက်မီဖို့မလွယ်ကူတော့တဲ့ ဂျူဗီဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်ကို အဓိကထားနေရပြီး နိုင်ပွဲရခဲ့ပေမယ့်လည်း ရော်နယ်ဒိုကတော့ ဒေါသူပုန်ထခဲ့တာဖြစ်ပါတယ်။ အဓိကအကြောင်းကတော့ ရော်နယ်ဒိုဟာ သူ ဂိုးမသွင်းယူနိုင်ခဲ့တဲ့အပေါ် ဒေါသထွက်နေခဲ့တာဖြစ်ပြီး အသင်းဖော်တွေအနေနဲ့ သူ့ဆီကိုဖြတ်တင်ပေးပို့မှုတွေ ပြုလုပ်ပေးဖို့ အားနည်းခဲ့တာကိုလည်း စိတ်ကွက်နေတယ်လို့ Gazzetta dello Sport က ဖော်ပြသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အကောင်းဆုံးအခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပေမယ့်လည်း သူ့ရဲ့ပိတ်သွင်းယူချက်က တိုင်ထိထွက်ခဲ့ပြီး အသင်းဖော်မိုရာတာက ထပ်ဆင့်ပိတ်သွင်းယူခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပွဲအပြီးမှာ သူဝတ်ဆင်ထားတဲ့ ဂျာစီကိုချွတ်ကာ လွှင့်ပစ်ခဲ့တယ်လို့သိရသလို အဝတ်လဲခန်းအတွင်းမှာလည်း နံရံကို လက်သီးနဲ့ထိုးမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပြီး ဘယ်သူ့ကိုမှလည်း စကားမပြောခဲ့ဘူးလို့ သိရပါတယ်။ နည်းပြပီယာလိုကတော့ သူ့ရဲ့တိုက်စစ်မှူးဟာ ဂိုးမသွင်းနိုင်ခဲ့လို့ ဒေါသထွက်ခဲ့တာဖြစ်ပြီး ဒါဟာ တိုးတက်ချင်စိတ်ရှိတဲ့ ကစားသမားတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အပြုအမူသာဖြစ်တယ်လို့ ဖာထေးပြောဆိုခဲ့ပါတယ်။ ဒီလိုမျိုးဖြစ်ပျက်ခဲ့မှုနဲ့အတူ ရော်နယ်ဒိုဟာ တူရင်မှာမပျော်ရွှင်တော့ဘူးဆိုတဲ့ သတင်းတွေပါ တပါတည်းထွက်ပေါ်လာခဲ့ပြီး အသင်းကထွက်ခွာဖို့ ပိုမိုနီးစပ်လာတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုအနေနဲ့ အသင်းဟောင်းရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် သူ့ကိုများပြားတဲ့ ငွေကြေးတွေနဲ့ ကမ်းလှမ်းလာမယ့် အမေရိက ဒါမှမဟုတ် တရုတ်တို့ကို ရွေးချယ်နိုင်ကြောင်းလည်း Mirror က ဖော်ပြခဲ့ပြီး ပေါ်တူဂီသားရဲ့အနာဂတ်က စိတ်ဝင်စားဖို့ကောင်းလာခဲ့ပြီလည်းဖြစ်ပါတယ်။
2021/05/13 16:09:09
https://shwesoccer.org/news/32194
mC4
မြန်မာ့ခရီးသွားညီလာခံကျင်းပမည် | 7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ Home » Section » Tourism » မြန်မာ့ခရီးသွားညီလာခံကျင်းပမည် မြန်မာ့ခရီးသွားညီလာခံကျင်းပမည် Wed, 2017-09-20 12:02 မန္တလေး၊ စက်တင်ဘာ-၁၆ ရွှေတိဂုံစေတီသို့ လာရောက်သော နိုင်ငံခြားခရီးသွားအချို့ ဓာတ်ပုံ − စိုင်းဇော် မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးခရီး သွားလုပ်ငန်းရှင်များနှင့် သက် ဆိုင်ရာ ဝန်ကြီးဌာနများ အားလုံး စုစည်းကာ လာမည့်ပွင့်လင်းရာသီ ၌ မြန်မာ့ခရီးသွားညီလာခံ (Mya-nmar Tourism Summit) ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဦးသက်လွင်တိုးက ပြော