text
stringlengths 211
383k
| id
stringlengths 47
47
| dump
stringclasses 96
values | url
stringlengths 15
6.11k
| date
stringdate 2013-05-18 08:25:16
2024-04-25 16:01:32
| file_path
stringlengths 125
155
| language
stringclasses 1
value | language_score
float64 0.84
1
| language_script
stringclasses 1
value | minhash_cluster_size
int64 1
11.7k
| top_langs
stringlengths 30
238
|
---|---|---|---|---|---|---|---|---|---|---|
ပြသဆဲနှင့် ရုံတင်မည့် နိုင်ငံခြားရုပ်ရှင်မိတ်ဆက်
ထောက်လှမ်းရေးအေဂျင်စီ S.H.I.E.L.D၏ ညွှန်ကြားရေးမှူး နစ်ဖြူရီသည် ဝေးလံခေါင်သီသော အရပ်ရှိ သုတေသနစခန်းသို့ ရောက် သွားရာ တက်ဆရက်အမည်ရှိ စွမ်းအင်အရင်းအမြစ်တစ်ခုကြောင့် အာကာသစကြဝဠာထဲမှ ဝင်ပေါက် ကြီးတစ်ခုပွင့်ပြီး ပြည်နှင် ဒဏ်ပေးခံ ထားရသော နော့(စ်)နတ်ဘုရား လိုကီက ထိုဝင်ပေါက်မှ ဝင်လာကာ တက်ဆရက်ကို ရယူသွားသည်။ လိုကီသည် ထွက်ပြေးသည့်အတွက် ရူပဗေဒပညာရှင် ဒေါက်တာဆဲလ်ဗစ် တို့အပါအဝင် S.H.I.E.L.D အမှု ထမ်းအတော်များများ၏စိတ်ကို ထိန်းချုပ်ခိုင်းစေလျက်ရှိသည်။ မြို့တော်ထွန်းရည်
ထို့ကြောင့် ဖြူရီက လိုကီ့လက် ထဲမှတက်ဆရက်ကို ပြန်ယူဖို့ စတိဗ် ရောဂျား(စ်) ကို တာဝန်ပေးသည်။ လိုကီက ချီတောရီးခေါ် ဂြိုဟ်သား များနှင့် မဟာမိတ်ဖွဲ့ပြီး ၄င်းတို့အား တက်ဆရက်ကိုပေးအပ်ကာ ကမ္ဘာကို အုပ်စိုးရန် အကူအညီတောင်းသည်။ လိုကီနှင့် လူစွမ်းကောင်းများ တိုက်ပွဲ ဖြစ်ပြီးနောက် လိုကီက အညံ့ခံသဖြင့် S.H.I.E.L.D အေဂျင်စီပိုင်လေ ယာဉ်ဖြင့် သူ့ကိုဖမ်းခေါ်သွားကြ သည်။ လိုကီ၏ မွေးစားညီငယ် မိုးကြိုးနတ် ဘုရားသော်(ရ်)က လိုကီကို အချုပ်မှ လွှတ်ပေးရန်ကြိုးစားသည်။ သံမဏိ လူသား၊ ကပ္ပတိန်အမေရိကတို့နှင့် ရင်ဆိုင်တွေ့ပြီးနောက် သော်(ရ်)က လိုကီအား Shield မိုးပျံလေယာဉ် တင်သင်္ဘောကြီးပေါ်၌ အကျဉ်းချ ထားရန် အဖော်လိုက်သွားသည်။ လိုကီအဖမ်းခံရာမှ လွတ်သွားမည် လား။ အဖွဲ့ဝင်တွေကိုသတ်ပစ်မှာ လား။ လိုကီ၏ ဆန္ဒအတိုင်း ကမ္ဘာ ကြီးကို လွှမ်းမိုးနိုင်မှာလားဆိုသည်ကို အသည်းတယားယား၊ ရင်တမမ ကြည့်ရမည့် သိပ္ပံအက်ရှင် စွန့်စားခန်း ဇာတ်ကား ကြီးဖြစ်သည်။ | <urn:uuid:551e70bd-9e30-444d-ac55-1f86132b4c19> | CC-MAIN-2013-20 | http://www.zaygwet.com/literature.php?id=564 | 2013-05-22T13:23:24Z | s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368701760529/warc/CC-MAIN-20130516105600-00046-ip-10-60-113-184.ec2.internal.warc.gz | mya | 0.926329 | Mymr | 1 | {"mya_Mymr_score": 0.9263294339179993, "blk_Mymr_score": 0.07236842811107635} |
.
တနင်္ဂနွေသားသမီးများ
ယခုလအတွက် တနင်္ဂနွေသားသမီးများ ယခုလအတွက် ကိုယ်ပင်ပန်း ၊ စိတ်ပင်ပန်းမှု များမည့်လ, ဖြစ်နိုင်တယ်။ စိတ်သောက များရမယ်။ စိတ်ဖိစီးမှုများမယ်။ ၀န်ထမ်းများ ရာထူးတက်ကိန်း ရှိပေမယ့် အလွန်တာဝန်ကြီးတဲ့ နေရာတွေကို ယူရတတ်တယ်။ လုပ်ငန်းခွင်ထဲမှာ ရန် အတိုက်အခိုက်ပေါ်မယ်။ ငွေကြေးကံတော့ ကောင်းနေလိမ့်မယ်။ တစ်ချို့ ထီပေါက်ကိန်း ရှိနိုင်တယ်။ ဒါပေမယ့် ထီပေါက်ပြီးရင် Accident ဖြစ်နိုင်တယ်။ ဒီလတစ်လလုံး စိတ်လေနေမယ်။ ငွေကြေးကိစ္စ အသုံးထက် အဖြုန်းက များနေတတ်တယ်။ လူမျိုးခြား ၊ ဘာသာခြား ဒုက္ခပေး ခံရ နိုင်တယ်။ ဒီလထဲမှာ အိမ်ကို လူအိုလူမင်း ၊ ကျန်းမာရေး ချို့ယွင်းနေသူများ လာရောက်တည်းခိုလျှင် ကံမကောင်းလှတဲ့ နိမိတ် ဖြစ်တယ်။ ကိုယ်ပိုင် လုပ်ငန်း လုပ်သူများ အလုပ်အကိုင်တိုးတက်ပြီး စီးပွားရေးမှာတော့ ထိခိုက်စရာ မရှိပါ။ ထူးထူးခြားခြား ငွေဝင် ကိန်းများပင် ရှိနေပါတယ်။ ကားဝယ်ရန် စီစဉ်နေသူများ ယခုလ ကားဝယ်ဖြစ်လိမ့်မယ်။ မြေအရောင်း အ၀ယ် လုပ်သူများအတွက် ယခုလမှာ ကိုယ်ဝယ်ထားတဲ့ မြေနဲ့ ပတ်သက်ပြီး ပြဿနာ တစ်ခုခု ၀င်နိုင်တယ်။ ခရီးသွားရန် ကြံနေသူများ ခရီးစဉ် ပျက်ခြင်း (သို့) နှောင့်နှေးကြန့်ကြာနေခြင်းများ ဖြစ်တတ်တယ်။
နာမည်မှာ နာမည်မှာ တနင်္ဂနွေ စ, ပြီး စနေ ဆုံးသူများ နှင့် ကြာသပတေး ဆုံးသူများ ယခုလ Accident နှင့် ကျန်းမာရေး ညံ့ခြင်းများ၊ အိမ်ထောင်ရေး ပြဿနာများ ဖြစ်ကိန်း ရှိနိုင်တယ်။ သိပ်တော့ အားမပြင်းလှပါ။
ယတြာကတော့ - နှင်းဆီပန်း အနီရောင် (၉)ပွင့်ကို မွေးနေ့မှာ ဘုရားမှာ ကပ်လှူလိုက်ပါ။
.
တနင်္လာ သားသမီးများ
တနင်္လာ သားသမီးများအတွက် ယခုအတွက် ကံကောင်းမှု များနိုင်တယ်။ ငွေကြေးကိစ္စ အထူး ကံကောင်းနိုင်တယ်။ ဆုံးပြီ ထင်တဲ့ ငွေကြေးမျိုးတောင်မှ ပြန်လည် ရရှိနိုင်တယ်။ မြေ နဲ့ အိုးအိမ် အဆောက်အဦး ၀င်ကိန်း ရှိတယ် ။ ဒါမှ မဟုတ်ရင်လည်း မြေ ၊ အိုးအိမ် အဆောက်အဦးတွေနဲ့ ပတ်သက်ပြီး အကျိုးအမြတ် ရကိန်း ရှိတတ်တယ်။ ဒီလုပ်ငန်းတွေမှာ လုပ်နေသူတွေ လည်း အကျိုးများနိုင်တယ်။ နာမည်နဲ့ လုပ်စားသူများ နာမည်ကျော်ကြားကိန်း ရှိတယ်။ ရာထူးတက်ဖို့ ကြန့်ကြာနေသူများ ရာထူး တိုးတက်ပြီး နေရာကောင်းလည်း ရနိုင်တယ်။ ခရီးတိုများ သွားရကိန်း ရှိတယ်။ ဖခင်ဖြစ်သူ ကျန်းမာရေး မကောင်းဖြစ်တတ်ပြီး ဖြစ်လျှင် စိုးရိမ်ရတတ်တယ်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့နိုင်တယ်။ ငယ်ရွယ်သူများ ကိုယ့်ထက် အသက်ကြီးသူများ ၊ လူမျိုးဘာသာခြားသူများ နှင့် အချစ်ရေး ကိစ္စ ကြုံရတတ်တယ်။ အချို့ အိမ်ထောင်ရှိသူများနှင့်ပင် ညိစွန်းတတ်တယ်။ အလိုလို နေရင်း စိတ်တို ၊ စိတ်ရှုတ်နေတတ်တယ်။ ဆွေမျိုးသားခြင်းရဲ့ ဒုက္ခပေးမှုကို ခံရတတ်တယ်။ ချစ်သူ ရှိပြီးသူများ အချစ်ရေး ကိစ္စများ အဆင်ပြေနိုင်တယ်။
နာမည်မှာ တနင်္လာ စ, ပြီး တနင်္ဂနွေ နှင့် အင်္ဂါ ၊ စနေ “ပိတ်” ထားသူများ ဒီလထဲမှာ အထူးကောင်းစားကိန်း ရှိပါတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း ကျန်းမာရေး အညံ့ရှိနိုင်တယ်။ သိပ်တော့ စိုးရိမ်ဖွယ် မရှိပါ။
ယတြာကတော့ - မွေးနံ တနင်္လာနေ့မှာ အိမ်က ဘုရား ဘယာကြော်နဲ့ ဆွမ်းကပ်လှူ လှူဒါန်းလိုက်ပါ။
.
အင်္ဂါ သားသမီးများ
အင်္ဂါ သားသမီးများအတွက် ယခုလ, ဟာ ကံဇာတာ အညံ့ပိုများလိမ့်မယ်။ အထူး သတိထားရမှာက မတော်တဆ ထိခိုက်ဒါဏ်ရာ ရမှုဘဲဖြစ်တယ်။ ငွေကြေးကိစ္စတော့ ကံကောင်းနိုင်တယ်။ လာဘ်လာဘ ရွှင်လန်းနေလိမ့်မယ်။ ဥပဒေ နဲ့ မလွတ်ကင်းတဲ့ စီးပွားရေးမျိုး လုပ်နေသူများ ငွေများများဝင်ကိန်း ရှိပေမယ့် ဥပဒေနဲ့ ညိစွန်းကိန်းလည်း ရှိနေတယ်။ နာမည်မကောင်းသတင်း ထွက်တတ်တယ်။ နေရာထိုင်ခင်း အပြောင်းအလဲ ၊ အလုပ်အကိုင် အပြောင်းအလဲများ ရှိနိုင်ပြီး ဒီလို အပြောင်းအလဲ ရှိရင် အနည်းငယ် အဆိုးသက်သာခွင့် ရှိမယ်။ ဒီလထဲမှာ ခရီးတို ၊ ခရီးရှည်များ သွားလာရင် သတိအထူးထားပါ။ ဘေးအန္တရာယ် ကြုံတတ်ပါတယ်။ နိုင်ငံခြားထွက်ဖို့ ကြံနေသူများ ခရီးစဉ်ပျက်ပြားမှု နှောင့်နှေးကြန့်ကြာမှုများ ကြုံရတတ်ပါတယ်။ ဒီလထဲမှာ ၀င်တဲ့ ငွေကြေး လာဘ်လာဘဟူသမျှ မသန့်ရှင်းတဲ့ ငွေဖြစ်ရင် “ထောင် ၊ အချုပ်” များနှင့် အလွန်နီးစပ်လှတာကိုတော့ အထူး သတိပေးလိုပါတယ်။ သန့်ရှင်းတဲ့ငွေ ဖြစ်လျှင်သော်မှ ဒီလထဲမှာ ၀င်သမျှ အဖတ်မတင်တတ်ပါဘူး။ တနည်းနည်းနဲ့ ပြန်ထွက်တတ်ပါတယ်။
နာမည်မှာ အင်္ဂါ စ, ပြီး ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ စနေ နံတွေနဲ့ “ပိတ်” ထားသူများ ဒီလထဲမှာ အညံ့များနိုင်တယ်။ အထူးသဖြင့် ဗုဒ္ဓဟူးနံ ပိတ်ထားသူများ အထူးသတိ ထားပါ။
ယတြာကတော့ - အိမ်ကဘုရားမှာ မွေးနေ့တိုင်း စွန်ပလွန်ယို လှူဒါန်းပေးပါ။ ပြီးရင် ကလေးငယ် တစ်ဦးဦးကို ပေးကမ်းစွန့်ကြဲလိုက်ပါ။ ကိုယ်တိုင် မစားရပါ။
.
