Datasets:
Modalities:
Text
Formats:
json
Libraries:
Datasets
Dask
License:
Dataset Viewer (First 5GB)
The table contains 100 rows per page, up to 5GB.
Auto-converted to Parquet
Full Screen
text
stringlengths
0
1.06M
url
stringlengths
16
3.85k
August 30, 2013 ပီလီ၊ ရာဂျား အမီနာနဲ့ ဓါတ်ပြားတိုက်က ဦးကုလားကြီး (ကောင်းကင်မဂဇင်းတွင် ဖော်ပြပါရှိပြီး) ပန်းချီ ထိန်လင်း ပီလီဆိုတာ နာမည်အရင်းမဟုတ်၊ ဒါပေမယ့် သူ့နာမည်အရင်းကို ဘယ်သူမှ မမှတ်မိတော့။ သူ့ဖာသာပင် မနည်းပြန်စဉ်းစားရမည်ထင်သည်။ ရုတ်တရက်ဆို သူ့နာမည်အရင်းကို ခေါ်လိုက်ပါက တောင်ကြည့်မြောက်ကြည့်ပင် ကြည့်နေပေအုန်းမည်။ ဒီနာမည်ကလည်း ကျောင်းမှာ အတန်းပိုင်ဆရာမက လူစစ်လို့ နာမည်ခေါ်စဉ်သာ ထူးရတာဆိုတော့ သူ့နာမည်အရင်းကို သူမေ့တာ မဆန်းလှပေ။ ပီလီဆိုတဲ့ နာမည်ကို သူကျေကျေနပ်နပ် လက်ခံထားလို့လည်း ဖြစ်မည်။ ကျမတို့ အိမ်ရှေ့မြေကွက်လပ်က ဘောလုံးကွင်းတစ်ကွင်းစာ နီးပါးရှိမည်။ အကျယ်အဝန်း ဘယ်လောက်ဆိုတာတော့ သေသေချာချာမသိပါ။ ဒါမျိုးက ငယ်ငယ်တုန်းက အင်မတန်ကြီးသည်၊ ကျယ်သည် ထင်ရသော အရာများသည် အခုလို အသက်ကလေးရလာပြီး နှစ်အတန်ကြာမှာ ပြန်ကြည့်တဲ့ အခါ သိပ်မကြီးတော့တာ သိပ်မကျယ်တော့တာမျိုး ဖြစ်တတ်သည် ။ ကျမတို့ ငယ်စဉ်ကတော့ ယောင်္ကျားလေးတွေ ဘောလုံးကန်နေရင် မိန်းကလေးတွေက ကွင်းအစပ်မှာ ဖန်ခုန်၊ ကြိုးခုန်၊ ဩဇာသီးတောက် စသဖြင့် ကစားလို့ရတာတော့ မှတ်မိသည်။ ထုပ်ဆီးတိုးလို့တော့မရ၊ မိန်းကလေးတွေ ထုပ်ဆီးတိုးနေပါက ယောင်္ကျားလေးတွေ ဘောလုံးကန်လို့မရ။ တစ်ယောက်နှင့် တစ်ယောက် အပေးအယူတော့ရှိသည်။ " နင်တို့ ဘယ်အချိန်ထိ ထုပ်ဆီးတိုး၊ ငါတို့ဘယ်အချိန်ဘေလုံးကန်မယ်။" စသဖြင့်၊ ဆိုလိုတာက အိမ်ရှေ့က ဘောလုံးကွင်းသည် အဲဒီလောက် အကျယ် ရှိသည်လို့ ပြောချင်တာဖြစ်သည်။ ပီလီ့အကြောင်း ပြောရာက ဘောလုံးကွင်းဆီ ရောက်သွားတာက ဘောလုံးကွင်းက အစပြုတာပဲ သိစေလို၍ ဖြစ်သည်။ အဲဒီ ဘောလုံးကွင်းမှာ ဘောလုံးကန်ကြတဲ့ ယောင်္ကျားလေးတွေကို ရပ်ကွက်ထဲက အကိုကြီးတစ်ယောက်က သူသိသမျှ တတ်သမျှ ဘောလုံးနည်းပညာတွေ မျှဝေရင်း သူတို့တွေ အပျော်တမ်းကန်ရာက စနစ်တကျ လေ့ကျင့်သည့် အဆင့်ကို ရောက်လေတော့သည်။ ကျမတို့ မိန်းကလေးတွေကို ချော့မော့ကာ တခြားနေရာမှာ သွားကစားဖို့နဲ့ ဇယ်တောက်တမ်းသာ ကစားဖို့ စည်းရုံးထားလေသည်။ သူတို့ စည်းရုံးသည်က အလွယ်လေးပင်၊ ထိုခေတ်ထိုအခါက ပိုက်ဆံနဲ့တောင် ပေးဝယ်ရသည့် ဩဇာစေ့တွေကို မိန်းကလေးတွေကို အလကားဝေပေးခြင်းပင်။ မိန်းကလေးတွေက ဇယ်တောက်နေပါက သူတို့မှာ လွတ်လွတ်လပ်လပ် ဘောလုံးကန်ခွင့်ရကြပေသည်။ ထိုခေတ် ထိုအချိန်က ကိုယ့်ရပ်ကွက်ထဲမှာ မိဘအရွယ် အသက်အရွယ် ကြီးရင့်သူကို မဆိုထားနှင့် ကိုယ့်ထက် ငါးနှစ်လောက်ကြီးသည့် ဆယ်တန်းအောင်မြင်ထားသည့် ထိုအကိုကြီးအရွယ် အမကြီးအရွယ်တွေဆိုပါက လေးစားရသည်။ သူတို့ ပြောတာ နားထောင်ရသည်။ မှတ်မိသေးသည်၊ ကျမတို့ ၃တန်းအရွယ်( အသက်အားဖြင့် ရှစ်နှစ်အရွယ်) က သူငယ်ချင်းအဖော်တစ်ယောက်နဲ့ လမ်းမကြီးထိပ်က ကွမ်းယာဆိုင်မှာ အိမ်က ခိုင်းလို့ ဆေးလိပ်သွားဝယ်တာ လမ်းထဲက အကိုကြီးတွေနဲ့တွေ့တော့ "ဘာလာလုပ်တာလဲ" မေးသည်။ ဆေးလိပ်ဝယ်တာဆိုတော့ လက်ထဲ ဆေးလိပ်ပါမပါကြည့်သည်။ ပြီးတော့" ကောင်းကောင်းပြန်ကြ "ဆိုကာ လမ်းသွယ်ထဲ ဝင်သွားသည်အထိ စောင့်ကြည့်ပြီးမှ သူတို့သွားစရာရှိတာ ဆက်သွားသည်။ ကူညီစောင့်ရှောက်ကြသည့်အပြင် ကျမတို့ကလဲ ကိုယ့်အကိုရင်းတွေလို ကြောက်ရသည်။ ပြောစကား နားထောင်ရသည်။ ဘာမှမဆိုင်ပဲ မေးရလား ပြောရလားဆိုတဲ့ အတွေးတွေ မရှိကြ။ အဲဒီ အကိုကြီးတွေက နေရာဖယ်ခိုင်းတော့ ဖယ်ပေးရသည်။ အဲဒီမှာ ဘောလုံးကန်တာကို စနစ်တကျ လေ့ကျင့်ပေးရင် ကျမတို့လမ်းရဲ့ နှစ်လမ်းကျော်မှာ နေတဲ့ ကုလားလေး တစ်ယောက်က လာလာထိုင်ကြည့်သည်။ သူ့ဆီဘောလုံးကျလာရင် ကပျာကယာ ပြေးပြေးကောက်ပေးသည်။ သူက ကျောင်းမှာတော့ ကျမအထက်က အကိုနဲ့ အတန်းအတူတူပင်။ ဘောလုံးကို စနစ်တကျ ကစားတတ်လာသည့်အခါ အချင်းချင်း လူခွဲပြီး ကန်ခိုင်းသည်။ ပြည်နယ်နှင့်တိုင်း ဘောလုံးပွဲတွေ ရှိနေသည့်အချိန်ဆို တစ်ပွဲကို နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ ခေါ်ပြပြီး ကြည့်စေသည်။ နောက်ပိုင်းမှာတော့ ဘောလုံးအသင်းတစ်သင်း ဖွဲ့လိုက်နိုင်တော့သည်။ အစပိုင်းမှာ ကိုယ်လိုပဲ ဖွဲ့ထားသည့် အသင်းအချင်းချင်း ချိန်းကန်ရာက ရပ်ကွက်ဘောလုံးပြိုင်ပွဲတွေ လုပ်လာတော့ ပြိုင်ပွဲက ကြည့်ကောင်းလာသည်။ စနစ်တကျ လေ့ကျင့်ထားသည့် ကျမတို့ ရပ်ကွက်အသင်းက အပျော်တန်းကန်တဲ့ တခြားအသင်းတွေကို အမြဲလိုလို နိုင်လေတော့သည်။ ဂိုးသမားကိုပင်လျှင် ရပ်ကွက်ထဲမှာနေသည့် လက်ရွေးစင် ဂိုးသမားဟောင်းတစ်ယောက်က လာသင်ပေးသည်။ လူကြီးတွေလဲ မနေရတော့။ အသင်းအောင်မြင်ရေးအတွက် တစ်တပ်တအားပါကြလေသည်။ မိန်းကလေးတွေလဲ ဇယ်တောက်တာရပ်ပြီး အားပေးတဲ့ ပရိသတ်ရော၊ သံပုရာသီး လိမ္မော်သီး ရေ ဝေတဲ့သူတွေပါ ဖြစ်ကုန်ကြသည်။ ကုလားလေးကလဲ အမြဲတမ်း တစ်ကောက်ကောက်ပါသည်။ လေ့ကျင့်ရင်း မိုးချုပ်ပါက မိုးချုပ်သည်အထိ ထိုင်ကြည့်သည်။ တစ်ရက်မတော့ တိုက်စစ်မှုးတစ်ယောက်လိုသည်။ နာသွားလို့လား၊ သူ့အိမ်က စာမေးပွဲနီးလို့ပဲ မပါခိုင်းတာလားမမှတ်မိတော့ပေ။ ထိုအခါ ကုလားလေးကို ဝင်ကစားခိုင်းရာ သူက အခြားအသင်းဖော်များနဲ့ ဟန်ကျပန်ကျ အချိတ်အဆက်မိမိ ကစားနိုင်လေတော့သည်။ တကယ့်ပွဲကြီး မစခင် အခြားအသင်းတစ်သင်းနှင့် ချိန်းကန်သည့်ပွဲတွင် အနိုင်ဂိုးကို ကုလားလေးက သွင်းပေးလိုက်ရာ "ပီလီကွ" ဆိုသောအသံသည် ဘယ်က ထွက်လာသည်မသိ၊ အားလုံး က "ပီလီ ပီလီဆိုသော ခေါ်သံများ လွှမ်းသွားလေတော့သည်။ ထိုအချိန်မှစ၍ ထိုကုလားလေးသည် ပီလီ ဖြစ်သွားလေတော့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုကုလားလေး ပီလီသည် ဘယ်ခြေဖြင့် ဂိုးသွင်းတတ်သူ ဖြစ်လေသည်။ " ပြိုင်ဘက်ကင်း" ဆိုသည့် ထိုဘောလုံးအသင်းသည် ကျမတို့မြို့ကလေးမှာ နာမည် အကြီးဆုံးအသင်း ဖြစ်လာလေသည်။ ပွဲတိုင်းလိုလို နိုင်လေသည်။ ဘောလုံးပွဲက နိုင်ပြီး အိမ်အပြန်မှာ ကစားသမားတွေကို ပခုံးပေါ်ထမ်းပြီး ပြန်ကြလေရာ ကုလားလေး ပီလီကို ထမ်းချင်သူတွေ အများသားပင်။ ဒူးထောက်ပြီး ပခုံးကိုလက်ပုတ်လို့ ပီလီ ရေ တက်ကွလို့ ခေါ်သူတွေက မနည်းမနော။ လမ်းမှာ ဖြတ်သွားတဲ့ နေရာတိုင်းမှာ " ပြိုင်ဘက်ကင်း" ကွ လို့ ဝိုင်းပြီး အော်ဟစ်အားပေးကြသလို အနှီ ကုလားလေးကို တွေ့တာနဲ့ "ပီလီ" ကွလို့ အော်ကြပြန်သည်။ ဘောလုံးကွင်းသေးသေးလေးမှာ ရစ်သီရစ်သီ လုပ်ရင်း ကစားချင်တာလဲ မပြောရဲပဲ၊ ကျသွားတဲ့ ဘောလုံးလေး ပြေးကောက်ပေးရာက အသင်းထဲ ဝင်ကစားရတော့ ကျေနပ်နေတဲ့ အပြင် သူ့တာဝန်ကျေအောင် စွမ်းစွမ်းတမံ ကစားလေသည်။ ကစားသမား အချင်းချင်းမှလည်း သူ့ဆို ခင်မင်ကြသည်။ ဘယ်လောက်နောက်နောက် စိတ်မဆိုး။ အသင်းနိုင်ပြီဆို ရပ်ကွက်ထဲက ပိုက်ဆံချမ်းသာတဲ့ သူတွေက အိပ်စိုက်ပြီး ထမင်းချက်ကျွေးလျှင်လဲ အတူ စားကြတာပင်။ အမြဲတမ်းလိုလို ချက်တာက ကြက်သားနဲ့ဘူးသီး ကာလသားချက်ပင်။ အားလုံးဝိုင်းဖွဲ့ပြီး စားကြတာပင်။ ပီလီ့အဖေက သူ့သားကို လာကြည့်ပြီး ပြုံးနေလေသည်။ အခုဆိုရင် ထိုကုလားလေး ပီလီလည်း အသက်(၅၀)နီးပါး ရှိပေတော့မည်။ သူ့မှာ သားသမီးတွေ ရှိပေလိမ့်မည်။ ထို့ထက်ပိုက မြေးတွေတောင် ရနေပေလိမ့်မည်။ သူ့သားသမီးတွေ မြေးတွေကို သူ့အကြောင်း ပြန်ပြောရင် ဒီခေတ်ကလေးတွေက "အဖိုးကြီး ပုံပြင်တွေ ပြောနေတယ်" ထင်မလား၊ ဒါမှမဟုတ်" တို့ခေတ်ရောက်မှ ဘာတွေ ဖြစ်ကုန်ဘီလဲလို့" ပြောကြမလားပဲ တွေးမိလေသည်။ ရာဂျာဆိုတာလဲ ကုလားပင်။ သူ့ကို ဆရာမက " ဟဲ့ .. ဟို ကုလားလေး နင့်နာမည် ဘယ်သူ" လို့မေးရင် ရာဂျား.... ဆိုတဲ့ နာမည် အရှည်ကို ပြောတတ်သည်။ ကျမတို့က ရာဂျားပဲ မှတ်မိတော့ ရာဂျားပဲ ခေါ်သည်။ သူကလဲ သူ့ကို ကုလားလို့ခေါ်တာ စိတ်ဆိုးစရာလို့ ထင်ဖို့နေနေသာသာ " အမည်သညာ ခေါ်စရာကား ကုလား" လို့ပဲ မှတ်ထားဟန်တူသည်။ သူက သူငယ်ချင်း အိမ်သွားရင် တွေ့ရတတ်သည်။ အဲဒီအိမ်မှာပဲ ထမင်းစားကြုံရင် ထမင်းစားသည်။ ငပိရည် တို့စရာ စားသည်။ သူ့အမေက အိမ်ကိုတော်တော်နှင့် မရောက်လို့ လိုက်ရှာရင်းတွေ့ပါက " အားနာစရာ သူများအိမ်မှာ လူကများရတဲ့ကြားထဲ နင်က သွားစားနေရလား။ အမကြီးရေ နောက်နေ့မှ ဆိတ်သားဟင်း ပို့ပေးအုန်းမယ်" ပြောပြီး တကယ်လဲ ဟင်းတွေ ပို့ခိုင်းသည်။ မြန်မာအိမ်မှာ ထမင်းသွားစားရလားလို့ တခါမှ မဆူမပြော။ တစ်ဦးတည်းသောသားမို့ ပညာတတ်စေချင်တဲ့အပြင် လူမျိုးခြားတဲ့ အတွက် အသွင်မတူတာဖြစ်ပြီး ပြောတာဆိုတာ ရိုင်းရင် ခွင့်လွှတ်နော်လို့ သီးခံနော်လို့ သူ့သားသူငယ်တွေ တွေ့တိုင်းပြောတတ်သေးသည်။ သူ့သားကို အများက ခွဲထားမှာ၊ အပေါင်းအသင်းမရှိမှာလည်း စိုးရိမ်တတ်ပြန်သေးသည်။ သီးခံရမယ်နော် သူငယ်ချင်းတွေကို သီးခံရမယ်၊ သူငယ်ချင်းဆိုတာ သီးခံရတယ်၊ ရန်မဖြစ်ရဘူး တဖွဖွ ဆုံးမတတ်သည်။ မူလတန်းထဲက အတူတူတွသည့် သူငယ်ချင်းတွေ ဘွဲ့တွေရ အိမ်ထောင်တွေကျသည်အထိ အဝင်အထွက် မပြတ်ရှိနေတာ တွေ့ရပြန်သည်။ အနှီ ရာဂျား အခုအချိန်ဆို ဘာတွေတွေးနေမှာပါလိမ့် သိချင်နေသည်။ အမီနာကတော့ သူ့ကို ချစ်ခင်သည့် လူကြီးတစ်ယောက်က စ နောက်ပြီး ခေါ်တာဖြစ်သည်။ သူ့မှာ ကုလားနာမည်မရှိ။ မွေးကတည်းက သူ့နာမည်က မြန်မာမိန်းကလေးတွေကို ပေးတဲ့နာမည်ပင်။ နာမည်နှင့်လိုက်အောင် သူ့မျက်နှာက ချိုသည်။ စကားပြောလျှင် ရယ်ပြီးပြောသည့်အပြင် အရယ်လဲသန်သည်။ သူကတော့ ကျမနဲ့လုပ်ငန်းခွင်မှာ ဆုံခဲ့ရသည့် ကုလားမလေးပင်။ ညဖက်အတူ တာဝန်ကျလျှင် သူ့ပါးစပ်က ပွစိပွစိဖြင့် ရွတ်နေတတ်သည်။ ဘာတွေ ရွတ်တာလဲ မေးတော့ "ဘုရားစာရွတ်သည်တဲ့။" သူက သရဲကို အသေအလဲ ကြောက်သည်။ သူတို့ဥပုသ်လတွင် ခွင့်ယူလို့မရပါက အလုပ်ဆင်းရလျှင် ပင်ပန်းနွမ်းနယ်နေဟန်က အထင်းသား။ ထိုအခါ ကျမက သူ့ကို မကြာခန နားစေပါသည်။ သူကတော"့ ရပါတယ် ဘာမှ မဖြစ်ပါဘူး"ဆိုလေသည်။ " တံတွေး မမျိုပဲ ဘယ်လိုနေသလ"ဲလို့ ကျမက စပ်စုတော့ အကျင့်ဖြစ်နေလို့လားမသိ။ ဘယ်လိုမှ မနေဟု ဆိုလေသည်။ ကျမက ငါးပါးသီလအကြောင်း သူ့ကိုပြောတော့ သူကလဲ သူတို့စောင့်ထိန်းရတာတွေ ပြောပြသည်။ နောက်ဆုံး နှစ်ယောက်စလုံးသိသွားတာက ဘယ်ဘာသာမှာမဆို လူတွေကို ဘဝမှာကောင်းအောင် နေဖို့နည်းလမ်းပြထားတွေချည်းပဲ တွေ့ရတာဖြစ်သည်။ မကောင်းတာက လူနှင့်သာဆိုင်သည်လို့ အတွေးချင်းဖလှယ်မိတော့ လူချင်းပိုရင်းနှီးသွားသည်။ ထမင်းစားလျှင် လုပ်ဖော်ကိုင်ဖက်တွေနှင့် အတူစုစားသည်။ ဝက်သားဟင်းပါသည့် ချိုင့်က သူ့ရှေ့မှာ ဝဲလည်လှဲ့နေသည်။ တစ်ယောက်ယောက်က သတိရပြီး ဘေးကို နဲနဲ ရွှေ့ပေးလျှင် " ရပါတယ်" ဟု အားနာစွာ ပြောတတ်သည်။ ကျမတို့ကလည်း အလိုက်သိစွာ ဇွန်းတစ်ချောင်းကို သူ့ချိုင့်ထဲ သတ်သတ်ထဲ့ပေးထားသည်။ အတူပြော အတူနေ အတူစားရင်း သူ့ကို ကုလားမလေးတစ်ယောက်လို့ပင် မထင်ပဲ မေ့လျှော့နေတတ်သည်။ သူက သနပ်ခါးလဲ ကြိုက်သည်။ ရုံးလာလျှင် သနပ်ခါး အဖွေးသားနှင့် မြန်မာဝတ်စုံ ရင်ဖုံးအင်္ကျီနှင့်ပင်။ သူ့ကို အမီနာလို့ခေါ်ပြီး စနောက်တတ်သည့် ဦးလေးကြီးက တခါတရံ "ံ နင့်တိုင်းပြည် မပြန်ဘူးလား" မေးရင် သူစိတ်ဆိုးသည်။ "ကျမကို မြန်မာပြည်မှာ မွေးတာ၊ ကျမအဖေကိုလဲ မြန်မာပြည်မှာ မွေးတာ။ ကျမက ဘယ်တိုင်းပြည်ကို ပြန်ရမလဲ"လို့ စိတ်ဆိုးပေမယ့် ရယ်ရယ်မောမော ပြန်ပြောတတ်သည်။ သူ့အဖေက "....ဌာနမှာ စာရေးလုပ်တာ။ အဖေတို့ခေတ်က ပိုက်ဆံစုမိတယ်လေ။ အခုနေတဲ့ တိုက်ခန်းက အဖေဝယ်တော့ ၃၀၀၀ ပဲပေးရတာ"လို့ ပြောပြဖူးသည်။ သူတို့ အဖိုး အဖွားတွေ မြန်မာပြည်ကို ဘယ်လိုဘယ်ပုံ ရောက်လာသလဲ သူမသိ။ သူတင်မဟုတ် သူ့အဖေတောင်မသိ။ သူ့အဖေက သူ့ကို ရန်ကုန်မှာမွေးသည်၊ ရန်ကုန်မှာကျောင်းတက် ပြီးတော့ အလုပ်လုပ်သည်တဲ့။ ရုံးကလူတွေ ကျိုက်ထီးရိုးဘုရားဖူးသွားရင် သူလိုက်သည်။ အများလိုက်နာတဲ့ စည်းကမ်းတွေ သူများလုပ်သလို လိုက်လျှောညီထွေဖြစ်အောင်နေသည်။ သူ့ကို အားလုံးက ခင်မင်ကြသည်။ ရုံးမှာ အားလုံးအတူတူပဲ ဖြစ်သည်။ အခုအချိန်ဆို ကြောက်တတ်တဲ့ အမီနာတစ်ယောက် ဘာတွေတွေးနေမလဲ၊ သူသိတာ သူ့တိုင်းပြည်က သူနေနေတဲ့ အရပ်လို့ သူသိသည်။ အခုအချိန် ပြန်တွေ့ရင် " အမရယ် စိတ်ညစ်လိုက်တာ ဘာတွေဖြစ်နေမှန်းမသိဘူး" လို့ သူ့မူဟန်အတိုင်း ရယ်ပြီး ပြောနေမည်ထင်သည်။ မြန်မာ့အသံရဲ့ တစ်ခုတည်းသော ဓါတ်ပြားတိုက်မှာ သူ့အလုပ်ကို အင်မတန်ကျွမ်းကျင်နှံ့စပ်သည့် ဝန်ထမ်းတစ်ဦးရှိသည်။ သူလိုလူမျိုး နောက်တစ်ယောက် ဘယ်လိုမှ မရှိနိုင်လို့ ပြောရမည်။ တကယ်ကိုမရှိပါ။ သီချင်းနာမည် ပြောလိုက်တာနှင့် တိပ်ခွေနံပါတ် ဘယ်လောက် ဘယ်လောက် ဆိုတာ ဒက်ကနဲ ပြောနိုင်သည်။ ဒါက အရေးတကြီး ကြုံမှထုတ်ပြောခြင်း၊ လွှင့်ခါနီးမှ အထက်လူကြီးက