သည်။ ''ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအ တွက် အဖြေရှာမယ့် နှီးနှောဖလှယ် ပွဲကြီးတစ်ခုဖြစ်ပါတယ်။ သမားရိုး ကျလုပ်နေတဲ့ ဟောပြောပွဲ၊ အ လုပ်ရုံဆွေးနွေးပွဲတွေနဲ့ မတူပါ ဘူး''ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်းအနေဖြင့် အဆိုပါ ညီလာခံတွင် တင်ပြနိုင်ရန် ယခု နှစ် ဇန်နဝါရီကစ၍ ခရီးသွားလုပ် ငန်းဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍအား လုံးပါဝင်သည့် စာတမ်းတစ်ခု ပြုစုနေကြောင်း ၎င်းကပြောသည်။ ''ညီလာခံအတွက် ခရီးသွား လုပ်ငန်းနဲ့ပတ်သက်တဲ့ စနစ်ကြီး တစ်ခုလုံးအတွက် စာတမ်းတစ်ခု ကို ပြုရပါတယ်။ အဲဒီစာတမ်းအ တွက်ကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ လောက်ကတည်းက အဆိုပြုခဲ့ပြီး တော့ နိုင်ငံခြားသား ပရောဂျက် မန်နေဂျာတစ်ယောက်ခန့်ပြီး ဆောင်ရွက်နေပါတယ်။ လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာလောက် မှာတော့ ညီလာခံကို ကျင်းပနိုင် မယ်လို့ ခန့်မှန်းထားပါတယ်''ဟု ဦးသက်လွင်တိုးက ပြောသည်။ အဆိုပါ ခရီးသွားညီလာခံ တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ လက်အောက်မှ ညီ နောင်အသင်း ၁၁ ခု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ လူ ဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များ တက်ရောက် ဆွေးနွေးမည်ဖြစ်သည်။
2018/06/22 09:39:46
http://7daydaily.com/story/107978
mC4
ဥရောပထိပ်သီးလိဂ်တွေမှာ သွင်းဂိုးအများဆုံး လူငယ်ကြယ်ပွင့်ကစားသမားများ (၁) 25 Apr 2019 . 5:31 PM လူငယ်ကစားသမားတစ်ဦး ဘောလုံးစင်မြင့်ထက်မှာ တောက်ပလာဖို့ဆိုတာက စိန်ခေါ်မှုတွေ၊ ဖိအားတွေ အများကြီး ရင်ဆိုင်ရသလို ပွဲတိုင်းလိုလို ကိုယ့်ရဲ့ပုံမှန်ခြေစွမ်းပြသနိုင်ဖို့လိုအပ်တဲ့အပြင် ဒဏ်ရာပြဿနာတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို ကျော်လွှားနိုင်မှဖြစ်မှာပါ။ အရည်အသွေးရှိပေမယ့် ဒဏ်ရာပြဿနာ၊ ကွင်းပြင်ပ လူနေမှုအကျင့်စရိုက်၊ ပုံမှန်ခြေစွမ်းမထိန်းသိမ်းနိုင်တာကြောင့် ပရိသတ်တွေမျှော်လင့်သလောက် ဖြစ်မလာခဲ့တဲ့ ကစားသမားတွေလည်း အများကြီးပါပဲ။ အခုဖော်ပြချင်တာက အသက်(၂၁)နှစ်မပြည့်ခင် ဥရောပထိပ်သီးလိဂ်(၅)ခုမှာ သွင်းဂိုးအများဆုံးဖြစ်ခဲ့တဲ့ ကစားသမားတွေဖြစ်ပါတယ်။ ဒီစာရင်းမှာ ဘယ်သူတွေ ပါဝင်လဲ၊ ကိုယ်ထင်တာနဲ့ ကိုက်ရဲ့လားဆိုတာ ကြည့်လိုက်ရအောင် . . . နှစ်ပေါင်းများစွာအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လူငယ်ကြယ်ပွင့်ကစားသမားတွေ အများကြီးထွက်ပေါ်ခဲ့ဖူးပါတယ်။ ပြည်တွင်းက လူငယ်ကြယ်ပွင့်တွေအပြင် ပြည်ပကလပ်တွေကနေ ခေါ်ယူခဲ့တဲ့ ကြယ်ပွင့်တွေလည်း အများကြီးပါပဲ။ မန်ယူအသင်းရဲ့ နာမည်ကျော်ကစားသမားဟောင်း စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ အသက်(၂၁)နှစ်မပြည့်ခင်မှာ လိဂ်သွင်းဂိုး (၁၄)ဂိုးအထိသွင်းယူခဲ့သလို မန်ယူအသင်း ဂန္ထ၀င်တိုက်စစ်မှူး ရွန်နီ Wayne Rooney ဆိုရင် (၄၄)ဂိုးအထိ သွင်းယူနိုင်ခဲ့တယ်။ လူကာကူ Romelu Lukaku ၊ အနယ်လ်ကာ Nicolas Anelka ၊ ခရစ္စဆပ်တန် Chris Sutton စတဲ့ တိုက်စစ်မှူးတွေကလည်း လူငယ်ကစားသမားဘ၀မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ကြသူတွေပါ။ ဒါပေမဲ့ အသက်(၂၁)နှစ်မတိုင်ခင် ပရီးမီးယားလိဂ်မှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတာက လီဗာပူးလ်ဂန္ထ၀င်တိုက်စစ်မှူးကြီး ရော်ဘီဖောင်လာ Robbie Fowler ပဲဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါတုန်းက ပရီးမီးယားလိဂ်ရဲ့ Deadliest Strikers တစ်ဦးဖြစ်ခဲ့သူ ဖောင်လာဟာ အသက်(၂၁)နှစ်မတိုင်ခင် ၁၉၉၃ ကနေ ၁၉၉၆ ခုနှစ်အတွင်း သွင်းယူခဲ့တဲ့ဂိုးအရေအတွက်က (၆၄)ဂိုးအထိရှိခဲ့တယ်။ ဒီစံချိန်ကို ဘယ်သူမှ မချိုးဖျက်နိုင်သေးဘဲ အနီးစပ်ဆုံးတူညီခဲ့တာက သူ့ရဲ့ လီဗာပူးလ်အသင်းဖော်ဟောင်း အိုဝင် Michael Owen ဖြစ်ပြီး (၅၅)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ အသက်(၂၁)နှစ်မပြည့်ခင် လာလီဂါမှာ သွင်းဂိုးအများဆုံး ကစားသမားက ဘယ်သူများဖြစ်မလဲ။ ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်ခဲ့သူ စီရော်နယ်လ်ဒိုဟာ လာလီဂါကို စတင်ရောက်ရှိခဲ့တဲ့အချိန်မှာ အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်လို့ ဒီစာရင်းမှာ မပါဝင်ခဲ့ပါဘူး။ ဒါဆို မက်ဆီ Lionel Messi လို့ ပရိသတ်တွေ ထင်မိကြပါလိမ့်မယ်။ ဒါပေမဲ့ ဘာစီလိုနာကစားသမားဘ၀ အစောပိုင်းမှာ မက်ဆီက တောင်ပံတိုက်စစ်အဖြစ် ကစားခဲ့ရတာကြောင့် တိုက်စစ်မှူးတစ်ဦးလို ဂိုးတွေ သိပ်မရခဲ့ဘူး။ ဆယ်ကျော်သက်အရွယ်မှာ မက်ဆီ သွင်းဂိုးအများဆုံးဖြစ်ခဲ့တာက ၂၀၀၆-၀၇ ရာသီမှာ (၁၄)ဂိုးသွင်းခဲ့တာပါ။ အဲဒီအချိန်မှာ တောရက်စ် Fernando Torres ၊ အဂွဲရိုး Sergio Aguero တို့ကလည်း အက်သလက်တီကိုအသင်းရဲ့ ဂိုးသွင်းစက်တွေဖြစ်နေကြပါပြီ။ ဒါပေမဲ့ သူတို့လည်း မဟုတ်သေးပါဘူး။ အသက်(၂၁)နှစ်မတိုင်ခင် လာလီဂါမှာ သွင်းဂိုးအများဆုံးဖြစ်ခဲ့တာက ရီးယဲလ်အသင်းဂန္ထ၀င် တိုက်စစ်မှူး ရာအူးလ် Raul ပဲဖြစ်ပါတယ်။ မက်ဆီ-စီရော်နယ်လ်ဒိုခေတ်မတိုင်ခင် လာလီဂါရဲ့ အကောင်းဆုံးတိုက်စစ်မှူးဖြစ်ခဲ့တဲ့ ရာအူးလ်ဟာ အသက်(၂၁)နှစ်မပြည့်ခင်မှာပဲ လာလီဂါမှာ (၅၉)ဂိုးအထိသွင်းယူခဲ့ပြီးပါပြီ။ ဒါကတော့ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ အသက်(၂၁)နှစ်မပြည့်ခင် သွင်းဂိုးအများဆုံးစံချိန်တင်ခဲ့တဲ့ ကစားသမားအပိုင်း(၁)ဖြစ်ပါတယ်။ ကျန်တဲ့ အပိုင်း(၂)ကို ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး . . .
2019/08/18 06:38:36
http://www.akhayar.com/who-is-europes-most-prolific-young-goalscorer/
mC4
လူကိုယ်တိုင် ဝင်စိမ်ပြီးတော့ စားလို့ရတဲ့ ဟော့ပေါ့ရေကူးကန်တဲ့၊ ပေါက်ဖော်တို့ကတော့ လုပ်ပြီ – အောငျနိုငျသူ လူကိုယ်တိုင် ဝင်စိမ်ပြီးတော့ စားလို့ရတဲ့ ဟော့ပေါ့ရေကူးကန်တဲ့၊ ပေါက်ဖော်တို့ကတော့ လုပ်ပြီ Aung Naing Thu | January 15, 2022 | News | No Comments လူကိုယ်တိုင် ဝင်စိမ်ပြီးတော့ စားလို့ ရတဲ့ ဟော့ပေါ့ရေကူးကန်တဲ့၊ ပေါက်ဖော်တို့ကတော့ လုပ်ပြီ တရုတ် နှစ်သစ်ကူးပွဲတော် (Lunar New Year) အကြိုအဖြစ် တရုတ် နိုင်ငံ၊ ဟန်ကျိုးမြို့ရှိ ဟော်တယ် တစ်ခုတွင် အစားအသောက်များထဲ ရေကူးနိုင်မည့် အပြင် အဆိုပါ အစား အသောက်များကို စားသုံးနိုင် မည့် (Spicy Hot Pot Spring – ပူပူစပ်စပ်ဟော့ပေါ့ ရေပူစမ်း) ကို မိတ်ဆ က်ခဲ့ တာပါနော်။ အဆိုပါ ရေ ပူစမ်း( ရေကူးကန်)သည် အကန့်ကိုးကန့် ပါဝင်ပြီး အကန့်တစ်ခုချင်းစီ တွင် မတူညီသော အစား အသောက်များ (ဥပမာ- အသား၊ အသီးအရွက်၊ အသားလုံး) တို့ကို ရေနွေးနွေးတွင် စိမ်ပေးထားသည်။ရေကန်၏ ဘေးဘက် တွင် ဟော့ပေါ့ အိုးများကို ချပေးထားပြီး မတူညီေ သာ အရသာရည်များကို အိုးထဲတွင် ထည့်သွ င်းပေးထားသည်။ဧည့်သည် များအနေဖြင့် အစားအသောက် များမျောနေသော ကန်ထဲတွင် ဝင်စိမ်ပြီး တော့ စားလိုရာ အစားအသောက်တို့ ကို ဟော့ပေါ့အိုး ထဲ ထည့်ပြီး ပူပူနွေးနွေး စားလိုက်ရုံ သာဖြစ် ပါတယ်။ ထို့ပြင် အသားငါးမစားလိုသူများအတွက် နှင့် အချိုတည်းလိုသူများအတွက်လည်း Fresh Fruit Pool များကိုလည်း စီစဉ်ထားသည်။ ဟော့ပေါ့ကန်နှင့် မတူသည်မှာ အဆိုပါကန်များထဲတွင် လတ်ဆတ်သော အသီးအနှံများကို စိမ်ထားခြင်းဖြစ်သည် ။ရေနွေးနွေးဖြင့် အစားအသောက်များကို စိမ်ရသည့်အတွက် အဆိုပါရေများမှာ အနွေးဓာတ်တစ်ခုတော့ လိုအပ်မည်ဖြစ်သည်။ ကောင်းမွန်သော ရေသွင်းရေလှယ်စနစ်တစ်ခုရှိဖို့တော့ မျှော်လင့်ရမည်ဖြစ် ပါတယ် တဲ့။ credit
2022/01/20 05:19:49
https://aungnaingthu.xyz/archives/12376
mC4