ဗုဒ္ဓဟူး/ရာဟု သားသမီးများ
ဗုဒ္ဓဟူးသားသမီးများအတွက် ယခုလဟာ ကံကောင်းမှုတွေ ၊ ကံညံ့မှုတွေ အရောရော အထွေးထွေး ဖြစ်နိုင်တဲ့ လ, တစ်လဘဲ ဖြစ်ပါတယ်။ ကျန်းမာရေးကိုတော့ အထူးဂရုစိုက်သင့်တယ်။ ကျန်းမာရေး ရုတ်တရက် ထိခိုက်ဖွယ် ရှိတယ်။ ဒါပေမယ့် ဒီလထဲမှာ အလုပ်အကိုင် အခွင့်အလမ်းများ အလွန်တိုးတက်ကောင်းမွန်နိုင်တယ်။ ယခင်လများက လုပ်ငန်းသစ် စ, ထားသူများ ယခုလမှာ လုပ်ငန်းသစ်ကနေ အကျိုးအမြတ်များစွာ ရနိုင်တယ်။ တစ်ချို့ ဗုဒ္ဓဟူးသားများအတွက် ယခုလမှာမှ လုပ်ငန်းသစ်များ စ, တင်ဖွယ် ရှိပြီး ဒီလုပ်ငန်းဟာလည်း အလွန်အောင်မြင် တိုးတက်ဖို့ ရှိတယ်။ ငွေကြေး အလုံးအရင်း နဲ့ ၀င်ဖို့ ကိန်း ရှိနေတယ်။ အိမ်ထောင် ရေး အိမ်တွင်းရေးများမှာတော့ သာယာချမ်းမြေ့မှုများ ကြုံတွေ့ရမယ်။ (၀ါတွင်း အိမ်ထောင်မပြုရ ဆိုတာကို မယုံကြည်သူများ/ ဗုဒ္ဓဘာသာမဟုတ်သူများ) ယခုလမှာ အိမ်ထောင်ကျဖို့ အခွင့်အလမ်း အလွန်များတယ်။ ဟော်တယ် ၊ ခရီးသွားလာရေး ၊ စားပွဲရုံများ ၊ လူထု ဖျော်ဖြေရေးလုပ်ငန်း လုပ်သူများ ၊ အမျိုးသမီး အလှအပဆိုင်ပစ္စည်းများ ထုတ်လုပ် ရောင်းဝယ်သူများ ၊ ယာဉ်ကား ရောင်းဝယ်သူများ အထူးအကျိုးများနိုင်တယ်။ နိုင်ငံခြားကို ထွက်မည့်သူများ အဆင်ပြေ လွယ်ကူစွာထွက်ခွင့်ရမယ်။ ဒီလထဲမှာ အထူးသတိထားရမှာက ကျန်းမာရေးပါဘဲ။ ကိုယ်တိုင် ဆေးရုံ ဆေးခန်း ရောက်ချင်ရောက် ၊ မရောက်ရင် ဆေးရုံများကို လူနာမေးသွားရတတ်ပါတယ်။ ညီအစ်ကို မောင်နှမထဲမှာ မကျန်းမမာဖြစ်မှုမျိုးလည်း ဖြစ်နိုင်ပါတယ်။
နာမည်မှာ ဗုဒ္ဓဟူး စ, ပြီး အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး နဲ့ စနေနံတွေ နဲ့ “ပိတ်” ထားသူများ ကျန်းမာရေး ပြဿနာ သော်၎င်း ၊ လိင်ကိစ္စနဲ့ ပတ်သက်ပြီး နာမည်ပျက်မှုသော်၎င်း ကြုံနိုင်တယ်။ တနင်္ဂနွေ ၊ တနင်္လာ ၊ သောကြာ နံတွေနဲ့ နာမည် ပိတ်ထားသူများ သာ အညံ့နည်းနိုင်တယ်။
ယတြာကတော့ - မွေးနေ့တိုင်းမှာ အိမ်ကဘုရားမှာ သီဟိုစေ့ နဲ့ နာနတ်သီး တလှည့်စီ ဆွမ်းနဲ့အတူ ကပ်လှူပေးပါ။
.
ကြာသပတေး သားသမီးများ
ကြာသပတေးသားသမီးများအတွက် ယခုလဟာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်နိုင်တယ်။ အိုးအိမ် နေရာ ပြောင်းလဲခြင်း ၊ အလုပ်အကိုင်ပြောင်းလဲခြင်း ၊ ဘ၀အဆင့်အတန်း ပြောင်းလဲခြင်းများကြုံတွေ့နိုင်တယ်။ အထူးသတိပြုရမှာကတော့ ကျန်းမာရေး ဘဲဖြစ်ပါတယ်။ ဒီလမှာ ကြာသပတေးသားသမီးများဟာ မိမိကိုယ်တိုင်သော်၎င်း ၊ မိမိအိမ်ထောင်ဘက်သော်၎င်း ကျန်းမာရေး ညံ့ဖျင်းမှုနဲ့ ကြုံနိုင်တယ်။ ဒီလို ကျန်းမာရေး အညံ့ဟာ နဂိုရောဂါ အခံရှိသူများမှာ ပိုဆိုးလာနိုင်တယ်။ နောက်တစ်ခု ကျန်းမာရေး မဖြစ်ရင် အိမ်ထောင်ရေး ပြဿနာ ကြုံနိုင်တယ်။ နဂိုကတည်းက အိမ်ထောင်ရေး အရှုတ်အထွေးရှိပြီး လျှို့ဝှက်ထားသူများ ယခုလ မှာ မိမိဖုံးကွယ်ထားတဲ့ အိမ်ထောင်ရေး အရှုတ်ထုတ် “ဗူးပေါ်သလို” ပေါ်သွားနိုင်တယ်။ အိမ်ထောင်ရေး ပြဿနာ ကြုံနိုင်တဲ့ လ, ဘဲဖြစ်တယ်။ စီးပွားရေးလုပ်ငန်းရှင်များ စပ်တူလုပ်ငန်းများ လုပ်ထားတာရှိရင် စိတ်ဝမ်းကွဲပြားမှုတွေ ပေါ်နိုင်တယ်။ တစ်ဦး နဲ့ တစ်ဦး မယုံသင်္ကာဖြစ်မှုတွေ ကြုံရနိုင်တယ်။ နိုင်ငံခြား ခရီးသွားဖို့ အစီအစဉ် ရှိသူများအတွက်တော့ အခက်အခဲများကြားကနေ ထွက်ဖြစ်လိမ့်မယ်။ ကြာသပတေး သားသမီးများ ဒီလထဲမှာ ကံနည်းနည်း နိမ့်ဖွယ်ရှိလို့ တစ်ဖက်သားကို ရန်ရှာတဲ့ အပြုအမူများ ၊ မယုံသင်္ကာဖြစ်မှုများကို ချုပ်တီးထားပါ။ ပြဿနာ ကြီးလာတတ်တယ်။ ဒီလအတွက် ကောင်းတာ တစ်ခုက အလုပ်လျှောက်ထား သူများ ၊ အလုပ် အပြောင်းအရွှေ့အတွက် စာတင်ထားသူများတော့ အဆင်ပြေလိမ့်မယ်။ အလုပ်သစ် အကိုင်သစ်များ ရရှိကိန်း ရှိပါတယ်။ ငွေကြေးကံကတော့ သိပ်မကောင်းလှပါ။ အကြောင်း အမျိုးမျိုးကြောင့် ငွေကြပ်ပြီး ကြွေးတင်နေတတ်တယ်။ ငယ်ရွယ်သူများ ပညာရေးကံကတော့ သိပ်မဆိုးလှပါ။
နာမည်မှာ ကြာသာပတေး စ, ပြီး အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ သောကြာ နဲ့ စနေနံတွေ နဲ့ “ပိတ်” ထားသူများ ကျန်းမာရေး အလွန်ညံ့ဖွယ်ရှိပြီး အိမ်ထောင်ရေး ပြဿနာတွေလည်း ကြုံနိုင်တယ်။
ယတြာကတော့ - မွေးနေ့တစ်နေ့မှာ သံဃာတော်တွေကို မုန့်ဖက်ထုပ်များကပ်လှူပေးပြီး ထိုနေ့မှာဘဲ အိမ်ကဘုရားမှာ “လဘ္ဘက်သုပ်” နဲ့ ဆွမ်းကပ်လှူပေးပါ။
.
သောကြာ သားသမီးများ
သောကြာ သားသမီးများအတွက် ယခုလဟာ အငြိမ်မနေရဘဲ လှုပ်ရှားသွားလာရမှု များမယ့် လ, တစ်လ ဖြစ်နိုင်တယ်။ ဒီလို များများ လှုပ်ရှားသွားလာရလေလေ ပိုက်ဆံပိုဝင်လေလေလည်း ဖြစ်တတ်တယ်။ ဒီလဟာ ခရီးသွားလာမှု လုပ်ငန်းများ ၊ အကျိုး ဆောင် ပွဲစားလုပ်ငန်းများ လုပ်ကိုင်သူများအတွက် အထူးကောင်းမယ့် လ, ဖြစ်တယ်။ ဒီလမှာ ငွေများများ ၀င်ကိန်း ရှိသလို များများထွက်ကိန်းလည်း ရှိတတ်တယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ကိစ္စများ ၊ အလှူဒါနများ ဆောင်ရွက်ရတတ် တယ်။ ဒီလထဲမှာ များများ လှူပေးနိုင်ရင် ပေးနိုင်သလောက် အကျိုးများမယ့် လ, ဖြစ်တယ်။ ဘဏ်များကနေ ချေးငွေရဖို့ ကြိုးစား နေသူများ ၊ ဒီလထဲမှာ ချေးငွေကို အဆင်ပြေစွာ ရရှိနိုင်တယ်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက် ကျန်းမာရေး ခြူချာနေမယ်။ ဒီလထဲမှာ လူမျိုးခြား ၊ ဘာသာခြားများနဲ့ ဆက်ဆံလုပ်ကိုင်ရတဲ့ လုပ်ငန်းများ အဆင်မပြေနိုင်ပါ။ ခိုက်ရန် ဖြစ်ပွားမှုများပင် ဖြစ်နိုင် ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များအတွက် ဒီလထဲမှာ ၀န်ထမ်းများရဲ့ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရဖွယ် ရှိနေပါတယ်။ ယုံကြည်စိတ်ချရတဲ့ လူယုံ တပည့်များ ကိုယ့်ဆီကနေ အလုပ်ထွက်သွားတာမျိုး ကြုံရတတ်တယ်။ ဒီလထဲမှာ “အနက်ရောင်” အ၀တ်အစား အသုံးအဆောင်များ ၀တ်ဆင်သုံးစွဲမှု မပြုတာကောင်းတယ်။ “အနက်ရောင်” ဟာ ဒီလအတွက် ဒုက္ခပေးမယ့် နိမိတ် ကိုဆောင်တဲ့ အရောင်ဖြစ်နေတတ်တယ်။ (ဒီလ တစ်လတည်းပါ)။ မော်တော်ကားတောင်မှ အနက်ရောင် ကားကို မစီးပါနဲ့။ Accident ဖြစ်တတ်ပါတယ်။
နာမည်မှာ သောကြာ စ,ပြီး စနေ ဆုံးသူများ ဒီလအတွက် ကံညံမှုတွေ များနိုင်တယ်။ သောကြာစပြီး တနင်္လာ ၊ အင်္ဂါ ၊ ကြာသပတေး ပိတ်ထားသူများကတော့ ကံကောင်းမှုတွေ များလိမ့်မယ်။ ဗုဒ္ဓဟူး နဲ့ ကြာသပတေး ဆုံးသူများကတော့ အကောင်း/ အဆိုး ရောနှောနေလိမ့်မယ်။
ယတြာကတော့ - မိမိအိမ်က ဘုရားမှာဘဲ သရက်သီးသနပ် နဲ့ ဆွမ်းတော်ကပ်ပြီး စွန့်ပစ်လိုက်ပါ။ မိမိကိုယ် တိုင် မစားရပါ။
.
စနေ သားသမီးများ
စနေ သားသမီးများအတွက် အိုးသစ် အိမ်သစ် အလုပ်သစ် အကိုင်သစ်များ ၀င်ကိန်း ရှိတယ်။ သို့မဟုတ်ရင် အိုးအိမ် ၊ ဆောက်လုပ်ရေး ၊ ရောင်းဝယ်ရေး လုပ်ငန်းများကြောင့် အကျိုးကျေးဇူး ခံစားရဖို့ ရှိပါတယ်။ အလုပ်အကိုင်လုပ်ရာမှာ လူပင်ပန်း စိတ်ပင်ပန်းမှု များမယ်။ တာဝန်ယူရမှု များလိမ့်မယ်။ ဒါပေမယ့် ပင်ပန်းသလောက်လည်း အကျိုးကျေးဇူး ရှိပါလိမ့်မယ်။ ငွေကြေးကံ အထူးကောင်းနိုင်တယ်။ လာဘ်လာဘ ရွှင်လန်း နေလိမ့်မယ်။ ဒီလထဲမှာ ဆေးရုံဆေးခန်းများကို ရောက်ကိန်း ရှိပါတယ်။ ကိုယ်ကိုယ်တိုင် တက်ရတမဟုတ်ဘဲ လူနာမေးသွားဖို့ ရောက်တာဆိုရင်တော့ ကံကောင်းတယ်လို့ ယူဆလိုက်ပါ။ ဒီလထဲမှာ လက်ထဲမှာ ပိုက်ဆံရွှင်နေတော့ အပျော်အပါးများတတ်တယ်။ အသုံးအဖြုန်း များတတ်တယ်။ အပေါင်းအသင်းများနဲ့ ထွက်တာ များလွန်းလို့ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး တကျက်ကျက် ဖြစ်နေတတ်တယ်။ ဒါပေမယ့် အိမ်ထောင်မကျသေးသူ လူပျို လူလွတ်များ ယခုလမှာ ရုတ်တရက် အိမ်ထောင်ကျကိန်း ၊ လက်မှတ်ထိုးရကိန်းများ ရှိပါတယ်။ မိန်းမရှုပ်သူ ယောင်္ကျားပျိုများ မလည်ရှုတ်လုပ်ရာကနေ မယူချင်ဘဲ ယူလိုက်ရတဲ့ ကိစ္စမျိုး ကြုံရဖွယ် ရှိပါတယ်။ နိုင်ငံခြား နှင့် ပတ်သက်သော ကိစ္စများ ကံကောင်း နိုင်တယ်။
နာမည်မှာ စနေ စ, ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ဆုံးသူများ ဒီလ, မှာ အထူးကောင်းမွန်တဲ့ အခွင့်အရေး နဲ့ ကံကြမ္မာတွေ ရရှိ နိုင်တယ်။ နာမည်မှာ စနေ စ, ပြီး သောကြာ ၊ စနေ ၊ တနင်္ဂနွေ ဆုံးသူများ ဒီလထဲမှာ အိမ်ထောင်ရေးပြဿနာ ၊ မတော်တဆ ထိခိုက်မှု နဲ့ အလုပ်ရာထူး ထိခိုက်မှုများ ဖြစ်နိုင်ချေရှိတယ်။ (မှတ်ချက်။ ။ တနင်္ဂနွေနံနဲ့ နာမည်ဆုံးသူများ အကောင်း/အညံ့ ရောနေပါတယ်)။
ယတြာကတော့ - အုန်းသီး နဲ့ ထန်းလျှက်ကို အတူတွဲပြီး ဘုရားဆွမ်းတော်ကပ်ရာမှာ အချိုပွဲအဖြစ် ရောထည့် ကပ်လှူပေးပါ။
.
