English
stringlengths
3
367
Burmese
stringlengths
7
434
anxiety is a response to more uncertain threats that tends to last much longer.
ပူပန်မှုက ပိုကြာရှည်တတ်တဲ့ မသေချာတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တာပါ။
It's all part of the threat detection system, which all animals have to some degree, to help protect us from predators.
သားကောင်တွေဆီကနေ ကာကွယ်ဖို့ သတ္တဝါတိုင်းမှာ တစ်နည်းနည်းနဲ့ ရှိတဲ့ ခြိမ်းခြောက်မှု သိရှိရေးစနစ်ရဲ့ အစိတ်အပိုင်းပါ။
Anxiety starts in the brain's amygdala, a pair of almond-sized nerve bundles that alert other areas of the brain to be ready for defensive action.
ပူပန်မှုက ဦးနှောက်ရဲ့ amygdala မှာ စတင်တယ်။ ကာကွယ်ရေး လုပ်ဆောင်ချက်အတွက် အသင့်ဖြစ်ဖို့ ဦးနှောက်ရဲ့ အခြားနေရာတွေကို သတိပေးတဲ့ ဗာဒံစေ့အရွယ် အာရုံကြော အစုအဝေးတစ်စုံပါ။
Next, the hypothalamus relays the signal, setting off what we call the stress response in our body.
နောက်တော့ hypothalamus က အချက်ပြမှုကို ထပ်လွှင့်ပြီး ခန္ဓာကိုယ်ထဲမှာ ဖိစီးမှု တုံ့ပြန်မှုလို့ ခေါ်တာကို စတင်စေတယ်။
Our muscles tense, our breathing and heart rate increase and our blood pressure rises.
ကျွန်မတို့ရဲ့ ကြွက်သားတွေ တင်းလာတယ်၊ အသက်ရှူတာနဲ့ နှလုံးခုန်နှုန်း မြန်လာပြီး သွေးပေါင်ချိန် မြင့်တက်လာတယ်။
Areas in the brain stem kick in and put you in a state of high alertness.
ဦးနှောက်ရင်းက နေရာတွေက ၀င်ရောက်လာပြီး သင့်ကို အမြင့်ဆုံး နိုးကြားတဲ့ အခြေအနေမှာ ထားရှိတယ်။
This is the fight-or-flight response.
ဒါက တိုက်ခိုက်မလား၊ ထွက်ပြေးမလား ဆိုတဲ့ တုံ့ပြန်မှုပါ။
There are ways the fight-or-flight response is kept somewhat in check, with an area of higher-level thinking called the ventromedial prefrontal cortex.
တိုက်ခိုက်မလား၊ ထွက်ပြေးမလား ဆိုတဲ့ တုံ့ပြန်မှုကို ventromedial prefrontal cortex လို့ခေါ်တဲ့ အဆင့်မြင့် တွေးခေါ်မှု နေရာကနေ ထိန်းချုပ်ထားတဲ့ နည်းလမ်းတွေ ရှိပါတယ်။
It works like this.
အလုပ်လုပ်ပုံက ဒီလိုပါ။
If a person sees something they think is dangerous, like a tiger, that sends a signal to the amygdala, saying "it's time to run."
လူတစ်ယောက်က ကျားတစ်ကောင်လို အန္တရာယ်များတယ်လို့ ထင်တဲ့အရာကို မြင်ရင် amygdala ကို "ပြေးဖို့ အချိန်ရောက်ပြီ" လို့ အချက်ပြတယ်။
The ventromedial prefrontal cortex can say to the amygdala, "Hey, look. The tiger's in a cage. You know what a cage is? They can't escape from a cage. It's OK to calm down."
ventromedial prefrontal cortex က amygdala ကို "ဟေ့ကြည့်၊ ကျားက လှောင်အိမ်ထဲမှာ။ လှောင်အိမ်ဆိုတာ ဘာလဲ မင်းသိလား။ သူတို့ လှောင်အိမ်ထဲက မလွတ်နိုင်ဘူး။ စိတ်အေးအေးထားလို့ရပြီ" လို့ ပြောနိုင်တယ်။
It's a feedback loop that can help keep the response in check.