သတင်းပီးရင် ဒီသီချင်းကို လွှင့်ရမယ်ပြောရင် စာအုပ်ထဲမှာ ဆိုတဲ့သူနာမည်၊ တိပ်ခွေနံပါတ် စသဖြင့်ရှာနေရရင် အချိန်ကြာတတ်တဲ့အတွက် အရေးကြီးတဲ့ အချိန်ဆိုပါက ဒက်ကနဲ ပြော၍ ဖတ်ကနဲ ရှာပေးတတ်သည်။ သာမာန်အချိန်ဆို သူ့ပရိုစီဂျာအတိုင်း သီချင်းရှာ၊ စာအုပ်ထဲက အခွေနံပါတ်နဲ့တိုက်ပြီး ထုတ်၊ အတိအကျ လုပ်ခိုင်းသည်။ သီချင်းနာမည် မေ့နေရင်လဲရသည်။ သီချင်းအစလေး နဲနဲ ရွတ်ပြလိုက်တာနဲ့ သီချင်းနာမည်၊ အဆိုတော် ပြောပြနိုင်သည်။ ဒါ့အပြင် မူရင်းက ဘယ်သူ ပြန်ဆိုက ဘယ်သူ ၊ဘယ်အခွေမှာ ရှိတယ်၊ စသဖြင့် ပြောနိုင်သည်။ ဒီသီချင်းက ပဒေသာမှာ ရှာလို့မရဘူး၊ သူက ဘယ်တုန်းက ဘယ်ရုပ်ရှင်မှာ ဆိုထားတာ၊ ရုပ်ရှင်သီချင်း မှာရှာ စသဖြင့် ကျွမ်းကျင်သည်။ ဓါတ်ပြားတိုက်မှာ တိပ်ခွေပေါင်း သိန်းနှင့်ချီ ရှိရာ အရေးကြီးသည့် အခွေများကို နံပါတ်ပါ အလွတ်ရသည်။ သူ့မှာက သူတော်တာကို သူ့ဘာသာ စိတ်ကြီးဝင်တတ်တာကလွဲရင် စိတ်ကောင်းရှိသည်။ အသားကမည်းတယ်ဆိုတာထက် နက်မှောင်နေတာဖြစ်သည်။ သူ့ကို ကျမတို့က" အင်္ကျီအဖြူရောင် မဝတ်ပါနှင့်၊ ဝတ်ရင်လဲ ညဖက် ကျမတို့အသံလွှင့်တဲ့ စက်ခန်းတွေဆီ မလာပါနဲ့"လို့ ရယ်သလိုမောသလို ပြောလျှင် ရယ်နေတတ်သည်။ အသားက နက်နေတော့ ရုတ်တရက် အင်္ကျီအဖြူကြီးပဲ ရွေ့နေသည်ဟု ထင်ရလို့ဖြစ်သည်။ အီးဒ်နေ့ရောက်လျှင် "ဘာလို့ရုံးတက်တာလဲ၊ ဘာမှ မကျွေးဘူးလား"မေးပါက ကျနော်က ဟိန္ဒူလို့ပြောသည်။ သူပြောလဲ ပြောတုန်းပင် ကျမတို့က မေ့မေ့ပီး ထိုရက်ရောက်တိုင်း မေး သူကလဲ သူ ဟိန္ဒူ ဟုပြန်ရှင်းမြဲပင်။ သူ့ကို ဦးကုလားကြီးလို့ ခေါ်တော့ အစမှာ စိတ်ဆိုးသေးသည်။ နောက်တော့ ခေါ်ရင်းရိုးသွားသည်။ အသံကူးနေရင်း အကြောင်းတစ်ခုခုပေါ်လာရင် ဖုန်းဆက်ကာ " ဦးကုလားကြီး ရေ စက်ခန်းထဲ အမြန်လာ" ဆို ရောက်လာတာချည်းပင်။ တခါတလေ ဓါတ်ပြားတိုက်ဘက် သွားမည့် လူကြုံရှိပါက ဓါတ်ပြားတိုက်က ဦးကုလားကြီး ကို ပြောလိုက်ပါလို့ လူကြုံမှာတတ်သေးရာ အခြားသူတွေကပါ ဦးကုလားကြီး ဖြစ်ကုန်တော့သည်။ မြန်မာ့အသံရဲ့ နောက်ကွယ်က အရေးကြီးသူစာရင်းမှာ သူပါသည်။ အသံလွှင့်မည့် အခွေအားလုံး သူထုတ်ပေးမှရသည်။ အသံသွင်းဖို့ တိပ်ခွေကို သူ့ဆီက ထုတ်ရသည်။ အခွေတွေကို သူ့ဆီ အပ်ရသည်။ ဓါတ်ပြားတိုက်မှာ တိပ်ခွေဂျီးဆေးသည့်အရည်လဲ သူထုတ်ပေးမှရသည်။ ဒါ့ကြောင့် တစ်ချို့က သူ့ကို စတတ်သည်။ " ကျုပ်တို့က ကုလားပညာပြတာ ခံနေရတာ" လို့ဆိုရင် သူစိတ်ဆိုးသည်။ သူလိုလူရှိနေလို့ စိတ်ချရတာ။ သူ့နေရာမှာ သစ္စာမရှိတဲ့သူဆို မြန်မာ့အသံမှာ အရေးကြီးတဲ့ အချက်အလက်တွေ မှတ်တမ်းတွေ ပျောက်ပျက်ကုန်မှာ၊ မသမာသူတွေ လက်ထဲ ရောက်ကုန်မှာပေါ့လို့ ဆိုတတ်သည်။ ဓါတ်ပြားတိုက်မှာ အကူလုပ်သားကနေ တာဝန်ခံ ဦးစီးအရာရှိဖြစ်တဲ့အထိ နှစ်ပေါင်း(၄၀)နီးပါး လုပ်သွားခဲ့သည်။ မြန်မာ့အသံရဲ့ သက်တမ်းက အနှစ်(၆၀)မှာ သူ့ရဲ့လုပ်သက်က နှစ်(၄၀)ဆိုတော့ သူက တကယ့်ကို ရှေ့မီ နောက်မီ။ ဘယ်သီချင်းက ဘယ်လို စဖြစ်လာတာကအစ အဆိုတော်တွေ တေးရေးတွေအကြောင်း ဂဃနဏ သိသည်။ ဓါတ်ပြားတိုက်ဝန်ထမ်းကနေ နာမည်ကြီးအဆိုတော် ဖြစ်သွားသည့်သူတွေ အကြောင်း သူပြောပြတတ်သည်။ အဆိုတော် မေရှင်၊ မေလှမြိုင်မှသည် မာမာအေး၊ တင်တင်မြ ၊ ချစ်စပယ်၊ စိုးစန္ဒာထွန်း အထိ သူမီသည်။ မြန်မာ့အသံမှာ အသံသွင်းရင်း ဖူးစာဆုံကြပုံကအစ ပြောပြတတ်လေသည်။ ဝန်ကြီးအဆက်ဆက်၊ ညွှန်ကြားရေးဝန်အဆက်ဆက် မီခဲ့သူမို့ အကြီးအကဲ အထာကို နောကျေအောင်သိသူပင်။ ညွှန်ကြားရေးဝန်တစ်ယောက်နဲ့ ခေတ်ဟောင်းအဆိုတော် အမျိုးသမီးရယ် အဆိုတော်ကြီးတစ်ယောက်တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းအကြောင်းကိုလည်း ပြောပြတာမို့ လွမ်းမောဖွယ် သိရပြန်သည်။ သို့သော် လူတိုင်းသိနေတဲ့ ကိစ္စကလွဲပြီး သူတပါးထိခိုက်မယ့် နှုတ်လုံတတ်ပြန်သည်။ ဌာနတာဝန်ကို လိုတာထက်ပင် သစ္စာရှိရှိ ထမ်းဆောင်သွားလေသည်။ ပင်စင်ယူပြီး ပင်စင်လစာပင် ထွက်မလာသေး ကွယ်လွန်သွားခဲ့သည်။ သူနဲ့ခင်မင်တဲ့ ဝန်ထမ်းတစ်ယောက်နဲ့အတူ သဲအင်းဂူမှာ တရားစခန်းဝင်ရင်း ကွယ်လွန်သွားတာပဲ ဖြစ်သည်။ သူ့နာရေးမှာ သူ့အကို မိသားစုကလွဲပြီး လိုက်ပို့သူအားလုံးက မြန်မာတွေချည်းဖြစ်သည်။ သူလဲ အမီနာ့လိုပင်။ " ကျုပ်ကို မြန်မာပြည်မှာ မွေးတာဗျ၊ ကျုပ်တိုင်းပြည်က မြန်မာပြည်လေ" လို့ အမြဲပြောတတ်သူဖြစ်သည်။ ဝန်ထမ်းဘဝ ချို့တဲ့စွာပဲ နေထိုင်သွားခဲ့သည်။ သို့ပေမယ့် နိုင်ငံ့တာဝန်ကို မငြီးမငြူ ထမ်းဆောင်သွာသည်။ ညဘက်အရေးကြီှးလျှင် ကြီးသလို၊ အမိန့်ကြော်ငြထုတ်သည့်ရက်ဆို စတင်းဘိုင် ဆိုတာချည်းပင်။ မနက် ၈နာရီကနေ ည ၉နာရီ ၊ ၁၀နာရီအထိ မနားမနေ လုပ်သွားသည်မှာ တရက်မဟုတ်၊ နှစ်ပေါင်းလေးဆယ်။ ပီလီ၊ ရာဂျား၊ အမီနာနဲ့ ဓါတ်ပြားတိုက်က ဦးကုလားကြီးတို့ဆိုတာ ကိုယ်ကျရာ အလုပ်ကို တာဝန်ကျေအောင် လုပ်ကြသူများဖြစ်လေသည်။ သူတို့သည် ကိုယ့်ရပ်ကွက်ဘောလုံးအသင်း အောင်နိုင်ရေးမှာ အင်တိုက်အားတိုက်ပါဝင်သည်။ ကိုယ့်နိုင်ငံရဲ့ အရေးကြီးတဲ့ အသံလွှင့်လုပ်ငန်းမှာ အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်သည်။ အရေးကြီးတဲ့ မှတ်တမ်းတွေကို သစ္စာရှိစွာ ထိန်းသိမ်းပေးနိုင်ခဲ့ကြသည်။ သေချာတာကတော့ သူတို့အားလုံး အရိပ်နေနေအခက်ချိုချိုး စိတ်မျိုး မရှိကြခြင်းပင်။ Posted by ခိုင်ခိုင်စောလွင် at 6:31 AM No comments:
http://khinekhinesawlwin.blogspot.kr/search?updated-max=2013-09-18T04:02:00-07:00&max-results=1
https://myanmar7news.com/archsve/10825
ပရမ်းပတာဒွေပါဟယ် :D ပရမ်းပတာဒွေပါဟယ် 1.2k 0 26-6-2017 သူခိုးလက်က သူဝှက်လုဟ 25 0 0 ငါတစ်ယောက်တည်းများလား ??? 276 0 0 ကမ္ဘာ့ စကေးအကြမ်းဆုံး တိုက်ခိုက်ရေးပညာရှင် နာမည်ကြီး သရုပ်ဆောင် (၁၀) ဦး 1.4k 0 476 အွန်​လိုင်း.ဟာသ 49 0 0 ဘာသာစကား (၇)မျိုးကို (၄)နှစ်သမီးလေး :O 57k 19 28k မူးဒူးရွာမှာ မီးသတ်သရုပ်ပြရင်း တကယ်ဖြစ်သွားတဲ့ဟာသလေးတစ်ခု 111k 24 30k ရဲစခန်းကို ဖုန်းဆက်ပြီး သူ့ ရဲ့ သချာင်္အိမ်စာတွေတွက်ပေးဖို့ အကူအညီ လှမ်းတောင်းတဲ့ ၄ နှစ်သား ချာတိတ် 82k 18 44k
http://funny.com.mm/fun/83200