မှတ်ချက်။ ။ ယခုလ(သြဂုတ်လ) တွင် ကောင်းကင် အမြင်ဂြိုဟ်များအရ ကန်ရာသီတွင် ရပ်တည်သော စနေဂြိုဟ် နှင့် မေထုန်ရာသီတွင် ရပ်တည်သော အင်္ဂါဂြိုဟ်တို့ တစ်လုံး နှင့် တစ်လုံး အပြန်အလှန် အဆိုးမြင်ဖြင့် မြင်နေကြခြင်းကြောင့် အနိဌာရုံ ကိစ္စများ ဖြစ်ပွားနိုင်ချေ ရှိပါသည်။ သဘာဝဘေးဥပဒ်များ အနက် “မုန်တိုင်း ၊ ငလျှင်” တစ်ခုခု ကျရောက် ကောင်း ကျရောက်နိုင်ချေရှိသည်။ သို့မဟုတ် “ဗုံးပေါက်ကွဲ” မှုများလည်း ဖြစ်နိုင်ချေရှိသည်။ (ထိုသို့ ဂြိုဟ်အမြင်အယှဉ်ရှိလျှင် ယခင်နှစ်များဆီက ဖြစ်ခဲ့ဘူးသော သာဓကများ ရှိသောကြောင့် သတိပေးခြင်းမျှသာ ဖြစ်ပါသည် ၊ မုချ ဖြစ်မည်ဟုကား မပြောနိုင်ပါ ) ထို့ကြောင့် မိမိ သက္ခတ် အညံ့ထဲသို့ ရောက်နေလျှင် လူစုလူဝေးများရှိရာသို့ သွားလာခြင်းများကို အထူးရှောင်ရှား သင့်ကြောင်း သတိပေးလိုပါသည် ခင်ဗျား။
.
(၇)ရက် သားသမီးအားလုံး ဘေးဥပဒ် အန္တရာယ်များ ကင်ရှင်းပြီး ကျန်းမာချမ်းသာကြပါစေကုန်သော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ) | <urn:uuid:59a8376c-097a-43b9-baa6-618988539ce8> | CC-MAIN-2013-20 | http://compubaydathukhuma.com/?p=6047 | 2013-05-24T21:41:17Z | s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368705069221/warc/CC-MAIN-20130516115109-00046-ip-10-60-113-184.ec2.internal.warc.gz | mya | 0.93188 | Mymr | 1 | {"mya_Mymr_score": 0.9318795204162598, "blk_Mymr_score": 0.06676091998815536} |
1 အို ဘုရားသခင်၊ အကျွန်ုပ်အော်ဟစ်ခြင်းကို နားထောင်၍ အကျွန်ုပ်၏ ပဌနာစကားကို မှတ်တော်မူပါ။ 2 စိတ်နှလုံးညှိုးငယ်လျက် မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အကျွန်ုပ်အထက်၌ မြင့်သော ကျောက်သို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ 3 ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ရန်သူတို့ရှေ့မှာ ခိုင်ခံ့သော ရဲတိုက်ဖြစ်တော်မူ၏။ 4 တဲတော်၌ အစဉ်နေပါမည်။ အတောင်တော်ဖုံးအုပ်ရာ၌ ခိုလှုံပါမည်။ 5 အို ဘုရားသခင်၊ အကျွန်ုပ်ပြုသော သစ္စာဂတိတို့ကို ကြားတော်မူ၏။ နာမတော်ကို ကြောက်ရွံ့သော သူတို့၏အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ 6 ရှင်ဘုရင်၏ အသက်နေ့ရက်ကာလကို ရှည်စေတော်မူ၍၊ နှစ်စဉ်မပြတ် နိစ္စထာဝရ တည်ပါစေသော။ 7 ဘုရားသခင် ရှေ့တော်၌ အနန္တကာလပတ်လုံး နေတော်မူစေသတည်း။ ကရုဏာနှင့် သစ္စာတော်သည် သူ့ကို စောင့်မစေသတည်း။ 8 သို့ဖြစ်၍ နေ့ရက်အစဉ်အတိုင်း သစ္စာဝတ်ကို ဖြေခြင်းငှါ၊ နာမတော်ကို အစဉ်အမြဲ ထောမနာသီချင်း ဆိုပါလေအံ့သတည်း။ | <urn:uuid:4af1327e-874d-4b3f-a4b5-4bc040988a0f> | CC-MAIN-2013-20 | http://www.bible.is/MYAOJV/Ps/61 | 2013-05-20T01:04:29Z | s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368698196686/warc/CC-MAIN-20130516095636-00049-ip-10-60-113-184.ec2.internal.warc.gz | mya | 0.997213 | Mymr | 30 | {"mya_Mymr_score": 0.9972127676010132} |
အလက်ဇန်းဒါး ပုရှ်ကင်
အလက်ဇန်းဒါး ဆာဂျီရေဗစ် ပုရှ်ကင် (Alexander Sergeyevich Pushkin) ( ဇွန်လ ၆ရက်၊ ၁၇၉၉ - ဖေဖော်ဝါရီလ ၁၀ရက်၊ ၁၈၃၇) သည် ရိုမန်တစ် ခေတ်ကာလ က ရုရှားစာရေးဆရာ တစ်ဦး ဖြစ်ပြီး အလွန်တော်သော ရုရှားကဗျာဆရာတစ်ဦး နှင့် ခေတ်သစ် ရုရှားစာပေကို တည်ထောင်သူ တစ်ဦး အဖြစ်လည်း အများက မှတ်ယူကြသည်။
မော်စကိုမြို့ရှိ ရုရှား သူကောင်းမျိုးအတွင်း မွေးဖွားခဲ့ပြီး ၁၅ နှစ်သားတွင် ပထမဆုံး ကဗျာကို ရေးသားဖြန့်ချီခဲ့သည်။ အထက်တန်းစား လူငယ်တို့ တက်ရောက်သင်ကြားလေ့ ရှိသော ဇာကိုရီ ဆီလို အင်ပီရီယယ် လိုင်ဆီယမ် ကျောင်းမှ ဘွဲ့ရပြီးချိန်တွင် စာပေနယ်ပယ်တွင် ကောင်းမွန်စွာ နေရာရရှိပြီး ဖြစ်နေပြီ ဖြစ်သည်။
ဇာဘုရင်၏ နိုင်ငံရေး ပုလိပ်များ တင်းကြပ်စွာ စောင့်ကြပ်ကြည့်ရှုနေမှုကြောင့် ထုတ်ဝေဖြန့်ချီမှု မပြုနိုင်သော အချိန်တွင် ပုရှ်ကင်သည် သူ၏ အထင်ရှားဆုံး ပြဇာတ်ဖြစ်သော ဘောရစ် ဂိုဒိုနော့ကို ရေးသားခဲ့သည်။ ကဗျာစာသားနှင့် ရေးသားထားသော ဝတ္ထုတစ်ပုဒ် ဖြစ်သည် ယူဂျင်း အိုနီဂျင်ကို ၁၈၂၅ နှင့် ၁၈၃၂ ကြားတွင် ရေးသားခဲ့သည်။
သူ၏ ဂုဏ်သိက္ခာနှင့် ပတ်သက်လျှင် ဆတ်ဆတ်ထိမခံသူ အဖြစ် နာမည်ဆိုး ထွက်ခဲ့ပြီး ပုရှ်ကင်သည် တစ်ဦးချင်း စိန်ခေါ်ပွဲ ၂၉ ခုတွင် ပါဝင် တိုက်ခိုက်ခဲ့သည်။ ဂျော့ရှ် ချားလ် ဒီ ဟက်ကရင်း ဒီ အန်သေး ဆိုသူသူ နှင့် တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်သော ပွဲတွင် သေလုမျောပါး ဒဏ်ရာ ရခဲ့သည်။ ထိုသူမှာ ကဗျာဆရာ၏ ဇနီးဖြစ်သူ နာတာလျာ ပုရှ်ကီနာကို မြူဆွယ်ရန် ကြံစည်နေသော ပြင်သစ် စစ်တပ်မှ အရာရှိ တစ်ဦး ဖြစ်သည်။ ပုရှ်ကင် အသက် ၃၇ နှစ် အရွယ်တွင် စောစီးစွာ ကွယ်လွန်သွားခြင်းကို ရုရှားစာပေ၏ ကပ်ဆိုက်သော အဖြစ်အပျက်တစ်ခု အဖြစ် မှတ်ယူကြဆဲပင် ဖြစ်သည်။ | <urn:uuid:6864127e-f83d-461f-9b4f-ed3a1fbc7055> | CC-MAIN-2013-20 | http://my.wikipedia.org/wiki/%E1%80%A1%E1%80%9C%E1%80%80%E1%80%BA%E1%80%87%E1%80%94%E1%80%BA%E1%80%B8%E1%80%92%E1%80%AB%E1%80%B8_%E1%80%95%E1%80%AF%E1%80%9B%E1%80%BE%E1%80%BA%E1%80%80%E1%80%84%E1%80%BA | 2013-05-25T11:21:51Z | s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368705939136/warc/CC-MAIN-20130516120539-00051-ip-10-60-113-184.ec2.internal.warc.gz | mya | 0.99955 | Mymr | 87 | {"mya_Mymr_score": 0.9995495080947876} |
Myanmar Today blog is currently running a visitor opinion survey on Myanmar’s upcoming election in 2010. The blog is running a poll on the topics that everybody is interested in:
- should NLD participate in 2010 election?
- will Myanmar’s 2010 election be free and fair?
- will NLD win, if it participates, in 2010 election?
Please visit opinion survey on Myanmar’s 2010 election on Myanmar Today blog and vote your opinion.
မြန်မာယနေ့ ဘလော့ပေါ်မှာ ၂၀၁၀ ခုနှစ် မြန်မာပြည် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လာရောက် လည်ပတ် သူတွေရဲ့ သဘောထား အမြင်တွေကို သိရအောင် ဆာဗေး တစ်ခု တင်ထားပါတယ်။ လူတိုင်း သိချင် နေတဲ့ အချက်တွေ ဖြစ်တဲ့
- လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင် သင့်မသင့်
- လာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတမှု ရှိမရှိ
- ၂၀၁၀ ရွေးကောက်ပွဲကို အဖွဲ့ ချုပ်က ဝင်ပြိုင်ရင် အနိုင် ရနိုင်၊ မနိုင်
အစ ရှိတဲ့ မေးခွန်းတွေကို မေးမြန်း ထားပါတယ်။ ယခု အချိန်ထိ ဖြေဆို ပြီးသူ ၄၀ ကျော် ရှိပါပြီ။ အခုထိ ဘာတွေ ဖြေဆို ထားတယ် ဆိုတာ ကိုလဲ ချက်ချင်း ကြည့်ရှု နိုင်ပါတယ်။ ၂၀၁၀ မြန်မာ ရွေးကောက်ပွဲ အမြင် ဆိုတဲ့ နေရာမှား မဲပေး နိုင်ကြပါပြီ။
Related posts:
- User opinion poll for Zawgyi and Myanmar unicode 5.1 Dear visitors, I would like to run a small...
- Want to know about Myanmar in one site? If you want to know about Myanmar, whether culture, tradition,...
Do you like this post? Perhaps you might want to subscribe to my blog. | <urn:uuid:7e694a49-3a1a-400a-a2e2-f0b4e09b4e23> | CC-MAIN-2013-20 | http://www.bamarlay.com/2009/10/visitor-opinion-on-2010-myanmar-election/ | 2013-06-18T21:37:42Z | s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368707188217/warc/CC-MAIN-20130516122628-00039-ip-10-60-113-184.ec2.internal.warc.gz | mya | 0.953602 | Mymr | 1 | {"mya_Mymr_score": 0.9536019563674927, "blk_Mymr_score": 0.0372098945081234} |
အမေ့နားမှ ပြန်မလာနိုင်တာ.. ဆံပင်ညှပ်ပလိုက်
ညှပ်မနေနဲ့တော့ နင် ဆံပင်ရှည်တဲ့ပုံမမြင်ဖူးသေးတော့ ဘယ်လိူုနေမလဲ မြင်ဖူးချင်လို့း)ဒီကဗျာက လွမ်းရမယ့် ကဗျာကို နှောင့်သွားတာမဟုတ်ဘူးနော် စိတ်များ ပြောင်းလေမလားလို့ စ သွားတာ ။
ဂတုံး သာတုံးထားလိုက်တော့ဗျာ ...
မောင်မျိုးရယ် .. သူဆံပင်ရှည်တဲ့ပုံတွေ တွေ့ချင်ရင် ဖဘမှာ ကြည့်လေ သူ့ပုံအဟောင်းတွေ... ရီရတယ် ။
အမြဲ လွမ်းနေမယ့် အလွမ်း.....
ကတုံးတုံးလိုက်ပါလား။ မေမေလဲသက်သာတာပေါ့။အုန်းဆီလဲ ကုန်တော့ဘူးပေါ့။ချစ်စရာ ကတုံးလေး..း))
သီလရှင် ဝတ်ပေးလိုက်ရင် ကောင်းမလား :P
ကိုယ့်ညီမလေး ညီညီကမှ မေတ္တာထားသေးတယ်။ အဘိုးကြီး အဘွားကြီးတွေ... မလွယ်ပါလားး((မယ်သီလရင်ဘွဲ့တောင်ရှိတယ်။ မခေမာစာရီ တဲ့။လှဘူးလား ဘွဲ့အမည်လေးက :P
သား...ဆံပင်ရှည်နဲ့အတူမေမေ့ရဲ့ မေတ္တာ အနန္တလဲသားရဲ့အပေါ် စီးဆင်းမြဲပေါ့သားရယ်.....