တုံ့ပြန်မှုကို ထိန်းချုပ်ထားဖို့ ကူညီပေးနိုင်တဲ့ feedback loop တစ်ခုပါ။
The hippocampus is also involved.
hippocampus လည်း ပါဝင်ပါတယ်။
It provides context, saying things like, "Hey, we've seen tigers in cages before. We're in a zoo. You are extra safe."
ဒါက "ဟေ့ ငါတို့ ကျားတွေကို လှောင်အိမ်တွေထဲမှာ အရင်က မြင်ဖူးတယ်။ ငါတို့ တိရစ္ဆာန်ရုံထဲမှာ။ မင်း ဘေးကင်းတယ်" ဆိုတာမျိုး ပြောပြီး အခြေအနေကို ပံ့ပိုးပေးတယ်။
With anxiety, these threat-detection systems and mechanisms that reduce or inhibit them are functioning incorrectly and cause us to worry about the future and our safety in it.
စိုးရိမ်စိတ်နဲ့ပတ်သက်ရင် ခြိမ်းခြောက်မှုကို သိရှိတဲ့ စနစ်တွေနဲ့ ဒါတွေကို လျှော့ချတဲ့ တားဆီးတဲ့ ယန္တရားတွေက မှားယွင်းစွာ လုပ်ဆောင်နေပြီး အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ဖြစ်စေတယ်။
But for many people, it goes into overdrive.
ဒါပေမယ့် လူအတော်များများအတွက် ဒါက လွန်ကဲသွားတယ်။
They experience persistent pervasive anxiety that disrupts work, school and relationships and leads them to avoid situations that may trigger symptoms.
အလုပ်၊ ကျောင်းနဲ့ ဆက်ဆံရေးတွေကို နှောင့်ယှက်ပြီး ရောဂါလက္ခဏာတွေ ပေါ်စေနိုင်တဲ့ အခြေအနေတွေကို ရှောင်ချင်စေတဲ့ အမြဲတမ်း နေရာအနှံ့ ဖြစ်နေတဲ့ စိုးရိမ်စိတ်ကို သူတို့ ခံစားရတယ်။
Anxiety disorders are not at all uncommon.
စိုးရိမ်စိတ်ရောဂါတွေက လုံးဝကို မဆန်းပါဘူး။
Based on data from the World Mental Health Survey, researchers estimate that about 16 percent of individuals currently have or have had an anxiety disorder.
ကမ္ဘာ့ စိတ်ကျန်းမာရေး စစ်တမ်းက ဒေတာတွေအရ သုတေသီတွေ ခန့်မှန်းတာက လူတွေရဲ့ ၁၆ ရာခိုင်နှုန်းလောက်က လက်ရှိ စိုးရိမ်စိတ်ရောဂါ ရှိနေတယ် (ဒါမှမဟုတ်) ရှိဖူးတယ်လို့ ဆိုပါတယ်။
These include social anxiety disorder, panic disorder, agoraphobia and phobias.
လူမှုရေး စိုးရိမ်စိတ်ရောဂါ၊ ထိတ်လန့်တုန်လှုပ်တဲ့ရောဂါ၊ လူအုပ်ကြား ကြောက်ရောဂါနဲ့ အခြား ကြောက်စိတ်ရောဂါတွေ ပါဝင်ပါတယ်။
Studies have shown that people with anxiety disorders don't just have a different way of reacting to stress.
လေ့လာမှုတွေက ပြသတာက စိုးရိမ်စိတ်ရောဂါ ရှိသူတွေဟာ ဖိစီးမှုကို တုံ့ပြန်ရာမှာ နည်းလမ်း ကွဲပြားတာတင် မဟုတ်ပါဘူး။
There may be actual differences in how their brain is working.
သူတို့ရဲ့ ဦးနှောက် လုပ်ဆောင်ပုံမှာ တကယ်ကို ကွာခြားချက်တွေ ရှိနိုင်ပါတယ်။
One model describes possible mix-ups in the connections between the amygdala and other parts of the brain.
ပုံစံတစ်ခုက amygdala နဲ့ ဦးနှောက်ရဲ့ အခြား အစိတ်အပိုင်းတွေကြား ဆက်သွယ်မှုတွေမှာ ရှုပ်ထွေးမှုတွေကို ဖော်ပြပါတယ်။
The pathways that signal anxiety become stronger.