ရင်ဝေးကြယ် (Yin Way Kyal) Myanmar Jokes Subscribe RSS မြန်မာကဗျာ ၊ မြန်မာဆောင်းပါး ။ (myanmar poems , myanmar articles) ရင်ခွင်ပျောက်သူ (လင်းပြာ) by YinWayKyal | 6/21/2008 01:57:00 PM in grief | comments (0) author - lin pyar title - yin khwin pyaut thu ရှင်ကွဲ (နေဈာန်) by YinWayKyal | 6/21/2008 01:56:00 PM in | comments (0) author - nay zan title - shin kwel အချစ်အိမ်မက် ( Joe - NY ) by YinWayKyal | 6/21/2008 01:54:00 PM in love | comments (0) author - joe (NY) title - love dream by YinWayKyal | 6/19/2008 09:09:00 AM in family, father, strength, tear | comments (0) ဆိုတဲ့ blog ကို အလည်သွားရင်း ဖတ်လိုက်ရတဲ့ ပို့စ် လေးပါ။ အရမ်းကောင်းပါတယ် ။ အဖေ့ မေတ္တာတွေ အကြောင်း ဖွဲ့ဆိုထားတာပါ ။ တန်ဖိုးရှိတဲ့ ပို့စ်လေး မို့လို့ မျှဝေလိုက်ပါတယ် ။ * ဖေချစ်တို့ ဖေခင်တို့ ဆိုတာ ရှိတော့ ရှိတယ် ရှားတယ်ဆိုတာမျိုးလိုပါ ။ * အလုပ်မှာ တစ်နေကုန်နေရတော့ အဖေ့ကို နေ့စဉ် ရင်ခွင်ပိုက် နို့ချိုတိုက်ခဲ့တဲ့ အမေ့လောက်တော့ ချစ်အားမပိုတာ ဓမ္မတာ ဖြစ်နိုင်ပါတယ် ။ * အဖေဆိုတာလည်း သားသမီးကို ချစ်လျက်နဲ့ ကြောက်အောင် နေပြရတဲ့ ဖန်တီးရှင်မဟုတ်ပါလား ။ * ဒါပေမဲ့ အဖေသာ ရှင်ဘုရင်ကြီးဖြစ်ခဲ့ရင် သားသမီးတွေဟာ အိမ်ရှေ့စံမင်းသား ၊ မင်းသမီးလေးတွေ ဖြစ်လာနိုင်တာပေါ့ ။ * အဖေက ချမ်းသာကြွယ်ဝပြန်တော့လဲ သူဌေးသားသမီးတွေ ဖြစ်ပြန်တာပဲ မဟုတ်လား ။ * အဖေက ကုသိုလ်ရဖို့ ၊ ပညာရဖို့ ၊ ငွေရဖို့ထက် မိသားစုတာဝန်ကျေဖို့ အလုပ်လုပ်နေတာပါ ။ * ဆူးမွေ့ယာလဲ မအိပ်ခဲ့ ၊ ပန်းမွေ့ယာလဲ မစံခဲ့ရပေမဲ့ မငြီးရှာ နှီးဖြာလေးပေါ်က မိသားစုသိုက်မြုံလေးကိုတော့ အဖေ့ဦးနှောက်နဲ့ ကြွက်သားတွေပေါ်မှာ သာယာဖူလုံမှုများနဲ့ လွမ်းခြုံနေနွေးထွေးစေပါတယ် ....။ * ဖောက်ပြန်မှုကင်းမဲ့စွာနဲ့ နှစ်ကိုယ်ပေါင်းတစ်စိတ် နှစ်ယောက်ပေါင်းတစ်ဘ၀ဇြစ်အောင် မေတ္တာတွေ အစဉ်အပိုင်ပေးပြီး အမေ့အတွက်နားလည်မှုအရှိဆုံးဟာ အဖေရယ်ပါ ..။ * အိမ်နီးချင်းဆိုတာ ကလေးချင်းကြောင့် မိန်းမချင်းကြောင့် ခြံမြေတွေကြောင့် စကားများတတ်တယ်ဆိုတဲ့ အဖေ့စကား မိသားစုတိုင်း အလွန်မှတ်သားလိုက်နာသင့်တဲ့ အချက်တွေပါ ..။ * သောက်တယ်ဆိုတာ " အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ လူမှုရေးတွေကြောင့် မပျက်စီးစေရဘူး " ဆိုတာ အဖေ့နီတိ ( လမ်းညွန်) ပါ ...။ * အဖေဟာ အလှချစ် ဓနအချစ်မပါ မေတ္တာချစ်သက်သက်နဲ့သာ အိမ်ထောင်ရေးကို တည်ထောင်ထားသူပါ ...။ * ဒါကြောင့် အဖေ့မိသားစုဟာ ငွေမချမ်းပေမယ့် စိတ်ချမ်းသာတဲ့ လူတန်းစားမှာတော့ ထိပ်ဆုံးကပါ ...။ *ကြွေးဟောင်းလဲဆပ် ကြွေးသစ်ထပ် နှစ်ရပ်တာဝန် ကျေပွန်ခဲ့တဲ့ အဖေ ...။ * သားသမီးဆန်းသမျှ နွမ်းလှတဲ့ အ၀တ်လေးတွေနဲ့ တင့်တယ်နေတဲ့ အဖေ ...။ * သားသမီးကို ပခုံးပေါ်တင် ဆံပင်ကိုကိုင်စေပြီး စတိုင်ကျကျ ပွဲပြခဲ့ဘူးတဲ့ အဖေ ...။ * သားသမီးအတွက်ဆို အသာမစံ အနာသာခံ သက်သက်ဟာ အဖေလို မိဘတွေမှလွဲလို့ အခြားမရှိ..။ * ရေချိုးတော့ချမ်း အဖေ့ပုဆိုးကြမ်းလေးနဲ့ နွေးထွေးခဲ့ဘူးတယ် ...။ * အဖေက ကောင်းစေချင်လို့ ဆုံးမသမျှ အသားနာစေခဲ့ပေမဲ့ ဘ၀မနာစေရပါဘူး ...။ * ခုတော့ အဖေ့မှာ ခေတ်ဆန်ပညာတတ်သားသမီးတွေကြား ...။ * ရွေပုံ ငွေပုံဘေးမှာ မြေးကိုထိန်း ပေးတာယူ ကျွေးတာစား လှိုင်သောအပြုံးစကားများနဲ့ နှောလို့ အားနာနေတာလား - - - အားငယ်နေတာလား - - အဖေရယ် .....။ * အဖေ.....ရေ ခေါ်လို့ ထူးမည့်သူမရှိတဲ့ တစ်နေ့မှာ အဖေ့ပုံရိပ်တွေက လှိုင်သောအပြုံးစကားများနဲ့ စောင့်ရှောက်ပေးနေအုန်းမှာပါ ....။ * ဒီလောကကြီးထဲမှာ အဖေနဲ့ တူတဲ့ အဖေမျိုးတွေ များများကြီး ရှိရှိလာနိုင်ပါစေလို့ ဆုတောင်းလျှက် ..............................................................။ မောင် (အိမ်ချမ်းမြေ့) by YinWayKyal | 6/15/2008 08:56:00 AM in | comments (0) အိမ်ချမ်းမြေ့(တပြည်သူ) ရဲ့ `မောင်` ဆိုတဲ့ ကဗျာလေးပါ။ အကြိုက်ဆုံး ကဗျာတွေ ထဲက တစ်ပုဒ်လို့ ပြောလို့ရပါတယ်။ ဘယ်အချိန်ပဲ ပြန်ဖတ်ဖတ် ဘာမှန်းမသိတဲ့ ခံစားချက် တစ်ခုကို အမြဲပေးနိုင်တဲ့ ကဗျာလေးပါ။ စကားလုံးလေးတွေ အရမ်းလှသလို အဓိပ္ပါယ်လဲ အရမ်းကောင်းပါတယ်။ နေ၀င်ချိန် (ကိုဥာဏ်) by YinWayKyal | 6/15/2008 08:54:00 AM in hold the life, life, myanmar poem, nice poem, perception | comments (0) တို့မိခင်၏ နေ့ (ညွန့်ဝေ - ကသာ) by YinWayKyal | 6/05/2008 09:06:00 AM in | comments (0) ဆရာ ညွန့်ဝေ (ကသာ) ရဲ့ တို့မိခင်၏ နေ့ ဆိုတဲ့ ကဗျာလေးပါ ။ ▼ 2010 (17) အဖြေမဲ့ မေးခွန်းများ - 2008 (156) Disney Collections Flash Band lovemonger Myanmar ChitChat Myanmar Jokes Nya KaByar (Myanmar Mp3 Songs) 4MinutesPerDay (1) A Cloud in Trousers by Vladimir Mayakovsky (5) answers (1) armed force day (1) beauty (1) blessing (3) burmese (3) burmese poem (90) chinese article (2) Cloud (1) country (1) cracked pot (1) cry (1) cyber (1) death lock (1) disappear (1) english poems (5) family (3) father (2) february (1) fish (1) forest (1) freedom (1) friends (3) girl (1) god (1) grief (3) history (1) hold the life (2) home (1) human (1) hurt (7) khin pan nhin (3) life (4) love (29) lover (8) MA (မ) (2) ma naw hari (5) maung sein win (3) maung tha noe (1) Mayakovsky (2) min khite soe san (5) min lu (1) min thu won (2) missed (1) missing (15) monalisa (1) mother (2) my blessing (1) myanmar poem (90) ngu war (1) nice article (1) nice poem (9) nice poems (5) padauk (1) past (1) perception (2) poem images (1) quietly (3) regret (1) relationship (2) room (1) rose (1) russian poem (1) samurai (1) second (1) simmy (1) slave (1) son (1) still loving (2) strength (2) summer love (1) sweet (1) taryar min wai (4) tear (3) teenage (1) telephone (1) thought (1) times (1) women (2) you are the one (1) zaw gyi (3) zaw kyi (1) zero (1) မေ၃၁ (1) မှာချင်တာလေးတွေ Copyright © 2008 All rights reserved. Design by Padd IT Solutions .Converted to Blogger by Blogger Tricks.