mirror ရေ side bar မှာ ယူသုံးလိုက်ပြီနော်။
Post a Comment | <urn:uuid:4dec62a8-b0d8-4103-8b82-319b807fe772> | CC-MAIN-2013-20 | http://www.makyaymone.info/2010/08/blog-post_25.html | 2013-06-18T21:31:37Z | s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368707188217/warc/CC-MAIN-20130516122628-00039-ip-10-60-113-184.ec2.internal.warc.gz | mya | 0.935692 | Mymr | 39 | {"mya_Mymr_score": 0.9356918931007385, "blk_Mymr_score": 0.05541737750172615} |
၈၈ မျိုးဆက် ကျောင်းသား ကိုသံဒုတ်က -
"ကျွန်တော်တို့ မရောက်သေးတဲ့ ပန်းတိုင်ကို စစ်အာဏာရှင်တွေကနေ ဘယ်လို နည်းပရိယာယ်နဲ့ပဲ ကျင့်သုံးကျင့်သုံး ကျွန်တော်တို့ သတိရှိဖို့ လိုတယ်။ ကျွန်တော်တို့တတွေဟာ စည်းလုံးညီညွတ်မှုကို ဆက်လက်ပြီး ကိုင်စွဲဖို့လိုတယ်။ နောက်တချက် ဒီကနေ့ ကာလဟာ ကျွန်တော်တို့ အားလုံး စည်းလုံးညီညွတ်မှုနဲ့ သံဓိဋ္ဌာန် ပိုပြီးတော့ချမှတ်၊ ပိုပြီးတော့ ကျွန်တော်တို့ ရှေ့ဆက်ချီတက် ရလိမ့်မယ်"
ရှစ်လေးလုံး အခမ်းအနားကို တရုတ် မြန်မာနယ်စပ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ရဲ့ မြောက်ပိုင်း ကျောင်းသား တပ်မတော်ဌာနချုပ်မှာလည်း စစ်ရေး တင်းမာနေတဲ့ကြားကနေ ကျင်းပကြပါတယ်။
ABSDF မြန်မာပြည် မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ကိုလဆိုင်းက -
"ရှစ်လေးလုံးက ရခဲ့တဲ့ သမိုင်းပေးတဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေကို ပြန်လည်ပြီးတော့ ဝေငှကြတယ်။ တက်ရောက် လာကြတာကတော့ မဟာမိတ် ကေအိုင်အို၊ ကေအိုင်အေ။ နောက် တော်လှန်ရေး အဖွဲ့အစည်းမှာ ရောက်နေတဲ့ ရခိုင့်တပ်မတော်၊ နောက် ချင်းအမျိုးသား တပ်ဦး၊ အမျိုးသမီး အစည်းအရုံး၊ လူငယ် အသင်းအဖွဲ့တွေနဲ့ လိုင်ဇာမြို့မှာရှိတဲ့ ရပ်မိရပ်ဖ ပြည်သူလူထု အပေါင်းနဲ့ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကျွန်တော်တို့ ကျောင်းသား တပ်မတော် မြန်မာပြည် မြောက်ပိုင်းရဲ့ ဌာနချုပ်မှာ ကျွန်တော်တို့ ရဲဘော် ရဲမေတွေနဲ့ ပူးပေါင်း ကျင်းပတဲ့ နိုင်ငံရေး အခမ်းအနား ဖြစ်ပါတယ်"
အခမ်းအနားမှာ ကာတွန်း၊ ကဗျာ စတဲ့ နံရံကပ် ပိုစတာတွေ ပြသထားပြီး လူ ပေါင်း ၃၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
အလားတူပဲ ကချင်ပြည်နယ် မိုးကောင်းမြို့ အင်န်အယ်ဒီ အဖွဲ့ဝင်တွေကလည်း ၈ လေးလုံးမှာ ကျဆုံးသွားသူတွေကို ရည်စူးပြီး ကုသိုလ်ကောင်းမှု အလှူဒါနများ ပြုလုပ်ကာ ၈ လေးလုံး အခမ်းအနားကို ကျင်းပကြကြောင်း အင်န်အယ်လ်ဒီ အဖွဲ့ဝင် ကိုဝင်းအောင်က ပြောပါတယ်။
အိန္ဒိယမြို့တော် နယူးဒေလီ ဂျန်တာမန်တာ ပန်းခြံရှေ့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ABSL) ကနေ ဦးဆောင်ပြီး နယူးဒေလီရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ အယောက် ၅၀ ကျော်တို့က ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။
ABSL ခေါင်းဆောင် ကိုကျော်သန်းက -
“၈၈ အရေးတော်ပုံ ၂၄ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့က ၈၈ ရဲ့ ရည်မှန်းချက် အစစ်အမှန်ဖြစ်တဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆိုတဲ့ ရည်းမှန်းချက်တွေကို ပြန်လည်ဖော်ထုတ်တာပါပဲ။ ပြီးတော့ လက်ရှိ မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ သွားနေတဲ့ ဖြစ်စဉ်တွေကို အယုံအကြည်မရှိဘူး။ ကျွန်တော်တို့ ၈၈ တုန်းက ရည်မှန်းခဲ့တဲ့ လူတွေ အသက်ချွေး ထောင်သောင်းချီပြီးတော့ အသက်ဆုံးရှုံးခံခဲ့တဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ရည်မှန်းချက်ကို ပြည့်မီနိုင်ခြင်းမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံကို တိုက်ဖို့ဆိုတာရယ်၊ စစ်အာဏာရှင်စနစ်ကို ပြန်ပြီးတော့ တိုက်ဖို့ဆိုတာရယ်၊ ပြန်ပြီးတော့ ၈၈ ရဲ့ ကြွေးကြော်သံတွေကို ကျွန်တော်တို့က ဖော်ထုတ်တဲ့ သဘောပါဘဲ"
အလားတူ အိန္ဒိယအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာလည်း ၈ လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် စကားဝိုင်းနဲ့ ပန်းချီပြပွဲကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ | <urn:uuid:ed10a6d2-e7d2-4fa2-8285-36347d91a31d> | CC-MAIN-2013-20 | http://www.rfa.org/burmese/news/8888-anniversary-abroad-08082012111241.html | 2013-05-25T18:28:44Z | s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368706082529/warc/CC-MAIN-20130516120802-00056-ip-10-60-113-184.ec2.internal.warc.gz | mya | 0.915387 | Mymr | 2 | {"mya_Mymr_score": 0.9153869152069092, "blk_Mymr_score": 0.08324015885591507} |
picture from google
ကျွန်တော် ငယ်စဉ်ဘ၀လေးကတည်းက မေမေဟာ ကျွန်တော့်ကို ညာပြောခဲ့ပါတယ်.. ကျွန်တော်တို့မိသားစုက ဆင်းရဲပါတယ်.. တစ်ခါတစ်လေဆို စားစရာတောင် လုံလုံလောက်လောက် မရှိပါဘူး… ဒါပေမဲ့ စားစရာလေးများ ရလာပြီဆိုရင် မေမေက သူ့ဝေစုထဲကနေ ကျွန်တော့်ကို ခွဲပေးပါတယ်.. သူ့ပန်ကန် လေးထဲကနေ ကျွန်တော့ ပန်းကန်ထဲကို ပြောင်းထည့်ပေးရင်းနဲ့ ”သား စားလိုက်နော်.. မေမေ သိပ်မဆာလို့ပါ ” …. ဒါကကျွန်တော့မေမေရဲ့ ပထမဆုံး လိမ်ညာခြင်းပါ…
ကျွန်တော် နည်းနည်း အရွယ်ရလာတော့ ရတဲ့ အချိန်လေးတွေမှာ မေမေဟာ အိမ်နားက မြစ်ထဲကို သွားပြီးငါးမျှားလေ့ရှိပါတယ်… မေမေက ငါးရလာရင် ကျွန်တော် အဟာရဖြစ်အောင် ကျွေးမယ်ဆိုတဲ့ စိတ်နဲ့ ငါးမျှားခြင်းသာဖြစ်ပါတယ်… တစ်နေ့ မေမေက ငါး၂ကောင် ဖမ်းမိလာတယ်..ရလာတဲ့ ငါး၂ကောင်ကို ဆွပ်ပြုတ် လုပ်ပါတယ်.. ကျွန်တော် အဲဒီ ငါးဆွပ်ပြုတ်ကို မိန်ရည်ရှက်ရည်သောက်ရင်း အသားတွေကို စားနေတုန်း မေမေက ဘေးကနေ ထိုင်ပြီး ကျွန်တော် စားလို့ ကျန်တဲ့ ပန်းကန်ထဲက အရိုးမှာ ကပ်နေတဲ့ အသားစလေးတွေကို စားနေပါတယ်.. ကျွန်တော်မေမေ့ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားမိတယ်.. ဒါကြောင့် ကျန်နေသေးတဲ့ ငါး တစ်ကောင်ကို မေမေ့ကို ပေးလိုက်တော့ မေမေက ချက်ခြင်းဘဲ ငြင်းတယ်.. “သားဘဲ စားပါကွယ် မေမေက ငါးမှမကြိုက်တာ “.. ဒါက မေမေ့ရဲ့ ၂ကြိမ်မြောက် လိမ်ညာခြင်း
တစ်ဖြေးဖြေးနဲ ကျွန်တော့်ကျောင်းစရိတ်က ကြီးလာတယ်.. မေမေက အပိုဝင်ငွေ ရအောင်ဆိုပြီး မီးခြစ်စက်ရုံကနေ မီးခြစ်ဘူးခွံအဟောင်းတွေ တောင်းယူလာတယ်.. အိမ်ပြန်ရောက်တော့ မီးခြစ်ဆံ အသစ်လေးတွေ ပြန်ဖြည့်ပြီး ဈေးထဲမှာပြန်ရောင်းပါတယ်.. အဲဒီက ရတဲ့ ငွေကလေးနဲ့ အိမ်အတွက် လိုအပ်တာလေးတွေ ဖြည့်ဆည်းရတယ်.. ကျွန်တော့် ကျောင်းစရိတ် ထဲ ထည့်ရပါတယ်…. ချမ်းအေးလွန်းတဲ့ ဆောင်းည တစ်ညမှာ ကျွန်တော် တစ်ရေးနိုးလာတော့ မေမေဟာ ဖယောင်းတိုင် မီးကလေးနဲ့ မီးခြစ်ဆံတွေ ဖြည့်နေတုန်းဘဲ ရှိသေးတယ်.. ကျွန်တော်က “မေမေ အိပ်တော့လေ.. ညနက်နေပြီ.. မနက်ကျမှ ဆက်လုပ်လို့ ရသားနဲ့..” မေမေက ပြုံးပြီး ပြန်ပြောပါတယ်.. “သားလေးသာ သွားအိပ်ပါကွယ် .. မေမေက မအိပ်ချင်သေးပါဘူး..” ဒါက မေမေရဲ့ ၃ကြိမ်မြောက် လိမ်ညာခြင်းပါ..
ကျွန်တော် အတန်းတင်စာမေးပွဲဖြေမဲ့နေ့…. မေမေကလဲ ကျွန်တော်နဲ့အတူ ကျောင်းကို လိုက်လာတယ်.. ကျောင်းအပြင်ဘက် နေပူကျဲကျဲကြီးထဲမှာ ကျွန်တော် စာမေးပွဲဖြေတာကို မေမေက ထိုင်စောင့်နေတယ်.. စာမေးပွဲပြီး ခေါင်းလောင်းထိုးတော့ မေမေ့ဆီ ကျွန်တော်ပြေးသွားတယ်..မေမေက ကျွန်တော့်ကို ဆီးဖက်လိုက်ပြီး ဓာတ်ဗူးထဲမှာ ထည့်လာတဲ့ လ္ဘက်ရည်ကို ခွက်ထဲ ငှဲ့ပြီး ကျွန်တော်သောက်ဖို့ ပေးတယ်.. မေမေရဲ့ လ္ဘက်ရည်က မေမေရဲ့ မေတ္တာလောက် မချိုဘူးဆိုတာ ကျွန်တော် ပြောရဲပါတယ်ဗျာ.. နေပူထဲရပ်နေလို့ ချွေးတွေထွက်နေတဲ့ မေမေ့ကိုကြည့်ပြီး ကျွန်တော်ရဲ့ လ္ဘက်ရည်ခွက်ကို မေမေ့ကို ကမ်းပေးလိုက်ပြီး အတူတူ သောက်ဖို့ ပြောတော့ မေမေက “သားဘဲ သောက်စမ်းပါသားရယ်.. မေမေက ရေမငတ်ပါဘူး” ဒါက မေမေရဲ့ ၄ကြိမ်မြောက်လိမ်ညာမှု
ကျွန်တော်တို့ အဖေဆုံးသွားတော့ မေမေတစ်ယောက်တည်း ဖခင်နေရာကရော အမေနေရာကနေပါ အိမ်တာဝန်ထမ်းရပါတော့တယ်.. . မေမေ့အရင် အလုပ်ဟောင်းကိုဘဲ ဆက်လုပ်တယ်… မေမေတစ်ယောက်တည်း ရုန်းကန်နေရတော့ ကျွန်တော်တို့ စားဝတ်နေရေးက ပိုပြီး ကျပ်တည်းလာတယ်.. ငတ်လုနီးပါး ဖြစ်လာတယ်.. အခြေအနေက ပိုပိုပြီး ဆိုးဆိုးလာတယ်.. အဲဒီတော့ ကျွန်တော်တို့ အိမ်နားမှာနေတဲ့ သဘောကောင်းတဲ့ ဦးလေးကြီးတစ်ယောက်က မကြာခန ရောက်ရောက်လာပြီး ကျွန်တော်တို့အိမ်ရဲ့ ပြဿနာ ကြီးကြီးသေးသေး မှန်သမျှ အကုန် သူဘဲ ဖြေရှင်းပေးပါတယ်.. ဒါတွေကို မြင်တဲ့ အိမ်နီးချင်းတွေက မေမေ့ကို အိမ်ထောင် ထပ်ပြုဖို့ အကြံပေးကြတယ်.. တိုက်တွန်းကြတယ်.. ဒါပေမဲ့ မေမေက တွင်တွင်ငြင်းတယ်.. “ကျွန်မ အိမ်ထောင်ရေးကို စိတ်မ၀င်စားတော့ပါဘူး.. အချစ်ဆိုတာလဲ ကျွန်မအတွက် မလိုအပ်တော့ပါဘူး” ဒါက မေမေရဲ့ ၅ကြိမ်မြောက် လိမ်ညာခြင်းပါ..
ကျွန်တော် ကျောင်းတွေပြီးလို့ တစ်မြို့တစ်ရွာမှာ အလုပ်ရတော့ မေမေ့ကို အနားပေးဖို့အချိန်ရောက်ပြီ…. ကျွန်တော် ပြန်လုပ်ကျွေးဖို့ အချိန်ဘဲဆိုပြီး မေမေ့ကို အလုပ်မလုပ်တော့ဖို့ပြောပေမဲ့ မေမေက မနက်တိုင်း ဈေးထဲမှာ ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတုန်းဘဲ… ကျွန်တော်က အမေသုံးဖို့ဆိုပြီး ငွေတွေ ပို့ပေးရင် ဘယ်တော့မဆို မေမေက ကျွန်တော့်ကို ပြန်ပို့ပေးတယ်.. “မေမေ့မှာ ငွေတွေ သုံးဖို့ ရှိပါသေးတယ် သားရယ် မေမေ ငွေမလိုပါဘူး” မေမေ့ရဲ့ ၆ကြိမ်မြောက် လိမ်ညာခြင်းပါ..
ကျွန်တော် အလုပ်လုပ်နေတဲ့ အမေရိကား ကော်ပိုရေးရှင်းရဲ့ အထောက်အပံ့နဲ့ မာစတာဒီဂရီ ရဖို့အချိန်ပိုင်း ကျောင်းတက်ပါတယ်.. မာစတာဘွဲ့ ရပြီးသွားတော့ ကျွန်တော် လစာတော်တော်များများ တိုးလာတော့ မေမေ့ကို ခေါ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်.. လူနေမှု အဆင့်အတန်း မြှင့်မြှင့်နဲ့ မေမေ့ကို ကျွန်တော် ထားချင် ပါသေးတယ်.. ဒါပေမဲ့ မေမေက ကျွန်တော် အလုပ်ရှုပ်မှာ ကရိကထ များမှာကို မလိုလားတဲ့အတွက် ကျွန်တော်ခေါ်တာကို ငြင်းပါတယ်.. “မေမေ မလာတော့ ပါဘူးသားရယ် . မေမေက သား အခု ရောက်နေတဲ့ အဆင့်အတန်းမြင့်တဲ့ အသိုင်းအ၀ိုင်း မျိုးမှာ နေသားမကျပါဘူး..မေမေပျော်မှာ မဟုတ်ပါဘူးကွယ်..” မေမေရဲ့ ၇ကြိမ်မြောက် လိမ်ညာခြင်းပါ..