စိုးရိမ်စိတ်ကို အချက်ပြတဲ့ လမ်းကြောင်းတွေက ပိုအားကောင်းလာတယ်။
And the more anxiety you have, the stronger the pathways become, and it becomes a vicious cycle.
စိုးရိမ်စိတ် ပိုများလေ လမ်းကြောင်းတွေက ပိုအားကောင်းလေ ဖြစ်ပြီး ရုန်းမထွက်နိုင်တဲ့ ၀ဲဂယက် ဖြစ်လာတယ်။
The good news is there's treatment for anxiety, and that you don't have to suffer.
သတင်းကောင်းက စိုးရိမ်စိတ်အတွက် ကုသမှု ရှိတယ်၊ ခံစားစရာ မလိုဘူး ဆိုတာပါပဲ။
Remember, this isn't about weakness.
ဒါက အားနည်းချက်နဲ့ မဆိုင်ဘူးဆိုတာ သတိရပါ။
It's about changing brain patterns, and research shows that our brains have the ability to reorganize and form new connections all throughout our lives.
ဦးနှောက် ပုံစံတွေ ပြောင်းလဲတာနဲ့ ဆိုင်တယ်။ သုတေသနတွေအရ ကျွန်မတို့ရဲ့ ဦးနှောက်တွေမှာ ဘဝတစ်လျှောက်လုံး ပြန်လည်ဖွဲ့စည်းပြီး ဆက်သွယ်မှုအသစ်တွေ ဖန်တီးနိုင်စွမ်း ရှိတယ်လို့ သိရတယ်။
A good first step is to do the basics.
အခြေခံကျတာတွေ လုပ်တာက ပထမခြေလှမ်းကောင်း တစ်ရပ်ပါ။
Eat a balanced diet, exercise regularly and get plenty of sleep, as your mind is part of your body.
မျှတတဲ့ အစားအစာတွေ စားပါ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ၊ အိပ်ရေးဝဝ အိပ်ပါ။ စိတ်က ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း ဖြစ်လို့ပါ။
It might also help to try meditation.
တရားထိုင်တာကလည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။
Instead of our heart rate rising and our body tensing, with mindfulness and breathing, we can slow down the fight-or-flight response and improve how we feel in the moment.
နှလုံးခုန်နှုန်း မြန်လာပြီး ခန္ဓာကိုယ် တင်းလာမယ့်အစား၊ သတိနဲ့ အသက်ရှူခြင်းအားဖြင့် တိုက်ခိုက်မလား၊ ထွက်ပြေးမလား ဆိုတဲ့ တုံ့ပြန်မှုကို နှေးကွေးစေပြီး ခံစားချက်ကို ပိုကောင်းစေနိုင်ပါတယ်။
Cognitive behavioral therapy, a form of talk therapy, can also be fantastic.
သိမှတ်မှု အပြုအမူဆိုင်ရာ ကုထုံး၊ စကားပြောကုထုံး ပုံစံတစ်မျိုးကလည်း အရမ်းကောင်းပါတယ်။
In it, you learn to identify upsetting thoughts and determine whether they're realistic.
ဒီထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အတွေးတွေကို ဖော်ထုတ်ပြီး လက်တွေ့ကျလား ဆုံးဖြတ်ဖို့ သင်ယူရမှာပါ။
Over time, cognitive behavioral therapy can rebuild those neural pathways that tamp down the anxiety response.
အချိန်ကြာလာတာနဲ့အမျှ သိမှတ်မှု အပြုအမူဆိုင်ရာ ကုထုံးက စိုးရိမ်စိတ် တုံ့ပြန်မှုကို လျှော့ချပေးတဲ့ အာရုံကြော လမ်းကြောင်းတွေကို ပြန်လည်တည်ဆောက်နိုင်ပါတယ်။
Medication can also give relief, in both the short-term and the long-term.
ဆေးဝါးကလည်း ရေတိုရော ရေရှည်မှာပါ သက်သာမှု ရစေနိုင်ပါတယ်။
In the short-term, anti-anxiety drugs can down-regulate the threat-detection mechanisms that are going into overdrive.
ရေတိုမှာ စိုးရိမ်စိတ် သက်သာစေတဲ့ ဆေးဝါးတွေက လွန်ကဲနေတဲ့ ခြိမ်းခြောက်မှုကို သိရှိတဲ့ ယန္တရားတွေကို လျှော့ချပေးနိုင်ပါတယ်။
Studies have shown that both long-term medications and cognitive behavioral therapy can reduce that overreactivity of the amygdala we see in anxiety disorders.