http://yinwaykyal.blogspot.sg/search?updated-max=2008-06-27T22:48:00%2B07:00&max-results=7&reverse-paginate=true
Myanmar Internet Directory - Myanmar Internet Directory မြန်မာ့အင်တာနက် အခြား / Others သတင်း / News (2) လမ်းညွှန် / Directory (2) မိုဘိုင်းအက်ပ် / Mobile Apps (2) ဥပဒေ / Laws (2) HomeMyanmar Internet Directory Myanmars.NETHome မြန်မာ့အင်တာနက်မူလသို့ အခြား / Others သတင်း / News (2) လမ်းညွှန် / Directory (2) မိုဘိုင်းအက်ပ် / Mobile Apps (2) ဥပဒေ / Laws (2) Myanmar Internet Directory: over 4,000 Myanmar web sites listed. ဒီကဏ္ဍမှာ သင့်ကုမ္ပဏီ သို့မဟုတ် သင်သိတဲ့ လုပ်ငန်း၊ ဆိုင်၊ ကုမ္ပဏီ ဝဗ်ဆိုက်ကို မတွေ့ဘူး ဆိုရင် အပေါ်မှာ "Add / အသစ်ထပ်ထည့်ရန်" ဆိုတဲ့ လင့်ခ် ကို နှိပ်ပြီး ထပ်ထည့်လိုက်ပါ။ ဒါဆို လူများများက သင့်ဝဗ်ဆိုက်ကို တွေ့သွားမှာပါ။ 0-9ABCDEFGHIJKLMNOPQRSTUVWXYZ Arts (အနုပညာ) (5/93) Actors (ရုပ်ရှင် အနုပညာရှင်), Crafts (လက်မှု အနုပညာ), Musicians (ဂီတ အနုပညာရှင်), Photographers (ဓာတ်ပုံ ပညာရှင်), Writers (စာရေးဆရာ) Computer (ကွန်ပျူတာ) (37/805) Associations (အသင်း), CyberCafe (အင်တာနက်ဆိုင်), Hardware Sales (ရောင်းဝယ်ရေး), ISP (အင်တာနက် ဝန်ဆောင်မှု), Mobile (မိုဘိုင်း ဖုန်း), Networking (ကွန်ယက်), Payment-Related (ငွေပေးချေမှု)... Directories (လမ်းညွှန်) (5/132) Industrial Zones (စက်မှုဇုံ), Industry Associations (အသင်းအဖွဲ့), Investment Guide (ရင်းနှီးမြှုပ်နှံမှု), Maps (မြေပုံလမ်းညွှန်), Tradeshows (ကုန်စည် ပြပွဲ) Education (ပညာရေး) (4/64) Alumni (ကျောင်းသူ/သားဟောင်း), Education Services (ဝန်ဆောင်မှု), Schools (ကျောင်း), Universities (တက္ကသိုလ်၊ ကောလိပ်) Entertainment (ဖျော်ဖြေရေး) (6/102) Music (သီချင်း), Music Bands (တီးဝိုင်း), Musicians (အနုပညာရှင်), Others (အခြား), Sports (အားကစား), TV Channels Expats (အဝေးရောက်) (16/64) Americans in Myanmar, Chinese in Myanmar (中國的), Japanese in Myanmar (日本人), Koreans in Myanmar (한국의), Malaysians in Myanmar (Melayu), Myanmars in Australia, Myanmars in India (အိန္ဒိယရောက် မြန်မာ)... Government (အစိုးရ) (4/121) Foreign Missions (နိုင်ငံခြားသံရုံး), Ministries (ဝန်ကြီးဌာန), Myanmar Embassies (မြန်မာသံရုံး), United Nations (ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများ) Health (ကျန်းမာရေး) (4/44) Blood Donation (သွေးအလှူခံ ဌာန), Hospitals/ Clinics (ဆေးရုံ/ ဆေးခန်း), Organizations (အဖွဲ့အစည်း), Pharmaceutical (ဆေးဝါး) Housing and Office (2/3) Mandalay, Yangon Manufacturers (ကုန်ထုတ်) (10/139) Agricultural (စိုက်ပျိုးရေး), Beverages (အဖျော်ယမကာ), Food (စားသောက်ကုန်), Furniture (ပရိဘောဂ), Garment (အထည်ချုပ်), Gems (ကျောက်မျက်ရတနာ), Livestock (မွေးမြူရေး)... Media (စာနယ်ဇင်း) (7/165) Advertising (ကြော်ငြာ လုပ်ငန်း), Classifieds, Magazines (မဂ္ဂဇင်းများ), Myanmar eBooks, News (သတင်း), TV-Radio (ရုပ်မြင်သံကြား/ ရေဒီယို), Weekly Journals (ဂျာနယ်များ) People (လူမှုရေး) (16/198) Charities (ပရဟိတ လုပ်ငန်း), Chin sites (ချင်း ဝဗ်ဆိုက်များ), Environment (ပတ်ဝန်းကျင်), Food & Cooking (ချက်ပြုတ်နည်း), Kachin sites (ကချင် ဝဗ်ဆိုက်များ), Kayah sites (ကယား ဘာသာ ဝဗ်ဆိုက်များ), Kayin sites (ကရင် ဝဗ်ဆိုက်များ)... Politics (နိုင်ငံရေး) (61/31) Cabinet (ပြည်ထောင်စု အစိုးရ), Judges (တရားသူကြီးများ), Lower House (ပြည်သူ့ လွှတ်တော်), Political NGO (နိုင်ငံရေး အဖွဲ့များ), Political Parties (နိုင်ငံရေး ပါတီများ), Upper House (အမျိုးသား လွှတ်တော်), Ayeyarwady Gov (ဧရာဝတီတိုင်း ​ဒေသကြီး အစိုးရ)... Religious (ဘာသာရေး) (4/37) Buddhist, Christian, Islam (Muslim), Others Restaurant (စားသောက်ဆိုင်) (14/58) Bars and Clubs (အရက်ဆိုင်), Chin Ethnic Food (ချင်း ရိုးရာ), Chinese Restaurants, European Restaurants (ဥရောပ), Japanese Restaurants (ဂျပန်), Kachin Ethnic Food (ကချင် ရိုးရာ), Korean Restaurants (ကိုရီးယား)... SAVE Myanmar (ရေဘေး) (1/149) Myanmar Flood News (ရေဘေး သတင်း) Services (ဝန်ဆောင်မှု) (19/619) Banks (ဘဏ်), Car Dealers (ကားအရောင်းဌာန), Car Servicing (ကားပြင်), Communications (ဆက်သွယ်မှု), Construction (ဆောက်လုပ်ရေး), Consultants (အတိုင်ပင်ခံ), Cosmetic & Beauty Saloons (အလှကုန်နှင့် အလှပြင်ဆိုင်)... Shopping (ဈေးဝယ်) (4/54) Distribution (ဖြန့်ချိရေး), Mobile Phone Vendors (ဖုန်းထုတ်လုပ်သူများ), Online Stores (အင်တာနက်ဆိုင်), Supermarket (ဆူပါမားကက်) Travel (ခရီးသွား) (16/871) Airport (လေဆိပ်), Car Rental (ကားအငှား), Cruises (အပျော်စီးသင်္ဘော), Domestic Airlines (လေကြောင်း), Hotels -- others (အခြား မြို့များ), Hotels in Bagan (ပုဂံရှိ ဟိုတယ်), Hotels in Inle (အင်းလေးရှိ ဟိုတယ်)... Uncategorized (1/1130) Domains for Sale (ဒိုမိန်း ရောင်းမည်) Results 1 - 3 of 100 MANDALIS Pte Ltd 14, Robinson Road, #08-01A, Far East Finance Building, Singapore 048545 SINGAPORE Contents Hub Globetrotting Food Tours to Myanmar with Globetrotting Gourmet team View more recently added listings Arts (အနုပညာ) (93) Computer (ကွန်ပျူတာ) (805) Directories (လမ်းညွှန်) (132) Education (ပညာရေး) (64) Entertainment (ဖျော်ဖြေရေး) (102) Expats (အဝေးရောက်) (64) Government (အစိုးရ) (121) Health (ကျန်းမာရေး) (44) Housing and Office (3) Manufacturers (ကုန်ထုတ်) (139) Media (စာနယ်ဇင်း) (165) People (လူမှုရေး) (198) Politics (နိုင်ငံရေး) (31) Religious (ဘာသာရေး) (37) Restaurant (စားသောက်ဆိုင်) (58) SAVE Myanmar (ရေဘေး) (149) Services (ဝန်ဆောင်မှု) (619) Shopping (ဈေးဝယ်) (54) Travel (ခရီးသွား) (871) Uncategorized (1130) မြန်မာ့ အင်တာနက် လမ်းညွှန် There are 4947 listings and 257 categories in our website All Categories Arts (အနုပညာ) Computer (ကွန်ပျူတာ) Directories (လမ်းညွှန်) Education (ပညာရေး) Entertainment (ဖျော်ဖြေရေး) Expats (အဝေးရောက်) Government (အစိုးရ) Health (ကျန်းမာရေး) Housing and Office Manufacturers (ကုန်ထုတ်) Media (စာနယ်ဇင်း) People (လူမှုရေး) Politics (နိုင်ငံရေး) Religious (ဘာသာရေး) Restaurant (စားသောက်ဆိုင်) SAVE Myanmar (ရေဘေး) Services (ဝန်ဆောင်မှု) Shopping (ဈေးဝယ်) Travel (ခရီးသွား) Uncategorized ဒါလေး ဝင်ကြည့်ဘို့ အကြံပြုပါတယ်။ The Leading Myanmar Commerce Site on...Website / အင်တာနက် လိပ်စာ: Myanmar Internet Directory << HOME / မူလသို့ Arts (အနုပညာ) (93) Computer (ကွန်ပျူတာ) (805) Directories (လမ်းညွှန်) (132) Education (ပညာရေး) (64) Entertainment (ဖျော်ဖြေရေး) (102) Expats (အဝေးရောက်) (64) Government (အစိုးရ) (121) Health (ကျန်းမာရေး) (44) Housing and Office (3) Manufacturers (ကုန်ထုတ်) (139) Media (စာနယ်ဇင်း) (165) People (လူမှုရေး) (198) Politics (နိုင်ငံရေး) (31) Religious (ဘာသာရေး) (37) Restaurant (စားသောက်ဆိုင်) (58) SAVE Myanmar (ရေဘေး) (149) Services (ဝန်ဆောင်မှု) (619) Shopping (ဈေးဝယ်) (54) Travel (ခရီးသွား) (871) Uncategorized (1130) အသစ် တိုးလာတာကတော့... MANDALIS Pte Ltd Contents Hub Globetrotting Super One Check .mm Domain whois Myanmar Statistical... Central Statistical... Irrawaddy Literary... Telenor Light House Alliance for Affordable... မြန်မာ့ အင်တာနက် သတင်း / News လမ်းညွှန် / Directory ဥပဒေ / Laws မိုဘိုင်းအက်ပ် / Mobile Apps တိုင်းရင်းသား အဘိဓာန် / Myanmar Dictionaries ပိဋကတ် ၃ပုံ / Buddhist Bible ဝဗ်ဆိုက်လုပ်ချင်ရင် / Make a web site ကြော်ငြာလိုလျှင် / Advertise here We have 92 guests and no members online Copyright © 2016. Myanmar Internet Directory. Designed by Joomla Templates S5 Box Verify Email:
http://mm.myanmars.net/dir/
Comments on: ၂၀၁၅ မှာ ခေတ်စားလာတော့မယ့် ဂိမ်း ( PlayStation 4 သုံးသပ်ချက်) Entertainment and LifeStyle Tue, 29 Aug 2017 13:14:44 +0000 hourly 1
http://trend.com.mm/12998/%e1%81%82%e1%81%80%e1%81%81%e1%81%85-%e1%80%99%e1%80%bd%e1%80%ac-%e1%80%b1%e1%80%81%e1%80%90%e1%80%b9%e1%80%85%e1%80%ac%e1%80%b8%e1%80%9c%e1%80%ac%e1%80%b1%e1%80%90%e1%80%ac%e1%80%b7%e1%80%99%e1%80%9a/feed/
ရှားစောင်းလက်ပပ် ဘယ်လို အသုံးဝင်လဲ Print Email 23 ရှားစောင်းလက်ပပ် ဘယ်လို အသုံးဝင်လဲ ရှားစောင်း လက်ပပ် အရွက်ကို အရင်းကနေ ဓါးထက်ထက်နဲ့ ဖြတ်ပါ။ တစ်ယောက် စာအတွက်ပဲ ဆိုရင်တော့ လေးရွက်၊ ငါးရွက်လောက် အနည်းဆုံး ဖြတ်ယူပါ။ အရွက်ငယ် လေးတွေကို မဖြတ်ပဲ အပင်မှာပဲ ချန်ထားခဲ့ပါ။ ရေစင်စင်ဆေးပြီး ဆူးတွေနဲ့ ထိပ်ဖျားကို ဖြတ်ပစ်လိုက်ပါ။ ၁။ ဓါးနဲ့ပါးပါးလှီးပြီး သစ်သီးဖျော်ရည်စက်နဲ့ မွှေပါ။ ၂။ ပိတ်စပါး သန့်သန့်နဲ့ အရည်ညှစ်ပါ။ ရှားစောင်းလက်ပပ်ရည်ကို အိုးသန့်သန့်တစ်လုံးနဲ့ ခံယူပါ။ ၃။ ရှားစောင်းလက်ပပ်ရည်ကို မီးဖိုပေါ်တင်ပြီး မိနစ်၃၀ ခန့်ကြာအောင် ကျိုပါ။ ဆူလာတဲ့ အခါမှာ အမြှုပ်တွေ တက်လာပါလိမ့်မယ်။ တက်လာတဲ့ အမြှုပ်တွေကို ခပ်ထုတ် ပစ်ပါ။ အမြှုပ်တွေဟာ ဖန်တဲ့ အရည်တွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် အမြှုပ်တွေကို ကုန်အောင် ခပ်ထုတ်ရတာပါ။ ၄။ ပျားရည် (သို့မဟုတ်) သကြားသန့်သန့် သင့်ရုံ လောက်ကို ကြိုက်နှစ်သက်တဲ့ အရသာ ဖြစ်အောင်ထည့်ပြီး သမအောင် မွှေပေးပါ။ အအေးခံထားပြီး ရေခဲ သေတ္တာထဲ ထည့်သိမ်း ထားနိုင်လျှင် ပိုကောင်း ပါတယ်။ သွေးချို၊ ဆီးချို ရှိသူများ အတွက်ကတော့ အချို မထည့်သင့်ပါဘူး။ သဘာဝအတိုင်း သောက်တာ ပိုကောင်း ပါတယ်။ ရှားစောင် လက်ပပ် သတ္တုရည်ကို နေ့စဉ် ကြွေဇွန်းကြီး ၁ဇွန်းနှုနး်ဖြင့် သုံးကြိမ် သောက်သင့် ပါတယ်။ ရှားစောင်း လက်ပပ်ရည်ကို ဒီအတိုင်းပဲ ထားမယ်ဆိုရင် သူ့ထဲမှာပါ၀င်တဲ့ အောက်ဇားလစ် အက်ဆစ် Oxalic Acid တွေက ဓါတ်ပြောင်းသွားတတ်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာ မရှိသူများ နှစ်ရက်စာ လောက်သာ ကျိုချက် သောက်လျှင် ကောင်းပါတယ်။ နှစ်ရက်ထက် ပိုမထား သင့်ပါဘူး။ ရှားစောင်းလက်ပပ် အမှုန့် ပြုလုပ်နည်း ရှားစောင်းလက်ပပ် အမှုန့်ပြုလုပ်နည်းကတော့ ရှားစောင်း လက်ပပ် အရွက်ကို သန့်စင်အောင် ဆေးပြီး ဆူးတွေနဲ့ ထိပ်ချွန်တွေကို ဖယ်ပြီး ပါးနိုင်သလောက် ပါးအောင်လှီးပါ။ ပါးလေ ကောင်းလေ ဖြစ်ပါတယ်။ လှီးထားတဲ့ ရှားစောင်း လက်ပပ် အဖတ်လေးတွေကို ၀ါးနဲ့ လုပ်ထားတဲ့ ဆန်ကောထဲမှာ ဖြန့်လှနး်ပါ။ တစ်ရက်နဲ့ မခြောက်ရင် နှစ်ရက်၊ သုံးရက် စသည်ဖြင့် လုံးဝ ခြောက်သွားအောင်လှန်းပါ။ နှစ်ရက်၊ သုံးရက် ကြာတဲ့အခါ ရှားစောင်း လက်ပပ်တွေ လုံးဝ ခြောက်သွားပြီ ဆိုရင် ဆုံထဲမှာ ထည့်ပြီး ထောင်းပါ။ မှုန့်မှုန့်ညက်ညက် လိုချင်တယ် ဆိုရင်တော့ ဆန်ကာချ ပေးရုံပါပဲ။ ရှားစောင်း လက်ပတ် အခြောက်မှုန့် သောက်နည်းကတော့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေးတစ်ခန်ခွက်နဲ့ ရောပြီး တစ်နေ့နှစ်ကြိမ်၊ သုံးကြိမ် သောက်ပါ။ ရှားစောင်းလက်ပပ် အမှုန့်ပြုလုပ်ဖို့ အချိန်မရသူတွေ အတွက် ရှားစောင်း လက်ပပ် အခြောက်ဖတ် အတိုင်း ရေနွေးဆူဆူထဲ ခတ်ပြီး ရေနွေးကြမ်း သောက်သလို သောက်သုံး နိူင်ပါ တယ်။ သောက်ရတာ ခက်တယ်ထင်ရင်တော့ ပျားရည် လေးနည်းနည်း ထည့်သောက်ပါ။ သွေးချို၊ဆီးချိုရှိ သူများ အတွက်ကတော့ ပျားရည် မထည့်သင့်ပါဘူး။ ပျောက်ကင်း ကာကွယ်နိုင်တဲ့ ရောဂါများကတော့ အစာအိမ် ပြည်တည်နာနဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ရောဂါ၊ ဆီးချို၊ သွေးချို၊အသည်း၊ သွေးတိုးရောဂါ အစရှိသည် တို့ကို ကာကွယ် ပျောက်ကင်း နိုင်ပါတယ်။ Ref: မြဝတီ Myawady Health September 24 .2015 မှတ်ချက်။ ။ ထပ်မံသိရှိလိုပါက comment (သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။
http://healthcare.com.mm/feature_detail/21
ဖေ့ဘွတ်မှာ ပရိသတ် သောင်း ၂၀ ပြည့်ရင် အထူးဗီဒီယိုတင်မည့် မိုရီဆာကီဝင်းနဲ့ PrizmaX မြန်မာပြည် မပြန်ခင်တုန်းက ပရိသတ် ၂၃၀၀၀ ရှိပြီးတော့ အခုတော့ အားပေးတဲ့ပရိသတ် ၁၁ သောင်းရှိလာတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့ မိုရီဆာကီဝင်းက ပြောသွားပါတယ်။ ရီဟားနားအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုအား ဖွင့်ဟပြောဆိုခဲ့သည့် ခရစ္စဘရောင်း ဘရောင်းက သူ့ကိုယ်သူ မိစ္ဆာတစ်ကောင်လို ခံစားရကြောင်းနှင့် အဆိုပါအရိပ်ဆိုးကြီးသည် သူ့ကို တစ်သက်လုံး ပြောခဲ့သည်။ 1 month 4 days ago 4,145 Hits ၀င်ငွေအများဆုံးရရှိသော မင်းသမီးဖြစ်လာသည့် အမ်မာစတုန်း သူမ၏နောက်တွင် နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်သော အသက် ၄၈ နှစ်အရွယ်ရှိ ဂျနီဇာအန်နစ္စတန်က ၀င်ငွေ ၂၅.