မေမေ အသက်အရွယ် တော်တော်ရလာတော့ ကင်ဆာကြောင့် ဆေးရုံမှာ ရောက်နေပြီ… ကျွန်တော် ကြားကြားချင်းဘဲ ပင်လယ်ကို ဖြတ်ပြီး မေမေ့ကို တွေ့ဖို့အိမ်ကို ပြန်လာခဲ့တယ်… မေမေက ရောဂါရဲ့ နှိပ်စက်မှုကြောင့် ခွဲစိတ်ကုသမှု ခံထားရတယ်.. အိပ်ရာပေါ်ကနေ မထနိုင် တော့ဘူး… ကျွန်တော့်ကိုတွေ့တော့ မေမေက ပြုံးပြဖို့ ကြိုးစားတယ်… ပိန်လှီပြီး အားနည်းဖျော့တော့ နေတဲ့ မေမေရဲ့ ရုပ်က ကျွန်တော် ငယ်ငယ်က မေမေ့ရဲ့ ရုပ်နဲ့ ဘယ်လိုမှကို မတူတော့ဘူး … မေမေ့ကို ကြည့်ပြီး ကျွန်တော် စိတ်ထိခိုက်မိတယ်.. မျက်ရည်တွေ အလိုလို ကျလာတယ်… မေမေက လေသံယဲ့ယဲ့လေးနဲ့ ကျွန်တော့်ကို ပြောတယ်.. “မငိုပါနဲ့ သားရယ် မေမေ မနာပါဘူး.. မေမေ နေကောင်းပါတယ်”.. ဒါကတော့ မေမေရဲ့ ၈ကြိမ်မြောက် လိမ်ညာခြင်းပါ…
၈ကြိမ်မြောက် လိမ်ညာပြီးတဲ့နောက် ကျွန်တော့်မေမေ ဆုံးသွားခဲ့ပါတယ်.. မေမေရဲ့ လိမ်ညာခြင်းကို ဘယ်လောက်ဘဲ ကျွန်တော် ပြန်လိုချင် ပြန်ကြားချင်ပေမဲ့ ပြန်မရနိုင်တော့ပါဘူးဗျာ…
—————————————————————————————————————————————–
ဒီဇာတ်လမ်းလေး ဖတ်ပြီးတော့ သားသမီးတွေအပေါ် ထားတဲ့ အမေတွေရဲ့ စုန်ရေမေတ္တာလေးကို နက်နက်နဲနဲ သဘော ပေါက်မိပါတယ်…… ကျွန်မတို့ရဲ့ အမေတွေ ကလည်း ကျွန်မတို့ အပေါ်မှာ ခုလို မုသား ဖြူဖြူလေးတွေနဲ့ လိမ်ညာခဲ့ကြ ဖူးပါတယ်နော်… သားသမီးတွေကို ချစ်ခြင်း အားဖြင့် လိမ်ညာတဲ့ အတွက် အမေတွေရဲ့ မုသားက အင်မတန်မှ လေးစားထိုက်တဲ့ ၊ ကိုယ်ကျိုးမပါတဲ့ အဖြူရောင် မုသားတွေပါ… ကျွန်မတို့ ဘ၀ တစ်လျှောက်လုံးမှာ အမေတွေရဲ့ မုသားတွေနဲ့ အခါခါ ကြုံခဲ့ကြ ဖူးပါလိမ့်မယ်…. သားသမီးတွေဘက်ကရော.. အမေတွေရဲ့ အဖြူရောင် မုသားလေးတွေအတွက် ဘာတွေများ ပြန်ပေးဆပ်နိုင်ကြပြီလဲ.. ပေးဆပ်ဖို့ ကြိုးစားကြပြီလဲ.. ကျွန်မတို့ အမေတွေရဲ့ မုသားလေးတွေ ဒီလောက ကမ္ဘာကြီးကနေ မပျောက်ကွယ်ခင်မှာ အချိန်မှီလေး ပြန်လည် ပေးဆပ်နိုင်ဖို့ ကြိုးစား ကြပါစို့လားရှင်…..
http://www.funzug.com/sweet-8-lies-of-a-mother-story.html မှ ဘာသာပြန်ကာ ကမ္ဘာပေါ်ရှိ အမေ အားလုံးကို ဂုဏ်ပြု လိုက်ပါတယ်ရှင်…
ချော (အစိမ်းရောင်လွင်ပြင်) | <urn:uuid:5aebb2db-56bd-48e9-a23e-9bcfaf6a01b8> | CC-MAIN-2013-20 | http://www.missgreenlady.com/2009_12_27_archive.html | 2013-06-20T07:23:49Z | s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368710963930/warc/CC-MAIN-20130516132923-00056-ip-10-60-113-184.ec2.internal.warc.gz | mya | 0.884419 | Mymr | 6 | {"mya_Mymr_score": 0.8844189047813416, "blk_Mymr_score": 0.1128314957022667} |
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဆန် ပြည်ပတင်ပို့မှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ၅၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီး FAO က ထုတ်ပြန်သည်။
FAO ၏ အာရှ ပစိဖိတ်ဒေသ စားနပ်ရိက္ခာဆိုင်ရာ လေ့လာချက်များအရ ဧပြီလ ၁ ရက်နေ့မတိုင်မီ ဘဏ္ဍာနှစ်အတွင်း
ပြည်ပသို့ ဆန်တန်ချိန် ၈၄၄,၂၀၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၄ သန်း ဝင်ငွေရရှိခဲ့သည်ဟု မြန်မာအစိုးရ ကိန်းဂဏန်းများအား ကိုးကား၍ ဖော်ပြထားသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်းတွင်မူ ဆန်တန်ချိန် ၅၃၆,၈၀၀ တင်ပို့နိုင်ခဲ့သည်။
ယခုဘဏ္ဍာနှစ် ၂၀၁၂-၂၀၁၃ အတွင်းတွင် တန်ချိန် တသန်းအထိ တင်ပို့ကာ ၂၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်မည်ဟု
မြန်မာအစိုးရက ရည်မှန်းထားသည်။
အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်းကို တနှစ်အတွင်း ရောင်းချပေးရန် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်းနှင့် အင်ဒိုနီးရှားနိုင်ငံ အမျိုးသားကူညီထောက်ပံ့ရေး အေဂျင်စီ INLA တို့ ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်းကမူ ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ဖူလုံလောက်ငှရေးကို ဦးစားပေးပြီးမှ ပြည်ပတင်ပို့မှုကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။
“ကျနော်တို့နိုင်ငံအတွက် အရန်ဆန် မရှိဘဲနဲ့ နိုင်ငံခြားကိုပဲ အတင်းစာချုပ်တွေ ချုပ်ပြီး ပို့လိုက်လို့ ပြည်တွင်းဈေးတွေ ကမောက်ကမ ဖြစ်သွားရင် ပြည်တွင်းဈေးတွေ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားမယ်လေ။ ပြည်တွင်း လိုအပ်ချက် ဖူလုံအောင် အရန်ဆန် ထိန်းသိမ်းထားပြီးမှ လုံလောက်တယ်ဆိုမှ ပြည်ပပို့ဖို့ ကျနော်တို့စဉ်းစားတာပါ” ဟု အသင်း ဒု-ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင် က ပြောသည်။
မြန်မာနိုင်ငံမှ ထွက်သည့်ဆန်များကို အနောက် အာဖရိကနိုင်ငံများသို့ အများဆုံး တင်ပို့ပြီး ဘင်္ဂလားဒေရ်ှနှင့် ဖိလစ်ပိုင်
နိုင်ငံများသို့လည်း တင်ပို့သည်။
မြန်မာနိုင်ငံ တနိုင်ငံလုံး၏ စပါးစိုက်ပျိုးမှုနှုန်းမှာ ဧက ၂၀.၄၃ သန်းရှိပြီး မိုးစပါး စိုက်ပျိုးမှု ဧကမှာ ၁၇.၂၇ သန်း ဖြစ်ကာ
နွေစပါးစိုက်ပျိုးမှုမှာ ဧက ၃.၁၆ သန်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်း၏ မှတ်တမ်းများ အရ သိရသည်။
ဒုတိယကမ္ဘာစစ် မတိုင်မီက မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး တနှစ်လျှင် တန်ချိန်ပေါင်း ၃,၅၀၀,၀၀၀ မျှ တင်ပို့နိုင်ခဲ့သည်။ ၁၉၄၇-၄၈ ခုနှစ်တွင်ကား လယ်ဧက ၉,၀၀၀,၀၀၀ သာ လုပ်ကိုင်နိုင်၍ နိုင်ငံခြားသို့ ဆန်တန်ချိန်ပေါင်း ၁,၅၀၀,၀၀၀ သာ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။ | <urn:uuid:98d6a77b-033a-4da9-8a43-bf31b421864e> | CC-MAIN-2013-20 | http://mizzimaburmese.com/news/business/9244-2012-04-19-12-28-36.html | 2013-05-22T06:17:07Z | s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368701409268/warc/CC-MAIN-20130516105009-00043-ip-10-60-113-184.ec2.internal.warc.gz | mya | 0.933018 | Mymr | 2 | {"mya_Mymr_score": 0.9330182671546936, "blk_Mymr_score": 0.0650673434138298} |
Written by ၀င်းငြိမ်း
Monday, 07 May 2012 16:17
ရသ စာပေတွေ ဈေးကွက်မှာ အားနည်းလာတယ် ဆိုကြပေမဲ့ အချစ်ဝတ္ထု များကတော့ ပန်းပန်လျက်ပါ အခြေအနေမှာ ရှိပါတယ်။
ကမ္ဘာမှာလည်း ထိုနည်း အတူပါပဲ။ အချစ်ဝတ္ထုများဟာ စာပေ ၀တ္ထုများ၊ လျှို့ဝှက်သည်းဖို ၀တ္ထုများထက် အများကြီး ရောင်းအား ကောင်းပါတယ်။ အချစ်ဝတ္ထု ရေးနည်း ၁၀၁ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးဆရာမ ရေဗက္ကာယော့ခ်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလထုတ် The Writer မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ဆောင်းပါးကို ဒီလ စာပေဆောင်းပါး စိတ်ဝင်စားသူများ အတွက် ဖော်ပြ ပေးလိုက်ပါတယ်။
၁၉၈၀ ပြည့်နှစ်များကတည်းက စာပေလောကမှာ ရောင်းအား အကောင်းဆုံး ၀တ္ထုများ အဖြစ် ရပ်တည်ခဲ့တဲ့ အချစ်ဝတ္ထုများ ဈေးကွက်က ပြောင်းလဲ လာပါတယ်။ အခြေခံ အချက်အလက်များက မပြောင်းလဲဘဲ ရှိခဲ့ပေမဲ့ ဇာတ်ကောင် စရိုက်များ၊ ဇာတ်အိမ်တည် ဆောက်ပုံများက အချစ် ၀တ္ထုများမှာ ဘယ်သူမှ မျှော်လင့် မထားတဲ့ ပုံစံမျိုး ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။ ကျွန်မက အချစ် ၀တ္ထုများနဲ့ ပတ်သက်ပြီး ပြောလေ့ပြောထ ရှိခဲ့တာက အချစ်ဝတ္ထု ဆိုတာ ယောက်ျား တစ်ယောက်နဲ့ မိန်းမတစ်ယောက် ပေါင်းသင်း ဆက်ဆံရေး အခြေအနေ တိုးတက် ပြောင်းလဲလာမှုကို ဖော်ပြတာပဲ ဖြစ်တယ်လို့ ဆိုခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့ခေတ် အချစ်ဝတ္ထုများကတော့ ယောက်ျား တစ်ယောက်နဲ့ မိန်းမတစ်ယောက် ချစ်ကြတဲ့ ဇာတ်လမ်းမျိုးသာ မကတော့ဘဲ မိန်းမ တစ်ယောက်နဲ့ ပုတ်သင်ညိုကလေး တစ်ကောင် သံယောဇဉ် နှောင်ဖွဲ့တာမျိုးလည်း ဖြစ်လာပါတယ်။ အဲဒါအပြင် ဒီနေ့ ရေးနေကြတဲ့ အချစ်ဝတ္ထုများက ယောက်ျားနှစ်ယောက် သို့မဟုတ် မိန်းမနှစ်ယောက် ချစ်ကြတဲ့ ဇာတ်လမ်းတွေလည်း ရေးဖွဲ့လာကြပါတယ်။
အမေရိကန် ပြည်ထောင်စု အချစ်ဝတ္ထု စာရေးဆရာများ အဆိုအရ ၂၀၀၇ ခုနှစ်မှာ အချစ်ဝတ္ထုများ ရောင်းရတဲ့ ၀င်ငွေဟာ ဒေါ်လာ ၁.၃၇၅ ဘီလီယံ ရှိပြီး သည်းထိတ်ရင်ဖို ၀တ္ထုများက ဒေါ်လာ သန်း ၆၅၀၊ စာပေဆိုင်ရာ ၀တ္ထုများ ရောင်းရငွေက ဒေါ်လာ ၄၆၆ သန်းသာ ရှိပါတယ်။ ၂၀၀၇ ခုနှစ်အတွင်းမှာ အချစ်ဝတ္ထုပေါင်း ၉၀၀၀ ထွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီကိန်းဂဏန်းတွေကို လေ့လာကြည့်မယ်ဆိုရင် အချစ်ဝတ္ထု စာရေးဆရာများအတွက် အခွင့်အလမ်းက အများကြီး ကောင်းနေပါတယ်။ ဒီလိုဆို အချစ်ဝတ္ထုတွေပဲ ရေးရတော့မလားလို့ မေးချင်သူများအတွက် ကျွန်မ အကြံ ပေးချင်ပါတယ်။ အချစ်ဝတ္ထုများကို ဖတ်ရတာ စိတ်ချမ်းသာတယ်၊ စိတ်ကြည်နူးတယ်၊ စိတ်ဝင်စားတယ် ဆိုတဲ့သူများသာ အချစ်ဝတ္ထု ရေးဖို့ ကြိုးစား စေချင်ပါတယ်။ အချစ် ၀တ္ထုများမှာ ရေးနည်းရေးဟန်၊ ပုံသေနည်းတွေ ရှိတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ တကယ်တော့ အချစ် ၀တ္ထုများမှာ ပုံသေနည်း မရှိပါဘူး။