လေ့လာမှုတွေအရ ရေရှည်ဆေးဝါးတွေနဲ့ သိမှတ်မှု အပြုအမူဆိုင်ရာ ကုထုံး နှစ်မျိုးစလုံးက စိုးရိမ်စိတ်ရောဂါတွေမှာ တွေ့ရတဲ့ amygdala ရဲ့ လွန်ကဲတဲ့ တုံ့ပြန်မှုကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။
High blood pressure and diabetes, they can be treated or managed over time.
သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတွေကို အချိန်ကြာလာတာနဲ့အမျှ ကုသလို့ရတယ် (ဒါမှမဟုတ်) ထိန်းချုပ်လို့ရပါတယ်။
And the same is true for an anxiety disorder too.
စိုးရိမ်စိတ်ရောဂါအတွက်လည်း အတူတူပါပဲ။
Sleep is so important.
အိပ်စက်မှု အလွန်အရေးကြီးပါတယ်။
We need it to live.
ကျွန်မတို့ အသက်ရှင်ဖို့လိုတယ်။
And when we can't sleep, we're desperate for help.
အိပ်မပျော်တဲ့အခါ အကူအညီတောင်းဖို့ အသည်းအသန် ဖြစ်တတ်တယ်။
But lately, our fascination with sleep feels as if it's taken on an urgency.
ဒါပေမဲ့ မကြာသေးမီက အိပ်စက်မှုကို စွဲလမ်းမှုက အရေးတကြီးသလို ခံစားလာရတယ်။
Do a quick internet search for sleep and you'll find a slew of articles about how to make your sleep perfect.
အိပ်စက်တာအတွက် အင်တာနက်မှာ အမြန်ရှာဖွေပါ၊ ပြီးပြည့်စုံတဲ့ အိပ်စက်နည်းအကြောင်း ဆောင်းပါး တစ်ပုံကြီးကို တွေ့ရမှာပါ။
New gadgets, fancy alarm clocks, stay away from blue light.
ကိရိယာအသစ်တွေ၊ နှိုးစက်နာရီ အဆန်းစားတွေ၊ အပြာရောင်အလင်းကနေ ဝေးဝေးနေပါ။
There are lots of services, products and advice columns that tell us we're sleeping wrong.
ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေနဲ့ အိပ်နေတာ မှားတယ်လို့ပြောတဲ့ အကြံပေး ဆောင်းပါးများစွာတယ်။
Not enough, not quality sleep, wrong position.
အိပ်ချိန် မလောက်တာ၊ အရည်အသွေးမမီတာ အနေအထားမမှန်တာ၊
Even worse, you might find scary messaging claiming that if you're not sleeping right your life is going to be shorter, you're going to get all kinds of diseases.
ပိုတောင်ဆိုးတာက အိပ်စက်တာ မမှန်ရင် အသက် ပိုတိုမယ်၊ ရောဂါမျိုးစုံရလိမ့်မယ်ဆိုတဲ့ ကြောက်စရာ သတင်းစကားတွေကို တွေ့နိုင်တယ်။
One of the biggest worries we have about our sleep is that we're not getting enough and that anything less than seven hours a night means that we’re doomed to bad health,
အိပ်စက်တာနဲ့ ပတ်သက်ပြီး အကြီးဆုံး စိုးရိမ်မှုတစ်ခုက အလုံအလောက် မရရှိတာဖြစ်ပြီး တစ်ညမှာ ၇ နာရီထက်နည်းတာက သွေးတိုးကနေ အယ်လ်ဇိုင်းမားရောဂါအထိ အားလုံးက ကျန်းမာရေးကို ဆိုးရွားစေမှာပါ။
everything from high blood pressure to Alzheimer’s disease.
သွေးတိုးကနေ အယ်လ်ဇိုင်းမားရောဂါအထိ အားလုံးအတွက်ပါ။
But there are two flaws with this kind of messaging.
ဒါပေမဲ့ ဒီလို သတင်းစကားမှာ ချို့ယွင်းချက် နှစ်ခုရှိတယ်။
The first flaw is that it's not completely accurate.