၅သန်းဖြင့် အဆိုပါစာရင်း၌ ဒုတိယနေရာမှ ရပ်တည်နေသည်။ 1 month 4 days ago 695 Hits တွမ်ခရုစ်ဒဏ်ရာရရှိခဲ့သည့်အတွက် Mission: Impossible 6 ရိုက်ကူးရေး ရပ်နား အသက် ၅၅နှစ်အရွယ်ရှိ တွမ်ခရုစ်သည် သူ၏ဇာတ်ကားများ၌ စတန့်ပြကွက်များကို လူစားမထိုးပဲ ကိုယ်တိုင် ရိုက်ကူးမှုကြောင့် လူသိများထင်ရှားသော မင်းသားတလက်ဖြစ်သည်။ 1 month 4 days ago 3,434 Hits MTV ဂီတဗီဒီယိုဆုပေးပွဲ၌ Vanguard ဆု ရရှိမည့် အဆိုတော် Pink Pink ကို လာမည့်သြဂုတ်လ ၂၇ ရက်နေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့၌ ကျင်းပသွားမည့် MTV Video Music Awards ၌ Vanguard ဆုကို ပေးအပ်သွားမည်ဖြစ်ပြီး သူမသည် ထိုပွဲ၌ သူမ၏ သီချင်းအသစ်ဖြစ်သော What About Us ကို... 1 month 5 days ago 818 Hits ခရစ္စပရက်နှင့် လမ်းခွဲပြတ်ဆဲပြီးနောက် ပရိသတ်များအား ကျေးဇူးတင်စကား ပြောကြားခဲ့သည့် အန်နာဖားရစ် "ကျွန်မအပေါ်ပို့သပေးနေတဲ့ ဆုတောင်းမေတ္တာစကားတွေအတွက် အားလုံးကို ကျွန်မကျေးဇူးအထူးတင်ပါတယ်။ ပြီးတော့ ပရိသတ်အားလုံးကို ကျွန်မချစ်ပါတယ်" ဟု အန်နာက ပြောခဲ့သည်။ 1 month 5 days ago ဂျိမ်းစ်ဘွန်းအဖြစ် ဒန်နီရယ်ခရိတ်ခ် ကိုယ်တိုင်အတည်ပြု ကျနော်တို့ ဒီကိစ္စနဲ့ပက်သက်ပြီး ဆွေးနွေးနေခဲ့ကြတာပါ။ အဖြေရှာဖို့လည်း ကြိုးစားနေခဲ့ကြတာပါ။ ကျနော် ကတော့ ဒီဇာတ်ရုပ်အတွက် အမြဲသရုပ်ဆောင်ချင်ပါတယ်။ ဒါပေမယ့် ကျနော်အနားယူဖို့လည်း လိုအပ်ပါတယ်" 1 month 5 days ago 616 Hits ပရက်စလေ သေဆုံးခြင်း နှစ် ၄၀ ပြည့်နှစ်ပတ်လည် အမေရိကန်အိုင်ကွန်နှင့် ရော့ခ်အင်ရိုးဘုရင် အဲဗစ် ပရက်စလေဟာ အမေရိကန်နိုင်ငံ၊ တန်နက်စ်စီပြည်နယ်၊ မန်းဖစ်စ်ရှိ ၎င်းရဲ့ Graceland အိမ်ကြီးမှာ ၁၉၇၇ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ အသက် ၄၂ နှစ်အရွယ်မှာ ကွယ်လွ... 1 month 5 days ago ရေဒီယိုအစီအစဉ်တက်ဆက်သူနှင့် တရားခွင်၌ ရင်ဆိုင်နေသောအမှုတွင် တေလာဆွစ်အနိုင်ရရှိ ဂျူရီအဖွဲ့၏ဆုံးဖြတ်ချက်ကို ဖတ်ကြားနေသည့်အချိန်တွင် ဆွစ်သည် သူမ၏မိခင်ကို ဖက်ကာငိုကြွေးနေခဲ့ပြီး တရားရုံးထဲမှ ထွက်ခွာသွားချိန်၌ ဂျူရီလူကြီးများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ 1 month 6 days ago စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ပြီဖြစ်သည့် ဂျီချန်ဝတ်ခ် ဂီတနောက်ခံဇာတ်လမ်းဖြစ်သော Thrill Me ၌ ပါဝင်သရုပ်ဆောင်ပြီး သူ၏ဂီတစွမ်းရည်ကို ပရိသတ်အား ချပြနိုင်ခဲ့သလို အက်ရှင်ဇာတ်ကားဖြစ်သော Fabricated City ၌လည်း သရုပ်ဆောင်ခဲ့သည်။ 2,592 Hits ရုပ်ရှင်ရိုက်ကွင်း၌ စတန့်ပြကွက်ရိုက်ကူးနေစဉ် ဒဏ်ရာရရှိခဲ့သည့် တွမ်ခရုစ် ခရုစ်သည် လောလောဆယ်တွင် Mission: Impossible ၏ ၆ ကား မြောက် ဇာတ်ကားကို လန်ဒန်မြို့တွင် ရိုက်ကူးလျက်ရှိသည်။ 2 hours 14 min ago ဗြိတိန်နိုင်ငံသို့ သင်တန်းသားများ ထပ်မံစေလွှတ်မည်မဟုတ်ဟု တပ်မတော်ထုတ်ပြန် 2 hours 19 min ago ထရမ့်၏ တောင်တရုတ်ပင်လယ်အရေး အငြိအစွန်းပါသော စကားကို တရုတ်က မဆိုင်းမတွ တုံ့ပြန် 2 hours 33 min ago ဆောင်းဦးလှိုင် One Man Show အတွက် စင်ကာပူဒေါ်လာ ၃၀ ဖြင့် လက်မှတ်များ ရောင်းချ 1 hour 53 min ago မီးပျက်သွားသည့်ကိစ္စအပေါ် ပုသိမ်လျှပ်စစ်ဌာနမှ ပြသမည်ကို မသိရှိဟု ပြောဆို 1 hour 55 min ago AK-47 တီထွင်သူ မီခေးလ်ကာလာရှန်နီကော့ဗ်၏ ရုပ်တုအား မော်စကိုတွင် ဖွင့်လှစ်ပြသ
http://www.mizzimaburmese.com/entertainment/international?page=0%2C5&qt-quicktabs=1
Comments on: ပြည်ထောင်စုထဲကနေ ခွဲထွက်ချင်ကြောင်း ပြသလိုက်တဲ့ KIA ရဲ့ လုပ်ရပ် ​သုတ ရသ သတင်းများ Sun, 02 Sep 2018 02:13:17 +0000 hourly 1
http://myshwemyanmar.top/?feed=rss2&p=16908
သင့်ပတ်ဝန်းကျင်မှာ သင့်ကိုစောင့်ကြည့်နေတဲ့ သရဲတွေ တကယ်ရှိနေသလား ??? - BuzzFeed Myanmar သင့်ပတ်ဝန်းကျင်မှာ သင့်ကိုစောင့်ကြည့်နေတဲ့ သရဲတွေ တကယ်ရှိနေသလား ??? May 25, 2017 By Buzz Myanmar News in ထူးဆန်းထွေလာ, သရဲသဘက် No Comments Tags: နည်းပညာ, လူသတ်ကောင်, သရဲ သင် သရဲ၊ တစ္ဆေတွေကို ယုံပါသလား ? ဒါဟာလူတိုင်းမေးလေ့ရှိကြတဲ့ မေးခွန်းပါ၊ သရဲ၊ တစ္ဆေနဲ့ ၀ိညာဉ်ဆိုတဲ့ အရာတွေ တကယ်ရှိမရှိဆိုတာဟာ ရှေးယခင်ကတည်းကနေ ယနေ့ထက်တိုင် ငြင်းခုန်နေကြဆဲ အကြောင်းအရာတစ်ခုပါ။ ယနေ့ရှင်သန်နေတဲ့ လူသားများရဲ့ တစ်ဝက်လောက်က သရဲရှိတယ်ဆိုတာကို မယုံဘူးလို့ မငြင်းကြပါဘူး၊ တစ်ခြားတစ်ဝက်ကတော့ သိပ္ပံနည်းကျရှင်းပြနိုင်တဲ့ ကိစ္စများကိုသာ ယုံကြည်ပြီး၊ ၀ိညာဉ်လောကဆိုတာ ထင်မြင်ယူဆထားကြပါတယ်။ သရဲကို ယုံမယုံမစဉ်းစားခင်၊ သရဲဆိုတာဘာလည်းလို့ မေးကြည့်ရအောင်.. ယေဘူယျအားဖြင့် သရဲဆိုသော အယူအဆက၊ လူတစ်ဦး (သို့မဟုတ်) ရှင်သန်နေတဲ့ ခန္ဓာကိုယ်တစ်ခု သေဆုံးသွားပြီးနောက် ဖြစ်ပေါ်လာတဲ့ ခန္ဓာမရှိတဲ့အခြေအနေ၊ တမလွန်ဘ၀ တစ်ခုလို့ လူအများက ယူဆထားကြပြီး အများစုသော ဘာသာရေးအယူအဆများထဲမှာလည်း တစ္ဆေ၊ သရဲ၊ နတ်၊ မှင်စာ နဲ့ မကောင်းဆိုးဝါးသတ္တ၀ါတွေအပေါ် ယုံကြည်မှုတွေရှိနေတက်ပါတယ်။ ဒီကြားထဲ သွေးစုတ်ဖုတ်ကောင်၊ စုန်း၊ သမန်းဝံပုလွေ၊ သမန်းကျား ယုံကြည်ကြောက်ရွံ့သူတွေတောင် ရှိပါသေးတယ်။ သရဲဆိုတာ မသေခင်ဘ၀မှာ မဖြစ်မြောက်လိုက်တဲ့ ဆန္ဒတွေကို စွဲလမ်းပြီး၊ သူတို့ကိုယ်သူတို့ သေမှန်းမသိဖြစ်နေတဲ့ စိတ်ဝိညာဉ်တစ်ခုလို့ အများအားဖြင့်ယူဆပါတယ်။ ရုပ်ကမ္ဘာကနေ၊ စိတ်ဝိညာဉ်ကမ္ဘာသို့ အကူးအပြောင်း၊ သရဲခြောက်တယ်ဆိုတဲ့ ဇာတ်လမ်းတွေထဲမှာ အရိပ်တွေ၊ အသံတွေ၊ အနံ့တွေ၊ အငွေ့တွေ၊ အမြင်နဲ့ ခြောက်လှန့်မှုတွေ စသဖြင့် နည်းအမျိုးမျိုးနဲ့ လူသားတွေရဲ့ ကြောက်လန့်မှုကို အရယူတက်ပါတယ်။ သေသွားတဲ့ ခန္ဓာတိုင်း သရဲဖြစ်သလား? ဒီလိုလည်း မဟုတ်ပြန်ပါဘူး။ အဲ့လိုသာဆို ဟိုးး ကမ္ဘာဦးထဲက ယနေ့ထိသေဆုံးသွားတဲ့ လူတွေ၊ တိရိစ္ဆာန်တွေရဲ့ ၀ိညာဉ်တွေနဲ့ ကမ္ဘာကြီးကပြည့်နေမှာပေါ့။ ဒီလိုဆိုတော့ သရဲဟာဘယ်အချိန်မှာဖြစ်ပြီး၊ ဘယ်အချိန်မှာကံကုန်တယ်၊ နောက်ဘ၀ဆိုတာရှိမရှိ၊ ၀ိညာဉ်ကမ္ဘာတစ်ခုများ သီးသန့်ရှိနေသလား နောက်ဘ၀မရောက်ခင် စပ်ကူးမတ်ကူးကာလ ရှုပ်ထွေးပွေလီပြီး၊ အဖြေမထုတ်နိုင်တဲ့ ကိစ္စရပ်တစ်ခုပါ။ သရဲဘာလို့ခြောက်သလဲ? သဘာဝလွန်ဖြစ်ရပ် လေ့လာသူများဟာ ၀ိညာဉ်တွေဘာလို့ ၎င်းတို့ရဲ့ မူလဘ၀ကို မစွန့်ခွာနိုင်ကြသလဲ၊ ဘာလို့ သရဲခြောက်သလဲဆိုတဲ့ မေးခွန်းအတွက် အောက်ပါအခြေခံအကြာင်း အချက်တွေကြောင့်လို့ ယူဆကြပါတယ်။ -၀ိညာဉ်များဟာ ၎င်းတို့ တည်ရှိနေကြောင်း အသိပေးရန်။ (မြန်မာအယူအဆအရ အမျှဝေစေရန်) -ထိုဝိညာဉ်များဟာ သရဲအခြောက်ခံရတဲ့သူနဲ့ သူတို့နဲ့ သီးခြားဆက်စပ်နေတဲ့ ဆက်သွယ်မှု့တွေရှိနေလို့ဖြစ်စေ။ -သို့မဟုတ် သူတို့ကိုယ်သူတို့ သေမှန်းမသိ သေသွားရတဲ့ ဖြစ်စဉ်များကြောင့်၊ ၎င်းတို့ သေဆုံးသွားပြီဆိုတာကို မသိရှိပဲ၊ သက်ရှိဘ၀များနဲ့ ဆက်သွယ်ခြင်း။ သရဲရှာဖွေခြင်း ဒီနေ့ခေတ်နည်းပညာ မြင့်မားလာသည်နှင့်အမျှ၊ အပူချိန်၊ အလင်း၊ လှုပ်ရှားမှု့ နဲ့ အသံအာရုံခံစနစ်တွေ ပါဝင်တဲ့ ခေတ်မီဆန်းပြားတဲ့ ကိရိယာတွေနဲ့ သရဲရှာပုံတော်ဖွင့်ကြတဲ့ သူတွေလည်း အများအပြားပေါ်ပေါက်ခဲ့ပြီး၊ သရဲရှိခြင်း၊ မရှိခြင်းကို သက်သေပြဖို့ အမျိုးမျိုးကြိုးစားခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တစ်ချို့ရဲ့ နောက်ထပ်အယူအဆတစ်ခုက ၀ိညာဉ်များကို လှိုင်းများအဖြစ်ယူဆပြီး၊ ရှင်သန်နေခဲ့သောလူသားတစ်ဦးရဲ့ နေအိမ်၊ အဆောက်အဦးထဲမှာ နှစ်ပေါင်းများစွာ လှုပ်ရှားသွားလာမှု့ လှိုင်းများ၊ ခန္ဓာကိုယ်အပူချိန်လှိုင်းများက အီနားရှားနိယာမအရ ထိုသူသေဆုံးသွားသည့်တိုင် ဆက်လက်ကျန်ရှိနေပြီး အဆောက်အဦးထဲထွင် ဆက်လက်ရိုက်ခတ်နေကာ သရဲခြောက်သကဲ့သို့ ဖြစ်ရတယ်လို့ဆိုပါတယ်။ ထိုသို့သော အဖြစ်မျိုးက အိုဟောင်းသော ရှေးဟောင်းအဆောက်အဦးများမှာ အဖြစ်များပြီး၊ ထိုကဲ့သို့ ထုကြီးထည်ကြီး အဆောက်အဦးမျိုးက လှိုင်းများကို သဘာဝလွန်ဖြစ်ရပ် လေ့လာသူများဟာ သရဲ၊ တစ္ဆေ ရှိခြင်း မရှိခြင်းအတွက် အမျိုးမျိုးသော ဥပမာတစ်ခုအနေနဲ့ TAPS ဆိုတဲ့ သရဲ ရှာဖွေတဲ့ အဖွဲ့အစည်းတစ်ခုက ဖလော်ရီဒါပြည်နယ်က စိန့်အော်ဂတ်စ်တင်း မီးပြတိုက်သို့သွားရောက်ခဲ့ကာ အဆောက်အဦးကြားထဲက မိန်းမတစ်ယောက်ရဲ့ အသံနဲ့ အရိပ်ပြမှု့တွေကို ဖမ်းယူရရှိခဲ့ပါတယ်။ ထို့ပြင် ဓါတ်ပုံရိုက်ရင်း ဓါတ်ပုံတွေထဲမှာ ပါလာတယ်ဆိုတဲ့ ၀ိညာဉ်ပုံတွေလည်း အများအပြားထွက်ပေါ်ခဲ့ပါတယ်။ ဒါတွေဟာ ကွန်ပြူတာနဲ့ ပြုပြင်ဖန်တီးထားတာလား၊ တကယ့်အစစ်အမှန်ပဲလားဆိုတာတော့ မသိနိုင်ပါဘူး။ သရဲကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဖူးပါတယ်ဆိုပြီး ထွက်ဆိုရှင်းလင်းသူများလည်း ရှိပါသေးတယ်။ အချို့သောအယူသည်းသူများကတော့ သရဲ၊ တစ္ဆေများကို ဆဌမအာရုံနဲ့ ဆက်သွယ်နိုင်သူများလည်း ရှိတယ်လို့ ယုံကြည်ကြပါတယ်။ မြန်မာပြည်မှာလည်း ကိုယ့်ရဲ့ဆွေမျိုးသားခြင်းတွေ သေဆုံးကွယ်လွန်သွားသည့်အခါ ဘယ်ဘ၀ရောက်နေမလဲဆိုတာကို ထိုကဲ့သို အာရုံခံနိုင်သည်ဟူ ပြောဆိုသူများထံ မေးမြန်းကြမှု့များ အများအပြားရှိပါတယ်။ မည်သို့ပင်ဆိုစေ တစ္ဆေ၊ သရဲဆိုတာ ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးသလို လူသားများကို ဒုက္ခပေးတဲ့ လူသတ်ကောင်များပါလို့ တစ်ထစ်ချ ပြောလို့မရပါဘူး။ ယုံကြည်တယ်ဆိုသူများအတွက် ၃၁ဘုံမှာ ကျက်စားကြသော ဘ၀များထဲက ဘ၀တစ်ခုလို့သာ မှတ်ယူထားသင့်ပါတယ်။ တစ်ခါတစ်ရံ မိမိရဲ့ ကြောက်စိတ်ကလည်း တစ္ဆေ၊ သရဲ များကို အလိုလိုပုံဖော်ပြီး မျက်လုံးထဲ မြင်သလိုလိုဖြစ်တက်ပါတယ်။ ယုံကြည်သူများနဲ့ မယုံကြည်သူများအကြား တစ္ဆေတကယ်ရှိသလားဆိုတဲ့ မေးခွန်းကတော့ ဆက်လက်ကျန်ရှိနေဦးမှာဖြစ်ပြီး၊ လေ့လာဖော်ထုတ်ကြမည့်သူများလည်း ပေါ်ပေါက်လာဦးမှာဖြစ်ပါတယ်။ ဒီတော့ သင့်ကိုလည်း သင်ရော သရဲ၊ တစ္ဆေများကို ယုံကြည်သူတစ်ဦးလား ?? Credit: အောင်ခန့် (မိုမိုလေး)
http://www.buzzmyanmar.com/2017/05/archives/121432
သဘာဝရဲ့အားအင်: ဆောင်းရာသီအတွက် မျက်နှာပေါင်းတင်နည်းများ Monday, 17 December 2012 ဆောင်းရာသီအတွက် မျက်နှာပေါင်းတင်နည်းများ by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 1:05am လောကကြီးကိုအအေးဓာတ်တွေက လွှမ်းခြုံထားတဲ့ ဆောင်းအေးအေးလေးမှာ နွေးနွေးထွေးထွေးဝတ်ပြီး နေလို့ကောင်းပေမယ့် အသားအရေအတွက်တော့ မကောင်းလှဘူး။ အဆီပြန်တဲ့အသားအရေတောင် ခြောက်လာပြီး တင်းနေတတ်သေးတာ... သာမန်အသား အရေကလည်း ခြောက်သွေ့တဲ့အသားအရေဖြစ်.... အရင်ထဲက အသားခြောက်သူတွေကလည်း အသားပတ်ရော...။ အဲ့လိုဆိုတော့ အသားအရေကို ပိုဂရုစိုက်ရတော့မှာပေါ့။ ပေါင်းတင်ရင်လည်း အရင်ပေါင်းတင်နည်းတွေကို သုံးလို့မရဘူးနော်။ အသားအရေက ပြောင်းလဲသွားတာကိုး။ အဲ့ဒီတော့ သူငယ်ချင်းတို့အတွက် အထူးရှာဖွေထားတဲ့ ရင်နှင်း ပြောပြမယ်နော်။ ထောပတ်သီး ဆောင်းရာသီမှာ အသားအရမ်းပတ်တတ်တဲ့ ခြောက်သွေ့အသားအရေရှိသူတွေအတွက် ထောပတ်သီးနဲ့ မျက်နှာပေါင်းတင်တာ အကောင်းဆုံးပဲ။ လုပ်ရတာလည်း လွယ်တယ်နော်။ ထောပတ်သီးအသားကို ခက်ရင်းနဲ့ချေပြီး သံလွင်ဆီနည်းနည်း ရောမွှေလိုက်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အထိ ချေနော်။ ပြီးတော့ မျက်နှာအနှံ့လိမ်း.. နာရီဝက်နေရင် ရေဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက နူးညံချောမွေ့သွားလို့ ၀မ်းသာရမှာပါ။ ကြက်ဥအကာ ဒီနည်းလေးကတော့ ချွေးပေါက်ကျယ်တွေရှိတတ်တဲ့ အဆီပြန်တဲ့အသားအရေအတွက် အရမ်းအသုံးဝင်တယ်လေ။ အမြှပ်ထွက်အောင် ခေါက်ထားတဲ့ ကြက်ဥအကာကို မျက်နှာအနှံ့လိမ်းပြီး နာရီဝက်နေရင် ရေဆေးချလိုက်ပါ။ တင်းရင်းပြီး လန်းဆန်းကြည်လင်တဲ့ မျက်နှာလေးဖြစ်အောင် ကြက်ဥအကာက အစွမ်းပြပါလိမ့်မယ်။ လေအေးတွေ၊ နှင်းမြူတွေကြောင့် အသားအရေမပျက်စီးအောင်လည်း ကာကွယ်ပေးနိုင်သေးတယ်လေ။ ဂျူံမုန့် ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိအောင်လုပ်ပေးမယ့် နည်းလေးပါပဲ။ ဂျုံမုန့်၊ ကြက်ဥအနှစ်နဲ့ ပျားရည်ကို ဆတူရောမွှေပါ။ မျက်နှာပေါ်မှာ မိနစ်၂၀ ထားပြီး ရေနွေးလေးနဲ့ ဆေးချလိုက်တဲ့အခါ နူးညံ့ စိုပြေ၀င်းပတဲ့မျက်နှာလေး ဖြစ်သွားလိမ့်မယ်နော်။ ငှက်ပျောသီး ပေါင်းစပ်အသားအရေပိုင်ရှင်တွေ ဆောင်းရာသီမှာ မျက်နှာပေါင်းတင်ချင်ရင် ဌက်ပျော်သီးလေးကိုပဲ သတိရလိုက်ပါ။ ငှက်ပျောသီးလေးကို သေချာချေပြီး မျက်နှာအနှံ့လိမ်းပြီး နာရီဝက်နေရင် ရေဆေးချလိုက်.. အသားအရေကို နူးညံ့စေတဲ့ ချောမွေ့စေတဲ့အပြင် အာဟာရဓာတ်တွေဖြည့်ပေးတဲ့ ငှက်ပျောသီးလေးရဲ့ အံ့ဖွယ်စွမ်းပကားကို အရမ်းကျေးဇူးတင်သွားမှာ။ ဒီနည်းလမ်းတွေကို တစ်ပတ်ကို ၁ - ၂ ကြိမ်သာလုပ်သွားလိုက် ... ဆောင်းရာသီမှာ အသားခြောက်၊ အသားပတ်တတ်တယ်ဆိုတာကိုပါ မေ့သွားလိမ့်မယ်နော်။ (ရင်နှင်းငယ်) Posted by ပိုပိုဇော် at 17:08 Labels: အလှအပရေးရာ ▼ December 16 - December 23 (27) သင့်ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းချင်ပါသလား ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက် ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် ဖြေဆေး ကိုယ်သင်းရနံ့ဆန်းစစ်ကြည့်စို့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း အတွက် အိမ်တွင်း ကုထုံး... အဆစ်ရောင်နာ (Gout) ရောဂါ သက်သာစေဖို့ သက်သက်လွတ်စားတိုင်း ကျန်းမာရေးကောင်းနိုင်ပါသလား ကြွက်နို့တွေအတွက် သဘာဝနည်းလမ်းကောင်းများ ပိန်သူဝဖြိုး အလှတိုးစေဖို့ ချိစ်စားခြင်းဖြင့် ဦးနှောက်စွမ်းရည် မြင့်မားစေနို... ဟင်းနုနွယ်ရွက်၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး ဆံကေသာအတွက် အကျိုးပြုတဲ့ အစားအစာများ နှမ်းစေ့၏ ကျန်းမာရေး အာနိသင်များ ပင်လယ်ရေညှိပင်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ် ကရဝေးရွက်၏ ဆေးဖက်ဝင် စွမ်းပကား ဆောင်းရာသီတွင် လှပပြီး တက်ကြွ ရွှင်လန်းနေစေရန် အစာအိမ်နာနှင့် စပ်မိစပ်ရာများ ကွန်ပြူတာသုံးနေသူတိုင်း သတိထားရမဲ့အချက်များ သူဌေးရောဂါ လို့ ခေါ်ကြတဲ့ သွေးချိုဆီးချိုရောဂါ အြေ... အစာမကြေ လေထခြင်းကင်းဝေးစေမည့် နည်းလမ်းများ ဆောင်းရာသီအတွက် ဆောင်းရာသီအတွက် မျက်နှာပေါင်းတင်နည်းများ အယ်လ်ဇိုင်းမားရောဂါ မဖြစ်ရအောင် အသားအရေ ပြဿနာတွေကို အစားအစာနဲ့ ကုသရအောင်
http://natureenergycare.blogspot.ru/2012/12/blog-post_5864.html
README.md exists but content is empty.
Downloads last month
94
Collection including sailor2/sea-internet