လျှို့ဝှက်သည်းဖိုဝတ္ထုများမှာတော့ တရားခံနဲ့ ဥပဒေဘက်တော်သားတို့ ဉာဏ်ရည်ချင်း ယှဉ်ပြိုင်ကြပြီး နောက်ဆုံးမှာ ဥပဒေ ဘက်တော်သားက အနိုင်ရကာ ဇာတ်သိမ်းလေ့ ရှိပါတယ်။ ဒါကြောင့် လျှို့ဝှက် သည်းဖိုဝတ္ထုများကတော့ ပုံသေနည်း ရှိတယ်လို့ ကျွန်မ ပြောချင်တာပါ။ လျှို့ဝှက်သည်းဖို ၀တ္ထုများကိုဖတ်တဲ့ ပရိသတ်တွေက သူတို့မှာ အတော်အတန် စာဖတ်သက် ရှိကြပြီး မှုခင်း ကျူးလွန်သူက ဘာလုပ်မယ်၊ ဥပဒေ ဘက်တော်သားက ဘာလုပ်မယ် ဆိုတာတွေကို ခန့်မှန်း တတ်ကြပါတယ်။ ထိုနည်းတူစွာပဲ အချစ်ဝတ္ထု ဖတ်သူများကလည်း အချစ်ဝတ္ထုတွေချည်း တစိုက်မတ်မတ် ဖတ်ခဲ့ကြသူတွေ ဖြစ်တာကြောင့် တော်ရုံတန်ရုံ ဇာတ်လမ်းဆိုရင် ရှေ့ဆက် ဘာဖြစ်မယ် ဆိုတာကို ခန့်မှန်း နိုင်ကြပါတယ်။
ကျွန်မ အတွေ့အကြုံ အရ အချစ်ဝတ္ထု ဖတ်သူ အများစုဟာ မိန်းမစာဖတ် ပရိသတ်များ ဖြစ်ပြီး သူတို့ မမျှော်လင့်တဲ့ ဇာတ်ကွက်မျိုးကို စာရေးဆရာက ဖန်တီးနိုင်မှသာလျှင် အောင်မြင်တဲ့ အချစ်ဝတ္ထု ဖြစ်မှာပါ။ အချစ်ဝတ္ထု ဖတ်သူများမှာ စာရေးဆရာ အစွဲ ရှိတတ်ပါတယ်။ ဥပမာ နိုရာရောဘတ်စ် ဖတ်သူက နိုရာရဲ့ဝတ္ထုများကို အစဉ်တစိုက် ဖတ်ပြီး ဂျူလီဂါဝုဒ် ၀တ္ထု ဖတ်သူများကလည်း ဂျူလီရဲ့ ၀တ္ထုကိုသာ ဖတ်တတ်ပါတယ်။ ဒါ ကြောင့် ကိုယ်က အချစ်ဝတ္ထု ရေးမယ် ဆိုရင် သူတို့ထက် ကောင်းတဲ့ဇာတ်အိမ် ဖွဲ့နိုင်သူဖြစ်ဖို့ လိုအပ်ပါတယ်။
အချစ် ၀တ္ထုများမှာ ဇာတ်အိမ် အမျိုးမျိုး တည်ဆောက်လို့ ရပါတယ်။ ရိုးရိုးတန်းတန်း အချစ်ဝတ္ထုများကတော့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး တို့ရဲ့ အချစ်ကို ဖော်ကျူးတဲ့ ၀တ္ထုများ ဖြစ်ပါတယ်။ တချို့ စာရေးဆရာများက ဒီနေ့ခေတ်ကို ရေးဖွဲ့တာ ဖြစ်ပေမဲ့ တချို့က သမိုင်းနောက်ခံ အချစ် ၀တ္ထုများကို ရေးကြတာတွေလည်း ရှိပါတယ်။
ဒီနေ့ရေးဖွဲ့နေကြတဲ့ အချစ်ဝတ္ထု များကို အမျိုးအစားအလိုက် သရုပ်ခွဲ ကြည့်မယ်ဆိုရင်-
-သည်းထိတ်ရင်ဖိုအချစ်ဝတ္ထု
-ချိုမြိန်ကြည်နူးဖွယ်ရာ အချစ်ဝတ္ထု
(ဒီဝတ္ထုမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် လက်ကိုင်တဲ့အဆင့် လောက်သာ ရေးဖွဲ့ကြပြီး ဇာတ်သိမ်း တော့မှသာ အနမ်းနဲ့ ဇာတ်သိမ်းကြပါ တယ်။)
-စိတ်ကြွစေသော အချစ်ဝတ္ထု
(ဒီဝတ္ထုမျိုးကတော့ ချစ်ခန်းတော် တော်များများ ပါဝင်ပြီး စာဖတ်သူကို စိတ်ကြွလာစေအောင် ရေးဖွဲ့ကြပါတယ်။)
-ထူးခြားဆန်းကြယ်တဲ့ အချစ်ဝတ္ထု
(ဒီဝတ္ထုမျိုးမှာတော့ အမျိုးသား သို့မဟုတ် အမျိုးသမီးကလေးရဲ့ ချစ်သူ က ဂြိုဟ်သားဖြစ်နေတာမျိုး၊ သွေးစုပ် ဖုတ်ကောင် ဖြစ်နေတာမျိုး စတဲ့ သာမန် ဇာတ်ကောင်မဟုတ်တဲ့သူများနဲ့ ချစ် ကျွမ်းဝင်တာကို ရေးဖွဲ့ကြပါတယ်။)
ဒီလိုသရုပ်ခွဲကြည့်ပြီးရင် ကိုယ်က ဘယ်လို ၀တ္ထုမျိုးကို ရေးချင်တာလဲ ဆိုတာ ဆုံးဖြတ် ရပါလိမ့်မယ်။ အချစ်ဝတ္ထု ရေးဖို့ အမှန်တကယ် လိုအပ်တဲ့ အချက် ၁၀ ချက်ကို ကျွန်မ ပြောပြပါမယ်။
၁။
ပထမဆုံး လုပ်ရမယ့် အလုပ်ကတော့ အချစ်ဝတ္ထု ရေးတော့မယ် ဆုံးဖြတ်တဲ့ အတွက် လုံးချင်း အချစ်ဝတ္ထုတွေ ထောင်နဲ့ချီပြီး ဖတ်ဖူးသူ ဖြစ်ရပါမယ်။ ဒါမှသာ အချစ်ဝတ္ထု ကောင်းကောင်း တစ်ပုဒ်ကို ဘယ်လို ဖန်တီးရမယ်ဆိုတဲ့ အတွေးရနိုင်မှာပါ။
၂။
အထက်မှာ သရုပ် ခွဲထားတဲ့ ၀တ္ထု အမျိုးအစားတွေထဲက ဘယ်လို အမျိုး အစားကိုပဲ ရေးမှာဖြစ်စေ၊ ဇာတ်ကောင်များရဲ့ အဖြစ်အပျက်ကတော့ အဓိကအာ ရုံစိုက်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဆိုကြပါ စို့။ ကိုယ်က သည်းထိတ်ရင်ဖို အချစ် ၀တ္ထုတစ်ပုဒ်ကို ရေးမယ်လို့စဉ်းစားရင် အန္တရာယ် ကြုံတွေ့နေရပြီး ချစ်သူရှိတဲ့ မိန်းမတစ်ယောက် အကြောင်း ရေးရုံနဲ့ မပြီးနိုင်ပါဘူး။ အန္တရာယ် ရင်ဆိုင်နေရတဲ့ ကြားကနေ အချစ်တွေ ပေါက်ဖွားပြီး ချစ် သွားကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ဇာတ်လမ်းသာ ဖြစ်ရပါမယ်။ တစ်ခါ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း ကိုပဲ အသားပေးနေပြန်ရင်လည်း ရေးတဲ့ ၀တ္ထုက သည်းထိတ်ရင်ဖို အချစ်ဝတ္ထု ဖြစ်မလာတော့ဘဲ တခြားစီဖြစ်သွားပါ လိမ့်မယ်။ ကိုယ် ရေးချင်တာကသည်း ထိတ်ရင်ဖိုဇာတ်လမ်းလည်း ဖြစ်ရမယ်။ အချစ်အကြောင်းလည်း ပါရမယ် ဆိုတာကို သတိထားရပါမယ်။
၃။
ဘယ်လိုစရေးမလဲ။ ပထမဆုံး ချ ရေးလိုက်တဲ့ ၀ါကျက စာဖတ်သူကို ဖမ်းစားနိုင်မယ့် ၀ါကျဖြစ်ဖို့ လိုပါတယ်။ ထိုနည်းတူစွာ ပထမဆုံး စာပိုဒ်က ကိုယ့် ၀တ္ထုကို အရောင် ပြောင်လက်လာအောင် တင်ပေးမယ့် စာပိုဒ်ဖြစ်ဖို့လည်း လိုအပ်တယ် ဆိုတာ သတိပြုရပါမယ်။ စာဖတ်သူကို ပထမ စာပိုဒ်နဲ့ ဖမ်းစားလိုက်နိုင် ရင် နောက်ဘာဖြစ်မှာလဲ ဆိုတာ စာ ဖတ်သူက အလိုလို စိတ်ဝင်စားလာပါ လိမ့်မယ်။
အချစ်ဝတ္ထု အများစုရဲ့ ဇာတ်လမ်း အစက နောက်ခံ အကြောင်းအရာတွေ အများကြီးနဲ့ စတတ်ပါတယ်။ ဒါကြောင့် ကျွန်မ အမြဲ သုံးသပ်ဖြစ်တဲ့ အချက်ကတော့ ဒီအချက်အလက်တွေကို အခု ချက်ချင်းမပြောဘဲ နောင်ကျမှ ၀တ္ထုထဲ မှာ တဖြည်းဖြည်းချင်း ထည့်သွင်းသွား ရင်ကော မဖြစ်နိုင်ဘူးလား။
ကိုယ့်ဝတ္ထုကလေးက စာဖတ်ပရိ သတ်လက်ကို မရောက်ခင် အယ်ဒီတာ စားပွဲကို ဖြတ်သန်းရမှာပါ။ အယ်ဒီတာ ဆိုတဲ့ လူမျိုးက သူ့စားပွဲပေါ်မှာ စာမူတွေ တောင်ပုံယာပုံ ရှိတတ်တာဆိုတော့ အား လုံးထဲမှာ ကိုယ့်ဝတ္ထုကို ရွေးဖတ်ဖြစ် သွားအောင် ဆွဲဆောင်နိုင်ဖို့ လိုပါတယ်။ အယ်ဒီတာကို မဆွဲဆောင်နိုင်ဘူးဆိုရင် တော့ ဈေးကွက်မှာလည်း အောင်မြင်မှာ မဟုတ်ပါဘူး။
ဂျူလီဂါဝုဒ် ရေးခဲ့တဲ့ Honor’s Splendour ၀တ္ထုရဲ့ ပထမဆုံး စာကြောင်းက “သူတို့က သူ့ကို သတ်ပစ် ဖို့အထိ ရည်ရွယ် ထားကြတယ်”လို့ စထားပါတယ်။ ဒီစာကြောင်းကို ဖတ် လိုက်ရုံနဲ့ စာဖတ်ပရိသတ်ကို ဖမ်းစား လိုက်ပါပြီ။
ကျွန်မ ရေးခဲ့တဲ့ Killing Moon ၀တ္ထုမှာဆိုရင် “ရော့စ်မာရှယ်လ်က တကယ့်ကို သေသေသပ်သပ် ၀တ်ထားတာ။ အနက်ရောင် ရှပ်အင်္ကျီ၊ အနက် ရောင် ဘောင်းဘီနဲ့ ပြောင်လက်တောက် ပနေတဲ့ အနက်ရောင် ရှူးဖိနပ်ကို စီးထား တယ်”လို့ စခဲ့ပါတယ်။ ဇာတ်ကောင်ရဲ့ အသေးစိတ်အချက်အလက်ကို ပထမဦး စွာ ပြောလိုက်ပြီးတော့မှ သူ့လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။
၎။
ဟုတ်ပါပြီ။ ၀တ္ထုအစကို အဲဒီလို စိတ်ဝင်စားစရာ ကောင်းလောက်တဲ့ စာ ပိုဒ်နဲ့ စလိုက်ပြီးတဲ့ နောက်မှာ စာဖတ်ပရိသတ် ငြီးငွေ့ မသွားရအောင် ဘယ်လို ဆက်ပြီး သယ်သွားမလဲ။ ကိုယ့်ဇာတ်ကောင်က အမျိုးသားဆိုရင် အမျိုးသမီး တစ်ယောက်နဲ့ တွေ့ပေးရတော့မယ်။ အမျိုးသမီးဇာတ်ကောင် ဆိုရင်လည်း အမျိုးသား တစ်ယောက်နဲ့ တွေ့ပေးရမယ်။ ဘယ်လိုတွေ့ပေးမလဲ။ မြင်မြင် ချင်းမှာ သူတို့နှစ်ယောက် စိတ်ဝင်စား သွားရမယ်။ ချစ်သွားရမယ်။ အဲဒီနောက် မှာတော့ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း ဆိုရင်တော့ စာဖတ်ပရိသတ်က အချိန်ကုန်ခံပြီး ဒီဝတ္ထုမျိုးကို ဖတ်နေမှာ မဟုတ်ပါဘူး။
ဝတ္ထုကောင်း တစ်ပုဒ်မှာ ပြဿနာ ဖြစ်တဲ့ ဇာတ်ကွက် တစ်ခုနဲ့ စရပါမယ်။ အဲဒီ ပြဿနာကို သူ သို့မဟုတ် သူမက ကျော်လွှား နိုင်ရပါမယ်။ ဒါတွေကို အတွင်း ပဋိပက္ခနဲ့ အပြင် ပဋိပက္ခရယ်လို့ နှစ်ပိုင်း ခွဲခြားပြီး ပြောနိုင်ပါတယ်။
တကယ်လို့ ကိုယ်က သည်းထိတ် ရင်ဖို အချစ် ဇာတ်လမ်းကို ရေးမယ်ဆိုရင် ဒီဇာတ်လမ်းမှာ စိတ်ရောဂါသည် လူသတ်သမားများ၊ ဒုစရိုက်သမားများ၊ ပညာတတ် အန္တရာယ်များသော ပုဂ္ဂိုလ်များ စသည်တို့က သူ သို့မဟုတ် သူမ ကို ခြိမ်းခြောက်နေတာ ဖြစ်ပါမယ်။
ဒါပေမဲ့ ထိပ်တိုက်ရင်ဆိုင်မှု သို့ မဟုတ် ပဋိပက္ခက အချစ်ဝတ္ထုများမှာ မပါမဖြစ် လိုအပ်တဲ့ အချက်တစ်ခု ဖြစ် ပါတယ်။ ဆိုကြပါစို့။ အမျိုးသမီးဇာတ် ကောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားဖြစ်ပြီး အမျိုးသားဇာတ်ကောင်က တောမီးရှို့ကာ စိုက်ခင်းဖော်ဆောင်တဲ့ သူ ဖြစ်တယ်ဆိုရင် သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်မိကြပြီပေါ့။ ဒါမှ မဟုတ် အမျိုးသမီးကလေးက စီးပွား ရေးလုပ်ငန်း ခပ်သေးသေးလေးတစ်ခု ကို ကြိုးစားလုပ်ဆောင်နေတဲ့သူဖြစ်ပြီး အမျိုးသားဇာတ်ကောင်ကတော့ ကျိကျိ တက်ချမ်းသာကာ စီးပွားရေးလုပ်ငန်း ကြီးတစ်ခုကို အမွေဆက်ခံထားသူ ဖြစ် မယ်ဆိုရင်လည်း သူတို့နှစ်ယောက် ထိပ် တိုက်ရင် ဆိုင်တွေ့မှာပါပဲ။ ဒီကျောရိုးမျိုး ဆိုရင်တော့ ထိပ်တိုက်ရင်ဆိုင်မှုက အတွင်းရော အပြင်ပါ ပါဝင်မှာ ဖြစ်ပါ တယ်။
သို့သော် ခိုင်မာတဲ့ အချစ် ၀တ္ထုများမှာ စာဖတ်သူကို စိတ်လှုပ်ရှားမှု အပြည့်အ၀ ပေးတဲ့ ဇာတ်လမ်းများ ဖြစ်တယ် ဆိုတာကို သတိပြုသင့်ပါတယ်။ ဒီဇာတ်လမ်းမျိုးမှာ အတွင်းရော အပြင်ပါ ပဋိပက္ခတွေ ရှိတဲ့အတွက် စာဖတ်သူရဲ့ ရင်ထဲမှာ ဒီအမျိုးသား ဇာတ်ကောင်နဲ့ အမျိုးသမီး ဇာတ်ကောင်တို့ဟာ ဆုံ စည်းနိုင်မှာ မဟုတ်ဘူးလို့ ခံစားသွားရ အောင် ရေးဖွဲ့နိုင်ရပါမယ်။ အမျိုးသမီး ဇာတ်ကောင်ရဲ့ ခင်ပွန်းက ရဲတစ်ယောက် ရဲ့ မတော်တဆ ပစ်ခတ်မှုနဲ့ ကွယ်လွန် သွားခဲ့ရပြီး အမျိုးသားဇာတ်ကောင်က အဲဒီရဲကို ပစ်လိုက်တယ်ဆိုရင် ရှေ့ဆက် ရမယ့်ဇာတ်လမ်းက သူတို့နှစ်ယောက် ချစ်ကြလေသတည်းပေါ့။ ဒါပေမဲ့ အမျိုးသားဇာတ်ဆောင်က နောက်ကြောင်းတစ်စုံ တစ်ရာရှိတဲ့သူ ဖြစ်နေမယ် ဆိုရင် သူတို့နှစ်ယောက် ဒီအခက် အခဲကို ကျော်လွှားကြပုံများက အချစ် ၀တ္ထု ဖတ်နေတဲ့ စာဖတ် ပရိသတ်ကို ဆွဲဆောင်နိုင် ပါလိမ့်မယ်။