ပထမ ချို့ယွင်းချက်က လုံးလုံး မတိကျဘူး။
Seven to eight hours of sleep, while recommended for adults, is just an average.
၇ နာရီကနေ ၈ နာရီအထိ အိပ်စက်တာက လူကြီးအတွက် အကြံပြုထားတဲ့ အတိုင်း ပျမ်းမျှသာပါ။
And while messages have to be simplified for health communication to the public, sometimes important nuances get lost.
အများပြည်သူဆီ ကျန်းမာရေး ဆက်သွယ်မှုအတွက် သတင်းစကားတွေကို ရှင်းအောင်လုပ်ထားပေမဲ့ တစ်ခါတစ်ရံမှာ အရေးကြီးတဲ့ ကွဲပြားမှုတွေ ပျောက်သွားတတ်တယ်။
So yes, it's true that not getting enough sleep in the long term is associated with health problems like cardiovascular disease, diabetes and depression.
ဒါကြောင့် ရေရှည်မှာ အိပ်ရေးမဝတာက နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဆီးချိုရောဂါနဲ့ စိတ်ဓာတ်ကျတာ စတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ဆက်နွယ်နေတာ မှန်ပါတယ်။
But fixating solely on seven to eight hours ignores the fact that there's a range of sleep that people need.
ဒါပေမဲ့ ၇ နာရီကနေ ၈ နာရီအတွင်းသာ ပြုပြင်တာက လူတွေလိုအပ်တဲ့ အိပ်ချိန် အပိုင်းအခြား ရှိတယ်ဆိုတာကို လျစ်လျူရှုတာပါ။
The duration of a good night's sleep can be different for different people.
တစ်ညတာ ကောင်းစွာ အိပ်စက်မှုရဲ့ ကြာချိန်ဟာ မတူတဲ့ လူတွေအတွက် မတူညီနိုင်ဘူး။
Some adults need eight, but some are just fine on six.
လူကြီးတချို့မှာ ၈ နာရီလိုအပ်ပေမဲ့ တချို့က ၆ နာရီနဲ့ လုံလောက်တယ်။
The second flaw with this kind of doomsday messaging is that it can be counterproductive, especially for people who do have trouble sleeping.
ဒီလို ကြောက်စရာ သတင်းစကားမျိုးရဲ့ ဒုတိယ ချို့ယွင်းချက်က အထူးသဖြင့် အိပ်မပျော်တဲ့သူတွေအတွက် ဆန့်ကျင်ဘက်ဖြစ်စေနိုင်တယ်။
For instance, in 2019, it was estimated that 21 percent of adults in the US were wearing sleep tracking devices.
ဥပမာ ၂၀၁၉ ခုနှစ်က US မှာ လူကြီး ၂၁ % ဟာ အိပ်စက်မှု ခြေရာခံကိရိယာတွေ ဝတ်ဆင်ကြတယ်လို့ ခန့်မှန်းရတယ်။
And that number is probably growing. And I get it.
ဒီအရေအတွက်က တိုးလာနိုင်တယ်။ ကျွန်မ နားလည်တယ်။
It's fascinating to see how much sleep you've gotten each night and to know what part of your night was spent in deep sleep or dreaming.
ညတိုင်း ဘယ်လောက် အိပ်လဲ၊ ညရဲ့ ဘယ်အပိုင်းကို နှစ်ခြိုက်စွာ အိပ်ပျော်လဲ၊ ဒါမှမဟုတ် (သို့) အိပ်မက်မက်နေ လဲ ဆိုတာကို သိဖို့က စိတ်ဝင်စားစရာပါ။
But having all of that sleep data is causing some people to become obsessed with it, so much so that it’s leading to a condition some call orthosomnia:
ဒါပေမဲ့ ဒီအိပ်စက်မှု ဒေတာ အားလုံး ရှိတာက တချို့လူတွေကို ဒါနဲ့ ဥပါဒါန်ဖြစ်လာစေပြီး တချို့က ခေါ်ကြတဲ့ orthosomnia အခြေအနေကို ဦးတည်စေတယ်။
a preoccupation with the constant need to achieve perfect sleep.
ပြီးပြည့်စုံတဲ့ အိပ်စက်မှုကို ရရှိဖို့ စဉ်ဆက်မပြတ် လိုအပ်တဲ့ စိတ်စွဲလမ်းမှုပါ။
And this condition, ironically, is causing more sleep problems.