လူတွေလိုက် သတ်နေတဲ့ လူသတ်သမား တစ်ယောက် ဖော်ထုတ်ဖို့ အမျိုး သားဇာတ်ကောင် စုံထောက်ကို ငှားရမ်း လိုက်ကြတယ်။ စုံထောက်ရဲ့အမြင်မှာ လူသတ်သမားဟာ သူ ချစ်မိတဲ့ မိန်း ကလေးရဲ့မောင် ဖြစ်နေတယ်။ ဒါမှ မဟုတ် မိန်းကလေး ကိုယ်တိုင် ဖြစ်နေတယ်။ ဒီလိုဇာတ်လမ်းမျိုးတွေက သည်းထိတ်ရင်ဖို အချစ်ဇာတ်လမ်းမှာ ပရိသတ်အကြိုက် ဖြစ်ပါတယ်။
ဝတ္ထု စရေးတော့မယ်လို့ ရည်ရွယ် ကတည်းက ကိုယ့်ဇာတ်ကောင်တွေ ဟာ သက်ရှိများနဲ့မခြား လှုပ်ရှားမှုတွေ ရှိရပါတယ်။ ဒါမှသာ စာဖတ် ပရိသတ်က ဇာတ်ကောင်များနဲ့ တစ်သားတည်း ဖြစ်မှာပါ။ ဒါကြောင့် ဇာတ်ကောင်ဖန် တီးမှုမှာ ဇာတ်ကောင်များရဲ့ စရိုက်ဟာ ပကတိ လူသားဆန်ရမှာ ဖြစ်ပြီး သုံးဖက်မြင် ရုပ်လုံးကြွလို ရှိနေရမှာ ဖြစ်ပါ တယ်။
အချစ်ဝတ္ထုများမှာ ဇာတ်ကောင် များရဲ့ အတွင်းစိတ်များက ချစ်ရမှာကို ကြောက်နေသူများ၊ သို့တည်းမဟုတ် ချစ်ကြောင်းဖွင့်ပြောရမှာကို စိုးရွံ့နေသူ များ ဖြစ်ပါမယ်။ သူတို့ နှစ်ယောက်ကြားက ပြဿနာ များဟာလည်း အလွယ် တကူ ဖြေရှင်းလို့ ရနိုင်မယ့် ပြဿနာ မဖြစ်စေရပါဘူး။ ဇာတ်လမ်းဆုံးတဲ့ အထိ သူတို့ပြဿနာများက လိပ်ခဲ တည်းလည်း ဖြစ်နေရပါမယ်။ ဒါမှသာ စာဖတ်ပရိသတ်ကို ၀တ္ထုဆုံးတဲ့အထိ ဆွဲ ခေါ်သွားနိုင်မှာ ဖြစ်ပါတယ်။
၅။
အချစ်ဝတ္ထုများမှာ ထင်ရှားတဲ့ အချက်တစ်ခုကတော့ အချစ်ရဲ့ခွန်အား ပါပဲ။ ဇာတ်ကောင်များဟာ အကြောင်း တစ်စုံတစ်ခုကြောင့် ရင်ထဲမှာ ထိခိုက် နာကျင်နေကြပေမဲ့ အချစ်ရဲ့ခွန်အားနဲ့ ကုစားပြီး အရာရာကို ကျော်လွှားနိုင် ကြပါတယ်။ ကျွန်မ ၀တ္ထုများမှာတော့ အမျိုးသားဇာတ်ကောင်က အမြဲတမ်း ပြဿနာတွေဖြစ်ပြီး သူတစ်ယောက် တည်းရဲ့ အင်အားနဲ့ မကျော်လွှားနိုင်သူ ဖြစ်ပါတယ်။ ဥပမာလေးတွေ ကြည့် ကြရအောင်ပါ။
-ဆုရတဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာမ ရုသ်ဝင်းဒ်ရဲ့ Meant to be Marriet မှာဆိုရင် အမျိုးသား ကလေးနဲ့ အမျိုးသမီးကလေးတို့ဟာ လက်ထပ်ပေါင်းသင်းနေထိုင်ကြဖို့ အတွက် ထွက်ပြေးပြီး အိမ်ထောင် ပြုကြပါတယ်။ မိန်းကလေးရဲ့ဖခင်က သူ့ သမီးကို ခင်ပွန်းသည်ဆီကနေ အတင်း အကျပ် ခွဲခွာစေပြီး မွေးလာတဲ့ ကလေးကိုလည်း မိဘမဲ့ ကလေးဂေဟာကို ပို့ လိုက်ပါတယ်။ နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် အပြစ်ရှိ တယ်လို့ မြင်ကြပြီး စိတ်နာနေကြပါ တယ်။ နောင်နှစ်ပေါင်းများစွာ ကြာတဲ့ အခါ မြို့တစ်မြို့ထဲမှာ ဆုံမိကြပြီး ခံစား ခဲ့ကြရတဲ့ ဝေဒနာတွေကို ထုတ်ဖော် မပြောနိုင်ခဲ့ကြပါဘူး။
-ကျွန်မ ၀တ္ထုတစ်ပုဒ် ဖြစ်တဲ့ Never Too Late ဆိုတဲ့ ၀တ္ထုမှာဆိုရင် အမျိုးသားလေးက အာဏာရှင် အုပ်ချုပ်တဲ့ နိုင်ငံ တစ်ခုမှာ နေပြီး တိတ်တခိုး မှတ်တမ်း ရုပ်ရှင်ကားတွေ ရိုက်ကူး နေပါတယ်။ သူ့ချစ်သူက အကြောင်း တစ်ခုကြောင့် သူ့ကို သစ္စာ ဖောက်လိုက်ရ ပါတယ်။ ဒီလို သစ္စာဖောက်လိုက်ရခြင်း ဟာ သူ့အသက်ကို ကယ်ဖို့အတွက် လုပ်လိုက်ရခြင်း ဖြစ်ကြောင်း အမျိုးသား ကလေးက မသိခဲ့ပါဘူး။ ရလဒ်က တော့ အမျိုးသားကလေး ထောင်ကျ သွားပြီး နှိပ်စက် ညှဉ်းပန်းခံရတဲ့ အပြင် ပြည်နှင်ဒဏ်လည်း ပေးခံရပါတယ်။
အခု ကျွန်မ ဥပမာပေးခဲ့တဲ့ ၀တ္ထု နှစ်ပုဒ်စလုံးမှာ တူညီတဲ့အချက်ကတော့ အချစ်ကြောင့် စွန့်လွှတ်ကြတယ်ဆိုတဲ့ အချက်ပါပဲ။ အချစ်ရဲ့ အားအင်ကြောင့် ကြောက်ရွံ့စိတ်တွေကို ဘေးဖယ်ပြီး စွန့် စားခဲ့ကြတယ်။ အမျိုးသားရော အမျိုိး သမီးပါ အချစ်ရဲ့ခွန်အားများနဲ့ သူတို့ ရည်မှန်းချက်ကို ရောက်အောင် သွားနိုင် ခဲ့ကြတယ်။
တချို့အချစ်ဝတ္ထုများမှာတော့ ဒီလို ခဲယဉ်းပင်ပန်းတဲ့ ဇာတ်ကွက်တွေ မပါ ဘဲ ပေါ့ပေါ့ပါးပါး ဟာသများနှောကာ ရေးသားတတ်တဲ့ စာရေးဆရာများ လည်း ရှိပါတယ်။
၆။
ပြင်းထန်ခွန်အား ကြီးမားတဲ့ အချစ် ၀တ္ထုများမှာ နောက်ထပ်အချက်တစ် ချက် ရှိပါသေးတယ်။ ဘေးအန္တရာယ် အကြီးမားဆုံး ကြုံတွေ့ပြီး သေဘေး နဲ့ ရင်ဆိုင်ရတော့မယ့်အခါမှာ မိန်းက လေးရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အမျိုးသားလေးက အသက်ကို စွန့်လွှတ် စွန့်စားပြတတ်တဲ့ အချက်ပါပဲ။ ဒီလို စွန့်စား လိုက်ခြင်းကြောင့် တစ်ယောက်နဲ့ တစ်ယောက် ပိုမိုနက်ရှိုင်းတဲ့ အချစ်စိတ် တွေနဲ့ ချစ်သွားတတ်ကြပါတယ်။
ဘာဖြစ်လို့ အဲဒီလို အသက် အန္တရာယ် ကြုံတဲ့အထိ ကြီးမားတဲ့ဇာတ် ကွက်မျိုးကို ဖန်တီးရတာလဲလို့ မေးစရာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို ဇာတ်ကွက်မျိုးသာ မပါရင် အောင်မြင်မှု မရနိုင်လို့ပါပဲ။ တခြားနည်းတစ်ခုနဲ့ ဖြေ ရှင်းလိုက်နိုင်တဲ့အတွက် မင်းသားနဲ့ မင်း သမီးတို့ရဲ့ ဇာတ်သိမ်းမှာ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း ဆိုတဲ့ဇာတ် သိမ်းမျိုး ရေးနိုင်မှာ ဖြစ်ပြီး စာဖတ်ပရိ သတ်လည်း ကျေနပ်မှု ရသွားမှာ ဖြစ် ပါတယ်။
၇။
စိတ်လှုပ်ရှားခြင်းဟာ အချစ် ၀တ္ထုများ အတွက် နှလုံးသားနဲ့ ၀ိညာဉ်ဖြစ် တယ်လို့ ဆိုရင် မမှားပါဘူး။ စာဖတ် သူက ဇာတ်ကောင်များ ဘယ်လို ခံစား ရတယ်။ ဘာကြောင့် ဒီလိုခံစားရတယ် ဆိုတာတွေကို သိချင်ပါတယ်။ စာဖတ် သူက ဇာတ်ကောင်များနဲ့ အတူ စီးဝင် မျောပါခံစားစေလို့ ဖြစ်ပါတယ်။ ဒါ ကြောင့် စာရေးဆရာက သူ့ဇာတ်ကောင် များနဲ့ စာဖတ်ပရိသတ်ကို တစ်သား တည်း ဖြစ်နေအောင် ဖန်တီးတတ်ရပါ မယ်။
အအောင်မြင်ဆုံး အချစ်ဝတ္ထုရေး ဆရာများက သူ့ဇာတ်ကောင်တွေ ဘယ်လို ခံစားနေရတယ် ဆိုတာကို စာဖတ်ပရိသတ် သိအောင် အလွယ်တကူ ပြောမပြ ပါဘူး။ ဒါပေမဲ့ ဇာတ်ကောင်များရဲ့ စိတ်လှုပ်ရှားမှုကို စာဖတ်ပရိသတ် သိအောင် နည်းပရိယာယ်များနဲ့ ရေးဖွဲ့ပြ ကြပါတယ်။
နည်းတစ်နည်းကတော့ သူ သို့မ ဟုတ် သူမရဲ့ စိတ်ခံစားတုံ့ပြန်မှုကို ရေး ဖွဲ့ပြခြင်းပါပဲ။ ရင်ခုန်တဲ့အခါမှာ ဘယ် လိုခံစားရသလဲ။ ကြောက်တဲ့အခါ၊ ၀မ်း နည်းတဲ့အခါ၊ ချစ်တဲ့အခါ ခံစားရတာ တွေကို ရေးဖွဲ့ပြခြင်းအားဖြင့် သူ့ဇာတ် ကောင်ရဲ့ စိတ်ခံစားမှုကို စာဖတ်ပရိ သတ် နားလည်အောင် ရေးပြပါတယ်။ ဒီလိုရေးပြလိုက်တဲ့အတွက် စာဖတ်သူ က ဇာတ်ကောင်ရဲ့ ရင်ခုန်သံကိုတောင် ကြားနိုင်ပါတယ်။ ကြက်သီးမွေးညင်း ထတာကိုလည်း ခံစားနိုင်တယ်။ ကြောက်လွန်းလို့ အာခေါင်ထဲမှာ ခြောက် သွေ့လာတာကိုလည်း စာဖတ်သူက ခံ စားလို့ ရသွားပါပြီ။ ဒီနည်းနဲ့ ဆရာကြီး၊ ဆရာမကြီးများက သူတို့ဇာတ်ကောင် ရဲ့ စိတ်လှုပ်ရှားမှုများကို စာဖတ်သူ သိ အောင် ရေးဖွဲ့ကြပါတယ်။
ဒီလို ရေးဖွဲ့ရာမှာ သတိထားဖို့က တော့ ဇာတ်ကောင်ရဲ့ ခံစားမှုတိုင်းကို ရေးဖွဲ့ရပါမယ်။ သူ မြင်တာလေး လောက်ကို ကွက်ပြီး ရေးလို့ မရပါဘူး။ သူ ဘာကြားတယ်။ ဘာအနံ့ရတယ်။ ဘယ်အရသာကို ခံစားနေတယ်။ ဘယ် အထိအတွေ့ကို ခံစားနေရတယ်က အစ ရေးပြဖို့ လိုပါတယ်။
၈။
အချစ်ဝတ္ထုတွေက စိတ်ခံစားမှုကို ဖော်ပြတဲ့ ဇာတ်လမ်းများ ဖြစ်ပြီး ဖြစ်ရပ် တိုင်းမှာ ဇာတ်ကောင်တွေက ဘယ်လို တုံ့ပြန်တယ် ဆိုတာကို ဖော်ပြရပါတယ်။ ဆိုကြပါစို့။ အမျိုးသားဇာတ်ကောင်တစ် ယောက်က တောင်စွန်းတစ်ခုမှာ တွဲလောင်း ဖြစ်နေတယ် ဆိုကြပါစို့။ ဒါမျိုး ကတော့ တကယ့်ကို သည်းထိတ်ရင်ဖို မြင်ကွင်းပါပဲ။ သူ့အောက်ကို ငုံ့ကြည့် လိုက်ရင် ပေ ၁၀၀ လောက်မှာ စီးဆင်း နေတဲ့ မြစ်တစ်စင်းကို မြင်ရတယ်ဆို ကြပါစို့။ သူ မြင်ရတဲ့ ခံစားချက်ထက် သူ့ကို မြင်ရတဲ့ သူ့ချစ်သူကောင်မလေး ဘယ်လိုခံစားရမယ်ဆိုတဲ့ ခံစားချက်က ပိုပြီးအရေးကြီးပါတယ်။ ပျာယာခတ် ပြီး သူ့ကို ကယ်တင်ဖို့ ကြိုးစားမလား။ ဘာမှ မလုပ်ဘဲ ကြောင်ပြီး ကြည့်နေမလား။
စာရေးဆရာမ အဲလစ်ဇဘက် အက်ရ်ှထရီး ရေးခဲ့တဲ့ The Captian and the Kid ၀တ္ထုမှာ မင်းသားရဲ့သား က နှလုံးခွဲစိတ်ကုသမှု မခံရဘူးဆိုရင် အသက် ဆုံးရှုံးတော့မယ်။ ဒါပေမဲ့ သူတို့နေအိမ်က ရုရှားမှာ ဖြစ်ပြီး အဲဒီ မှာက ကောင်းမွန်ထိရောက်တဲ့ ဆေးဝါး ကုသမှုကလည်း မရနိုင်ဘူး။ အဲဒီတော့ အဖေတစ်ယောက်အနေနဲ့ သားရဲ့ အသက်ကို ကယ်နိုင်ဖို့အတွက် အမေရိ ကန်ပြည်ထောင်စုထဲကို ခိုးဝင်ဖို့ နည်း လမ်းတစ်လမ်းပဲ ရှိတော့တယ်။ အဲဒီ အချိန်မှာ အဖေတစ်ယောက် အနေနဲ့ ဘယ်လို ခံစားရမလဲ။ မင်းသားရဲ့ချစ်သူ မင်းသမီးက အမေရိကန် ပြည်ထောင်စုရဲ့ ရဲတပ်ဖွဲ့က အရာရှိတစ်ယောက် လည်း ဖြစ်နေပြန်ရင် ဒီမိန်းကလေး အနေနဲ့ သူ့ချစ်သူရဲ့ ဥပဒေချိုးဖောက် မှုကို အရေးယူဆောင်ရွက်မလား။ လျစ် လျူရှုမလား။ အဲဒီလို စိတ်ခံစားမှု အထွေထွေကို အချစ်ဝတ္ထုများက ပေး နိုင်မှသာလျှင် စာဖတ်ပရိသတ်ကို ဆွဲ ဆောင်နိုင်မှာပါ။
အချစ်ဝတ္ထု အများစုမှာ စာရေး ဆရာများက အမျိုးသမီးဇာတ်ကောင် ဘက်က ရေးသလို အမျိုးသားဇာတ် ကောင်များထဲက ခံစားချက်ကိုလည်း ရေးကြပါတယ်။ ဒီလိုဘာကြောင့် ရေးရသလဲ ဆိုတော့ စာဖတ်သူများက ဇာတ်ကောင်များရဲ့ ရင်တွင်း ခံစားချက်ကို သိလိုကြခြင်းကြောင့် ဖြစ်ပါတယ်။
၉။
အချစ်ဝတ္ထု ရေးတဲ့ စာရေးဆရာများမှာ အမြဲတစေ ကြုံရတဲ့ ပြဿနာကတော့ ချစ်သူနှစ်ဦးရဲ့ ချစ်ခန်းကြိုက်ခန်း များပါပဲ။ ကျွန်မ ရေးခဲ့တဲ့ ၀တ္ထုတစ်ပုဒ် အခန်း ၁၀ မှာ ကျွန်မက မင်းသားနဲ့ မင်းသမီးကို ခုတင်ပေါ် ပို့လိုက်ပါတယ်။ ခုတင်ပေါ်ရောက်သွားတယ်ဆို ကတည်းက နောက်ထပ် ဘာဆက်ဖြစ် ကြမယ်ဆိုတာ အထူးတလည် ရေးဖွဲ့ ပြစရာ မလိုတော့ပါဘူး။ ကျွန်မကတော့ ခုတင်ပေါ်က ချစ်ခန်း ကြိုက်ခန်းကို မရေးဘဲ နှစ်ယောက်သား တစ်ယောက် အကြောင်း တစ်ယောက် ပွင့်ပွင့်လင်း လင်း ပြောပြကြတဲ့ အခန်းအဖြစ် ရေး ဖွဲ့လိုက်ပါတယ်။ ဒီအခန်းကို ဖတ်ခြင်းအားဖြင့် မင်းသားနဲ့ မင်းသမီးရဲ့ နောက် ခံအကြောင်းအရာများကို စာဖတ်သူက သဘောပေါက် နားလည်သွားစေပါတယ်။
အချစ် ၀တ္ထုများမှာ စာရေးဆရာက ချစ်ခန်း ကြိုက်ခန်းကို ဘယ်လောက် အထိ ရေးမလဲ၊ ဘယ်လို စကားလုံးတွေ သုံးမလဲ ဆိုတာကတော့ ကိုယ့်စာအုပ်ကို ထုတ်ဝေမယ့်သူက လိုင်းချပေးတတ်ကြ ပါတယ်။
ကျွန်မ၀တ္ထု ဖြစ်တဲ့ Harlequin Intrigues မှာဆိုရင် အယ်ဒီတာရဲ့ လမ်း ညွှန်မှုနဲ့ ကျွန်မ ရေးခဲ့ရပါတယ်။ စာအုပ် ထုတ်ဝေတဲ့ တိုက်တစ်တိုက်တည်းနဲ့ အလုပ်လုပ်တဲ့ စာရေးဆရာများအနေနဲ့ အခုလိုပဲ အယ်ဒီတာ၊ ထုတ်ဝေသူများရဲ့ အလိုကို လိုက်ရတာတွေ ရှိပါတယ်။ တစ်ခါတလေမှာ ကိုယ်က မရေးချင် ပေမဲ့ သူတို့က တောင်းဆိုတဲ့ အခါ ရေး ရပါတယ်။ ရေးပြီးတဲ့ အခါတိုင်းမှာလည်း ငါ့အမေများ ဖတ်မိရင် ဘာပြော မလဲ။ ငါ့ကလေးတွေ ဖတ်မိရင် ဘယ် လိုထင်ကြမလဲ။ စိတ်တထင့်ထင့် ဖြစ်ရပါတယ်။ ဘယ်သူ ဘာထင်ထင် ဂရု မစိုက်ဘူးဆိုတဲ့ သူများအတွက်ကတော့ တစ်မျိုးပေါ့။
၁၀။
အချစ်ဝတ္ထုများ အတွက် နောက် ဆုံးလိုအပ်ချက်တစ်ခုကတော့ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း ဆိုတဲ့ ဇာတ် သိမ်းမျိုး ဖြစ်ပါတယ်။ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း မဟုတ်ရင် ဒီ ၀တ္ထုဟာ အချစ်ဝတ္ထု မဟုတ်ဘူးလို့ သတ်မှတ်တဲ့ သူတွေတောင် ရှိပါတယ်။ အချစ်ဝတ္ထု ဆိုတာက လူနှစ်ယောက် ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ရေးဖွဲ့ပြီး နောက်ဆုံးမှာ တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲသွားကြ တာမျိုး မဟုတ်ပါဘူး။ အချစ်ဝတ္ထု ဆိုတာက လူနှစ်ယောက် တစ်ဘ၀အဖြစ် ပေါင်းစည်းကြပြီး ကြုံလာသမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြတဲ့ ဇာတ်လမ်းမျိုးသာ ဖြစ် ပါတယ်။
ပြဿနာတွေ ဘယ်လိုပဲ ရှိပါစေ။ ဖြေရှင်းကြပြီး နောက်ဆုံးမှာ နွေးထွေး မှု၊ ကြင်နာမှုတွေနဲ့ ပေါင်းစည်းရပါမယ်။ အဓိကဇာတ်ကောင် နှစ်ယောက်တည်းသာ မဟုတ်ဘဲ သူတို့ပတ်ဝန်း ကျင်မှာ ရှိတဲ့ မိတ်ဆွေတွေ၊ မိဘဆွေ မျိုးအသိုင်းအ၀ိုင်းတွေ အားလုံး ပျော်ရွှင် စွာ ဇာတ်သိမ်းခြင်းသာလျှင် အချစ်ဝတ္ထု စစ်စစ် ဖြစ်ပါတယ်။
ဆရာမ ရေဗက္ကာက အချစ်ဝတ္ထု များအကြောင်းကို အဲဒီလို ရေးဖွဲ့ခဲ့ပါ တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆယ်ကျော်သက်များ ဖတ်နေကြတဲ့ အချစ်ဝတ္ထုများကရော ဒီဘောင်အတွင်း မှာ ရှိကြပါသလား။ ဆန်းစစ်ကြည့်ကြ ပါစို့။
ဝင်းငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)
| <urn:uuid:b4b76fe6-0a86-436a-96f6-1398f6473ae1> | CC-MAIN-2013-20 | http://www.shweamyutay.com/index.php?option=com_content&view=article&id=4054&Itemid=694&fontstyle=f-default | 2013-05-24T14:24:26Z | s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368704664826/warc/CC-MAIN-20130516114424-00043-ip-10-60-113-184.ec2.internal.warc.gz | mya | 0.958354 | Mymr | 14 | {"mya_Mymr_score": 0.9583536386489868, "blk_Mymr_score": 0.041017983108758926} |
Please visit to the GitHub repository for other Myanmar Langauge datasets.
Myanmar Fineweb2 Dataset
A preprocessed subset of the Fineweb2 dataset containing only Myanmar language text, with consistent Unicode encoding.
Dataset Description
This dataset is derived from the Fineweb2 created by HuggingFaceFW. It contains only the Myanmar language portion of the original Fineweb2 dataset, with additional preprocessing to standardize text encoding.
Filtered and Removed Subsets
This dataset provides two configurations:
- filtered: Contains Myanmar text that passed the original filtering criteria
- removed: Contains Myanmar text that was filtered out by the original filtering pipeline
These two subsets together represent the complete Myanmar language data from Fineweb2 after global deduplication. This structure allows researchers to easily apply their own filtering criteria or work with both the filtered and unfiltered data according to their needs.
Quote from original dataset: While we tried our best to not overfilter, we know that our filtering isn't perfect, and wanted to allow the community to easily re-filter the data with their own filtering criteria. We have therefore also uploaded the data that was removed by our filtering pipeline for each language (it is suffixed by
_removed
). The filtered + the removed subsets of each language represent the entire data for a given language following global deduplication, which means that you do not have to re-deduplicate it yourself. You can find and adapt our filtering code here.
Preprocessing
The main preprocessing step applied to this dataset was:
- Zawgyi to Unicode conversion: Myanmar text can be encoded in two different ways - Zawgyi and Unicode. We detected Zawgyi-encoded text and converted it to Unicode for consistency, ensuring all text in the dataset uses the same encoding standard.
The conversion was performed using Myanmar Tools for detection and ICU for transliteration:
from myanmartools import ZawgyiDetector
from icu import Transliterator
# Initialize the detector and converter
detector = ZawgyiDetector()
converter = Transliterator.createInstance('Zawgyi-my')
# Example conversion function
def zawgyi_to_unicode(text):
score = detector.get_zawgyi_probability(text)
if score > 0.5: # If likely Zawgyi
return converter.transliterate(text)
return text # Already Unicode
Dataset Structure
The dataset keep the same fields as the original fineweb-2 dataset.
Usage
Load Filtered Subset
You can load this dataset's filtered subset using the Hugging Face datasets library:
from datasets import load_dataset
dataset = load_dataset("chuuhtetnaing/myanmar-c4-dataset")
Load Whole Dataset (including removed)
You can also load this whole dataset using the Hugging Face datasets library:
from datasets import concatenate_datasets
filtered_ds = load_dataset("chuuhtetnaing/myanmar-fineweb-2-dataset", name='filtered')
removed_ds = load_dataset("chuuhtetnaing/myanmar-fineweb-2-dataset", name='removed')
ds = DatasetDict({
"train": concatenate_datasets([filtered_ds["train"], removed_ds["train"]]),
"test": filtered_ds["test"]
})
Dataset Creation
This dataset was created by:
- Extracting the Myanmar language split (both filtered and removed) from the original Fineweb2 dataset
- Detecting Zawgyi-encoded text using Google's Myanmar Tools probabilistic detector on each line
- Converting Zawgyi text to Unicode using ICU's transliteration converter on each line
Dependencies
The preprocessing of this dataset relied on:
- Myanmar Tools - For Zawgyi detection
- PyICU - For Zawgyi to Unicode conversion
- Documentation - Documentation from Myanmar Tools
License
This dataset follows the same license as the original Fineweb2 dataset. Please refer to the original dataset page for licensing information.
Myanmar Tools is released under the Apache License 2.0.
- Downloads last month
- 116