ဒီအခြေအနေက ဖြစ်ချင်တော့ အိပ်ရေးမဝတဲ့ ပြဿနာတွေကို ပိုဖြစ်စေတယ်။
Now orthosomnia might be an extreme example, but the anxiety of not getting enough sleep is keeping some of us up at night.
ကဲ orthosomnia က လွန်ကဲတဲ့ သာဓကတစ်ခု ဖြစ်နိုင်ပေမဲ့ အလုံအလောက် မအိပ်တာကို စိုးရိမ်စိတ်က တချို့ကို ညဘက်မှာ အိပ်မပျော်စေတာပါ။
So here's what some experts are saying. Stop fixating on the number because that can lead to unrealistic expectations of sleep.
ဒီတော့ ဒါက ပညာရှင်အချို့က ပြောနေကြတာပါ။ လက်တွေ့မကျတဲ့ အိပ်စက်မှု မျှော်လင့်ချက်တွေကို ဖြစ်စေနိုင်လို့ နံပါတ်ကို ပြုပြင်တာကို ရပ်လိုက်ပါ။
According to Dr. Colleen Carney, a psychologist and the head of the Ryerson University Sleep Lab, the basic questions you should ask yourself are:
Ryerson University Sleep Lab မှ စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ Colleen Carney ရဲ့ အဆိုအရ သင့်ကိုယ်သင် မေးသင့်တဲ့ အခြေခံ မေးခွန်းတွေက-
Do I feel reasonably well-rested during the day? Do I generally sleep through the night without disturbances? Or, if I wake, do I fall back asleep easily?
နေ့ဘက်မှာ ကောင်းမွန်စွာ အနားယူနေတယ်လို့ ခံစားရလား။ ယေဘုယျအနေနဲ့ အနှောက်အယှက်မရှိဘဲ တစ်ညလုံး အိပ်ပျော်လား။ ဒါမှမဟုတ် နိုးရင် လွယ်လွယ်နဲ့ ပြန်အိပ်လား။
Can I stay awake through the day without involuntarily falling asleep? If your answers are yes to all three, you probably don't need to worry about your sleep.
သူ့အလိုလို အိပ်မပျော်ဘဲနဲ့ တစ်နေ့လုံး နိုးနေနိုင်လား။ အဖြေသုံးခုလုံးအတွက် ဟုတ်တယ်ဆိုရင် သင့်အိပ်ချိန်အတွက် စိတ်ပူစရာမလိုလောက်ပါဘူး။
And if you're struggling with your sleep, instead of buying expensive blue light filters or fancy sleep trackers, try talking with your doctor to make sure there aren't any medical conditions that need to be explored first.
သင်ဟာ အိပ်စက်တာအတွက် ရုန်းကန်နေရရင် စျေးကြီးတဲ့ အပြာရောင် အလင်းစစ်ထုတ်စက်တွေ(သို့) အိပ်စက်မှု ခြေရာခံကိရိယာ အဆန်းတွေကို ဝယ်တာအစား ပထမဦးစွာရှာဖွေဖို့ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ အခြေအနေတွေမရှိတာ သေချာဖို့ သင့်ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။
Then try evidence-based recommendations laid out by the American Academy of Sleep Medicine.
ဒီနောက် American Academy of Sleep Medicine ကနေ ချမှတ်ထားတဲ့ အထောက်အထား အခြေခံ အကြံပြုချက်တွေကို စမ်းကြည့်ပါ။
What's really cool is that there's a highly effective therapy called cognitive behavioral therapy for insomnia, or CBT-I, It doesn’t have any medications involved.
တကယ် ကောင်းတာကတော့ အိပ်မပျော်တာအတွက် သိမှုဆိုင်ရာ အပြုအမူကုထုံးလို့ခေါ်တဲ့ အလွန်ထိရောက်တဲ့ကုထုံးတစ်ခု ဒါမှမဟုတ် CBT-I ရှိပါတယ်။ ၎င်းမှာ ဘာဆေးဝါးမှ မပါဝင်ပါဘူး။
And it has a really low failure rate.
၎င်းမှာ ကျရှုံးမှုနှုန်းလည်း တကယ် နည်းပါးတယ်။